အမေရိကန်နှင့်တရုတ်နိုင်ငံတို့အနေဖြင့် ကွဲပြားခြားနားမှုတွေကို တာဝန်သိစွာစီမံခန့်ခွဲဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

 338

Pika (NP News) – ဧပြီ ၂၅

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အနေနဲ့ နှစ်နိုင်ငံကြားကွဲပြားခြားနားမှုတွေကို တာဝန်သိစွာ စီမံခန့်ခွဲဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဧပြီလ(၂၅)ရက်မှာ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

အန်တိုနီဘလင်ကန်ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်နဲ့မတွေ့ဆုံမီ တစ်ရက်အလိုမှာ ရှန်ဟိုင်းမြို့ကို သွားရောက်လည်ပတ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အန်တိုနီဘလင်ကန်ဟာ ဒေသဆိုင်ရာ ကွန်မြူနစ် ပါတီခေါင်းဆောင်ဆီကို သွားရောက်လည်ပတ် တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

အန်တိုနီဘလင်ကန်က “တင်းမာမှုတွေ နှစ်ပေါင်းများစွာကြာ မြင့်တက်လာပြီးတဲ့နောက်မှာတော့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုကြား တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကတိပြု ထားပါတယ်။ နှစ်နိုင်ငံကြားက ကွဲပြားခြားနားမှုတွေကို ဖော်ထုတ်နိုင်ဖို့အတွက် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုတွေ၊ အပြန်အလှန်စကားပြောဆိုမှုတွေကို လုပ်ဆောင်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေ အတွက်၊ ကမ္ဘာကြီးအတွက် နှစ်နိုင်ငံကြား ဆက်ဆံရေးကို တာဝန်သိစွာ စီမံခန့်ခွဲဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါ တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ရှန်ဟိုင်းမြို့ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး Chen Jining ဟာ အန်တိုနီဘလင်ကန်ကို အင်္ဂလိပ်ဘာသာ စကားပြောဆိုကာ ကြိုဆိုခဲ့ပြီး ရှန်ဟိုင်းမြို့အတွက် အမေရိကန်စီးပွားရေးလုပ်ငန်းတွေရဲ့အရေးပါပုံတွေကို ထုတ်ဖော် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Chen Jining က “ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရွေးချယ်တာဟာ နှစ်နိုင်ငံစလုံးနဲ့ လူသားတွေရဲ့အနာဂတ်ကို ထိခိုက်စေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အန်တိုနီဘလင်ကန် နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ကြား တွေ့ဆုံမှုနဲ့ပတ်သက်တဲ့ အစီအစဉ်တွေ ကို လက်ရှိအချိန်အထိ တရုတ်ဘက်က ထုတ်ပြန်ကြေညာတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံတို႔အေနျဖင့္ ကြဲျပားျခားနားမႈေတြကို တာဝန္သိစြာစီမံခန႔္ခြဲဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေတာင္းဆို
Pika (NP News) – ဧၿပီ ၂၅

အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔အေနနဲ႔ ႏွစ္ႏိုင္ငံၾကားကြဲျပားျခားနားမႈေတြကို တာဝန္သိစြာ စီမံခန႔္ခြဲဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ဧၿပီလ(၂၅)ရက္မွာ ေတာင္းဆိုလိုက္တယ္လို႔ သိရပါတယ္။

အန္တိုနီဘလင္ကန္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ထိပ္တန္းေခါင္းေဆာင္နဲ႔မေတြ႕ဆုံမီ တစ္ရက္အလိုမွာ ရွန္ဟိုင္းၿမိဳ႕ကို သြားေရာက္လည္ပတ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ အန္တိုနီဘလင္ကန္ဟာ ေဒသဆိုင္ရာ ကြန္ျမဴနစ္ ပါတီေခါင္းေဆာင္ဆီကို သြားေရာက္လည္ပတ္ ေတြ႕ဆုံခဲ့တယ္လို႔လည္း သိရပါတယ္။

အန္တိုနီဘလင္ကန္က “တင္းမာမႈေတြ ႏွစ္ေပါင္းမ်ားစြာၾကာ ျမင့္တက္လာၿပီးတဲ့ေနာက္မွာေတာ့ ကမာၻ႔စီးပြားေရး အင္အားႀကီးႏိုင္ငံႏွစ္ခုၾကား တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ကတိျပဳ ထားပါတယ္။ ႏွစ္ႏိုင္ငံၾကားက ကြဲျပားျခားနားမႈေတြကို ေဖာ္ထုတ္ႏိုင္ဖို႔အတြက္ တိုက္႐ိုက္ ထိေတြ႕ဆက္ဆံမႈေတြ၊ အျပန္အလွန္စကားေျပာဆိုမႈေတြကို လုပ္ေဆာင္သင့္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ လူမ်ိဳးေတြ အတြက္၊ ကမာၻႀကီးအတြက္ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးကို တာဝန္သိစြာ စီမံခန႔္ခြဲဖို႔ ကြၽန္ေတာ္တို႔မွာ တာဝန္ရွိပါ တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ရွန္ဟိုင္းၿမိဳ႕ တ႐ုတ္ကြန္ျမဴနစ္ပါတီအတြင္းေရးမႉး Chen Jining ဟာ အန္တိုနီဘလင္ကန္ကို အဂၤလိပ္ဘာသာ စကားေျပာဆိုကာ ႀကိဳဆိုခဲ့ၿပီး ရွန္ဟိုင္းၿမိဳ႕အတြက္ အေမရိကန္စီးပြားေရးလုပ္ငန္းေတြရဲ႕အေရးပါပုံေတြကို ထုတ္ေဖာ္ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
Chen Jining က “ထိပ္တိုက္ရင္ဆိုင္မႈေတြကို ေ႐ြးခ်ယ္တာဟာ ႏွစ္ႏိုင္ငံစလုံးနဲ႔ လူသားေတြရဲ႕အနာဂတ္ကို ထိခိုက္ေစပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း အန္တိုနီဘလင္ကန္ နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ၾကား ေတြ႕ဆုံမႈနဲ႔ပတ္သက္တဲ့ အစီအစဥ္ေတြ ကို လက္ရွိအခ်ိန္အထိ တ႐ုတ္ဘက္က ထုတ္ျပန္ေၾကညာတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.