ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရာထူးမှနှုတ်ထွက်

 1030

Pika (NP News) - ဧပြီ ၂၂

၂၀၁၉ ခုနှစ်ကတည်းက ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့တဲ့ Cong Peiwu ဟာ ၎င်းရဲ့ရာထူးကနေနှုတ်ထွက်ပြီး တရုတ်နိုင်ငံကို ပြန်လာခဲ့တယ်လို့ အဆိုပါကိစ္စနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ခုက ဧပြီလ(၂၁)ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ကနေဒါအကြီးတန်းသံတမန်တစ်ဦးဟာ တရုတ်နိုင်ငံကို လာရောက်လည်ပတ်နေစဉ်အချိန်အတွင်းမှာ အဲဒီသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Cong Peiwu ဟာ ရာထူးကနေ ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတဲ့အချက်ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ ကနေဒါနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးဟာ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာတွေကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး Ma Zhaoxu ဟာ အလည်အပတ်ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံခြားရေးဒုဝန်ကြီး ဒေးဗစ်မော်ရစ်ဆင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Ma Zhaoxu နဲ့ ဒေးဗစ်မော်ရစ်ဆင်တို့ဟာ တရုတ်-ကနေဒါဆက်ဆံရေးအပြင် အပြန်အလှန်အကျိုးစီးပွား၊ စိုးရိမ်မှုတို့နဲ့ပတ်သက်တဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ Cong Peiwu ရဲ့ ရာထူးကနေနှုတ်ထွက်မှုနဲ့ နိုင်ငံတွင်းကနေ ထွက်ခွါမှုကို ကနေဒါသတင်းစာဖြစ်တဲ့ Globe and Mail က ပထမဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။ ကနေဒါရဲတပ်ဖွဲ့ဟာ တရုတ်ဆက်သွယ်ရေးပစ္စည်းကုမ္ပဏီကြီး Huawei Technologies ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Meng Wanzhou ကို အမေရိကန်ရဲ့ဖမ်းဝရမ်းနဲ့အတူ ဖမ်းဆီးခဲ့ပြီးနောက် တရုတ်နဲ့ကနေဒါတို့ရဲ့ ဆက်ဆံရေးဟာ ၂၀၁၈ ခုနှစ်ကတည်းက တင်းမာလာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကနေဒါနိုင်ငံသား Michael Spavor နဲ့ Michael Kovrig တို့ကို တရုတ်နိုင်ငံက ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံသားနှစ်ဦးကို ရက်ပေါင်း(၁)ထောင်ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါနေ့မှာပဲ အမေရိကန်တရားရေးဌာနဟာ Meng Wanzhou ကို လွှဲပြောင်းပေးဖို့ တောင်းဆိုမှုတွေကို ပယ်ဖျက်ပေးခဲ့ပြီး Meng Wanzhou ဟာ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်ရဲ့အမျိုးသားလုံခြုံရေးဥပဒေလိုမျိုး ကိစ္စရပ်တွေမှာ ဆန့်ကျင်ဖက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ဝင်ရောက်စွက်ဖက်မှုတွေလုပ်ဆောင်နေတယ်လို့ စွပ်စွဲခံထားရပြီး တရုတ်ဖက်က အဲ့ဒီပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။ ကနေဒါအစိုးရအေဂျင်စီတွေဟာ အဆိုပါ စွပ်စွဲပြောဆိုမှုတွေကို သက်သေပြဖို့အတွက် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

zawgyi version
ကေနဒါႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး ရာထူးမွႏႈတ္ထြက္
Pika (NP News) - ဧၿပီ ၂၂

၂၀၁၉ ခုႏွစ္ကတည္းက ကေနဒါႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္လာခဲ့တဲ့ Cong Peiwu ဟာ ၎ရဲ႕ရာထူးကေနႏႈတ္ထြက္ၿပီး တ႐ုတ္ႏိုင္ငံကို ျပန္လာခဲ့တယ္လို႔ အဆိုပါကိစၥနဲ႔ရင္းႏွီးတဲ့ သတင္းရင္းျမစ္တစ္ခုက ဧၿပီလ(၂၁)ရက္ေန႔မွာ ေျပာဆိုခဲ့ပါတယ္။

ကေနဒါအႀကီးတန္းသံတမန္တစ္ဦးဟာ တ႐ုတ္ႏိုင္ငံကို လာေရာက္လည္ပတ္ေနစဥ္အခ်ိန္အတြင္းမွာ အဲဒီသတင္းေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ Cong Peiwu ဟာ ရာထူးကေန ဘာေၾကာင့္ ႏႈတ္ထြက္ရတယ္ဆိုတဲ့အခ်က္ကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးပါဘူး။ ကေနဒါႏိုင္ငံမွာရွိတဲ့ တ႐ုတ္သံ႐ုံးဟာ အဆိုပါ ကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုတာေတြကို ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဒုဝန္ႀကီး Ma Zhaoxu ဟာ အလည္အပတ္ေရာက္ရွိေနတဲ့ ကေနဒါႏိုင္ငံျခားေရးဒုဝန္ႀကီး ေဒးဗစ္ေမာ္ရစ္ဆင္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

Ma Zhaoxu နဲ႔ ေဒးဗစ္ေမာ္ရစ္ဆင္တို႔ဟာ တ႐ုတ္-ကေနဒါဆက္ဆံေရးအျပင္ အျပန္အလွန္အက်ိဳးစီးပြား၊ စိုးရိမ္မႈတို႔နဲ႔ပတ္သက္တဲ့ အျခားကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ Cong Peiwu ရဲ႕ ရာထူးကေနႏႈတ္ထြက္မႈနဲ႔ ႏိုင္ငံတြင္းကေန ထြက္ခြါမႈကို ကေနဒါသတင္းစာျဖစ္တဲ့ Globe and Mail က ပထမဆုံးေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ကေနဒါရဲတပ္ဖြဲ႕ဟာ တ႐ုတ္ဆက္သြယ္ေရးပစၥည္းကုမၸဏီႀကီး Huawei Technologies ရဲ႕ ဘ႑ာေရးအရာရွိခ်ဳပ္ Meng Wanzhou ကို အေမရိကန္ရဲ႕ဖမ္းဝရမ္းနဲ႔အတူ ဖမ္းဆီးခဲ့ၿပီးေနာက္ တ႐ုတ္နဲ႔ကေနဒါတို႔ရဲ႕ ဆက္ဆံေရးဟာ ၂၀၁၈ ခုႏွစ္ကတည္းက တင္းမာလာခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ကေနဒါႏိုင္ငံသား Michael Spavor နဲ႔ Michael Kovrig တို႔ကို တ႐ုတ္ႏိုင္ငံက ဖမ္းဆီးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ကေနဒါႏိုင္ငံသားႏွစ္ဦးကို ရက္ေပါင္း(၁)ေထာင္ေက်ာ္အထိ ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး ၂၀၂၁ ခုႏွစ္မွာ ျပန္လႊတ္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ အဆိုပါေန႔မွာပဲ အေမရိကန္တရားေရးဌာနဟာ Meng Wanzhou ကို လႊဲေျပာင္းေပးဖို႔ ေတာင္းဆိုမႈေတြကို ပယ္ဖ်က္ေပးခဲ့ၿပီး Meng Wanzhou ဟာ တ႐ုတ္ႏိုင္ငံကို ျပန္လည္ေရာက္ရွိလာခဲ့တယ္လို႔လည္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံနဲ႔ ကေနဒါႏိုင္ငံတို႔ဟာ ေဟာင္ေကာင္မွာရွိတဲ့ တ႐ုတ္ရဲ႕အမ်ိဳးသားလုံၿခဳံေရးဥပေဒလိုမ်ိဳး ကိစၥရပ္ေတြမွာ ဆန႔္က်င္ဖက္ျဖစ္ေနတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံဟာ ကေနဒါႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲေတြကို ဝင္ေရာက္စြက္ဖက္မႈေတြလုပ္ေဆာင္ေနတယ္လို႔ စြပ္စြဲခံထားရၿပီး တ႐ုတ္ဖက္က အဲ့ဒီေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားပါတယ္။ ကေနဒါအစိုးရေအဂ်င္စီေတြဟာ အဆိုပါ စြပ္စြဲေျပာဆိုမႈေတြကို သက္ေသျပဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.