နာဂျစ်၏ နေအိမ်အကျယ်ချုပ် လျှောက်ထားချက်နှင့်ပတ်သက်ပြီး မလေးရှားတရားရုံးချုပ်က ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်း

 2350

ALynn (NP News) - ဇွန် ၆

ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်သည် ကျန်ရှိနေသေးသော ထောင်ဒဏ်များအား နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုတင်သွင်းမှုကို မလေးရှားတရား ရုံးချုပ်က ဗုဒ္ဓဟူးနေ့ (ဇွန် ၅ ရက်) တွင် ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။
တရားရုံးသည် နာဂျစ်၏ လျှောက်လွှာတွင် နောက်ထပ် အထောက်အထားနှစ်ခုကို ထည့်သွင်းခွင့်ပြုခဲ့ပြီး အမှုကို ဇူလိုင် ၃ ရက်တွင် ထပ်မံကြားနာမည်ဖြစ်ကြောင်း ရှေ့နေချုပ်များရုံး (AGC) မှ အကြီးတန်းရှေ့နေ Shamsul Bolhassan က ပြောကြားခဲ့သည်။

အထောက်အထားများထဲမှ တစ်ခုကို Pahang ဝန်ကြီးချုပ် Wan Rosdy Wan Ismail က တင်ပြခဲ့ပြီး ကျန်တစ်ခုမှာ ဧပြီလက Shah Alam ရှိ 5th Convention of Parti Keadilan Rakyat (PKR) တွင် ဝန်ကြီးချုပ် Anwar Ibrahim ပြောကြားခဲ့သောမိန့်ခွန်းအပေါ် အဓိကထား တင်ပြခဲ့ပါသည်။ "တရားရုံးချုပ်က ဆုံးဖြတ်ချက်ချမှတ်ပြီးဖြစ်သည့် အတွက် ယမန်နေ့က နောက်ဆုံးအချိန်တွင် တင်သွင်းခဲ့သည့် အထောက်အထားနှစ်ခုကို AGC မှ ကန့်ကွက်ကြောင်း၊ သို့သော် တရားရုံးက လျှောက်လွှာတွင် အထောက်အထားများ ထည့်သွင်းဖို့ ခွင့်ပြုခဲ့ကြောင်း "Mr Shamsul မှ ပြော ကြားခဲ့သည်။ နာဂျစ်၏ရှေ့နေ Muhammad Shafee Abdullah ကလည်း အထောက်အထားများကို တရားရုံးက လက်ခံခဲ့ကြောင်း အတည်ပြုခဲ့သည်။

အကျင့်ပျက်ခြစားမှုများဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်ကတည်းက အကျဉ်းချ ခံထားရသော နာဂျစ်သည် မလေးရှားနိုင်ငံ၏ ဘုရင်ဟောင်း Al-Sultan Abdullah Ri'ayatuddin မှ ၎င်း၏ အိမ်တွင် ပြစ်ဒဏ်ကျခံခွင့်ပြုမည့် နောက်ဆက်တွဲအမိန့်တစ်ရပ် ထုတ်ပြန်ရန် အစိုးရအား အတင်းအကြပ် ဖိအားပေးဖို့ ကြိုးပမ်းနေသည်။ SRC International ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှုနှင့်ပတ်သက်၍ ရာဇ၀တ်မှုဆိုင်ရာ ယုံကြည်မှုချိုးဖောက်မှု၊ အာဏာအလွဲသုံးမှုနှင့် ငွေကြေး ခဝါချမှုတို့အတွက် ဖက်ဒရယ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို စွဲချက်တင်ထားခဲ့ပြီး Kajang အကျဉ်းထောင်တွင် အကျဉ်းချခံခဲ့ရခြင်းဖြစ်သည်။ SRC International သည် 1Malaysia Development Berhad (1MDB) ၏ လုပ်ငန်းခွဲဟောင်းဖြစ်သည်။ ၎င်းကို ၂၀၂၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်တွင် လွှတ်ပေးဖို့ စီစဉ်ထားသည်။

