နစက၏အာဏာနှင့် ရွှေ/ ဒေါ်လာသမားများ၏ အားပြိုင်ပွဲ

 784

ကျော်နု(NP News) - ဇွန် ၁၂

ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်စေမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)၏ ဇွန်လ (၂)ရက်က ထုတ်ပြန်ချက်သည် ကြမ်း၏။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတွင်း၌ (ထုတ်ပြန်ချက် မတိုင်မီ) နာမည်ကောင်းများဖြင့် ထင်ရှားကျော်ကြားနေသော အထင်ကရပုဂ္ဂိုလ်များ ပါဝင်လာနေခြင်း ကြောင့် ဖြစ်ပြီး နစကနှင့် အဆိုပါပုဂ္ဂိုလ်များ၏ အားပြိုင်ပွဲရက် သတ္တပတ်သည်ကား စိတ်ဝင်စားဖွယ် အပြည့်ဖြစ်ခဲ့သည်။ “နစကဘက်က နောက်ဆုတ်ပေးရမည်လား သို့မဟုတ် ရွှေသူဌေးများက အရှုံးပေး ရမည်လား” ဆိုသည်မှာ မြန်မာနိုင်ငံ အနာဂတ်၏ တရားစီရင်ရေး နှင့် ဥပဒေစိုးမိုးရေးအတွက် စံထားဖွယ်သမိုင်း ဖြစ်လာတော့မည်ဟု ဆိုချင်သည်။

နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည် ဥပဒေနှင့်ပတ်သက်လျှင် တိကျပြတ်သားသူတစ်ဦးဟု ခန့်မှန်း၍ရနိုင်သော ဖြစ်ရပ်များက ယခုနှစ်များအတွင်း ထင်ထင်ရှားရှားတွေ့လာရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကဲ့သို့သောထိတ် ထိတ်ကြဲထင်ရှားသူ ဗိုလ်ချုပ်ကြီးများကို ပြတ်ပြတ်သားသား အရေးယူပြခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ကမ္ဘာက စောင့်ကြည့် အလေးထားနေသူတစ်ဦးကို ပြစ်မှုပေါင်းများစွာဖြင့် ထောင်ဒဏ်ကျခံစေခဲ့ခြင်း၊ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ သော် ကဲ့သို့သော ထင်ရှားသည့်နိုင်ငံရေးသမားများကို ၎င်းတို့ ကျူးလွန်ခဲ့သော အကြမ်းဖက်ပြစ်မှု များကြောင့် သေဒဏ်စီရင်ခဲ့ခြင်းတို့က အကြီးမားဆုံးသက်သေပင်။ ယခုတစ်ကြိမ် ရွှေဈေးနှုန်းခေါင်းစဉ် အောက်မှ ထုတ်ပြန်ထားသူများသည် အထက်ဖော်ပြပါပုဂ္ဂိုလ်များနှင့် ယှဉ်လျှင် ဩဇာတိက္ကမကြီးမား ကြသူများမဟုတ် သကဲ့သို့ လူထုအပေါ်၌လည်း လွှမ်းမိုးမှုရှိလှသူများ မဟုတ်ကြချေ။ ရွှေနှင့်ပတ်သက်၍ နစက၏ ဇွန်လ (၂)ရက်က ထုတ်ပြန်ချက်၌ ထင်ရှားကျော်ကြားသူ အောင်သမာဓိ ဦးအောင် (ဦးအောင် ဆန်းဝင်း)၊ ဝိန့်စိန် ဦးအောင်ကောင်းမြတ်၊ ဇွဲထက် ဦးဆန်းဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း ဦးမျိုးသူဝင်း အပါအဝင် (၁၀) ဦးက ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်စေရန် နောက်ကွယ်မှကြိုးကိုင်ခဲ့သူ ဝိသမ လောဘသားများ ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါပုဂ္ဂိုလ်များသည် ဥပဒေကို ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဝရမ်းပြေးဟုလည်း ဆိုနိုင်သည်။ အောင်သမာဓိ ဦးအောင် အပါအဝင် ထိပ်တန်းပုဂ္ဂိုလ် (၁၀)ဦးကို တရားခံဝရမ်းပြေးများအဖြစ် နစကဘက်က အကြောင်းပြချက် မရှိဘဲ စွပ်စွဲခဲ့ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှေလုပ်ငန်းလောကထဲမှ လေပတ်ကား အရောင်းအဝယ်အပါအဝင် ပုံစံမျိုးစုံဖြင့် လုပ်ကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်(၂၁)ဦးကို ရက်ပေါင်းများစွာ စောင့်ကြည့်ခြင်း၊ ခေါ်ယူစစ်ဆေးခြင်း နှင့် ဖမ်းဆီးချုပ်နှောင်၍ သက်သေယူထားခြင်းများမှ တစ်ဆင့် နောက်ကွယ်မှ ပုဂ္ဂိုလ်များအဖြစ် တိုင်းသိ ပြည်သိ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။ အမှန်တကယ်တွင်မူ ရွှေလောကများထဲမှ ပုဂ္ဂိုလ်အတော်များများကို နိုင်ငံတော်က ယခုနှစ်များအတွင်း သုံးကြိမ်ထက်မနည်း