ရန်ကုန်-မန္တလေးလမ်းတွင် အိမ်စီးကားတစ်စီး နောက်ဘီးကျွတ်ထွက်၍ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရ

6555

သန့်ဇင် (NP News) - မေ ၂၇
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းတွင် နောက်ဘီးကျွတ်ထွက်၍ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၂၆ ရက်)၊ မွန်းလွဲ ၂နာရီ ၃၅မိနစ်အချိန်ခန့်က ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၉၀/၀)အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက ရန်ကုန်ကနေ နေပြည်တော်ကိုသွားတာ။ အဲဒါအနေက မိုးကလည်းရွာထားတော့ ရေဝပ်တဲ့နေရာမှာ စလစ်ဖြစ်ပြီး နောက်ဘီးကျွတ်ထွက်သွားတာ။ အဲဒါကနေလည်ပြီး တစ်ဖက်လမ်းကိုရောက်သွားတာပါ”ဟု မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၅၀)နှစ်ဝန်းကျင်အရွယ် အမျိုးသား(၃)ဦးစလုံးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ “ကားပေါ်မှာပါလာတဲ့ လူ(၃)ယောက်မှာ (၂)ယောက်ကစိုးရိမ်ရတယ်။ ခေါင်းကွဲတာတို့ နဖူးကွဲသွားတာတို့ ဖြစ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ပွန်းပဲ့လောက်ပါပဲ။ အကြံပြုချင်တာကတော့ အမြန်လမ်းအသုံးပြုတဲ့ယာဉ်မောင်းတွေက အခုလိုမိုးရာသီဆိုရင် အကွေ့ကိုသတိထားပြီးမောင်းစေချင်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးလမ္းတြင္ အိမ္စီးကားတစ္စီး ေနာက္ဘီးကြၽတ္ထြက္၍ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ရာ လူ(၃)ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေမ ၂၇
ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးလမ္းတြင္ ေနာက္ဘီးကြၽတ္ထြက္၍ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ရာ လူ(၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၿမိဳ႕ေခ်ာင္းအျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၂၆ ရက္)၊ မြန္းလြဲ ၂နာရီ ၃၅မိနစ္အခ်ိန္ခန႔္က ေက်ာက္တံခါးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္(၉၀/၀)အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကားက ရန္ကုန္ကေန ေနျပည္ေတာ္ကိုသြားတာ။ အဲဒါအေနက မိုးကလည္း႐ြာထားေတာ့ ေရဝပ္တဲ့ေနရာမွာ စလစ္ျဖစ္ၿပီး ေနာက္ဘီးကြၽတ္ထြက္သြားတာ။ အဲဒါကေနလည္ၿပီး တစ္ဖက္လမ္းကိုေရာက္သြားတာပါ”ဟု ၿမိဳ႕ေခ်ာင္းအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၅၀)ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳးသား(၃)ဦးစလုံးတြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။ “ကားေပၚမွာပါလာတဲ့ လူ(၃)ေယာက္မွာ (၂)ေယာက္ကစိုးရိမ္ရတယ္။ ေခါင္းကြဲတာတို႔ နဖူးကြဲသြားတာတို႔ ျဖစ္သြားတယ္။ က်န္တဲ့တစ္ေယာက္ကေတာ့ ပြန္းပဲ့ေလာက္ပါပဲ။ အႀကံျပဳခ်င္တာကေတာ့ အျမန္လမ္းအသုံးျပဳတဲ့ယာဥ္ေမာင္းေတြက အခုလိုမိုးရာသီဆိုရင္ အေကြ႕ကိုသတိထားၿပီးေမာင္းေစခ်င္တယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ၿမိဳ႕ေခ်ာင္းတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။