လူငယ်များအကြား အရက်နှင့် အီး-စီးကရက် သုံးစွဲမှုမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေကြောင်း WHO သတိပေး

 147

ALynn (NP News) - ဧပြီ ၂၅

ဆယ်ကျော်သက်များအကြား အရက် နှင့် အီး-စီးကရက်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲမှုမှာ စိုးရိမ် ဖွယ်ရာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဥရောပဌာနခွဲမှ ကြာသပတေးနေ့ (ဧပြီ ၂၅ ရက်) တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဥရောပ၊ ဗဟိုအာရှ နှင့် ကနေဒါနိုင်ငံရှိ အသက် ၁၁၊ ၁၃ နှင့် ၁၅ နှစ်ရှိ လူငယ် ၂၈၀,၀၀၀ ၏ စစ်တမ်း အချက်အလက်များကို အခြေခံ၍ လူငယ်လူရွယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သောအခြေအနေကို စမ်းစစ်ခဲ့သည်ဟု WHO မှ ပြောကြားခဲ့သည်။

"ဒီအလေ့အထတွေရဲ့ရေရှည်အကျိုးဆက်တွေက သိသာထင်ရှားပြီး မူဝါဒချမှတ်သူတွေအနေနဲ့ ၎င်းစိုးရိမ်ဖွယ်ရာ တွေ့ရှိချက်တွေကို လျစ်လျူမရှုသင့်ပါ” ဟု ကျန်းမာရေးအဖွဲ့မှ ပြောကြားခဲ့သည်။

အစီရင်ခံစာအရ အသက် ၁၅ နှစ်အရွယ်ရှိ လူငယ် ၅၇ ရာခိုင်နှုန်းသည် အနည်းဆုံး တစ်ကြိမ် အရက်သောက် လေ့ရှိပြီး ယင်းတို့အနက် မိန်းကလေး ၅၉ ရာခိုင်နှုန်း၊ ယောက်ျားလေး ၅၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ WHO က ယောက်ျားလေးများအကြား သောက်သုံးမှုနှုန်း လျော့ကျသွားသော်လည်း မိန်းကလေးများကြားတွင်မူ သောက်သုံးမှုတိုးတက်လာကြောင်း မှတ်ချက်ပြုခဲ့သည်။

“ဒီတွေ့ရှိချက်တွေက ကလေးသူငယ်တွေနဲ့ လူငယ်တွေကို အရက်ကြောင့်ဖြစ်ရတဲ့အန္တရာယ်တွေကနေ ကာကွယ်ဖို့ ပိုမိုကောင်းမွန်တဲ့ မူဝါဒအစီအမံတွေအရေးတကြီး လိုအပ်နေကြောင်း ပြသနေပါတယ်” ဟု WHO Europe မှ ပြော ကြားခဲ့သည်။

ထို့ပြင် ဆယ်ကျော်သက်များကြားတွင် vapes ဟုခေါ်သော အီး-စီးကရက် သုံးစွဲမှု တိုးလာကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ ၂၀၂၂ ခုနှစ်တွင် အသက် ၁၁ နှစ်မှ ၁၅ နှစ်ကြားရှိ ၁၃ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်နှုန်း ကျဆင်းလာသော်လည်း အများစုမှာ အီး-စီးကရက်ကို အစားထိုးသောက်သုံးလာကြကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
“ဥရောပဒေသနဲ့ အခြားနိုင်ငံတော်တော်များများမှာ ကလေးတွေကြား အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာခြင်းမှာ လူထုကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း” WHO ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version;
လူငယ္မ်ားအၾကား အရက္ႏွင့္ အီး-စီးကရက္ သုံးစြဲမႈမွာ စိုးရိမ္ဖြယ္ရာအေျခအေနျဖစ္ေနေၾကာင္း WHO သတိေပး
ALynn (NP News) - ဧၿပီ ၂၅

ဆယ္ေက်ာ္သက္မ်ားအၾကား အရက္ ႏွင့္ အီး-စီးကရက္ကို က်ယ္က်ယ္ျပန႔္ျပန႔္သုံးစြဲမႈမွာ စိုးရိမ္ ဖြယ္ရာျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ဥေရာပဌာနခြဲမွ ၾကာသပေတးေန႔ (ဧၿပီ ၂၅ ရက္) တြင္ ထုတ္ျပန္သည့္ အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။