ခေါ်ယူသတိပေးခြင်းများ လုပ်ထားပြီး ဖြစ်သည်။ မည်သို့ပင် သတိပေးခဲ့သည်ဖြစ်စေ ရွှေ သူဌေးများက ဆက်လက်၍ အလံတလူလူ လွှင့်ထူပြီး လက်တလုံးခြားလုပ်ကိုင်နေဆဲဖြစ်သည်ဟု ကြားသိ နေရသည်။ နိုင်ငံတော်၏ကြေညာချက်က မဟုတ်မမှန် ကြေညာခြင်းဖြစ်ကြောင်း ငြင်းဆိုလိုပါက သက်ဆိုင်ရာ ဝရမ်းထုတ်ခံရသူ ကာယကံရှင် ပုဂ္ဂိုလ်(၁၀)ဦးနှင့် မိသားစုဝင်များက အကောင်းဆုံးရှေ့နေများကို ငှားရမ်း၍ တရားရုံး၌ ငြင်းချက်ထုတ်နိုင်သည်။ သို့သော် သက်ဆိုင်ရာပုဂ္ဂိုလ်များ ထွက်ပြေးတိမ်းရှောင် နေသည့်အတွက် မဟုတ်မမှန်ကြေညာချက်ဟု မည်သူမျှ ငြင်းဆိုနိုင်ခြင်း မရှိတော့ပေ။ နစကဘက်က ဝရမ်းထုတ်ခဲ့သော ပုဂ္ဂိုလ်(၁၀)ဦးလုံး မဟုတ်လျှင်ပင် အများစုမှာ နစက၏ဝန်ထမ်းအရာရှိပေါင်းများစွာ နှင့် အတူတကွ ညစာစားခြင်းများ၊ ဂေါက်သီးရိုက်ကြခြင်းများ၊ မွေးနေ့နှင့်ပါတီ အတူတူ ပျော်ရွှင်စွာ တက်ခဲ့ကြခြင်းများရှိခဲ့ကြောင်း လောကသားများထံမှပြန်လည် ကြားသိနေရသည်။ သို့အတွက် ၎င်းတို့အချင်းချင်း သူစိမ်းများ မဟုတ်ကြချေ။ ထူးခြားချက်မှာ အဆိုပါ ပုဂ္ဂိုလ်(၁၀)ဦးလုံးက ကြေညာချက် မထုတ်ပြန်မီ ကတည်းက တိမ်းရှောင်သွားနိုင်ခဲ့ခြင်းပင်။ ထိပ်တန်း လျှို့ဝှက်လုပ်ရလေ့ရှိ သော နိုင်ငံတော်၏ စီမံချက်သည် အဆိုပါ ရွှေသူဌေးများထံ တစ်နည်းတစ်ဖုံဖြင့် ရောက်ရှိသွားခဲ့ခြင်း ကြောင့်များ ကြိုတင်ရှောင်တိမ်းနိုင်ခဲ့ခြင်းလားဟု တွေးစရာဖြစ်လာပြန်သည်။ ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ဇွန်လ(၂)ရက်က ထုတ်ပြန်ချက်သည် တစ်ပတ်နီးပါးရှိလာသည်အထိ ထွက်ပြေး တိမ်းရှောင်သွားသူ(၁၀)ဦးကို ဖမ်းဆီးရမိပြီ သို့မဟုတ် လာရောက်ဖမ်းဆီးခံပြီဟူသော သတင်း ထုတ်ပြန် ချက်များ မတွေ့ရခြင်းပင်။ “ဇွဲထက် သူဌေး ကတော့လာပြီး အဖမ်းခံတယ်လို့ ကြားနေရတယ်။ ကျန်တဲ့ သူတွေတော့ မသိသေးဘူး” ဟု စိတ်ချရသော သတင်းရင်းမြစ်တစ်ဦးက NP News ကို ဇွန်လ (၇) ရက် တွင် အတည်ပြုသည်။ နစက၏ သတင်းမှန် ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ အချို့သောပုဂ္ဂိုလ်များက နစကနှင့်လာရောက်ပူးပေါင်းခဲ့ကြောင်း ဇွန်လ(၅)ရက်က NP News ထံ အသိပေးခဲ့သော်လည်း မည်သည့်ပုဂ္ဂိုလ်များ ဖြစ်သည်ကို တိတိပပ ပြောဆိုထုတ်ပြန်ပေးရန် ရှောင်လွှဲခဲ့ သည်။ နစကသည် နိုင်ငံတော်ကို လက်ရှိအုပ်ချုပ်နေသော အစိုးရအဖွဲ့ ဖြစ်သည်။ အစိုးရ အဖွဲ့သည် နိုင်ငံတော် နှင့် ပြည်သူ လူထုအား နစ်နာစေခဲ့သော ပုဂ္ဂိုလ်များကို ဖော်ထုတ် အရေးယူရမည်မှာ တာဝန် ဖြစ်သည်။ အဆိုပါ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်မျက်နှာကိုမျှ ထောက်ရှုစရာလိုမည်ဟု မထင်။ အကယ်၍ ထောက်ရှုခဲ့သည်ဆိုလျှင်လည်း လူထုအကျိုးအတွက်သာ ဖြစ်သင့်သည်။ လူတစ်စု အတွက် ထောက်ရှုခြင်းမျိုး ဖြစ်ခဲ့လျှင် အစိုးရသည် အစိုးရမဟုတ်။ ရွှေလုပ်ငန်း နှင့်ပတ်သက်၍ အရေးယူမည်ဆိုသော နစက၏ ထုတ်ပြန်ချက်များသည် ဇွန်လ(၂)ရက်၏ နောက်ပိုင်း၌ ထူးထူးခြားခြား မရှိခဲ့ပေ။ သတင်းမှန်ပြန်ကြားရေး Viber Channel အတွင်း၌ သတင်းမီဒီယာအချို့က ရွှေသမား (၁၀)ဦး နှင့်ပတ်သက်၍ နောက်ဆက်တွဲ လုပ်ငန်းစဉ်များအကြောင်း ထုတ်ပြန်၍ရသလောက် ထုတ်ပြန်ပေးနိုင် ပါရန် ဇွန်လ(၇)ရက်တွင် မေးခွန်း မေးမြန်းခဲ့သည်။ သို့သော် ထိုနေ့က စာမပြန်ခဲ့ပါ။ အထူးသဖြင့် ထွက်ပြေး တိမ်းရှောင်သွားသူ(၁၀)ဦး နှင့်ပတ်သက်၍ ပြည်သူများက မဖြစ်မနေ သိရှိရန် လိုအပ်လာ ပြီဖြစ်သည်။ အဆိုပါ ရွှေသမားများက လူထုအား ဘေးဒုက္ခဖြစ်စေမည့် ရွှေဈေး ကမောက်ကမ မဖြစ်စေရန် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှား ဈေး ကစားခဲ့သူများ အမှန်တကယ်ဖြစ်ခဲ့လျှင် နစက၏ အရေးယူရမည့်လုပ်ငန်းစဉ်သည် တိကျရှင်းလင်း ပြတ်သားရန်သာလိုသည်။ သို့မဟုတ်ပါက နစက သည် ရိုးသားစွာလုပ်ကိုင်နေသော ရွှေသမားများအား အနိုင်အထက်ပြုကျင့်ရန် ထောင်ချောက်ဆင်သည်ဟု စွပ်စွဲမည့်သူများ ဆက်တိုက်ပေါ်လာနိုင်သည်။ နစက ၏ ဂုဏ်ဒြပ်အရည်အသွေးနှင့် ရိုးသားပွင့်လင်းမှု၊ မှန်ကန်မျှတမှုတို့သည် ယခုဖြစ်ရပ်က မှတ်ကျောက် တင်စရာ ပြယုဂ်တစ်ခု ဖြစ်မည်။ အစိုးရ၏လုပ်ရပ် သည် လူထုအတွက် မှန်ကန်မျှတသော ဆုံးဖြတ်ချက် အရေးယူမှုဖြစ်သည်ဟု မဖြစ်မနေပြသရမည် လည်း ဖြစ်သည်။ သို့သော် ယနေ့ ဇွန်လ(၇)ရက်အထိ ပြန်စာမရခဲ့သေးပါ။ လောကသားများကြား၌ ပြန်လည် ကြားသိနေရသော သတင်းအချို့တွင် ရွှေသမား(၁၀)ဦးသည် သို့မဟုတ် (၁၀)ဦးထက်များသော ပုဂ္ဂိုလ် များသည် ရွှေဈေးကစားရန် တပည့်တပန်းများ မွေး၍ နာရီပိုင်းအတွင်း ငွေရှာကြမ်းနိုင်ကြသူများ ဖြစ်နေသည်ဟု ဆိုသည်။ ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးကမူ တပည့်များမှတစ်ဆင့် နာရီပိုင်း အတွင်း ရွှေဈေး အတင်အချကို ကစားနိုင်သည့်အပြင် ငွေကြေးဈေးကွက်ကိုပါ ကမောက်ကမ ဖြစ်စေနိုင် သူများ ဖြစ်သည်ဟု ဆိုထားသည်။ ယင်းပြင် နိုင်ငံရေးအခြေအနေနှင့် ရောထွေးကာ သတင်းအမှား များကို သွယ်ဝိုက်ဖြန့်ချိ၍ ငွေရှာကြမ်းကြသူများ သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံရေးရည်ရွယ်ချက်များ ပါဝင်နေသည်ဟု ဆိုကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြုတ်ကျသွားစေနိုင်သည်အထိ ပြည်ပနိုင်ငံမှ ဒေါ်လာနှင့် ရွှေကစားသူများပါ ပူးပေါင်းပါဝင်ပတ်သက်ခဲ့ဖွယ်ရှိသည်ဟု သတင်းရင်းမြစ် အချို့က ပြောကြသည်။ ထိုအချက်သည် အတည်ပြုရန်လည်း ခက်၏။ မဟုတ်ဟုလည်း မဆိုနိုင်ပြန်။

နစက၏ ယခုလုပ်ရပ်ကို ရွှေနှင့်ပတ်သက်သော Group များနှင့် ဆက်စပ်ပတ်သက်သူများက ရင့်သီး ရိုင်းစိုင်းစွာ ပြစ်တင်ရှုတ်ချမှုများပြုလုပ်နေသည်ကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ရှုတ်ချ သူများ မှန်သည် မှားသည်ကို အတည်ပြုရန်မှာကား ထွက်ပြေးတိမ်းရှောင်နေသူ(၁၀)ဦး၏ နှုတ်ထွက် စကားက သာလျှင် သက်သေဖြစ်လိမ့်မည်ဖြစ်သည်။ နစက အနေဖြင့် မည်ကဲ့သို့ ဆက်လက်ကိုင်တွယ် မည်နည်း ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ရွှေသမား (၁၀)ဦးက ထွက်ပြေးတိမ်းရှောင်မှုကို နှစ်ပေါင်းများစွာ လုပ်လာခဲ့မည်ဆိုလျှင် ၎င်းတို့၏ ကျန်ရစ်ခဲ့သော လုပ်ငန်းများနှင့် မိသားစုက မည်သို့ ရှိမည်ထင်သနည်း။ ပြည်ပနိုင်ငံတစ်ခုခုမှနေ၍ မြန်မာနိုင်ငံ၏ ရွှေဈေးကွက်ကို ခြယ်လှယ်ရန်လည်း နည်းပညာခေတ်အရ ခက်လှသည်မဟုတ်ပေ။ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကလည်း နစက၏ တာဝန်ရှိသူများထံ နည်းလမ်း မျိုးစုံဖြင့် ရွှေလမ်းငွေလမ်း ခင်းကြမည်မှာ သေချာနေသည်။ သို့ဆိုလျှင် ရွှေသမားများ၏ကိစ္စက အီလည် လည်ဖြစ်နေမည်။ ဖမ်းလည်းမဖမ်းဆီးနိုင်သကဲ့သို့လာ၍ လည်း ဖမ်းဆီးမခံခဲ့လျှင် နစက၏ထုတ်ပြန်ချက်သည်ကား စက္ကူစာရွက်တစ်ရွက်ထက် မပိုသောအဆင့်ကို နေ့ချင်းညချင်း ရောက်သွားမည်ဖြစ်သည်။ ပို၍ဆိုးသည်က နစက၏အာဏာသည် တစ်မိုင်ပတ်လည် ထက် ပို၍လွှမ်းမိုးမှု မရှိသကဲ့သို့ ကျဆင်းနေလိမ့်မည် ဖြစ်သည်။ နိုင်ငံတော်၏ကြေညာချက်အရ ပြစ်မှု ကျုူးလွန်သူတစ်ဦး ဦးသည် ပြစ်မှုကို ရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ပါက ၎င်းပိုင်ဆိုင်သော ပစ္စည်း ဥစ္စာများသည် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းနိုင်ကြောင်း ဥပဒေက ပြဋ္ဌာန်းထားသည်။ သက်ဆိုင်သူများအနေဖြင့်လည်း ဖမ်းဝရမ်းထုတ်ခံထားရသော သို့မဟုတ် မြန်မာ့မြေပေါ်သို့ ပြန်လည် ခြေချခွင့်ရရန် မသေချာတော့သော အပြစ်သားများ မဖြစ်စေရန် တရား ရင်ဆိုင်သင့်သည်။ သို့မဟုတ်ဘဲ မိသားစုများအား အကြောင်းပြချက်အမျိုးမျိုးဖြင့် နိုင်ငံခြားအလည်အပတ်လုပ်ကာ ထပ်ဆင့်ထွက်ပြေး တိမ်းရှောင်စေခြင်း၊ ပိုင်ဆိုင်မှုများကို တစ်နည်းနည်းဖြင့် ပြောင်းရွှေ့ပစ်ခြင်းအပါအဝင် အစိုးရ၏အာဏာကို လှည့်စားအံတုခြင်းများ လုပ်မလာနိုင်ဟု မှတ်ယူရန် မသင့်ပေ။ဘက်ပေါင်းစုံမှ စဉ်းစားပြီးသည့် နောက် နစကအား သတင်းစာဆရာတစ်ဦးအနေဖြင့် မေးစရာမေးခွန်းများ ရှိလာသည်။ ရွှေသမား(၁၀)ဦး အား တရားရုံးတစ်ခုခု၌ တရားစွဲဆိုထားခြင်းလုပ်ငန်းစဉ် ရှိပြီးပါရဲ့လား၊ တရား စွဲထားပြီးပါလျှင် သက် ဆိုင်ရာ မိသားစုများထံ ဆက်သွယ်အကြောင်းကြား၍ လာရောက်ဖမ်းဆီးခံရန် သတိပေးပြီးပါရဲ့လား၊ ဖမ်းဝရမ်းထုတ်ပြန်ထားပြီးပါရဲ့လား၊ ဖမ်းဝရမ်းကို သက်ဆိုင်ရာပြည်ပနိုင်ငံများထံ ဆင့်ကဲအကြောင်း ကြားပြီးပါရဲ့လား၊ လုပ်ငန်းစဉ် အားလုံးပြီးစီးနေသည့်တိုင် လာရောက်ဖမ်းဆီးခံခြင်း မရှိလျှင် သက်ဆိုင် ရာ ကျူးလွန်သူ၏ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆက်လုပ်ပါမည်လား စသဖြင့် ထို့ထက် ပိုသော မေးခွန်းများကို မေးလိုပါတော့သည်။
သို့သော် . . . ။
ဇွန်လ(၂)ရက်နောက်ပိုင်း၌ နစကဘက်က ထပ်ဆင့်ထုတ်ပြန်သော အခြားကိစ္စများကို မြင်တွေ့ရ သည်။ နိုင်ငံခြားငွေကြေးကစားသူ ဟွန်ဒီလုပ်ငန်းများ လုပ်ကိုင်နေသည့် လူပုဂ္ဂိုလ်(၃၉)ဦးကို စိစစ်ဖော် ထုတ်ပြီးနောက် ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်ခဲ့သော ပုဂ္ဂိုလ်(၁၄)ဦးကို ဖမ်းဆီးစစ်ဆေးထားပြီး အခြားသော ထွက်ပြေးသူ(၁၁)ဦးကို ဖမ်းဆီးနိုင်ရေးအတွက် ကြိုးစားနေခြင်း၊ ပြည်ပနိုင်ငံများတွင် ကွန်ဒိုအခန်းများဝယ်ယူသည့် မြန်မာများ အတွက် တရားမဝင် ဟွန်ဒီစနစ်ဖြင့် ငွေကြေးလွှဲပြောင်းပေးသူ ဖမ်းဆီးစစ်ဆေးခြင်းနှင့် ထွက်ပြေး တိမ်းရှောင်သူများကို ထုတ်ပြန်ကြေညာခြင်း အစရှိသည့်ကိစ္စများ ဖြစ်သည်။ နစကအနေဖြင့် ရွှေနှင့် ဒေါ်လာဈေးကွက် မတည်မငြိမ်ဖြစ်စေမှုနှင့်ဆက်စပ်သော ပုဂ္ဂိုလ်ပေါင်း (၁၀ဝ)ထက်မနည်းကို ခေါ်ယူစစ်ဆေးခဲ့ပုံရသည်။ ထိုအထဲမှ (၃၀)ထက်မနည်းက ထွက်ပြေးတိမ်းရှောင် သွားသည်။ ထွက်ပြေးတိမ်းရှောင်လျှင် လွတ်မြောက်သွားပြီဟု အဓိပ္ပာယ်ဖွင့်ရမည်လောဟု နစကကို မေးခွန်း ထုတ်လိုသည်။ တရားဥပဒေသည် ကောင်းကင် ကဲ့သို့ တည်မြဲသည်ဆိုပါလျှင် စကြာဝဠာအောက်၌ ရပ်တည်နေသူတိုင်း လွတ်ရိုးထုံးစံ မရှိသင့်ပေ။ လွတ်သွားခဲ့လျှင် ဖမ်းဆီးနိုင်ခြင်း မရှိတော့ကြောင်း နစက ဘက်က သွယ်ဝိုက်ဝန်ခံသကဲ့သို့ ဖြစ်နေမည်။ ပြစ်မှု ကျူးလွန်သူဟုသတ်မှတ်ခံရလျှင် အမှန် တကယ် ကျူးလွန်ခဲ့သည်ဖြစ်စေ၊ မကျူးလွန်ခဲ့သည်ဖြစ်စေ တရားစီရင်ရန်အတွက် တရားဥပဒေရှိ ထားပြီးဖြစ်သည်။ ထို့အတွက်ကြောင့် နစက၏လုပ်ထုံးလုပ်နည်းများသည် ပြတ်သားရှင်းလင်းရန်လို သည်။ အမိန့်အာဏာ တည်မြဲရန်လိုသည်။ ရွှေသမား(၁၀)ဦး သို့မဟုတ် ထို့ထက်နည်းသော/များသော ပုဂ္ဂိုလ်များ၊ ငွေကြေးဈေးကွက်ကစားသူများနှင့် နစက၏ အာဏာစက်သည် အနာဂတ်ကို ဆုံးဖြတ်ပေး မည်ဖြစ်သည်။ ဆက်လက်စောင့်ကြည့်ရန်သာ . . . ။

