တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်မယ်ဆိုရင် အစ္စရေးကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ အီရန်သမ္မတခြိမ်းခြောက်

 1053

Pika (NP News) - ဧပြီ ၂၄

အီရန်ကို ထပ်မံတိုက်ခိုက်ဖို့ ကြိုးပမ်းမယ်ဆိုရင် အစ္စရေးကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ အီရန်သမ္မတ Ebrahim Raisi က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဧပြီလ(၂၂)ရက်နေ့မှာ Ebrahim Raisi ဟာ ပါကစ္စတန်နိုင်ငံကို သုံးရက်ကြာအလည်အပတ်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ အီရန်နဲ့ အစ္စရေးကြားမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေနဲ့ပတ်သက်ပြီး Ebrahim Raisi ဟာ ဧပြီလ(၂၃)ရက်နေ့မှာ မိန့်ခွန်းပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ Ebrahim Raisi က 'အစ္စရေးအစိုးရဟာ နောက်တစ်ကြိမ်အမှားလုပ်ပြီး အီရန်ကိုထပ်မံတိုက်ခိုက်ခဲ့မယ်ဆိုရင် အခြေအနေတွေက ကွဲပြားသွားမှာဖြစ်ပါတယ်။ အစ္စရေးအစိုးရဟာ ထပ်မံတိုက်ခိုက်မှုတွေကို လုပ်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးဟာ ပြီးခဲ့တဲ့ဧပြီလ(၁)ရက်နေ့မှာ ဆီးရီးယားနိုင်ငံ Damascus မြို့မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အီရန်စစ်တပ်က အကြီးတန်းအရာရှိ(၇)ဦးသေဆုံးခဲ့ပါတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ ဧပြီလ (၁၃)ရက်နေ့မှာ အီရန်ဟာ အစ္စရေးမှာရှိတဲ့ ပစ်မှတ်အများအပြားကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဧပြီလ(၁၉)ရက်နေ့မှာ အီရန်နိုင်ငံ Isfahan မြို့မှာ ပေါက်ကွဲသံတွေကြားခဲ့ရပြီး အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ မီဒီယာအများအပြားက ဖော်ပြခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိ/မရှိဆိုတဲ့အချက်ကို အစ္စရေးဘက်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးကို လက်တုံ့ ပြန်တိုက်ခိုက်သွားဖို့ အစီအစဉ်မရှိဘူးလို့ အီရန်ဘက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အစ္စရေး-ဟားမက်စစ်ပွဲနဲ့ပတ်သက်ပြီး ပါလက်စတိုင်းလူမျိုးတွေကို ဆက်လက်ထောက်ခံသွားမယ်လို့ အီရန်သမ္မတက ကတိပြုပြောဆိုခဲ့ပါတယ်။ ပြီးတော့ အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ဂါဇာကမ်း မြောင်ဒေသမှာ အစ္စရေးရဲ့လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ထောက်ခံနေပြီး လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့နိုင်ငံတွေအဖြစ်လည်း Ebrahim Raisi ကဖော်ပြပြောဆိုခဲ့ပါတယ်။

zawgyi version
တိုက္ခိုက္မႈေတြ ထပ္မံလုပ္ေဆာင္မယ္ဆိုရင္ အစၥေရးကို အျမစ္ျပတ္ေခ်မႈန္းသြားမယ္လို႔ အီရန္သမၼတၿခိမ္းေျခာက္
Pika (NP News) - ဧၿပီ ၂၄

အီရန္ကို ထပ္မံတိုက္ခိုက္ဖို႔ ႀကိဳးပမ္းမယ္ဆိုရင္ အစၥေရးကို အျမစ္ျပတ္ေခ်မႈန္းသြားမယ္လို႔ အီရန္သမၼတ Ebrahim Raisi က ၿခိမ္းေျခာက္ေျပာဆိုလိုက္ပါတယ္။

ဧၿပီလ(၂၂)ရက္ေန႔မွာ Ebrahim Raisi ဟာ ပါကစၥတန္ႏိုင္ငံကို သုံးရက္ၾကာအလည္အပတ္ေရာက္ရွိေနတာလည္းျဖစ္ပါတယ္။ အီရန္နဲ႔ အစၥေရးၾကားမွာ မၾကာေသးမီကျဖစ္ပြားခဲ့တဲ့ တင္းမာမႈေတြနဲ႔ပတ္သက္ၿပီး Ebrahim Raisi ဟာ ဧၿပီလ(၂၃)ရက္ေန႔မွာ မိန႔္ခြန္းေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ Ebrahim Raisi က 'အစၥေရးအစိုးရဟာ ေနာက္တစ္ႀကိမ္အမွားလုပ္ၿပီး အီရန္ကိုထပ္မံတိုက္ခိုက္ခဲ့မယ္ဆိုရင္ အေျခအေနေတြက ကြဲျပားသြားမွာျဖစ္ပါတယ္။ အစၥေရးအစိုးရဟာ ထပ္မံတိုက္ခိုက္မႈေတြကို လုပ္မလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။

အစၥေရးဟာ ၿပီးခဲ့တဲ့ဧၿပီလ(၁)ရက္ေန႔မွာ ဆီးရီးယားႏိုင္ငံ Damascus ၿမိဳ႕မွာရွိတဲ့ အီရန္ေကာင္စစ္ဝန္႐ုံးကို ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး အီရန္စစ္တပ္က အႀကီးတန္းအရာရွိ(၇)ဦးေသဆုံးခဲ့ပါတယ္။ လက္တုံ႔ျပန္တဲ့အေနနဲ႔ ဧၿပီလ (၁၃)ရက္ေန႔မွာ အီရန္ဟာ အစၥေရးမွာရွိတဲ့ ပစ္မွတ္အမ်ားအျပားကို ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ ဧၿပီလ(၁၉)ရက္ေန႔မွာ အီရန္ႏိုင္ငံ Isfahan ၿမိဳ႕မွာ ေပါက္ကြဲသံေတြၾကားခဲ့ရၿပီး အစၥေရးရဲ႕လက္တုံ႔ျပန္တိုက္ခိုက္မႈတစ္ခုျဖစ္တယ္လို႔ မီဒီယာအမ်ားအျပားက ေဖာ္ျပခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး တာဝန္ရွိ/မရွိဆိုတဲ့အခ်က္ကို အစၥေရးဘက္က ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း အဲဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အစၥေရးကို လက္တုံ႔ ျပန္တိုက္ခိုက္သြားဖို႔ အစီအစဥ္မရွိဘူးလို႔ အီရန္ဘက္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အစၥေရး-ဟားမက္စစ္ပြဲနဲ႔ပတ္သက္ၿပီး ပါလက္စတိုင္းလူမ်ိဳးေတြကို ဆက္လက္ေထာက္ခံသြားမယ္လို႔ အီရန္သမၼတက ကတိျပဳေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ အေမရိကန္နဲ႔အေနာက္အုပ္စုႏိုင္ငံေတြဟာ ဂါဇာကမ္း ေျမာင္ေဒသမွာ အစၥေရးရဲ႕လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို ေထာက္ခံေနၿပီး လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ေနတဲ့ႏိုင္ငံေတြအျဖစ္လည္း Ebrahim Raisi ကေဖာ္ျပေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.