ဝိုင်းမော်မြို့အနီးတွင် တပ်မတော်နှင့် KIA ပူးပေါင်းအဖွဲ့ကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်၍ အရပ်သား(၃၀)ကျော် ထိခိုက်ဒဏ်ရာရ

 2076

NP News - မေ ၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးတွင် တပ်မတော်နှင့် KIA ပူးပေါင်းအဖွဲ့ကြားအပြန်အ လှန်ပစ်ခတ်မှုဖြစ်၍ အရပ်သား(၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်သည် ယမန်နေ့(မေလ ၂၆ ရက်)၊ ည ၁၁နာရီအချိန်ခန့်က ဝိုင်းမော်မြို့အဝင်၊ မြစ်ကြီးနား- ဗန်းမော်လမ်း၊ ခရှီးကျေးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “KIA က ဒုက္ခသည်ကို တွဲကားနဲ့တင်ပြီး ရှေ့ကသွားခိုင်းတာ။ သူတို့ကတော့ နောက်ကနေ (၄)ဘီးကားနဲ့လိုက်လာပြီး မြို့ကိုအလစ်ဝင်တိုက်မယ်ဆိုပြီးလာတာ။ အဲဒီမှာ တပ်နဲ့ပြည်သူ့စစ်က လုံခြုံရေးနေရာယူထားပြီး နှစ်ဖက်ပစ်ခတ်ကြတော့ကြားထဲက ဒုက္ခသည်တွေက ထိကုန်တာပေါ့။ ဒုက္ခသည်က တွဲကားတစ်စီးရယ်နောက်မှာလည်း သုံးဘီးကားတွေရှိသေးတယ်။ တော်တော်များတယ်။ KIA ဘက်တော့ အင်အားဘယ်လောက် ပါလည်းမပြောတက်ဘူး”ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

ထို့နောက် ည ၁၂နာရီအချိန်ခန့်တွင် KIA ဘက်က ပြန်လည်ဆုပ်ခွာသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း KIA အဖွဲ့က ခေါ်ဆောင်လာသည့် အရပ်သားပြည်သူ (၃၀)ကျော်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ “ဒုက္ခသည်တွေထဲမှာ စိုးရိမ်ရတဲ့လူနာက (၈)ယောက်ပါတယ်။ ထိခိုက်ဒဏ်ရာရတာက လူ(၃၀)ကျော်လောက်ရှိတယ်။ စိုးရိမ်ရတဲ့ လူနာတွေကို အခုမနက်ကပဲ မြစ်ကြီးနားဆေးရုံကိုလွှဲပြောင်းလိုက်တယ်။ ညတုန်းကတော့ ဗလမင်းထင်တံတားကပိတ်ထားတာနဲ့ ပို့လို့မရဘူး ဖြစ်နေတာ။ လက်ရှိလူနာတွေရဲ့အခြေအနေကိုတော့မသိရသေးပါဘူး”ဟု အထက်ပါဒေသခံကဆက်လက် ပြောသည်။

KIA လက်နက်ကိုင်အဖွဲ့သည် PDF၊ ABSDF အပါအဝင် AA လက်နက်ကိုင်အဖွဲ့တို့နှင့် ပူး ပေါင်းကာ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဝိုင်းမော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် ဝိုင်းမော်မြို့၌ တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုများရှိနေသည့်အတွက် ဒေသခံပြည်လူထု အနေဖြင့် မြို့ကိုစွန်ခွာက စစ်ဘေးရှောင်နေရလျက်ရှိကြောင်း သိရသည်။

zawgyi version
ဝိုင္းေမာ္ၿမိဳ႕အနီးတြင္ တပ္မေတာ္ႏွင့္ KIA ပူးေပါင္းအဖြဲ႕ၾကားအျပန္အလွန္ပစ္ခတ္မႈျဖစ္၍ အရပ္သား(၃၀)ေက်ာ္ ထိခိုက္ဒဏ္ရာရ
NP News - ေမ ၂၇