zawgyi version
နစက၏အာဏာႏွင့္ ေ႐ႊ/ ေဒၚလာသမားမ်ား၏ အားၿပိဳင္ပြဲ
ေက်ာ္ႏု(NP News) - ဇြန္ ၁၂

ေ႐ႊေဈးႏႈန္း မတည္မၿငိမ္ျဖစ္ေစမႈႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ(နစက)၏ ဇြန္လ (၂)ရက္က ထုတ္ျပန္ခ်က္သည္ ၾကမ္း၏။ အဘယ္ေၾကာင့္ဆိုေသာ္ ႏိုင္ငံတြင္း၌ (ထုတ္ျပန္ခ်က္ မတိုင္မီ) နာမည္ေကာင္းမ်ားျဖင့္ ထင္ရွားေက်ာ္ၾကားေနေသာ အထင္ကရပုဂၢိဳလ္မ်ား ပါဝင္လာေနျခင္း ေၾကာင့္ ျဖစ္ၿပီး နစကႏွင့္ အဆိုပါပုဂၢိဳလ္မ်ား၏ အားၿပိဳင္ပြဲရက္ သတၱပတ္သည္ကား စိတ္ဝင္စားဖြယ္ အျပည့္ျဖစ္ခဲ့သည္။ “နစကဘက္က ေနာက္ဆုတ္ေပးရမည္လား သို႔မဟုတ္ ေ႐ႊသူေဌးမ်ားက အရႈံးေပး ရမည္လား” ဆိုသည္မွာ ျမန္မာႏိုင္ငံ အနာဂတ္၏ တရားစီရင္ေရး ႏွင့္ ဥပေဒစိုးမိုးေရးအတြက္ စံထားဖြယ္သမိုင္း ျဖစ္လာေတာ့မည္ဟု ဆိုခ်င္သည္။

နစကေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးသည္ ဥပေဒႏွင့္ပတ္သက္လွ်င္ တိက်ျပတ္သားသူတစ္ဦးဟု ခန႔္မွန္း၍ရႏိုင္ေသာ ျဖစ္ရပ္မ်ားက ယခုႏွစ္မ်ားအတြင္း ထင္ထင္ရွားရွားေတြ႕လာရသည္။ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းကဲ့သို႔ေသာထိတ္ ထိတ္ႀကဲထင္ရွားသူ ဗိုလ္ခ်ဳပ္ႀကီးမ်ားကို ျပတ္ျပတ္သားသား အေရးယူျပခဲ့ျခင္း၊ ေဒၚေအာင္ဆန္းစုၾကည္ကဲ့သို႔ေသာ ကမာၻက ေစာင့္ၾကည့္ အေလးထားေနသူတစ္ဦးကို ျပစ္မႈေပါင္းမ်ားစြာျဖင့္ ေထာင္ဒဏ္က်ခံေစခဲ့ျခင္း၊ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာ ေသာ္ ကဲ့သို႔ေသာ ထင္ရွားသည့္ႏိုင္ငံေရးသမားမ်ားကို ၎တို႔ က်ဴးလြန္ခဲ့ေသာ အၾကမ္းဖက္ျပစ္မႈ မ်ားေၾကာင့္ ေသဒဏ္စီရင္ခဲ့ျခင္းတို႔က အႀကီးမားဆုံးသက္ေသပင္။ ယခုတစ္ႀကိမ္ ေ႐ႊေဈးႏႈန္းေခါင္းစဥ္ ေအာက္မွ ထုတ္ျပန္ထားသူမ်ားသည္ အထက္ေဖာ္ျပပါပုဂၢိဳလ္မ်ားႏွင့္ ယွဥ္လွ်င္ ဩဇာတိကၠမႀကီးမား ၾကသူမ်ားမဟုတ္ သကဲ့သို႔ လူထုအေပၚ၌လည္း လႊမ္းမိုးမႈရွိလွသူမ်ား မဟုတ္ၾကေခ်။ ေ႐ႊႏွင့္ပတ္သက္၍ နစက၏ ဇြန္လ (၂)ရက္က ထုတ္ျပန္ခ်က္၌ ထင္ရွားေက်ာ္ၾကားသူ ေအာင္သမာဓိ ဦးေအာင္ (ဦးေအာင္ ဆန္းဝင္း)၊ ဝိန႔္စိန္ ဦးေအာင္ေကာင္းျမတ္၊ ဇြဲထက္ ဦးဆန္းဝင္း၊ အကယ္ဒမီ ေ႐ႊသန႔္စင္လုပ္ငန္း ဦးမ်ိဳးသူဝင္း အပါအဝင္ (၁၀) ဦးက ေ႐ႊေဈးႏႈန္း မတည္မၿငိမ္ျဖစ္ေစရန္ ေနာက္ကြယ္မွႀကိဳးကိုင္ခဲ့သူ ဝိသမ ေလာဘသားမ်ား ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ အဆိုပါပုဂၢိဳလ္မ်ားသည္ ဥပေဒကို ရင္မဆိုင္ဘဲ ထြက္ေျပးတိမ္းေရွာင္ေနသည့္အတြက္ ဝရမ္းေျပးဟုလည္း ဆိုႏိုင္သည္။ ေအာင္သမာဓိ ဦးေအာင္ အပါအဝင္ ထိပ္တန္းပုဂၢိဳလ္ (၁၀)ဦးကို တရားခံဝရမ္းေျပးမ်ားအျဖစ္ နစကဘက္က အေၾကာင္းျပခ်က္ မရွိဘဲ စြပ္စြဲခဲ့ျခင္းမဟုတ္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ေ႐ႊလုပ္ငန္းေလာကထဲမွ ေလပတ္ကား အေရာင္းအဝယ္အပါအဝင္ ပုံစံမ်ိဳးစုံျဖင့္ လုပ္ကိုင္လႈပ္ရွားေနေသာ လူပုဂၢိဳလ္(၂၁)ဦးကို ရက္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ျခင္း၊ ေခၚယူစစ္ေဆးျခင္း ႏွင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္၍ သက္ေသယူထားျခင္းမ်ားမွ တစ္ဆင့္ ေနာက္ကြယ္မွ ပုဂၢိဳလ္မ်ားအျဖစ္ တိုင္းသိ ျပည္သိ ေၾကညာခဲ့ျခင္းလည္း ျဖစ္သည္။ အမွန္တကယ္တြင္မူ ေ႐ႊေလာကမ်ားထဲမွ ပုဂၢိဳလ္အေတာ္မ်ားမ်ားကို ႏိုင္ငံေတာ္က ယခုႏွစ္မ်ားအတြင္း သုံးႀကိမ္ထက္မနည္း ေခၚယူသတိေပးျခင္းမ်ား