ရာအိမ်မှူး(၃)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ (၂)ဦးပွဲချင်းပြီး သေဆုံးမှု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွား

 950

NP News - ဧပြီ ၂၁

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ငါးမွေးကန်ဘောင်၌ ထိုင်နေသည့် ရာအိမ်မှူး (၃)ဦးကို PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ရာ (၂)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၂၀ ရက်)၊ ညနေပိုင်းအချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ် သွားတိုက်နယ်ရဲစခန်းအနီး၊ အောင်မင်္ဂလာ ကန်ဘောင်ပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရာအိမ်မှူး (၃)ယောက်က ဆက်သွားရဲစခန်းနားက ကန်ဘောင်ပေါ်မှာထိုင်နေတာ။ အဲဒီမှာ လူတစ်ယောက်ကဆိုင်ကယ်နဲ့လာပြီး ပစ္စတိုသေနတ်နဲ့လာပစ် သွားတာပါ။ (၂)ယောက်က အခင်းဖြစ်တဲ့နေရာမှာပဲ သေသွားတယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ရာအိမ်မှူး(၃)ဦးအနက် အသက်(၆၅)နှစ်အရွယ် ဦးခင်မောင်အေးနှင့် အသက်(၄၂)နှစ်အရွယ် ဦးမောင်ဌေးတို့တွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက်(၄၀)ကျော်အရွယ် ရာအိမ်မှူးဦးဟန်ခိုင်တွင်လည်း ပါးတစ်ဖက်ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် နေပြည်တော်ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

“၂၀၂၄ နှစ်စကနေပြီးတော့ အခုအချိန်ထိဆိုရင် တောင်တွင်းကြီးမြို့နယ်မှာက ပစ်သတ်ခံရတာ သံဃာတော်ကတစ်ပါးနဲ့ လူ(၇)ယောက် ရှိပြီပေါ့။ လက်ရှိအခြေအနေအရတော့ တောင်တွင်းကြီးမြို့နယ်တောင်ဘက်ကို သက်ဆိုင်ရာနဲ့လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်တွင် တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာသုသာန်၌ မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်နေသည့် သံဃာတော်များကို PDF အဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ သံဃာတော်(၁)ပါးပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

zawgyi version
ရာအိမ္မႉး(၃)ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ဝင္ေရာက္ပစ္ခတ္ခဲ့ရာ (၂)ဦးပြဲခ်င္းၿပီး ေသဆုံးမႈ ေတာင္တြင္းႀကီးၿမိဳ႕နယ္၌ ျဖစ္ပြား
NP News - ဧၿပီ ၂၁

မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္တြင္ ငါးေမြးကန္ေဘာင္၌ ထိုင္ေနသည့္ ရာအိမ္မႉး (၃)ဦးကို PDF အဖြဲ႕ဝင္တစ္ဦးက ေသနတ္ျဖင့္ပစ္ခတ္ သတ္ျဖတ္ခဲ့ရာ (၂)ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၂၀ ရက္)၊ ညေနပိုင္းအခ်ိန္တြင္ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ဆတ္ သြားတိုက္နယ္ရဲစခန္းအနီး၊ ေအာင္မဂၤလာ ကန္ေဘာင္ေပၚ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ရာအိမ္မႉး (၃)ေယာက္က ဆက္သြားရဲစခန္းနားက ကန္ေဘာင္ေပၚမွာထိုင္ေနတာ။ အဲဒီမွာ လူတစ္ေယာက္ကဆိုင္ကယ္နဲ႔လာၿပီး ပစၥတိုေသနတ္နဲ႔လာပစ္ သြားတာပါ။ (၂)ေယာက္က အခင္းျဖစ္တဲ့ေနရာမွာပဲ ေသသြားတယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရသည့္ ရာအိမ္မႉး(၃)ဦးအနက္ အသက္(၆၅)ႏွစ္အ႐ြယ္ ဦးခင္ေမာင္ေအးႏွင့္ အသက္(၄၂)ႏွစ္အ႐ြယ္ ဦးေမာင္ေဌးတို႔တြင္ ဦးေခါင္းက်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ အသက္(၄၀)ေက်ာ္အ႐ြယ္ ရာအိမ္မႉးဦးဟန္ခိုင္တြင္လည္း ပါးတစ္ဖက္က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့သျဖင့္ ေဆးကုသမႈခံယူရန္ ေနျပည္ေတာ္ကုတင္ (၁၀၀၀)ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားရေၾကာင္း သိရသည္။

“၂၀၂၄ ႏွစ္စကေနၿပီးေတာ့ အခုအခ်ိန္ထိဆိုရင္ ေတာင္တြင္းႀကီးၿမိဳ႕နယ္မွာက ပစ္သတ္ခံရတာ သံဃာေတာ္ကတစ္ပါးနဲ႔ လူ(၇)ေယာက္ ရွိၿပီေပါ့။ လက္ရွိအေျခအေနအရေတာ့ ေတာင္တြင္းႀကီးၿမိဳ႕နယ္ေတာင္ဘက္ကို သက္ဆိုင္ရာနဲ႔လုံၿခဳံေရးတပ္ဖြဲ႕ေတြက နယ္ေျမရွင္းလင္းေရးေတြ လုပ္ေဆာင္ေနပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။

အလားတူ ၿပီးခဲ့သည့္ ဧၿပီလ ၁၈ ရက္တြင္ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ေထာက္ႀကံ့ကြင္းေက်း႐ြာသုသာန္၌ ေမတၱာပို႔ဆုေတာင္းပြဲ ျပဳလုပ္ေနသည့္ သံဃာေတာ္မ်ားကို PDF အဖြဲ႕က ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ရာ သံဃာေတာ္(၁)ပါးပ်ံလြန္ေတာ္မူခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.