ဥေရာပ၊ ဗဟိုအာရွ ႏွင့္ ကေနဒါႏိုင္ငံရွိ အသက္ ၁၁၊ ၁၃ ႏွင့္ ၁၅ ႏွစ္ရွိ လူငယ္ ၂၈၀,၀၀၀ ၏ စစ္တမ္း အခ်က္အလက္မ်ားကို အေျခခံ၍ လူငယ္လူ႐ြယ္မ်ားၾကား မူးယစ္ေဆးဝါးသုံးစြဲမႈႏွင့္ပတ္သက္ေသာအေျခအေနကို စမ္းစစ္ခဲ့သည္ဟု WHO မွ ေျပာၾကားခဲ့သည္။

"ဒီအေလ့အထေတြရဲ႕ေရရွည္အက်ိဳးဆက္ေတြက သိသာထင္ရွားၿပီး မူဝါဒခ်မွတ္သူေတြအေနနဲ႔ ၎စိုးရိမ္ဖြယ္ရာ ေတြ႕ရွိခ်က္ေတြကို လ်စ္လ်ဴမရႈသင့္ပါ” ဟု က်န္းမာေရးအဖြဲ႕မွ ေျပာၾကားခဲ့သည္။

အစီရင္ခံစာအရ အသက္ ၁၅ ႏွစ္အ႐ြယ္ရွိ လူငယ္ ၅၇ ရာခိုင္ႏႈန္းသည္ အနည္းဆုံး တစ္ႀကိမ္ အရက္ေသာက္ ေလ့ရွိၿပီး ယင္းတို႔အနက္ မိန္းကေလး ၅၉ ရာခိုင္ႏႈန္း၊ ေယာက္်ားေလး ၅၆ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။ WHO က ေယာက္်ားေလးမ်ားအၾကား ေသာက္သုံးမႈႏႈန္း ေလ်ာ့က်သြားေသာ္လည္း မိန္းကေလးမ်ားၾကားတြင္မူ ေသာက္သုံးမႈတိုးတက္လာေၾကာင္း မွတ္ခ်က္ျပဳခဲ့သည္။

“ဒီေတြ႕ရွိခ်က္ေတြက ကေလးသူငယ္ေတြနဲ႔ လူငယ္ေတြကို အရက္ေၾကာင့္ျဖစ္ရတဲ့အႏၲရာယ္ေတြကေန ကာကြယ္ဖို႔ ပိုမိုေကာင္းမြန္တဲ့ မူဝါဒအစီအမံေတြအေရးတႀကီး လိုအပ္ေနေၾကာင္း ျပသေနပါတယ္” ဟု WHO Europe မွ ေျပာ ၾကားခဲ့သည္။

ထို႔ျပင္ ဆယ္ေက်ာ္သက္မ်ားၾကားတြင္ vapes ဟုေခၚေသာ အီး-စီးကရက္ သုံးစြဲမႈ တိုးလာေၾကာင္း အစီရင္ခံစာက ေထာက္ျပထားသည္။ ၂၀၂၂ ခုႏွစ္တြင္ အသက္ ၁၁ ႏွစ္မွ ၁၅ ႏွစ္ၾကားရွိ ၁၃ ရာခိုင္ႏႈန္းသည္ ေဆးလိပ္ေသာက္ႏႈန္း က်ဆင္းလာေသာ္လည္း အမ်ားစုမွာ အီး-စီးကရက္ကို အစားထိုးေသာက္သုံးလာၾကေၾကာင္း အစီရင္ခံစာက ေဖာ္ျပခဲ့သည္။
“ဥေရာပေဒသနဲ႔ အျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ကေလးေတြၾကား အႏၲရာယ္ရွိတဲ့ ဓာတုပစၥည္းေတြ က်ယ္က်ယ္ ျပန႔္ျပန႔္ သုံးစြဲလာျခင္းမွာ လူထုက်န္းမာေရးကို ဆိုး႐ြားစြာ ၿခိမ္းေျခာက္ေနေၾကာင္း” WHO ဥေရာပေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Hans Kluge က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.