အမေရိကန်နဲ့တောင်ကိုရီးယားတို့က ထောက်လှမ်းရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားအစိုးရစွပ်စွဲပြောဆို

 501

Pika (NP News) - မေ ၂၇

အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်တစ်ဝိုက်မှာ ထောက်လှမ်း ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနက စွပ်စွဲပြောဆိုခဲ့တယ်လို့ KCNA သတင်းဌာနက မေလ(၂၆)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါ လုပ်ရပ်တွေဟာ မြောက်ကိုရီးယားရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ချိုးဖောက်ခဲ့တယ်ဆိုရင် အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယားကာကွယ် ရေးဝန်ကြီးဌာနက သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ မေလ(၁၃)ရက်ကနေ (၂၄)ရက်အတွင်း အမေရိကန်ရဲ့ RC-135 ထောက်လှမ်းရေးလေယာဉ်၊ U-2S မဟာဗျူဟာမြောက် ထောက်လှမ်းရေးလေယာဉ်တွေနဲ့ RQ-4B ဒရုန်းတွေ အနည်းဆုံး(၁၆)စင်းဟာ ကိုရီးယားကျွန်းဆွယ်မှာ ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဒုဝန်ကြီး Kim Gang Il ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားရေတပ်နဲ့ ကမ်းခြေစောင်တပ် ဖွဲ့တွေဟာ ကင်းလှည့်မှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ပြီး နှစ်နိုင်ငံရေကြောင်းနယ်စပ် ချိုးဖောက်မှုတွေ တိုးမြှင့်လာတာနဲ့အတူ စစ်ရေးတင်းမာမှုတွေကို ပိုမိုတိုးမြင့်လာအောင် လုပ်ဆောင်နေတယ်လို့ Kim Gang Il က စွပ်စွဲပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက မီးပုံးပျံတွေနဲ့အတူပေးပို့တဲ့ ဝါဒဖြန့်ချီရေး လက်ကမ်းစာစောင်တွေကို Kim Gang Il က ပြစ်တင်ဝေဖန်ခဲ့ပြီး အဲဒီလုပ်ရပ်တွေဟာ အန္တရာယ်ရှိတဲ့ရန်စမှုတွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယားပြည်ပြေးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အစားအသောက်၊ ဆေးဝါး၊ ငွေ၊ ရေဒီယိုအသေးစားတွေ၊ တောင်ကိုရီးယားသတင်းတွေနဲ့ဒရမ်မာတွေထည့်ထားတဲ့ USB sticks တွေနဲ့အတူ မြောက်ကိုရီးယားဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေပါဝင်တဲ့ မိုးပျံပူဖောင်းတွေကို ပုံမှန်ပေးပို့လျက်ရှိတယ်လို့လည်းသိရပါတယ်။

Kim Gang Il က 'အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ စစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ အဆင့်အနေနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ၎င်းတို့ရဲ့လုပ်ရပ်တွေဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာနဲ့လုံခြုံရေးအကျိုးစီးပွားတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ် ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔က ေထာက္လွမ္းေရးလုပ္ငန္းေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနေၾကာင္း ေျမာက္ကိုရီးယားအစိုးရစြပ္စြဲေျပာဆို
Pika (NP News) - ေမ ၂၇

အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ဟာ ကိုရီးယားႏွစ္ႏိုင္ငံနယ္စပ္တစ္ဝိုက္မွာ ေထာက္လွမ္း ေရးလုပ္ငန္းေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ ေျမာက္ကိုရီးယားကာကြယ္ေရးဝန္ႀကီး ဌာနက စြပ္စြဲေျပာဆိုခဲ့တယ္လို႔ KCNA သတင္းဌာနက ေမလ(၂၆)ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အဆိုပါ လုပ္ရပ္ေတြဟာ ေျမာက္ကိုရီးယားရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးကို ခ်ိဳးေဖာက္ခဲ့တယ္ဆိုရင္ အေရးယူမႈေတြ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားကာကြယ္ ေရးဝန္ႀကီးဌာနက သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ေမလ(၁၃)ရက္ကေန (၂၄)ရက္အတြင္း အေမရိကန္ရဲ႕ RC-135 ေထာက္လွမ္းေရးေလယာဥ္၊ U-2S မဟာဗ်ဴဟာေျမာက္ ေထာက္လွမ္းေရးေလယာဥ္ေတြနဲ႔ RQ-4B ဒ႐ုန္းေတြ အနည္းဆုံး(၁၆)စင္းဟာ ကိုရီးယားကြၽန္းဆြယ္မွာ ပ်ံသန္းမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားကာကြယ္ေရးဒုဝန္ႀကီး Kim Gang Il ကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေတာင္ကိုရီးယားေရတပ္နဲ႔ ကမ္းေျခေစာင္တပ္ ဖြဲ႕ေတြဟာ ကင္းလွည့္မႈေတြကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ၿပီး ႏွစ္ႏိုင္ငံေရေၾကာင္းနယ္စပ္ ခ်ိဳးေဖာက္မႈေတြ တိုးျမႇင့္လာတာနဲ႔အတူ စစ္ေရးတင္းမာမႈေတြကို ပိုမိုတိုးျမင့္လာေအာင္ လုပ္ေဆာင္ေနတယ္လို႔ Kim Gang Il က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံက မီးပုံးပ်ံေတြနဲ႔အတူေပးပို႔တဲ့ ဝါဒျဖန႔္ခ်ီေရး လက္ကမ္းစာေစာင္ေတြကို Kim Gang Il က ျပစ္တင္ေဝဖန္ခဲ့ၿပီး အဲဒီလုပ္ရပ္ေတြဟာ အႏၲရာယ္ရွိတဲ့ရန္စမႈေတြျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာရွိတဲ့ ေျမာက္ကိုရီးယားျပည္ေျပးေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြဟာ အစားအေသာက္၊ ေဆးဝါး၊ ေငြ၊ ေရဒီယိုအေသးစားေတြ၊ ေတာင္ကိုရီးယားသတင္းေတြနဲ႔ဒရမ္မာေတြထည့္ထားတဲ့ USB sticks ေတြနဲ႔အတူ ေျမာက္ကိုရီးယားဆန႔္က်င္ေရးလက္ကမ္းစာေစာင္ေတြပါဝင္တဲ့ မိုးပ်ံပူေဖာင္းေတြကို ပုံမွန္ေပးပို႔လ်က္ရွိတယ္လို႔လည္းသိရပါတယ္။

Kim Gang Il က 'အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ဟာ စစ္ပြဲျဖစ္ပြားေနတဲ့ အေျခအေနေတြနဲ႔ ႏႈိင္းယွဥ္လို႔ရတဲ့ အဆင့္အေနနဲ႔ ေထာက္လွမ္းေရးလုပ္ငန္းေတြကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ေနပါတယ္။ ၎တို႔ရဲ႕လုပ္ရပ္ေတြဟာ ေျမာက္ကိုရီးယားရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔လုံၿခဳံေရးအက်ိဳးစီးပြားေတြကို ခ်ိဳးေဖာက္ခဲ့မယ္ဆိုရင္ အေရးယူေဆာင္႐ြက္မႈေတြကို ခ်က္ခ်င္းလုပ္ ေဆာင္သြားမွာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.