ဇန်နဝါရီအစည်းဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အရ ၎င်း၏ ပြစ်ဒဏ် ၁၂ နှစ်ကို ခြောက်နှစ်သို့ လျှော့ချခဲ့ခြင်း ကြောင့် နိုင်ငံတော်ကို ဒေါသထွက်စေခဲ့သော်လည်း နောက်ဆုံးတွင် ဘုရင်၏ အခွင့်အာဏာအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ အသက် ၇ဝ နှစ်အရွယ် နာဂျစ်သည် ဘုရင်ဟောင်းက ၎င်းအား ကျန်နေသေးသောပြစ်ဒဏ်များအတွက် နေအိမ်အကျယ်ချုပ်နေစေရေးအတွက် “နောက်ထပ်အမိန့်” ကို ထုတ်ပြန်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ဧပြီလ ၁ ရက်တွင် တင်သွင်းခဲ့သော ၎င်း၏ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေး လျှောက်လွှာတွင် နာဂျစ်က ၎င်းသည် ဘုရင်၏အမိန့်ကို လက်ခံရရှိခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၂ ရက်တွင် တစ်စိတ်တစ်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေငြာသည့်အခါ အစိုးရက ၎င်းအား အဘယ်ကြောင့် ချန်လှပ်ထားသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

Zawgyi Version;
နာဂ်စ္၏ ေနအိမ္အက်ယ္ခ်ဳပ္ ေလွ်ာက္ထားခ်က္ႏွင့္ပတ္သက္ၿပီး မေလးရွားတရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခ်က္ကို ေ႐ႊ႕ဆိုင္း
ALynn (NP News) - ဇြန္ ၆

ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇတ္သည္ က်န္ရွိေနေသးေသာ ေထာင္ဒဏ္မ်ားအား ေနအိမ္ အက်ယ္ခ်ဳပ္အျဖစ္ ေျပာင္းလဲသတ္မွတ္ေပးရန္ ေတာင္းဆိုတင္သြင္းမႈကို မေလးရွားတရား ႐ုံးခ်ဳပ္က ဗုဒၶဟူးေန႔ (ဇြန္ ၅ ရက္) တြင္ ဆိုင္းငံ့ထားရန္ ဆုံးျဖတ္လိုက္သည္။
တရား႐ုံးသည္ နာဂ်စ္၏ ေလွ်ာက္လႊာတြင္ ေနာက္ထပ္ အေထာက္အထားႏွစ္ခုကို ထည့္သြင္းခြင့္ျပဳခဲ့ၿပီး အမႈကို ဇူလိုင္ ၃ ရက္တြင္ ထပ္မံၾကားနာမည္ျဖစ္ေၾကာင္း ေရွ႕ေနခ်ဳပ္မ်ား႐ုံး (AGC) မွ အႀကီးတန္းေရွ႕ေန Shamsul Bolhassan က ေျပာၾကားခဲ့သည္။

အေထာက္အထားမ်ားထဲမွ တစ္ခုကို Pahang ဝန္ႀကီးခ်ဳပ္ Wan Rosdy Wan Ismail က တင္ျပခဲ့ၿပီး က်န္တစ္ခုမွာ ဧၿပီလက Shah Alam ရွိ 5th Convention of Parti Keadilan Rakyat (PKR) တြင္ ဝန္ႀကီးခ်ဳပ္ Anwar Ibrahim ေျပာၾကားခဲ့ေသာမိန႔္ခြန္းအေပၚ အဓိကထား တင္ျပခဲ့ပါသည္။ "တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခ်က္ခ်မွတ္ၿပီးျဖစ္သည့္ အတြက္ ယမန္ေန႔က ေနာက္ဆုံးအခ်ိန္တြင္ တင္သြင္းခဲ့သည့္ အေထာက္အထားႏွစ္ခုကို AGC မွ ကန႔္ကြက္ေၾကာင္း၊ သို႔ေသာ္ တရား႐ုံးက ေလွ်ာက္လႊာတြင္ အေထာက္အထားမ်ား ထည့္သြင္းဖို႔ ခြင့္ျပဳခဲ့ေၾကာင္း "Mr Shamsul မွ ေျပာ ၾကားခဲ့သည္။ နာဂ်စ္၏ေရွ႕ေန Muhammad Shafee Abdullah ကလည္း အေထာက္အထားမ်ားကို တရား႐ုံးက လက္ခံခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။

