နိုင်ငံရေးဖြစ်စဉ်များအပြီး ထိုင်းနိုင်ငံဘက်သို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်သူများ တိုးလာသကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုလည်း ယခင်ထက် ပိုမြင့်တက်

 677

သုတကျော် (NP News) - မေ ၈

နိုင်ငံရေးဖြစ်စဉ်များအပြီး ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သူများ တိုးလာသကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုလည်း ယခင်ထက် ပိုများလာကြောင်း ထိုင်းနိုင်ငံရောက် အလုပ်သမားများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်သူများသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ နယ်စပ်ဒေသမှ လုပ်ငန်းခွင်များတွင် အများဆုံးလုပ်နေကြခြင်းဖြစ်ကာ အဆိုပါ နေရာများ တွင် အလုပ်သမားအခွင့်အရေး အများဆုံး ချိုးဖောက်ခံနေရခြင်းဖြစ်ကြောင်း သိရသည်။

‘ဒီမှာက အလုပ်ပေါသလားဆို နယ်စပ်ဘက်မှာ မြန်မာတွေ လာတာများတော့ အလုပ်ကတော့ မပေါဘူး။ ဒါပေမဲ့ ချိုးဖောက်ခံနေရတာတွေက အများကြီးဖြစ်နေတယ်။ အလုပ်သမား အခွင့်အရေးက ဘာမှမရဘူး။ အလုပ်သမားတွေက စုပြုံတိုးလာတယ်။ ဒါပေမဲ့ အခွင့်အရေးက လုံးဝမရဘူး။ အခွင့်အရေးက ဘာလဲဆိုတာတောင် မသိတော့ဘူး။ မြန်မာနိုင်ငံမှာပြောနေတဲ့ အလုပ်သမားအခွင့်အရေးဆိုတာ က ဒီက တရားမဝင်အလုပ်သမားတွေအတွက်တော့ ကြားတောင် မကြားဖူးတဲ့ အခြေအနေဖြစ်တယ်’ ဟု မကြာသေးမီက အလုပ်မှထုတ်ပယ်ခြင်းခံခဲ့ရသူ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား အမျိုးသမီး တရားမဝင် အလုပ်သမားတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ အမျိုးသမီးသည် နေမကောင်းသောကြောင့် စက်ရုံသို့ နှစ်ရက်အလုပ်မဆင်းဘဲ ခွင့်စာတင်ခဲ့ရာ သတိပေးခြင်းပင် မရှိဘဲ အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ခွင့်စာတင်သော်လည်း စက်ရုံဘက်က ၎င်းတင်သော ခွင့်စာကိုပယ်ချပြီး အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘ အခုက အလုပ်သမားတွေ အခြေအနေက ဆိုးတယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ လုပ် ငန်းခွင် နားလည်မှုဆိုတာလည်း မရှိဘူး။ မဆင်းနိုင်ရင်ထွက် နောက်လူလာမယ်ဆိုတာမျိုး ဖြစ်နေတယ်။ အလုပ်လုပ်ချင်တဲ့သူတွေကလည်း များတယ်။ နောက်ပြီး အလုပ်ထဲမှာ အတိုက်အခိုက်တွေလည်း ရှိတယ်။ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်တာပေါ့။ အလုပ် သမားအခွင့်အရေးသွားမတောင်းနဲ့ မင်းကောတရားဝင်လာလုပ်နေတာလားဆိုတဲ့ မေးခွန်း နဲ့ ပြန်ပြန်သတ်လိုက်တာမျိုး။ ဒီတရားမဝင် အလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့ တစ်ခုခုတော့ လုပ်ပေးစေချင်တယ်။ ကျွန်တော်တို့လည်း သတင်းတွေ ရနေပေမယ့် ကူဖို့အတွက်ကမလွယ်ဘူး။ ခက်ခဲတယ်’ ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သူတစ်ဦးက ပြောသည်။

zawgyi version
ႏိုင္ငံေရးျဖစ္စဥ္မ်ားအၿပီး ထိုင္းႏိုင္ငံဘက္သို႔ တရားမဝင္သြားေရာက္အလုပ္လုပ္ကိုင္သူမ်ား တိုးလာသကဲ့သို႔ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈလည္း ယခင္ထက္ ပိုျမင့္တက္
သုတေက်ာ္ (NP News) - ေမ ၈

