ကုန်သွယ်ရေးကဏ္ဍတိုးမြှင့်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ နှင့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

 330

Pearl (NP News) - ဧပြီ ၂၅

ကုန်သွယ်ရေးကဏ္ဍတိုးမြှင့်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ နှင့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ယမန်နေ့ (ဧပြီလ ၂၄ ရက်) က နေပြည်တော်၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHUM Angvichet အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာများနှင့် ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေးကဏ္ဍ နှင့် ယဉ်ကျေးမှုကဏ္ဍများမြှင့်တင် ရေးဆိုင်ရာများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင် ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ (၃)နာရီခန့်တွင်လည်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် မစ္စတာ ကျုံမ် အန်းဗွီကြတ် (Mr.CHUM Angvichet) တို့ ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများ၊ အထူးသဖြင့်နှစ် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု အစရှိသည့်ကိစ္စရပ်များသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကုန္သြယ္ေရးက႑တိုးျမႇင့္ေဆာင္႐ြက္ရန္ နစကဥကၠ႒ ႏွင့္ ကေမာၻဒီးယားႏိုင္ငံသံအမတ္တို႔ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြး
Pearl (NP News) - ဧၿပီ ၂၅

ကုန္သြယ္ေရးက႑တိုးျမႇင့္ေဆာင္႐ြက္ရန္ နစကဥကၠ႒ ႏွင့္ ကေမာၻဒီးယားႏိုင္ငံသံအမတ္တို႔ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ယမန္ေန႔ (ဧၿပီလ ၂၄ ရက္) က ေနျပည္ေတာ္၌ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တာဝန္ၿပီးဆုံး၍ ျပန္လည္ထြက္ခြာမည့္ ျမန္မာႏိုင္ငံဆိုင္ရာ ကေမာၻဒီးယားႏိုင္ငံသံအမတ္ႀကီး H.E. Mr. CHUM Angvichet အား လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ-ကေမာၻဒီးယား ႏွစ္ႏိုင္ငံအၾကားခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ သံတမန္ဆက္ဆံေရးဆိုင္ရာမ်ားႏွင့္ ခ်စ္ၾကည္ေရးခရီးမ်ား အျပန္အလွန္လည္ပတ္ေရးဆိုင္ရာမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရးက႑၊ ခရီးသြားက႑၊ လူမႈေရးက႑ ႏွင့္ ယဥ္ေက်းမႈက႑မ်ားျမႇင့္တင္ ေရးဆိုင္ရာမ်ားႏွင့္ အျခားက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရးအတြက္လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ ေရး ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိမႈအေျခအေနမ်ားႏွင့္ပတ္သက္၍လည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ယင္းေန႔ ညေန (၃)နာရီခန႔္တြင္လည္း ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြ ႏွင့္ မစၥတာ က်ဳံမ္ အန္းဗြီၾကတ္ (Mr.CHUM Angvichet) တို႔ ထပ္မံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ေတြ႕ဆုံစဥ္ ျမန္မာ - ကေမာၻဒီးယား ႏွစ္ႏိုင္ငံအက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္းေဆာင္႐ြက္မႈအလားအလာမ်ား၊ အထူးသျဖင့္ႏွစ္ ကုန္သြယ္ေရး ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑၊ ယဥ္ေက်းမႈက႑၊ ခရီးသြားက႑ႏွင့္ ျပည္သူအခ်င္းခ်င္း ထိေတြ႕ဆက္ဆံမႈ အစရွိသည့္ကိစၥရပ္မ်ားသာမက ေဒသတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတို႔တြင္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားေရးတို႔အေပၚ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.