အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၄၀၀)ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၇)ခုကို MIC က လုပ်ကိုင်ခွင့်ပေး

 430

Pearl (NP News) - မေ ၇

အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၄၀၀)ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၇)ခုကို လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးကို ယမန်နေ့ (မေလ ၆ရက်)တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့မှနိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ် (၇)ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၁ သန်းနှင့် ငွေကျပ် ၂၈၂၇၀၂ ဒသမ ၈၉၅ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၄၂၃ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းလည်း သိရသည်။

စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အချက်အလက်များအရ သိရသည်။

zawgyi version
အလုပ္အကိုင္ အခြင့္အလမ္းေပါင္း (၁၄၀၀)ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ (၇)ခုကို MIC က လုပ္ကိုင္ခြင့္ေပး
Pearl (NP News) - ေမ ၇

အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၁၄၀၀)ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ (၇)ခုကို လုပ္ကိုင္ခြင့္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္(MIC) ၏ အခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အစည္းအေဝးကို ယမန္ေန႔ (ေမလ ၆ရက္)တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အစည္းအေဝးတြင္ ေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္း တိုးျမႇင့္ျခင္းအပါအဝင္ စက္မႈက႑၊ ဝန္ေဆာင္မႈက႑ႏွင့္ အိမ္ရာအေဆာက္အအုံ တည္ေဆာက္ဖြံ႕ၿဖိဳးမႈက႑တို႔မွႏိုင္ငံျခားႏွင့္ ျပည္တြင္းရင္းႏွီး ျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၇)ခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ ၉ ဒသမ ၂၈၁ သန္းႏွင့္ ေငြက်ပ္ ၂၈၂၇၀၂ ဒသမ ၈၉၅ သန္းျဖစ္ၿပီး ျပည္တြင္း အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၁၄၂၃ ဦးကို ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ဆိုသည္။

၂၀၂၄ ခုႏွစ္၊ ဧၿပီလကုန္အထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ/ ေဒသေပါင္း ၅၃ ခုအနက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံ/ ေဒသမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္ေၾကာင္းလည္း သိရသည္။

စီးပြားေရးက႑ ၁၂ ခုအနက္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားသည့္က႑မ်ားမွာ စြမ္းအင္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၈ ဒသမ ၄၇ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၄ ဒသမ ၄၃ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄ ဒသမ ၄၇ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.