ညောင်လေးပင်မြို့နယ်၌ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားရာ လူ (၃)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိ

 910

စော (NP News) - ဧပြီလ ၂၆

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားရာ လူ (၃)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

ယနေ့(ဧပြီလ ၂၆ ရက်)၊ မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်က ‌ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါး ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၈)မိုင် နှင့် (၈၈)မိုင် (၁)ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ Canter (၆)ဘီးယာဉ် နှင့် Light truck ယာဉ်တို့သည် မျက်နှာချင်းဆိုင်တိုက်မိပြီးနောက် Light truck ယာဉ်နောက်ရှိ Hino(၂၂)ဘီး ဘိလပ်မြေသယ်ယာဉ်က Light truck ယာဉ်ကို အနောက်မှ ထပ်မံတိုက် မိခဲ့ရာ လမ်းဘေးနေအိမ်သို့ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် Canter (၆)ဘီးပေါ်တွင် လိုက်ပါလာသော အမျိုးသား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား (၂)ဦး နှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် Light truck ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး Hino(၂၂) ဘီး ဘိလပ်မြေသယ်ယာဉ် ပေါ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ရွှေဇာမြေလူမှုကူညီရေးအသင်းနှင့် ရွှေရဲနွယ်လူမှုကူညီရေးအသင်းယာဉ်များဖြင့် ပြွန်တန်ဆာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေညာင္ေလးပင္ၿမိဳ႕နယ္၌ ယာဥ္သုံးစီးဆင့္တိုက္မႈျဖစ္ပြားရာ လူ (၃)ဦးေသဆုံးၿပီး (၁၀)ဦး ဒဏ္ရာရရွိ
ေစာ (NP News) - ဧၿပီလ ၂၆

ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္တြင္ ယာဥ္သုံးစီးဆင့္တိုက္မႈျဖစ္ပြားရာ လူ (၃)ဦးေသဆုံးၿပီး (၁၀)ဦး ဒဏ္ရာရရွိခဲ့ ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွ သိရသည္။

ယေန႔(ဧၿပီလ ၂၆ ရက္)၊ မြန္းလြဲ (၁)နာရီဝန္းက်င္အခ်ိန္က ‌ေညာင္ေလးပင္ၿမိဳ႕နယ္၊ ႁပြန္တန္ဆာၿမိဳ႕၊ ဘိုင္းဒါး ေက်း႐ြာအနီး၊ ရန္ကုန္-မႏၲေလးလမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၈၈)မိုင္ ႏွင့္ (၈၈)မိုင္ (၁)ဖာလုံၾကားတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္စဥ္မွာ Canter (၆)ဘီးယာဥ္ ႏွင့္ Light truck ယာဥ္တို႔သည္ မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီးေနာက္ Light truck ယာဥ္ေနာက္ရွိ Hino(၂၂)ဘီး ဘိလပ္ေျမသယ္ယာဥ္က Light truck ယာဥ္ကို အေနာက္မွ ထပ္မံတိုက္ မိခဲ့ရာ လမ္းေဘးေနအိမ္သို႔ ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ Canter (၆)ဘီးေပၚတြင္ လိုက္ပါလာေသာ အမ်ိဳးသား(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အမ်ိဳးသား (၂)ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ Light truck ယာဥ္ေပၚပါ အမ်ိဳးသား (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး Hino(၂၂) ဘီး ဘိလပ္ေျမသယ္ယာဥ္ ေပၚရွိ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

၎တို႔ကို ေ႐ႊဇာေျမလူမႈကူညီေရးအသင္းႏွင့္ ေ႐ႊရဲႏြယ္လူမႈကူညီေရးအသင္းယာဥ္မ်ားျဖင့္ ႁပြန္တန္ဆာေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.