လုပ္ထားၿပီး ျဖစ္သည္။ မည္သို႔ပင္ သတိေပးခဲ့သည္ျဖစ္ေစ ေ႐ႊ သူေဌးမ်ားက ဆက္လက္၍ အလံတလူလူ လႊင့္ထူၿပီး လက္တလုံးျခားလုပ္ကိုင္ေနဆဲျဖစ္သည္ဟု ၾကားသိ ေနရသည္။ ႏိုင္ငံေတာ္၏ေၾကညာခ်က္က မဟုတ္မမွန္ ေၾကညာျခင္းျဖစ္ေၾကာင္း ျငင္းဆိုလိုပါက သက္ဆိုင္ရာ ဝရမ္းထုတ္ခံရသူ ကာယကံရွင္ ပုဂၢိဳလ္(၁၀)ဦးႏွင့္ မိသားစုဝင္မ်ားက အေကာင္းဆုံးေရွ႕ေနမ်ားကို ငွားရမ္း၍ တရား႐ုံး၌ ျငင္းခ်က္ထုတ္ႏိုင္သည္။ သို႔ေသာ္ သက္ဆိုင္ရာပုဂၢိဳလ္မ်ား ထြက္ေျပးတိမ္းေရွာင္ ေနသည့္အတြက္ မဟုတ္မမွန္ေၾကညာခ်က္ဟု မည္သူမွ် ျငင္းဆိုႏိုင္ျခင္း မရွိေတာ့ေပ။ နစကဘက္က ဝရမ္းထုတ္ခဲ့ေသာ ပုဂၢိဳလ္(၁၀)ဦးလုံး မဟုတ္လွ်င္ပင္ အမ်ားစုမွာ နစက၏ဝန္ထမ္းအရာရွိေပါင္းမ်ားစြာ ႏွင့္ အတူတကြ ညစာစားျခင္းမ်ား၊ ေဂါက္သီး႐ိုက္ၾကျခင္းမ်ား၊ ေမြးေန႔ႏွင့္ပါတီ အတူတူ ေပ်ာ္႐ႊင္စြာ တက္ခဲ့ၾကျခင္းမ်ားရွိခဲ့ေၾကာင္း ေလာကသားမ်ားထံမွျပန္လည္ ၾကားသိေနရသည္။ သို႔အတြက္ ၎တို႔အခ်င္းခ်င္း သူစိမ္းမ်ား မဟုတ္ၾကေခ်။ ထူးျခားခ်က္မွာ အဆိုပါ ပုဂၢိဳလ္(၁၀)ဦးလုံးက ေၾကညာခ်က္ မထုတ္ျပန္မီ ကတည္းက တိမ္းေရွာင္သြားႏိုင္ခဲ့ျခင္းပင္။ ထိပ္တန္း လွ်ိဳ႕ဝွက္လုပ္ရေလ့ရွိ ေသာ ႏိုင္ငံေတာ္၏ စီမံခ်က္သည္ အဆိုပါ ေ႐ႊသူေဌးမ်ားထံ တစ္နည္းတစ္ဖုံျဖင့္ ေရာက္ရွိသြားခဲ့ျခင္း ေၾကာင့္မ်ား ႀကိဳတင္ေရွာင္တိမ္းႏိုင္ခဲ့ျခင္းလားဟု ေတြးစရာျဖစ္လာျပန္သည္။ ပို၍ စိတ္ဝင္စားဖြယ္ ေကာင္းသည္မွာ ဇြန္လ(၂)ရက္က ထုတ္ျပန္ခ်က္သည္ တစ္ပတ္နီးပါးရွိလာသည္အထိ ထြက္ေျပး တိမ္းေရွာင္သြားသူ(၁၀)ဦးကို ဖမ္းဆီးရမိၿပီ သို႔မဟုတ္ လာေရာက္ဖမ္းဆီးခံၿပီဟူေသာ သတင္း ထုတ္ျပန္ ခ်က္မ်ား မေတြ႕ရျခင္းပင္။ “ဇြဲထက္ သူေဌး ကေတာ့လာၿပီး အဖမ္းခံတယ္လို႔ ၾကားေနရတယ္။ က်န္တဲ့ သူေတြေတာ့ မသိေသးဘူး” ဟု စိတ္ခ်ရေသာ သတင္းရင္းျမစ္တစ္ဦးက NP News ကို ဇြန္လ (၇) ရက္ တြင္ အတည္ျပဳသည္။ နစက၏ သတင္းမွန္ ျပန္ၾကားေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကမူ အခ်ိဳ႕ေသာပုဂၢိဳလ္မ်ားက နစကႏွင့္လာေရာက္ပူးေပါင္းခဲ့ေၾကာင္း ဇြန္လ(၅)ရက္က NP News ထံ အသိေပးခဲ့ေသာ္လည္း မည္သည့္ပုဂၢိဳလ္မ်ား ျဖစ္သည္ကို တိတိပပ ေျပာဆိုထုတ္ျပန္ေပးရန္ ေရွာင္လႊဲခဲ့ သည္။ နစကသည္ ႏိုင္ငံေတာ္ကို လက္ရွိအုပ္ခ်ဳပ္ေနေသာ အစိုးရအဖြဲ႕ ျဖစ္သည္။ အစိုးရ အဖြဲ႕သည္ ႏိုင္ငံေတာ္ ႏွင့္ ျပည္သူ လူထုအား နစ္နာေစခဲ့ေသာ ပုဂၢိဳလ္မ်ားကို ေဖာ္ထုတ္ အေရးယူရမည္မွာ တာဝန္ ျဖစ္သည္။ အဆိုပါ တာဝန္ကို ထမ္းေဆာင္ရာတြင္ မည္သည့္မ်က္ႏွာကိုမွ် ေထာက္ရႈစရာလိုမည္ဟု မထင္။ အကယ္၍ ေထာက္ရႈခဲ့သည္ဆိုလွ်င္လည္း လူထုအက်ိဳးအတြက္သာ ျဖစ္သင့္သည္။ လူတစ္စု အတြက္ ေထာက္ရႈျခင္းမ်ိဳး ျဖစ္ခဲ့လွ်င္ အစိုးရသည္ အစိုးရမဟုတ္။ ေ႐ႊလုပ္ငန္း ႏွင့္ပတ္သက္၍ အေရးယူမည္ဆိုေသာ နစက၏ ထုတ္ျပန္ခ်က္မ်ားသည္ ဇြန္လ(၂)ရက္၏ ေနာက္ပိုင္း၌ ထူးထူးျခားျခား မရွိခဲ့ေပ။ သတင္းမွန္ျပန္ၾကားေရး Viber Channel အတြင္း၌ သတင္းမီဒီယာအခ်ိဳ႕က ေ႐ႊသမား (၁၀)ဦး ႏွင့္ပတ္သက္၍ ေနာက္ဆက္တြဲ လုပ္ငန္းစဥ္မ်ားအေၾကာင္း ထုတ္ျပန္၍ရသေလာက္ ထုတ္ျပန္ေပးႏိုင္ ပါရန္ ဇြန္လ(၇)ရက္တြင္ ေမးခြန္း ေမးျမန္းခဲ့သည္။ သို႔ေသာ္ ထိုေန႔က စာမျပန္ခဲ့ပါ။ အထူးသျဖင့္ ထြက္ေျပး တိမ္းေရွာင္သြားသူ(၁၀)ဦး ႏွင့္ပတ္သက္၍ ျပည္သူမ်ားက မျဖစ္မေန သိရွိရန္ လိုအပ္လာ ၿပီျဖစ္သည္။ အဆိုပါ ေ႐ႊသမားမ်ားက လူထုအား ေဘးဒုကၡျဖစ္ေစမည့္ ေ႐ႊေဈး ကေမာက္ကမ မျဖစ္ေစရန္ ေနာက္ကြယ္မွ ႀကိဳးကိုင္လႈပ္ရွား ေဈး ကစားခဲ့သူမ်ား အမွန္တကယ္ျဖစ္ခဲ့လွ်င္ နစက၏ အေရးယူရမည့္လုပ္ငန္းစဥ္သည္ တိက်ရွင္းလင္း ျပတ္သားရန္သာလိုသည္။ သို႔မဟုတ္ပါက နစက သည္ ႐ိုးသားစြာလုပ္ကိုင္ေနေသာ ေ႐ႊသမားမ်ားအား အႏိုင္အထက္ျပဳက်င့္ရန္ ေထာင္ေခ်ာက္ဆင္သည္ဟု စြပ္စြဲမည့္သူမ်ား ဆက္တိုက္ေပၚလာႏိုင္သည္။ နစက ၏ ဂုဏ္ျဒပ္အရည္အေသြးႏွင့္ ႐ိုးသားပြင့္လင္းမႈ၊ မွန္ကန္မွ်တမႈတို႔သည္ ယခုျဖစ္ရပ္က မွတ္ေက်ာက္ တင္စရာ ျပယုဂ္တစ္ခု ျဖစ္မည္။ အစိုးရ၏လုပ္ရပ္ သည္ လူထုအတြက္ မွန္ကန္မွ်တေသာ ဆုံးျဖတ္ခ်က္ အေရးယူမႈျဖစ္သည္ဟု မျဖစ္မေနျပသရမည္ လည္း ျဖစ္သည္။ သို႔ေသာ္ ယေန႔ ဇြန္လ(၇)ရက္အထိ ျပန္စာမရခဲ့ေသးပါ။ ေလာကသားမ်ားၾကား၌ ျပန္လည္ ၾကားသိေနရေသာ သတင္းအခ်ိဳ႕တြင္ ေ႐ႊသမား(၁၀)ဦးသည္ သို႔မဟုတ္ (၁၀)ဦးထက္မ်ားေသာ ပုဂၢိဳလ္ မ်ားသည္ ေ႐ႊေဈးကစားရန္ တပည့္တပန္းမ်ား ေမြး၍ နာရီပိုင္းအတြင္း ေငြရွာၾကမ္းႏိုင္ၾကသူမ်ား ျဖစ္ေနသည္ဟု ဆိုသည္။ ခိုင္မာေသာ သတင္းရင္းျမစ္တစ္ဦးကမူ တပည့္မ်ားမွတစ္ဆင့္ နာရီပိုင္း အတြင္း ေ႐ႊေဈး အတင္အခ်ကို ကစားႏိုင္သည့္အျပင္ ေငြေၾကးေဈးကြက္ကိုပါ ကေမာက္ကမ ျဖစ္ေစႏိုင္ သူမ်ား ျဖစ္သည္ဟု ဆိုထားသည္။ ယင္းျပင္ ႏိုင္ငံေရးအေျခအေနႏွင့္ ေရာေထြးကာ သတင္းအမွား မ်ားကို သြယ္ဝိုက္ျဖန႔္ခ်ိ၍ ေငြရွာၾကမ္းၾကသူမ်ား သို႔မဟုတ္ ထို႔ထက္ပိုေသာ ႏိုင္ငံေရးရည္႐ြယ္ခ်က္မ်ား ပါဝင္ေနသည္ဟု ဆိုၾကသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ျပဳတ္က်သြားေစႏိုင္သည္အထိ ျပည္ပႏိုင္ငံမွ ေဒၚလာႏွင့္ ေ႐ႊကစားသူမ်ားပါ ပူးေပါင္းပါဝင္ပတ္သက္ခဲ့ဖြယ္ရွိသည္ဟု သတင္းရင္းျမစ္ အခ်ိဳ႕က ေျပာၾကသည္။ ထိုအခ်က္သည္ အတည္ျပဳရန္လည္း ခက္၏။ မဟုတ္ဟုလည္း မဆိုႏိုင္ျပန္။

နစက၏ ယခုလုပ္ရပ္ကို ေ႐ႊႏွင့္ပတ္သက္ေသာ Group မ်ားႏွင့္ ဆက္စပ္ပတ္သက္သူမ်ားက ရင့္သီး ႐ိုင္းစိုင္းစြာ ျပစ္တင္ရႈတ္ခ်မႈမ်ားျပဳလုပ္ေနသည္ကိုလည္း ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရသည္။ ရႈတ္ခ် သူမ်ား မွန္သည္ မွားသည္ကို အတည္ျပဳရန္မွာကား ထြက္ေျပးတိမ္းေရွာင္ေနသူ(၁၀)ဦး၏ ႏႈတ္ထြက္ စကားက သာလွ်င္ သက္ေသျဖစ္လိမ့္မည္ျဖစ္သည္။ နစက အေနျဖင့္ မည္ကဲ့သို႔ ဆက္လက္ကိုင္တြယ္ မည္နည္း ဆိုသည္ကို ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ေ႐ႊသမား (၁၀)ဦးက ထြက္ေျပးတိမ္းေရွာင္မႈကို ႏွစ္ေပါင္းမ်ားစြာ လုပ္လာခဲ့မည္ဆိုလွ်င္ ၎တို႔၏ က်န္ရစ္ခဲ့ေသာ လုပ္ငန္းမ်ားႏွင့္ မိသားစုက မည္သို႔ ရွိမည္ထင္သနည္း။ ျပည္ပႏိုင္ငံတစ္ခုခုမွေန၍ ျမန္မာႏိုင္ငံ၏ ေ႐ႊေဈးကြက္ကို ျခယ္လွယ္ရန္လည္း နည္းပညာေခတ္အရ ခက္လွသည္မဟုတ္ေပ။ က်န္ရစ္ခဲ့သည့္ မိသားစုဝင္မ်ားကလည္း နစက၏ တာဝန္ရွိသူမ်ားထံ နည္းလမ္း မ်ိဳးစုံျဖင့္ ေ႐ႊလမ္းေငြလမ္း ခင္းၾကမည္မွာ ေသခ်ာေနသည္။ သို႔ဆိုလွ်င္ ေ႐ႊသမားမ်ား၏ကိစၥက အီလည္ လည္ျဖစ္ေနမည္။ ဖမ္းလည္းမဖမ္းဆီးႏိုင္သကဲ့သို႔လာ၍ လည္း ဖမ္းဆီးမခံခဲ့လွ်င္ နစက၏ထုတ္ျပန္ခ်က္သည္ကား စကၠဴစာ႐ြက္တစ္႐ြက္ထက္ မပိုေသာအဆင့္ကို ေန႔ခ်င္းညခ်င္း ေရာက္သြားမည္ျဖစ္သည္။ ပို၍ဆိုးသည္က နစက၏အာဏာသည္ တစ္မိုင္ပတ္လည္ ထက္ ပို၍လႊမ္းမိုးမႈ မရွိသကဲ့သို႔ က်ဆင္းေနလိမ့္မည္ ျဖစ္သည္။ ႏိုင္ငံေတာ္၏ေၾကညာခ်က္အရ ျပစ္မႈ က်ဳူးလြန္သူတစ္ဦး ဦးသည္ ျပစ္မႈကို ရင္ဆိုင္ျခင္းမရွိဘဲ ထြက္ေျပးတိမ္းေရွာင္ခဲ့ပါက ၎ပိုင္ဆိုင္ေသာ ပစၥည္း ဥစၥာမ်ားသည္ ႏိုင္ငံေတာ္ပိုင္အျဖစ္ သိမ္းဆည္းႏိုင္ေၾကာင္း ဥပေဒက