အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 4222

Pearl (NP News) – ဧပြီ ၂၅

အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ နေ့လည် (၁)နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က သတင်းအရ သက်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ ကြို့ကုန်း(အရှေ့)ရပ်ကွက်တွင် သန်းထွန်း(ခ)ဦးထွန်း မောင်းနှင်ပြီး မနန်းဆိုင်ဆာ(ခ)အေးယိမ်း လိုက်ပါလာသည့် TOYOTA VITZ အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၁၀၀၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့၊ နေ့လည် (၂)နာရီခွဲခန့်တွင် မနန်းဆိုင်ဆာ(ခ)အေးယိမ်း နေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ မြောင်းမြလမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၃၅၀၀) အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သန်းထွန်း(ခ)ဦးထွန်း(၅၇)နှစ် နှင့် မနန်းဆိုင်ဆာ(ခ)အေးယိမ်း(၄၄)နှစ်တို့အား သက်ဆိုင်ရာရဲစခန်း များ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အင္းစိန္ၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္ က်ပ္သိန္း ၄၅၀၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
Pearl (NP News) – ဧၿပီ ၂၅

အင္းစိန္ၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္ က်ပ္သိန္း ၄၅၀၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၁၉ ရက္ေန႔ ေန႔လည္ (၁)နာရီခန႔္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ က သတင္းအရ သက္ေသမ်ားႏွင့္အတူ အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္း(အေရွ႕)ရပ္ကြက္တြင္ သန္းထြန္း(ခ)ဦးထြန္း ေမာင္းႏွင္ၿပီး မနန္းဆိုင္ဆာ(ခ)ေအးယိမ္း လိုက္ပါလာသည့္ TOYOTA VITZ အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးရာ ယာဥ္ေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၀၀၀၀၀ ျပား (ေဒသကာလေပါက္ေဈးတန္ဖိုး ေငြက်ပ္သိန္း ၁၀၀၀) ႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ယင္းေန႔၊ ေန႔လည္ (၂)နာရီခြဲခန႔္တြင္ မနန္းဆိုင္ဆာ(ခ)ေအးယိမ္း ေနထိုင္သည့္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၂၀)ရပ္ကြက္၊ ေျမာင္းျမလမ္းရွိ ေနအိမ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃၅၀၀၀၀ ျပား (ေဒသကာလေပါက္ေဈးတန္ဖိုး ေငြက်ပ္သိန္း ၃၅၀၀) အား ထပ္မံေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ သန္းထြန္း(ခ)ဦးထြန္း(၅၇)ႏွစ္ ႏွင့္ မနန္းဆိုင္ဆာ(ခ)ေအးယိမ္း(၄၄)ႏွစ္တို႔အား သက္ဆိုင္ရာရဲစခန္း မ်ား တြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.