လာမည့်ဇွန်လအတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်

 1589

စော (NP News) - ဧပြီ ၂၄

လာမည့်ဇွန်လအတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့ ( ဧပြီလ ၂၃ရက်)တွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးက ဇွန်လတွင် အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၅ ခုနှစ်တွင် အခြေခံပညာကျောင်းများတွင် သာမက တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်လည်း လူရည်ချွန်မောင်မယ်များ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး၌ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့် နှေးခဲ့ရသည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားထားသည်။

ထို့ပြင် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်ကျောင်းများ ပြန်လည်ကောင်းမွန်စေရေး နှင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နှင့် ကျောင်းနေအရွယ်ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။

zawgyi version
လာမည့္ဇြန္လအတြင္း တကၠသိုလ္၊ ဒီဂရီေကာလိပ္ ႏွင့္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္မည္
ေစာ (NP News) - ဧၿပီ ၂၄

လာမည့္ဇြန္လအတြင္း တကၠသိုလ္၊ ဒီဂရီေကာလိပ္ႏွင့္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီး ေဒါက္တာၫြန႔္ေဖက ေျပာၾကားခဲ့သည္။

ပညာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန႔္ေဖက ယမန္ေန႔ ( ဧၿပီလ ၂၃ရက္)တြင္ ေနျပည္ေတာ္၊ ပညာေရးဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၁၃)ရွိ အစည္းအေဝးခန္းမ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဝန္ႀကီးက ဇြန္လတြင္ အဆင့္ျမင့္ပညာ၊ ဆရာအတတ္ပညာ ႏွင့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ား၊ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္မည္ျဖစ္ၿပီး သန႔္ရွင္းသာယာလွပေရး၊ ေက်ာင္းဥပဓိ႐ုပ္ေကာင္းမြန္ေရးႏွင့္ ပရိေဘာဂမ်ား ျပည့္စုံေကာင္းမြန္ေစေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ ၂၀၂၅ ခုႏွစ္တြင္ အေျခခံပညာေက်ာင္းမ်ားတြင္ သာမက တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ားတြင္လည္း လူရည္ခြၽန္ေမာင္မယ္မ်ား ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ရက္ပိုင္းက က်င္းပေသာ ျပည္ေထာင္စု အစိုးရအဖြဲ႕အစည္းအေဝး၌ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာေရးေႏွာင့္ ေႏွးခဲ့ရသည့္ ေဒသအခ်ိဳ႕တြင္လည္း အေျခခံပညာေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္သင္ၾကားႏိုင္ေရးေဆာင္႐ြက္ႏိုင္ရန္ ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားထားသည္။

ထို႔ျပင္ အၾကမ္းဖက္မႈျဖစ္စဥ္မ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ေက်ာင္းမ်ား ျပန္လည္ေကာင္းမြန္ေစေရး ႏွင့္ လာမည့္ပညာသင္ႏွစ္တြင္ ေက်ာင္းမ်ားအားလုံးဖြင့္လွစ္သင္ၾကားႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း ႏွင့္ ေက်ာင္းေနအ႐ြယ္ကေလးအားလုံး လုံလုံၿခဳံၿခဳံျဖင့္ ပညာသင္ၾကားႏိုင္ေရးႀကိဳးပမ္းေဆာင္႐ြက္ေပးရန္ တာဝန္ရွိေၾကာင္း ၎က ဆက္လက္ေျပာ သည္။

Related news

© 2021. All rights reserved.