ယူကရိန်းသမ္မတအားလုံးက သူခိုးတွေသာဖြစ်တယ်လို့ ဘီလာရုစ်သမ္မတ ဝေဖန်ပြစ်တင်

 392

Pika (NP News) - ဧပြီ ၂၅

ယူကရိန်းနိုင်ငံဟာ နိုင်ငံအတွင်းကနေ ခိုးယူဖို့နဲ့ ချမ်းသာလာဖို့သာ စိတ်ဝင်စားကြတဲ့ခေါင်းဆောင်တွေရှိတဲ့ အနောက်တိုင်းပုံစံအုပ်ချုပ်ရေးကို ကူးပြောင်းသွားခဲ့တယ်လို့ ဘီလာရုစ်သမ္မတလူကာရှန်ကိုက ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။

ဧပြီလ(၂၄)ရက်မှာ ဘီလာရုစ်သမ္မတလူကာရှန်ကိုဟာ ဘီလာရုစ်နိုင်ငံလုံးဆိုင်ရာပြည်သူ့ညီလာခံမှာ မိန့်ခွန်း ပြောကြားစဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ယူကရိန်းသမ္မတနဲ့၎င်းရဲ့ အုပ်ချုပ်ရေး ဟာ နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုတွေကို ခိုးယူနေတယ်လို့ လူကာရှန်ကိုက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ယူကရိန်းဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်လာခဲ့ပြီး ဒီလိုခိုးယူမှုတွေ ချက်ချင်း စတင်ခဲ့တယ်လို့ လူကာရှန်ကိုက ပြောခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းခေါင်းဆောင်တွေရဲ့နိုင်ငံအတွင်းကနေ ခိုးယူမှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတယ်လို့ လူကာရှန်ကိုက ထပ်မံပြောဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတတိုင်း “ပထမဆုံးမှ နောက်ဆုံး လက်ရှိသမ္မတအထိ နိုင်ငံတွင်းကနေ ခိုးယူမှုတွေ လုပ်ဆောင်နေ တယ်လို့ လူကာရှန်ကိုက ပြောဆိုခဲ့ပါတယ်။ ဒီခိုးယူမှုတွေဟာ နိုင်ငံရေးအရ ရုန်းရင်းဆန်ခတ်မှုတွေကို ဖြစ်ပေါ်စေ ပြီး မငြိမ်မသက်မှုတွေကို ဖြစ်ပွားစေတယ်လို့ လူကာရှန်ကိုက ထပ်မံပြောခဲ့ပါတယ်။

လူကာရှန်ကိုက "ယူကရိန်းရဲ့အာဏာရှိသူတွေအားလုံးဟာ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရနိုင်တဲ့အရင်းအမြစ် တွေ အားလုံးကို စုဆောင်းထားပါတယ်။သူတို့တွေဟာ ပြည်သူတွေဖန်တီးထားတဲ့ချမ်းသာကြွယ်ဝမှုတွေကို ရယူနေ ကြတာပါ။ ပြီးတော့ယူကရိန်းဟာ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု နောက်ကွယ်က တရားခံအဖြစ် ရုရှားနဲ့ ဘီလာရုစ် တို့ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းသမၼတအားလုံးက သူခိုးေတြသာျဖစ္တယ္လို႔ ဘီလာ႐ုစ္သမၼတ ေဝဖန္ျပစ္တင္
Pika (NP News) - ဧၿပီ ၂၅

ယူကရိန္းႏိုင္ငံဟာ ႏိုင္ငံအတြင္းကေန ခိုးယူဖို႔နဲ႔ ခ်မ္းသာလာဖို႔သာ စိတ္ဝင္စားၾကတဲ့ေခါင္းေဆာင္ေတြရွိတဲ့ အေနာက္တိုင္းပုံစံအုပ္ခ်ဳပ္ေရးကို ကူးေျပာင္းသြားခဲ့တယ္လို႔ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုက ထုတ္ေဖာ္ေျပာဆိုခဲ့ ပါတယ္။

ဧၿပီလ(၂၄)ရက္မွာ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုဟာ ဘီလာ႐ုစ္ႏိုင္ငံလုံးဆိုင္ရာျပည္သူ႔ညီလာခံမွာ မိန႔္ခြန္း ေျပာၾကားစဥ္အခ်ိန္အတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။ယူကရိန္းသမၼတနဲ႔၎ရဲ႕ အုပ္ခ်ဳပ္ေရး ဟာ ႏိုင္ငံရဲ႕ခ်မ္းသာႂကြယ္ဝမႈေတြကို ခိုးယူေနတယ္လို႔ လူကာရွန္ကိုက စြပ္စြဲေျပာဆိုခဲ့ပါတယ္။

ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲၿပီးေနာက္ ယူကရိန္းဟာ လြတ္လပ္တဲ့ႏိုင္ငံျဖစ္လာခဲ့ၿပီး ဒီလိုခိုးယူမႈေတြ ခ်က္ခ်င္း စတင္ခဲ့တယ္လို႔ လူကာရွန္ကိုက ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ယူကရိန္းေခါင္းေဆာင္ေတြရဲ႕ႏိုင္ငံအတြင္းကေန ခိုးယူမႈေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုဆိုးလာတယ္လို႔ လူကာရွန္ကိုက ထပ္မံေျပာဆိုခဲ့ပါတယ္။

ယူကရိန္းသမၼတတိုင္း “ပထမဆုံးမွ ေနာက္ဆုံး လက္ရွိသမၼတအထိ ႏိုင္ငံတြင္းကေန ခိုးယူမႈေတြ လုပ္ေဆာင္ေန တယ္လို႔ လူကာရွန္ကိုက ေျပာဆိုခဲ့ပါတယ္။ ဒီခိုးယူမႈေတြဟာ ႏိုင္ငံေရးအရ ႐ုန္းရင္းဆန္ခတ္မႈေတြကို ျဖစ္ေပၚေစ ၿပီး မၿငိမ္မသက္မႈေတြကို ျဖစ္ပြားေစတယ္လို႔ လူကာရွန္ကိုက ထပ္မံေျပာခဲ့ပါတယ္။

လူကာရွန္ကိုက "ယူကရိန္းရဲ႕အာဏာရွိသူေတြအားလုံးဟာ သူတို႔ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ရႏိုင္တဲ့အရင္းအျမစ္ ေတြ အားလုံးကို စုေဆာင္းထားပါတယ္။သူတို႔ေတြဟာ ျပည္သူေတြဖန္တီးထားတဲ့ခ်မ္းသာႂကြယ္ဝမႈေတြကို ရယူေန ၾကတာပါ။ ၿပီးေတာ့ယူကရိန္းဟာ ျပည္သူေတြရဲ႕ ဆင္းရဲမြဲေတမႈ ေနာက္ကြယ္က တရားခံအျဖစ္ ႐ုရွားနဲ႔ ဘီလာ႐ုစ္ တို႔ကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.