အစ္စရေးဝန်ကြီးချုပ်က ရာထူးမှ နှုတ်ထွက်သင့်ကြောင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ပြော

 352

Pika (NP News) - ဧပြီ ၂၅

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုဟာ ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေးအတွက် အတားအဆီးတစ်ခုဖြစ်ပြီး ၎င်းရဲ့ရာထူးကနေ နှုတ်ထွက်သင့်တယ်လို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းနန်စီပလိုစီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဧပြီလ(၂၂)ရက်မှာ နန်စီပလိုစီဟာ အိုင်ယာလန်အများပြည်သူပိုင် ရုပ်သံလွှင့်ဌာန Raidio Teilifis Eireann (RTE)နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုအတွင်းမှာ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးရဲ့လက်တုံ့ပြန်မှုတွေကို နန်စီပလိုစီက ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။

နေတန်ရာဟု က “အစ္စရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာ ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် နေတန်ရာဟုရဲ့ မူဝါဒနဲ့ အလေ့အကျင့်တွေကို ကျွန်မတို့ငြင်းပယ်ပါတယ်။ ဟားမက်လက်နက်ကိုင် အဖွဲ့ကိုလက်တုံ့ပြန်တဲ့အနေနဲ့ နေတန်ရာဟုလုပ်ဆောင်ခဲ့တာထက် ပိုကြောက်ဖို့ကောင်းတဲ့အရာ မရှိပါဘူး။ နေတန်ရာဟုဟာ ရာထူးကနေ နှုတ်ထွက်သင့်ပါတယ်။ ဒီလုပ်ရပ်တွေအားလုံးအတွက် သူ့မှာတာဝန်ရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နေတန်ရာဟုဟာ ငြိမ်းချမ်းရေးအတွက် အတားအဆီးတစ်ခုလားဆိုတဲ့မေးခွန်းတွေကို နန်စီပလိုစီက တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ နန်စီပလိုစီက “နေတန်ရာဟုဟာ ငြိမ်းချမ်းရေးကို ကြောက်တာလား၊ ငြိမ်းချမ်းရေးယူဖို့ မလုပ်ဆောင်နိုင်တာလား ဒါမှမဟုတ် ငြိမ်းချမ်းရေးကို လိုလားမှု ရှိ/မရှိ ဆိုတာ ကို ကျွန်မ မသိပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် နေတန်ရာဟုဟာ နှစ်နိုင်ငံကြား ဖြေရှင်းချက်အတွက် အတားအဆီးတစ်ခုဖြစ်ခဲ့တယ်လို့ နန်စီပလိုစီက ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ထိုးစစ်ဆင်မှုတွေကြောင့် လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး(၃၄ဝဝဝ) ကျော် သေဆုံးထားတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
အစၥေရးဝန္ႀကီးခ်ဳပ္က ရာထူးမွ ႏႈတ္ထြက္သင့္ေၾကာင္း အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ေဟာင္း ေျပာ
Pika (NP News) - ဧၿပီ ၂၅

အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုဟာ ဂါဇာကမ္းေျမာင္ေဒသ ၿငိမ္းခ်မ္းေရးအတြက္ အတားအဆီးတစ္ခုျဖစ္ၿပီး ၎ရဲ႕ရာထူးကေန ႏႈတ္ထြက္သင့္တယ္လို႔ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ေဟာင္းနန္စီပလိုစီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဧၿပီလ(၂၂)ရက္မွာ နန္စီပလိုစီဟာ အိုင္ယာလန္အမ်ားျပည္သူပိုင္ ႐ုပ္သံလႊင့္ဌာန Raidio Teilifis Eireann (RTE)နဲ႔ ေတြ႕ဆုံေမးျမန္းခန္းတစ္ခုအတြင္းမွာ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အစၥေရးရဲ႕လက္တုံ႔ျပန္မႈေတြကို နန္စီပလိုစီက ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေနတန္ရာဟု က “အစၥေရးဟာ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ပိုင္ခြင့္ရွိတယ္ဆိုတာ ကြၽန္မတို႔ အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ ေနတန္ရာဟုရဲ႕ မူဝါဒနဲ႔ အေလ့အက်င့္ေတြကို ကြၽန္မတို႔ျငင္းပယ္ပါတယ္။ ဟားမက္လက္နက္ကိုင္ အဖြဲ႕ကိုလက္တုံ႔ျပန္တဲ့အေနနဲ႔ ေနတန္ရာဟုလုပ္ေဆာင္ခဲ့တာထက္ ပိုေၾကာက္ဖို႔ေကာင္းတဲ့အရာ မရွိပါဘူး။ ေနတန္ရာဟုဟာ ရာထူးကေန ႏႈတ္ထြက္သင့္ပါတယ္။ ဒီလုပ္ရပ္ေတြအားလုံးအတြက္ သူ႔မွာတာဝန္ရွိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ေနတန္ရာဟုဟာ ၿငိမ္းခ်မ္းေရးအတြက္ အတားအဆီးတစ္ခုလားဆိုတဲ့ေမးခြန္းေတြကို နန္စီပလိုစီက တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ နန္စီပလိုစီက “ေနတန္ရာဟုဟာ ၿငိမ္းခ်မ္းေရးကို ေၾကာက္တာလား၊ ၿငိမ္းခ်မ္းေရးယူဖို႔ မလုပ္ေဆာင္ႏိုင္တာလား ဒါမွမဟုတ္ ၿငိမ္းခ်မ္းေရးကို လိုလားမႈ ရွိ/မရွိ ဆိုတာ ကို ကြၽန္မ မသိပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ေနတန္ရာဟုဟာ ႏွစ္ႏိုင္ငံၾကား ေျဖရွင္းခ်က္အတြက္ အတားအဆီးတစ္ခုျဖစ္ခဲ့တယ္လို႔ နန္စီပလိုစီက ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသကို အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြ၊ ထိုးစစ္ဆင္မႈေတြေၾကာင့္ လက္ရွိအခ်ိန္အထိ ပါလက္စတိုင္းလူမ်ိဳး(၃၄ဝဝဝ) ေက်ာ္ ေသဆုံးထားတယ္လို႔ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီး ဌာနက သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.