မြင်းခြံမြို့တွင် ဒီဇယ်ပေပါများ တင်ဆောင်လာသည့် ကားတစ်စီး မီးလောင်မှုဖြစ်ပွား

 460

သန့်ဇင်(NP News)-ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ဒီဇယ်ပေပါများ တင်ဆောင်လာသည့် ကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သွားရောက်ကူညီခဲ့သည့် အဖြူရောင်လက်များပရဟိတအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့ (ဧပြီလ ၂၈ ရက်)၊ နံနက် ၁၁ နာရီ ၁၂ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ လေးအိမ်တန်း ကျေးရွာအုပ်စု၊ အင်ကြင်းသာ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တာကတော့ ဒီဇယ်ပေပါ တင်လာတဲ့ ကားမီးလောင်တာပါ။ အင်ကြင်သာရွာနားက လယ်ကွင်းထဲမှာ လောင်တာပါ။ ကားက CANTER ၁ဝ ပေ ကား လောင်သွားတာ။ ဘယ်လိုကြောင့် လောင်တာလည်းတော့ မသိရသေးပါဘူး” ဟု အဖြူရောင်လက်များပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားပေါ်တွင် တင်ဆောင်လာသည့် ဒီဇယ်ပေပါ(၅)လုံး ခန့် နှင့် ကားတစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မီးလောင်မှုဖြစ်စဉ်ကို မြင်းခြံခရိုင်းမီးသတ်တပ်ဖွဲ့ နှင့် မြင်းခြံမြို့နယ်မီးသတ်ဖွဲ့အပြင် အခြားပရဟိတ အသင်းများက ၁ဝ မိနစ်ခန့်အကြာသွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ျမင္းၿခံၿမိဳ႕တြင္ ဒီဇယ္ေပပါမ်ား တင္ေဆာင္လာသည့္ ကားတစ္စီး မီးေလာင္မႈျဖစ္ပြား
သန႔္ဇင္(NP News)-ဧၿပီ ၂၈

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္တြင္ ဒီဇယ္ေပပါမ်ား တင္ေဆာင္လာသည့္ ကားတစ္စီးမီးေလာင္မႈျဖစ္ပြားခဲ့ ေၾကာင္း သြားေရာက္ကူညီခဲ့သည့္ အျဖဴေရာင္လက္မ်ားပရဟိတအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔ (ဧၿပီလ ၂၈ ရက္)၊ နံနက္ ၁၁ နာရီ ၁၂ မိနစ္အခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ ေလးအိမ္တန္း ေက်း႐ြာအုပ္စု၊ အင္ၾကင္းသာ ေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တာကေတာ့ ဒီဇယ္ေပပါ တင္လာတဲ့ ကားမီးေလာင္တာပါ။ အင္ၾကင္သာ႐ြာနားက လယ္ကြင္းထဲမွာ ေလာင္တာပါ။ ကားက CANTER ၁ဝ ေပ ကား ေလာင္သြားတာ။ ဘယ္လိုေၾကာင့္ ေလာင္တာလည္းေတာ့ မသိရေသးပါဘူး” ဟု အျဖဴေရာင္လက္မ်ားပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ကားေပၚတြင္ တင္ေဆာင္လာသည့္ ဒီဇယ္ေပပါ(၅)လုံး ခန႔္ ႏွင့္ ကားတစ္စီးလုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မီးေလာင္မႈျဖစ္စဥ္ကို ျမင္းၿခံခ႐ိုင္းမီးသတ္တပ္ဖြဲ႕ ႏွင့္ ျမင္းၿခံၿမိဳ႕နယ္မီးသတ္ဖြဲ႕အျပင္ အျခားပရဟိတ အသင္းမ်ားက ၁ဝ မိနစ္ခန႔္အၾကာသြားေရာက္ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.