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕အနီးတြင္ တပ္မေတာ္ႏွင့္ KIA ပူးေပါင္းအဖြဲ႕ၾကားအျပန္အ လွန္ပစ္ခတ္မႈျဖစ္၍ အရပ္သား(၃၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါ ပစ္ခတ္မႈျဖစ္စဥ္သည္ ယမန္ေန႔(ေမလ ၂၆ ရက္)၊ ည ၁၁နာရီအခ်ိန္ခန႔္က ဝိုင္းေမာ္ၿမိဳ႕အဝင္၊ ျမစ္ႀကီးနား- ဗန္းေမာ္လမ္း၊ ခရွီးေက်းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “KIA က ဒုကၡသည္ကို တြဲကားနဲ႔တင္ၿပီး ေရွ႕ကသြားခိုင္းတာ။ သူတို႔ကေတာ့ ေနာက္ကေန (၄)ဘီးကားနဲ႔လိုက္လာၿပီး ၿမိဳ႕ကိုအလစ္ဝင္တိုက္မယ္ဆိုၿပီးလာတာ။ အဲဒီမွာ တပ္နဲ႔ျပည္သူ႔စစ္က လုံၿခဳံေရးေနရာယူထားၿပီး ႏွစ္ဖက္ပစ္ခတ္ၾကေတာ့ၾကားထဲက ဒုကၡသည္ေတြက ထိကုန္တာေပါ့။ ဒုကၡသည္က တြဲကားတစ္စီးရယ္ေနာက္မွာလည္း သုံးဘီးကားေတြရွိေသးတယ္။ ေတာ္ေတာ္မ်ားတယ္။ KIA ဘက္ေတာ့ အင္အားဘယ္ေလာက္ ပါလည္းမေျပာတက္ဘူး”ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ထို႔ေနာက္ ည ၁၂နာရီအခ်ိန္ခန႔္တြင္ KIA ဘက္က ျပန္လည္ဆုပ္ခြာသြားခဲ့ၿပီး ပစ္ခတ္မႈျဖစ္စဥ္အတြင္း KIA အဖြဲ႕က ေခၚေဆာင္လာသည့္ အရပ္သားျပည္သူ (၃၀)ေက်ာ္မွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ “ဒုကၡသည္ေတြထဲမွာ စိုးရိမ္ရတဲ့လူနာက (၈)ေယာက္ပါတယ္။ ထိခိုက္ဒဏ္ရာရတာက လူ(၃၀)ေက်ာ္ေလာက္ရွိတယ္။ စိုးရိမ္ရတဲ့ လူနာေတြကို အခုမနက္ကပဲ ျမစ္ႀကီးနားေဆး႐ုံကိုလႊဲေျပာင္းလိုက္တယ္။ ညတုန္းကေတာ့ ဗလမင္းထင္တံတားကပိတ္ထားတာနဲ႔ ပို႔လို႔မရဘူး ျဖစ္ေနတာ။ လက္ရွိလူနာေတြရဲ႕အေျခအေနကိုေတာ့မသိရေသးပါဘူး”ဟု အထက္ပါေဒသခံကဆက္လက္ ေျပာသည္။

KIA လက္နက္ကိုင္အဖြဲ႕သည္ PDF၊ ABSDF အပါအဝင္ AA လက္နက္ကိုင္အဖြဲ႕တို႔ႏွင့္ ပူး ေပါင္းကာ လြန္ခဲ့သည့္ တစ္ပတ္ခန႔္မွစ၍ ဝိုင္းေမာ္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။ လက္ရွိတြင္ ဝိုင္းေမာ္ၿမိဳ႕၌ တပ္မေတာ္ႏွင့္ KIA လက္နက္ကိုင္အဖြဲ႕တို႔အၾကား စစ္ေရးတင္းမာမႈမ်ားရွိေနသည့္အတြက္ ေဒသခံျပည္လူထု အေနျဖင့္ ၿမိဳ႕ကိုစြန္ခြာက စစ္ေဘးေရွာင္ေနရလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.