ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်(၆)လွှာမှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွား

51579

သန့်ဇင် (NP News) - ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ အထပ်မြင့်တိုက်(၆)လွှာမှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း အလုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန် ၁၁ ရက်)၊ နံနက် ၉နာရီ ၄၀မိနစ်အချိန်ခန့်က အလုံမြို့နယ်၊ စော/တောင်ရပ်ကွက်၊ ငုဝါလမ်းရှိ အထပ်မြင့်တိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူကနိုင်ငံခြားမှာကျောင်းတက်တာ။ သိရတာတော့ စိတ်ကျန်းမာရေးသိပ်မကောင်းဘူးလို့သိရတယ်။ အဲဒီကတည်းက အပြင်ဆေးခန်းမှာ ပြဖူးတယ်။ အခုဖြစ်တာကတော့ သူရဲ့စိတ်ကျန်းမာရေးအခြေအနေအရ ဖြစ်တယ်လို့ ယူဆရတာပေါ့။ သူကတစ်ခါတလေ သူပိုင်တဲ့ အဲဒီတိုက်ခန်းကို ရေလာချိုးတယ်။ ခုန်ချတာက (၈)ထပ်တိုက်ရဲ့ (၆)လွှာကနေခုန်ချတာ”ဟု အလုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ခုန်ချသေဆုံးသွားသည့် အမျိုးသားသည် အသက်(၂၃)နှစ်အရွယ် ကိုဟိန်းထက်လင်းဖြစ်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ရောက်တော့ အသက်မမှီတော့ဘူး။ ဖြစ်တဲ့နေရာရောက်တော့ ပက်လက်အနေအထားနဲ့ခေါင်းကနေသွေးတွေထွက်နေတာ။ သွေးက(၃)လီတာလောက်ထွက်နေတော့ သွေးထွက်လွန်သွားတာပေါ့။ ဒီလိုမျိုးဖြစ်စဉ်တွေကလည်း အရင်ကလည်းကြားနေရတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကျန်းမာရေးမကောင်းတဲ့လူဆို လွှတ်မထားဖို့ပဲပြောချင်ပါတယ်။ အခုသေသွားတဲ့ လူငယ်လေးက သူ့မျက်ကြည်လွှာကို လှူဒါန်းသွားတယ်လို့ သိရတယ်”ဟု ၎င်းကဆက်လက်ပြောသ
ည်။
ထို့နောက် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို အလုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်သံဝေဂ လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ အထပ္ျမင့္တိုက္ (၆)လႊာမွ အမ်ိဳးသားတစ္ဦး ခုန္ခ်ေသဆုံးမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဇြန္ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ အလုံၿမိဳ႕နယ္ရွိ အထပ္ျမင့္တိုက္(၆)လႊာမွ အမ်ိဳးသားတစ္ဦး ခုန္ခ်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း အလုံၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇြန္ ၁၁ ရက္)၊ နံနက္ ၉နာရီ ၄၀မိနစ္အခ်ိန္ခန႔္က အလုံၿမိဳ႕နယ္၊ ေစာ/ေတာင္ရပ္ကြက္၊ ငုဝါလမ္းရွိ အထပ္ျမင့္တိုက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူကႏိုင္ငံျခားမွာေက်ာင္းတက္တာ။ သိရတာေတာ့ စိတ္က်န္းမာေရးသိပ္မေကာင္းဘူးလို႔သိရတယ္။ အဲဒီကတည္းက အျပင္ေဆးခန္းမွာ ျပဖူးတယ္။ အခုျဖစ္တာကေတာ့ သူရဲ႕စိတ္က်န္းမာေရးအေျခအေနအရ ျဖစ္တယ္လို႔ ယူဆရတာေပါ့။ သူကတစ္ခါတေလ သူပိုင္တဲ့ အဲဒီတိုက္ခန္းကို ေရလာခ်ိဳးတယ္။ ခုန္ခ်တာက (၈)ထပ္တိုက္ရဲ႕ (၆)လႊာကေနခုန္ခ်တာ”ဟု အလုံၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ခုန္ခ်ေသဆုံးသြားသည့္ အမ်ိဳးသားသည္ အသက္(၂၃)ႏွစ္အ႐ြယ္ ကိုဟိန္းထက္လင္းျဖစ္ၿပီး ဦးေခါင္းထိခိုက္ဒဏ္ရာျပင္းထန္စြာရရွိ၍ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔ေရာက္ေတာ့ အသက္မမွီေတာ့ဘူး။ ျဖစ္တဲ့ေနရာေရာက္ေတာ့ ပက္လက္အေနအထားနဲ႔ေခါင္းကေနေသြးေတြထြက္ေနတာ။ ေသြးက(၃)လီတာေလာက္ထြက္ေနေတာ့ ေသြးထြက္လြန္သြားတာေပါ့။ ဒီလိုမ်ိဳးျဖစ္စဥ္ေတြကလည္း အရင္ကလည္းၾကားေနရတာေတြရွိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ စိတ္က်န္းမာေရးမေကာင္းတဲ့လူဆို လႊတ္မထားဖို႔ပဲေျပာခ်င္ပါတယ္။ အခုေသသြားတဲ့ လူငယ္ေလးက သူ႔မ်က္ၾကည္လႊာကို လႉဒါန္းသြားတယ္လို႔ သိရတယ္”ဟု ၎ကဆက္လက္ေျပာသ
ည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို အလုံၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ႏွင့္သံေဝဂ လူမႈကူညီေရးအသင္းတို႔ ပူးေပါင္းကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။