မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်‌ရေးကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ခွင့်ပေး

 1291

ယွန်း(NP News) - မတ် ၁၉

မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေးကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ခွင့်ပေးထားကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ပြီးခဲ့သည့် ဧပြီ(၁၁)ရက်နေ့တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေး (ရန်ကုန်- ကော့သောင်း- ရနောင်း) နှင့် (ရနောင်း- ကော့သောင်း- ရန်ကုန်)ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းအသစ်တစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့ခြင်းကို ရန်ကုန်- ကော့သောင်း- ရနောင်း နှင့် သွင်းကုန်တင်သွင်းခြင်းကို ရနောင်း- ကော့သောင်း- ရန်ကုန်မှ နယ်စပ်ကုန်သွယ်ရေးနည်းလမ်း(Border Tr‌ade Method) ဖြင့် ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပေးထားသည်။

ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်အတွင်း၌ တပ်မတော်နှင့် KNU၊ KNLA၊ PDF ပူးပေါင်းအဖွဲ့များကြားတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ထိုင်း- မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အ‌ရေးပါသည့် မြဝတီကုန်သွယ်ရေးလမ်းကြောင်းသည်လည်း မြန်မာတစ်နိုင်ငံလုံးမှဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေးပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ရှိပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် ကုန်သွယ်မှုများသည် ရပ်နားလျက်ရှိသည်။

zawgyi version
ျမန္မာ-ထိုင္းနယ္စပ္ကုန္သြယ္‌ေရးကို ကမ္း႐ိုးတန္းဆိပ္ကမ္းမွ ကြန္တိန္နာစနစ္ျဖင့္ ကုန္သြယ္ခြင့္ေပး

ယြန္း(NP News) - မတ္ ၁၉

ျမန္မာ- ထိုင္းနယ္စပ္ကုန္သြယ္ေရးကို ကမ္း႐ိုးတန္းဆိပ္ကမ္းမွ ကြန္တိန္နာစနစ္ျဖင့္ ကုန္သြယ္ခြင့္ေပးထားေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနက ၿပီးခဲ့သည့္ ဧၿပီ(၁၁)ရက္ေန႔တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ကုန္သြယ္ေရးဦးစီးဌာနအေနျဖင့္ ျမန္မာ- ထိုင္းနယ္စပ္ကုန္သြယ္ေရး (ရန္ကုန္- ေကာ့ေသာင္း- ရေနာင္း) ႏွင့္ (ရေနာင္း- ေကာ့ေသာင္း- ရန္ကုန္)ကို ကမ္း႐ိုးတန္းဆိပ္ကမ္းမွ ကြန္တိန္နာစနစ္ျဖင့္ ကုန္သြယ္မႈေဆာင္႐ြက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ေဆာင္႐ြက္ျခင္းမွာ ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစေရးအတြက္ နယ္စပ္ကုန္သြယ္ေရးနည္းလမ္းအသစ္တစ္ခုအျဖစ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ ထို႔ေၾကာင့္ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းကို ရန္ကုန္- ေကာ့ေသာင္း- ရေနာင္း ႏွင့္ သြင္းကုန္တင္သြင္းျခင္းကို ရေနာင္း- ေကာ့ေသာင္း- ရန္ကုန္မွ နယ္စပ္ကုန္သြယ္ေရးနည္းလမ္း(Border Tr‌ade Method) ျဖင့္ ေဆာင္႐ြက္ျခင္းအတြက္ သက္ဆိုင္ရာဌာနမ်ား၏ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရန္ အသိေပးထားသည္။

ကရင္ျပည္နယ္ရွိ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း၌ တပ္မေတာ္ႏွင့္ KNU၊ KNLA၊ PDF ပူးေပါင္းအဖြဲ႕မ်ားၾကားတြင္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလမွစ၍ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိရာ ထိုင္း- ျမန္မာႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးအတြက္ အေရးပါသည့္ အာရွလမ္းမႀကီးအား ျဖတ္သန္းသြားလာခြင့္ပိတ္ထားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ထိုင္းႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးတြင္ အ‌ေရးပါသည့္ ျမဝတီကုန္သြယ္ေရးလမ္းေၾကာင္းသည္လည္း ျမန္မာတစ္ႏိုင္ငံလုံးမွေဆာင္႐ြက္ေနသည့္ နယ္စပ္ကုန္သြယ္ေရးပမာဏ၏ ၂၅ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး လက္ရွိတြင္ တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္မႈမ်ားသည္ ရပ္နားလ်က္ရွိသည္။

Related news

© 2021. All rights reserved.