ျပ႒ာန္းထားသည္။ သက္ဆိုင္သူမ်ားအေနျဖင့္လည္း ဖမ္းဝရမ္းထုတ္ခံထားရေသာ သို႔မဟုတ္ ျမန္မာ့ေျမေပၚသို႔ ျပန္လည္ ေျခခ်ခြင့္ရရန္ မေသခ်ာေတာ့ေသာ အျပစ္သားမ်ား မျဖစ္ေစရန္ တရား ရင္ဆိုင္သင့္သည္။ သို႔မဟုတ္ဘဲ မိသားစုမ်ားအား အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျဖင့္ ႏိုင္ငံျခားအလည္အပတ္လုပ္ကာ ထပ္ဆင့္ထြက္ေျပး တိမ္းေရွာင္ေစျခင္း၊ ပိုင္ဆိုင္မႈမ်ားကို တစ္နည္းနည္းျဖင့္ ေျပာင္းေ႐ႊ႕ပစ္ျခင္းအပါအဝင္ အစိုးရ၏အာဏာကို လွည့္စားအံတုျခင္းမ်ား လုပ္မလာႏိုင္ဟု မွတ္ယူရန္ မသင့္ေပ။ဘက္ေပါင္းစုံမွ စဥ္းစားၿပီးသည့္ ေနာက္ နစကအား သတင္းစာဆရာတစ္ဦးအေနျဖင့္ ေမးစရာေမးခြန္းမ်ား ရွိလာသည္။ ေ႐ႊသမား(၁၀)ဦး အား တရား႐ုံးတစ္ခုခု၌ တရားစြဲဆိုထားျခင္းလုပ္ငန္းစဥ္ ရွိၿပီးပါရဲ႕လား၊ တရား စြဲထားၿပီးပါလွ်င္ သက္ ဆိုင္ရာ မိသားစုမ်ားထံ ဆက္သြယ္အေၾကာင္းၾကား၍ လာေရာက္ဖမ္းဆီးခံရန္ သတိေပးၿပီးပါရဲ႕လား၊ ဖမ္းဝရမ္းထုတ္ျပန္ထားၿပီးပါရဲ႕လား၊ ဖမ္းဝရမ္းကို သက္ဆိုင္ရာျပည္ပႏိုင္ငံမ်ားထံ ဆင့္ကဲအေၾကာင္း ၾကားၿပီးပါရဲ႕လား၊ လုပ္ငန္းစဥ္ အားလုံးၿပီးစီးေနသည့္တိုင္ လာေရာက္ဖမ္းဆီးခံျခင္း မရွိလွ်င္ သက္ဆိုင္ ရာ က်ဴးလြန္သူ၏ပိုင္ဆိုင္မႈမ်ားကို ခ်ိပ္ပိတ္သိမ္းဆည္းျခင္းမ်ား ဆက္လုပ္ပါမည္လား စသျဖင့္ ထို႔ထက္ ပိုေသာ ေမးခြန္းမ်ားကို ေမးလိုပါေတာ့သည္။
သို႔ေသာ္ . . . ။
ဇြန္လ(၂)ရက္ေနာက္ပိုင္း၌ နစကဘက္က ထပ္ဆင့္ထုတ္ျပန္ေသာ အျခားကိစၥမ်ားကို ျမင္ေတြ႕ရ သည္။ ႏိုင္ငံျခားေငြေၾကးကစားသူ ဟြန္ဒီလုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ လူပုဂၢိဳလ္(၃၉)ဦးကို စိစစ္ေဖာ္ ထုတ္ၿပီးေနာက္ ဘဏ္အေကာင့္မ်ားကို ပိတ္သိမ္းျခင္း၊ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း မတည္မၿငိမ္ျဖစ္ေစရန္ လုပ္ေဆာင္ခဲ့ေသာ ပုဂၢိဳလ္(၁၄)ဦးကို ဖမ္းဆီးစစ္ေဆးထားၿပီး အျခားေသာ ထြက္ေျပးသူ(၁၁)ဦးကို ဖမ္းဆီးႏိုင္ေရးအတြက္ ႀကိဳးစားေနျခင္း၊ ျပည္ပႏိုင္ငံမ်ားတြင္ ကြန္ဒိုအခန္းမ်ားဝယ္ယူသည့္ ျမန္မာမ်ား အတြက္ တရားမဝင္ ဟြန္ဒီစနစ္ျဖင့္ ေငြေၾကးလႊဲေျပာင္းေပးသူ ဖမ္းဆီးစစ္ေဆးျခင္းႏွင့္ ထြက္ေျပး တိမ္းေရွာင္သူမ်ားကို ထုတ္ျပန္ေၾကညာျခင္း အစရွိသည့္ကိစၥမ်ား ျဖစ္သည္။ နစကအေနျဖင့္ ေ႐ႊႏွင့္ ေဒၚလာေဈးကြက္ မတည္မၿငိမ္ျဖစ္ေစမႈႏွင့္ဆက္စပ္ေသာ ပုဂၢိဳလ္ေပါင္း (၁၀ဝ)ထက္မနည္းကို ေခၚယူစစ္ေဆးခဲ့ပုံရသည္။ ထိုအထဲမွ (၃၀)ထက္မနည္းက ထြက္ေျပးတိမ္းေရွာင္ သြားသည္။ ထြက္ေျပးတိမ္းေရွာင္လွ်င္ လြတ္ေျမာက္သြားၿပီဟု အဓိပၸာယ္ဖြင့္ရမည္ေလာဟု နစကကို ေမးခြန္း ထုတ္လိုသည္။ တရားဥပေဒသည္ ေကာင္းကင္ ကဲ့သို႔ တည္ၿမဲသည္ဆိုပါလွ်င္ စၾကာဝဠာေအာက္၌ ရပ္တည္ေနသူတိုင္း လြတ္႐ိုးထုံးစံ မရွိသင့္ေပ။ လြတ္သြားခဲ့လွ်င္ ဖမ္းဆီးႏိုင္ျခင္း မရွိေတာ့ေၾကာင္း နစက ဘက္က သြယ္ဝိုက္ဝန္ခံသကဲ့သို႔ ျဖစ္ေနမည္။ ျပစ္မႈ က်ဴးလြန္သူဟုသတ္မွတ္ခံရလွ်င္ အမွန္ တကယ္ က်ဴးလြန္ခဲ့သည္ျဖစ္ေစ၊ မက်ဴးလြန္ခဲ့သည္ျဖစ္ေစ တရားစီရင္ရန္အတြက္ တရားဥပေဒရွိ ထားၿပီးျဖစ္သည္။ ထို႔အတြက္ေၾကာင့္ နစက၏လုပ္ထုံးလုပ္နည္းမ်ားသည္ ျပတ္သားရွင္းလင္းရန္လို သည္။ အမိန႔္အာဏာ တည္ၿမဲရန္လိုသည္။ ေ႐ႊသမား(၁၀)ဦး သို႔မဟုတ္ ထို႔ထက္နည္းေသာ/မ်ားေသာ ပုဂၢိဳလ္မ်ား၊ ေငြေၾကးေဈးကြက္ကစားသူမ်ားႏွင့္ နစက၏ အာဏာစက္သည္ အနာဂတ္ကို ဆုံးျဖတ္ေပး မည္ျဖစ္သည္။ ဆက္လက္ေစာင့္ၾကည့္ရန္သာ . . . ။

Related news

© 2021. All rights reserved.