ႏိုင္ငံေရးျဖစ္စဥ္မ်ားအၿပီး ထိုင္းႏိုင္ငံဘက္သို႔ တရားမဝင္ သြားေရာက္အလုပ္လုပ္ကိုင္သူမ်ား တိုးလာသကဲ့သို႔ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈလည္း ယခင္ထက္ ပိုမ်ားလာေၾကာင္း ထိုင္းႏိုင္ငံေရာက္ အလုပ္သမားမ်ားထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံမွ တရားမဝင္ သြားေရာက္ အလုပ္လုပ္ကိုင္သူမ်ားသည္ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံရွိ နယ္စပ္ေဒသမွ လုပ္ငန္းခြင္မ်ားတြင္ အမ်ားဆုံးလုပ္ေနၾကျခင္းျဖစ္ကာ အဆိုပါ ေနရာမ်ား တြင္ အလုပ္သမားအခြင့္အေရး အမ်ားဆုံး ခ်ိဳးေဖာက္ခံေနရျခင္းျဖစ္ေၾကာင္း သိရသည္။

‘ဒီမွာက အလုပ္ေပါသလားဆို နယ္စပ္ဘက္မွာ ျမန္မာေတြ လာတာမ်ားေတာ့ အလုပ္ကေတာ့ မေပါဘူး။ ဒါေပမဲ့ ခ်ိဳးေဖာက္ခံေနရတာေတြက အမ်ားႀကီးျဖစ္ေနတယ္။ အလုပ္သမား အခြင့္အေရးက ဘာမွမရဘူး။ အလုပ္သမားေတြက စုၿပဳံတိုးလာတယ္။ ဒါေပမဲ့ အခြင့္အေရးက လုံးဝမရဘူး။ အခြင့္အေရးက ဘာလဲဆိုတာေတာင္ မသိေတာ့ဘူး။ ျမန္မာႏိုင္ငံမွာေျပာေနတဲ့ အလုပ္သမားအခြင့္အေရးဆိုတာ က ဒီက တရားမဝင္အလုပ္သမားေတြအတြက္ေတာ့ ၾကားေတာင္ မၾကားဖူးတဲ့ အေျခအေနျဖစ္တယ္’ ဟု မၾကာေသးမီက အလုပ္မွထုတ္ပယ္ျခင္းခံခဲ့ရသူ အသက္ ၄၀ အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီး တရားမဝင္ အလုပ္သမားတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ အမ်ိဳးသမီးသည္ ေနမေကာင္းေသာေၾကာင့္ စက္႐ုံသို႔ ႏွစ္ရက္အလုပ္မဆင္းဘဲ ခြင့္စာတင္ခဲ့ရာ သတိေပးျခင္းပင္ မရွိဘဲ အလုပ္ထုတ္ခံလိုက္ရျခင္းျဖစ္ၿပီး လုပ္ထုံးလုပ္နည္းအတိုင္း ခြင့္စာတင္ေသာ္လည္း စက္႐ုံဘက္က ၎တင္ေသာ ခြင့္စာကိုပယ္ခ်ၿပီး အလုပ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

‘ အခုက အလုပ္သမားေတြ အေျခအေနက ဆိုးတယ္လို႔ ေျပာလို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ လုပ္ ငန္းခြင္ နားလည္မႈဆိုတာလည္း မရွိဘူး။ မဆင္းႏိုင္ရင္ထြက္ ေနာက္လူလာမယ္ဆိုတာမ်ိဳး ျဖစ္ေနတယ္။ အလုပ္လုပ္ခ်င္တဲ့သူေတြကလည္း မ်ားတယ္။ ေနာက္ၿပီး အလုပ္ထဲမွာ အတိုက္အခိုက္ေတြလည္း ရွိတယ္။ ျမန္မာအခ်င္းခ်င္း ေခါင္းပုံျဖတ္တာေပါ့။ အလုပ္ သမားအခြင့္အေရးသြားမေတာင္းနဲ႔ မင္းေကာတရားဝင္လာလုပ္ေနတာလားဆိုတဲ့ ေမးခြန္း နဲ႔ ျပန္ျပန္သတ္လိုက္တာမ်ိဳး။ ဒီတရားမဝင္ အလုပ္သမားေတြနဲ႔ပတ္သက္ၿပီးေတာ့ တစ္ခုခုေတာ့ လုပ္ေပးေစခ်င္တယ္။ ကြၽန္ေတာ္တို႔လည္း သတင္းေတြ ရေနေပမယ့္ ကူဖို႔အတြက္ကမလြယ္ဘူး။ ခက္ခဲတယ္’ ဟု ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရး ေဆာင္႐ြက္သူတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.