အက်င့္ပ်က္ျခစားမႈမ်ားျဖင့္ ၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လ ၂၃ ရက္ကတည္းက အက်ဥ္းခ် ခံထားရေသာ နာဂ်စ္သည္ မေလးရွားႏိုင္ငံ၏ ဘုရင္ေဟာင္း Al-Sultan Abdullah Ri'ayatuddin မွ ၎၏ အိမ္တြင္ ျပစ္ဒဏ္က်ခံခြင့္ျပဳမည့္ ေနာက္ဆက္တြဲအမိန႔္တစ္ရပ္ ထုတ္ျပန္ရန္ အစိုးရအား အတင္းအၾကပ္ ဖိအားေပးဖို႔ ႀကိဳးပမ္းေနသည္။ SRC International ရန္ပုံေငြမ်ားကို အလြဲသုံးစားလုပ္မႈႏွင့္ပတ္သက္၍ ရာဇ၀တ္မႈဆိုင္ရာ ယုံၾကည္မႈခ်ိဳးေဖာက္မႈ၊ အာဏာအလြဲသုံးမႈႏွင့္ ေငြေၾကး ခဝါခ်မႈတို႔အတြက္ ဖက္ဒရယ္တရား႐ုံးက ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇတ္ကို စြဲခ်က္တင္ထားခဲ့ၿပီး Kajang အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ခံခဲ့ရျခင္းျဖစ္သည္။ SRC International သည္ 1Malaysia Development Berhad (1MDB) ၏ လုပ္ငန္းခြဲေဟာင္းျဖစ္သည္။ ၎ကို ၂၀၂၈ ခုႏွစ္၊ ၾသဂုတ္လ ၂၃ ရက္တြင္ လႊတ္ေပးဖို႔ စီစဥ္ထားသည္။

ဇန္နဝါရီအစည္းေဝးတြင္ ခ်မွတ္ခဲ့သည့္ ဆုံးျဖတ္ခ်က္အရ ၎၏ ျပစ္ဒဏ္ ၁၂ ႏွစ္ကို ေျခာက္ႏွစ္သို႔ ေလွ်ာ့ခ်ခဲ့ျခင္း ေၾကာင့္ ႏိုင္ငံေတာ္ကို ေဒါသထြက္ေစခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ ဘုရင္၏ အခြင့္အာဏာအျဖစ္ အသိအမွတ္ျပဳ ခံခဲ့ရသည္။ အသက္ ၇ဝ ႏွစ္အ႐ြယ္ နာဂ်စ္သည္ ဘုရင္ေဟာင္းက ၎အား က်န္ေနေသးေသာျပစ္ဒဏ္မ်ားအတြက္ ေနအိမ္အက်ယ္ခ်ဳပ္ေနေစေရးအတြက္ “ေနာက္ထပ္အမိန႔္” ကို ထုတ္ျပန္ခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့ပါသည္။

ဧၿပီလ ၁ ရက္တြင္ တင္သြင္းခဲ့ေသာ ၎၏ တရားစီရင္ေရး ျပန္လည္သုံးသပ္ေရး ေလွ်ာက္လႊာတြင္ နာဂ်စ္က ၎သည္ ဘုရင္၏အမိန႔္ကို လက္ခံရရွိခဲ့ေၾကာင္းႏွင့္ ေဖေဖာ္ဝါရီ ၂ ရက္တြင္ တစ္စိတ္တစ္ပိုင္း လြတ္ၿငိမ္းခ်မ္းသာခြင့္ကို ေၾကျငာသည့္အခါ အစိုးရက ၎အား အဘယ္ေၾကာင့္ ခ်န္လွပ္ထားသနည္းဟု ေမးခြန္းထုတ္ခဲ့သည္။

Related news

© 2021. All rights reserved.