ရန်ကုန်မြို့တွင် ကား(၃)စီးဆင့်တိုက်ရာ အတိုက်ခံရသောတစ်စီး မီးလောင်ပျက်စီး

 17187

သန့်ဇင် (NP News) - ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်းတွင် ကား(၃)စီးဆင့်တိုက်ရာမှ အတိုက်ခံရသောကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဝန်းရံမှူးလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ယာဉ်မီးလောင်မှုသည် ယမန်နေ့(ဧပြီလ ၂၅ ရက်)၊ ည ၉နာရီခွဲဝန်းကျင်အချိန်ခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ဘေလီတံတားအဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကမူးပြီး CR-V နဲ့လမ်းပြောင်းပြန်မောင်းလာတာ။ အဲဒီမှာ Kluger ကိုတိုက်ပြီး Toyota တစ်စီးကို ထပ်တိုက်တာမှာ Toyota ကားက မီးလောင်သွားတာပါ။ ကားတစ်စီးလုံးမီးလောင်သွားတာဖြစ်ပါတယ်”ဟု ဝန်းရံမှူးလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်တွင် ကားတစ်စီးမီးလောင်ပျက်စီးသွားခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“ရန်ကုန်မြို့မှာလည်း ကားမီးလောင်တာတွေက ခဏခဏကြားနေရတယ်။ အဓိကတော့ မီးလောင်သွားရင် လူမထိခိုက်အောင် အရင်လုပ်ရမှာပေါ့။ အကြံပြုချင်တာကတော့ ကားတွေမှာ မီးသတ်ဆေးဗူးတွေဆောင်ထားသင့်တယ်။ မီးသတ်ဆေးဗူးမရှိရင်တော့ တစ်ခုခုဖြစ်ပြီဆို ဆုံးရှုံးမှုများတာပေါ့။ နောက်ပြီးတော့ ကားသမားတွေကို အခုလိုကားမီးလောင်မှုတွေဖြစ်ရင် ဘယ်လိုထိန်းချုပ်ရမလဲ သင်တန်းပေးတာတို့လုပ်စေချင်တယ်။ နောက် တစ်ခုကတော့ မူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့ဆိုတဲ့စကားအတိုင်းပေါ့ မူးနေရင်ကားမမောင်းစေချင်ဘူး”ဟု ၎င်းက အကြံပြုပြောကြားသည်။

အဆိုပါ ကားမီးလောင်မှုဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မီးသတ်တပ်ဖွဲ့)နှင့် အခြားလူမှုကူညီရေး အသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ပြီး လမ်းပြောင်းပြန်မောင်းလာသည့် ကားမှယာဉ် မောင်းကို သက်ဆိုင်ရာမြို့မရဲစခန်းက စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ကား(၃)စီးဆင့္တိုက္ရာ အတိုက္ခံရေသာတစ္စီး မီးေလာင္ပ်က္စီး
သန႔္ဇင္ (NP News) - ဧၿပီ ၂၆

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ေဘလီတံတားအဆင္းတြင္ ကား(၃)စီးဆင့္တိုက္ရာမွ အတိုက္ခံရေသာကားတစ္စီး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း ဝန္းရံမႉးလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ယာဥ္မီးေလာင္မႈသည္ ယမန္ေန႔(ဧၿပီလ ၂၅ ရက္)၊ ည ၉နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၃၃)ရပ္ကြက္၊ ေဘလီတံတားအဆင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အသက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦးကမူးၿပီး CR-V နဲ႔လမ္းေျပာင္းျပန္ေမာင္းလာတာ။ အဲဒီမွာ Kluger ကိုတိုက္ၿပီး Toyota တစ္စီးကို ထပ္တိုက္တာမွာ Toyota ကားက မီးေလာင္သြားတာပါ။ ကားတစ္စီးလုံးမီးေလာင္သြားတာျဖစ္ပါတယ္”ဟု ဝန္းရံမႉးလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္စဥ္တြင္ ကားတစ္စီးမီးေလာင္ပ်က္စီးသြားခဲ့ေသာ္လည္း ထိခိုက္မႈမရွိခဲ့ေၾကာင္း သိရသည္။

“ရန္ကုန္ၿမိဳ႕မွာလည္း ကားမီးေလာင္တာေတြက ခဏခဏၾကားေနရတယ္။ အဓိကေတာ့ မီးေလာင္သြားရင္ လူမထိခိုက္ေအာင္ အရင္လုပ္ရမွာေပါ့။ အႀကံျပဳခ်င္တာကေတာ့ ကားေတြမွာ မီးသတ္ေဆးဗူးေတြေဆာင္ထားသင့္တယ္။ မီးသတ္ေဆးဗူးမရွိရင္ေတာ့ တစ္ခုခုျဖစ္ၿပီဆို ဆုံးရႈံးမႈမ်ားတာေပါ့။ ေနာက္ၿပီးေတာ့ ကားသမားေတြကို အခုလိုကားမီးေလာင္မႈေတြျဖစ္ရင္ ဘယ္လိုထိန္းခ်ဳပ္ရမလဲ သင္တန္းေပးတာတို႔လုပ္ေစခ်င္တယ္။ ေနာက္ တစ္ခုကေတာ့ မူးရင္မေမာင္းနဲ႔ေမာင္းရင္မမူးနဲ႔ဆိုတဲ့စကားအတိုင္းေပါ့ မူးေနရင္ကားမေမာင္းေစခ်င္ဘူး”ဟု ၎က အႀကံျပဳေျပာၾကားသည္။

အဆိုပါ ကားမီးေလာင္မႈျဖစ္စဥ္ကို ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕(ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕)ႏွင့္ အျခားလူမႈကူညီေရး အသင္းမ်ားက ဝိုင္းဝန္းမီးၿငိမ္းသတ္ခဲ့ၿပီး လမ္းေျပာင္းျပန္ေမာင္းလာသည့္ ကားမွယာဥ္ ေမာင္းကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းက စစ္ေဆးအေရးယူလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.