ဦးဖြိုးမင်းသိန်းထားခဲ့တဲ့ အရှုပ်ထုပ်(သို့မဟုတ်) ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ(ဆောင်းပါး)

50168

မျိုးမင်း(မကျည်းလဟာ) (NP News) - ဇွန် ၁၄
ဦးဇော်ဇော်ပိုင်တဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း ရဲ့မြေး ဦးကျော်နေဝင်းတို့ရဲ့ကြားကပြဿနာဟာ အသစ်တစ်ဖန် ပြန်စလာပါပြီ။ တစ်နည်းအားဖြင့် ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း မွှေးခဲ့တဲ့ မီးစဟာ ငြိမ်းသွားတော့မလိုလိုကနေ အသစ်တစ်ဖန် တောက်လောင်လာခြင်းပါပဲ။ ဘယ်အကြောင်းအရာ ဖြစ်မလဲဆိုတာကတော့ အခုလောက်ဆို အကြမ်းဖျင်း သိနေလောက်ပါပြီ။ သို့သော်လည်း အတွင်းကျကျ ဖြစ်စဉ်တချို့ကတော့ ဒီလိုပါ။
ပြည်ထဲရေးဝန်ကြီးဆီလိပ်မူတဲ့ တိုင်ကြားစာတစ်စောင်
အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာရဲ့အစက Omni Focus ယာဉ်လိုင်းအမှတ်YBS(20) နဲ့YBS(56) တို့ လိုင်စင်သက်တမ်းကျော်လွန်နေတာ လေးနှစ်ရှိလာသည့်တိုင် ဆက်လက်ပြေးဆွဲနေခြင်း အကြောင်းပါပဲ။ ၂ဝ၂၄ ခုနှစ် ဧပြီလ(၂၂)ရက် ရက်စွဲနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံကို လိပ်မူတိုင်ကြားခဲ့တဲ့ စာတစ်စောင်ရှိခဲ့ပါတယ်။ တိုင်ကြားတဲ့ကုမ္ပဏီက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုင် လဲဆိုတာမသိပေမယ့် တိုင်ကြားစာထဲမှာပါဝင်လာတဲ့ ကိစ္စက အတော်လေး စိတ်ဝင်စားစရာကောင်းခဲ့တာ ပါ။ YBS အစီး (၅၀ဝ) ပိုင်ရှင်ဖြစ်သူ ဦးနေဝင်းရဲ့မြေး ဦးကျော်နေဝင်းတို့က လိုင်စင်သက်တမ်းကျော်လွန် နေပါလျက်နဲ့ ဆက်လက်ပြေးဆွဲခွင့်ရနေခြင်း၊ နိုင်ငံတော်ကိုပေးဆောင်ရမယ့်အခွန်ကို ချိုးဖောက်ပျက် ကွက်နေခြင်း၊ တရားမဝင်ဖြစ်နေသောကားများကို အများပြည်သူအတွက်ပြေးဆွဲနေခြင်းကြောင့် ပြည် သူလူထုအတွက် လုံခြုံစိတ်ချရမှုပိုင်း စိုးရိမ်စရာဖြစ် လာခြင်းဆိုသော ခေါင်းစဉ်များစွာက တိုင်ကြားစာထဲ မှာ ပါဝင်လာပါတယ်။
YRTA အောက်မှာ ကုမ္ပဏီ ပေါင်း (၂၁) ခု ရှိတယ်လို့ရေးသားထားသလို အဲဒီအထဲမှာမှ ဦးနေဝင်းရဲ့မြေးတွေပိုင်ဆိုင်တဲ့ Omni Focus ဟာ ၂၀၂၀ ကနေစတင်ပြီး လိုင်စင်သက် တမ်းကျော်လွန်ခြင်းကို သက်တမ်းထပ်တိုးမထားကြောင်း၊ လေးနှစ်အတွင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ပေါင်း(၁၉ဝဝဝ)ထက်မနည်းကို နိုင်ငံတော်ထံအခွန် ဆောင်ရန်ပျက်ကွက်နေကြောင်း၊ ဦးကျော်နေဝင်းတို့ ပိုင်ဆိုင်သော့ YBS (82)ဟာ ၂၀၂၄ ခုနှစ် မတ်လ (၂၄)ရက်က သိန်း(၂၆ဝ) ကျော်တန်ဖိုးနဲ့ညီမျှတဲ့ ပျက်စီးမှုအတွက် မြို့တော်စည်ပင်နဲ့ လျှပ်စစ်ဌာနတို့ ကို ပေးလျော်ခြင်းမရှိကြောင်း၊ လိုင်စင်သက်တမ်းတိုး ထားခြင်းမရှိဘဲ CNG သုံးစွဲခွင့်ရနေခြင်း အစရှိတဲ့ ကိစ္စများစွာကို ဖော်ပြထားပါတယ်။ ဒီစာရဲ့ရည်ရွယ် ချက်ကတော့ နိုင်ငံကျော်မိသားစုဖြစ်တဲ့ နိုင်ငံတော်အ ကြီးအကဲဟောင်း ဦးနေဝင်းရဲ့မြေးတွေဖြစ်နေတာ ကြောင့် အခွင့်ထူးခံဖြစ်ခွင့်ရနေသလားလို့ မေးခွန်းမ ထုတ်ရုံတမည် ညွှန်းဆိုထားတာပါ။ ဒါ့ပြင် သတင်းဌာနဆီရောက်ရှိလာတဲ့ အီးမေးလ်တစ်စောင်မှာလည်း အလားတူအချက်အလက်တွေပါဝင်ခဲ့သလို ထပ်တိုး တွေအဖြစ် YRTC က ထိန်းချုပ်တဲ့စနစ် CCTV နဲ့ GPS တွေ တပ်ဆင်ခြင်းမရှိဘဲ Omni Focus က ပြေးဆွဲနေကြောင်းဖော်ပြထားပါတယ်။ စိတ်ဝင်စားစ ရာအကောင်းဆုံးအပိုင်းကတော့ Omni Focus ဟာ ဦးဇော်ဇော်ရဲ့ဧရာဝတီဘဏ်နဲ့ ငွေကြေးကိစ္စအတွက် အမှုရင်ဆိုင်နေရတယ်လို့ အတိအလင်းဖော်ပြထားတာပါ။ ဖော်ပြထားတဲ့ကိန်းဂဏန်းကတော့ ကျပ် သိန်းပေါင်း ၅၄ဝဝ၀ဝ ကျော် (၅၄,၈၁၉,၂၀ဝ,ဝဝဝ) နဲ့ အတိုးငွေ ကျပ်သိန်းပေါင်း ၂၂၀ဝ၀ဝ ကျော် (၂၂,ဝ၂၁,၆၃၈,၆၈၉.၃၁) တို့ကို ရလိုမှုနဲ့ ဧရာဝတီ ဘဏ်က ဦးကျော်နေဝင်းရဲ့ Omni Focus ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ နှစ်ခုပေါင်း ကိန်းဂဏန်းက ကျပ်သိန်းပေါင်း (၇၆၈ဝဝဝ)ကျော်ပါတယ်။ ဒါ့ပြင် ကညနရဲ့လုံးထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး ဖောင်းကြွနံပါတ်ပြားတွေကို Omni Focus က ၂၀၂၃ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ တွေအတွင်းက ထုတ်ယူခွင့်ရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ ဆိုလိုချင်တာကတော့ လိုင်စင် သက်တမ်းတိုးခြင်းမလုပ်တဲ့ သို့မဟုတ် လိုင်စင်သက် တမ်းကျော်လွန်ပြီး တရားမဝင်သလိုဖြစ်နေတဲ့ Omni Focus ယာဉ်လိုင်းကို ဖောင်းကြွနံပါတ်ပြား ထုတ်ပေးတဲ့ကိစ္စဟာ Omni Focus ရဲ့ပိုင်ရှင်မိသား စု အရှိန်အဝါကြောင့်လားလို့ မွေးခွန်းထုတ်ထားတာပါ။
Omni Focus ဦးကျော်နေဝင်းရဲ့ဖွင့်ဟဝန်ခံချက်များ
"ဒီလိုရှိတယ်ဗျ။ အဲဒါကတော့ သူတို့ဘက်က ပြောတဲ့ သူတို့တွက်တဲ့ Amount(ပမာဏ) ရှိမှာပေါ့။ သူတို့ဟာသူတို့ တွက်ချင်တာတွေတွက်တာလေ။ ကျွန်တော်တို့ကတော့ ကိုဗစ်ကာလရော ဘာတွေရော အကုန်ပြန်တွက်ရမှာတွေရှိတယ်လေ။ အဲဒါကိုတော့ ကျွန်တော် Comment (မှတ်ချက်) လုပ်ဖို့ ခက်လိမ့် မယ်။ ကျွန်တော်လည်း သေချာပြန်တွက်မှ ရမယ်" လို့ ဦးကျော်နေဝင်းက NP News ရဲ့သီးသန့် မေးမြန်းချက်တွေကို ဖြေကြားပါတယ်။ မေးမြန်းခဲ့တာကတော့ ဧရာဝတီဘဏ်ကို ဆပ်ရမယ့်ပမာဏက ကျပ်သိန်းပေါင်း(၇၆ဝဝဝဝ) ကျော်ရှိတယ်လို့ တိုင်ကြား စာတစ်ခုမှာ ရေးထားတဲ့အတွက် အဲဒီပမာဏက တကယ်ပဲလားဆိုတာပါ။ နောက်တစ်ချက်က လေးနှစ်အ တွင်း နိုင်ငံတော်ကိုပေးဆောင်ရမယ့် အခွန်ငွေ ကျပ်သိန်းပေါင်း (၁၉၀ဝဝ)ကျော်ဆိုသောကိစ္စအတွက် ဦးကျော်နေဝင်းဘက်ကတော့ "ကားစာအုပ်ပြမှ အ ခွန်ဆောင်လို့ရမှာ။ အဲဒီနေ့အထိကို တွက်ရဦးမှာလေ။ ရက်လွန်ဒဏ်ကြေးတွေတပ်ရဦးမှာ"လို့ ပြန်လည်ပြော ကြားခဲ့သလို ကားစာအုပ်က ဧရာဝတီဘဏ်ဆီမှာရှိနေ တယ်လို့ ပြောပါတယ်။ ဒီစကားအရ Omni Focus ဟာ နိုင်ငံတော်ကို အခွန်ဆောင်ဖို့ ပျက်ကွက်နေတဲ့ သဘောမျိုး ကောက်ချက်ချရမှာပါ။ ဦးကျော်နေဝင်း ဘက်ကနေ ပြန်လည်ပေးပို့လာတဲ့ စာသက်သေတွေ အရ ယာဉ်စီးရေ(၉၉)စီးဟာ ၂၀၂၀ ပြည့်နှစ် မေလ (၃၁)ရက်ကတည်းက လိုင်စင်သက်တမ်း ကုန်နေခဲ့ပြီ လို့တွေ့ရပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေပုဒ်မ (၆၅)အရ မည်သူမျှ လုပ် ငန်းလိုင်စင် မရှိဘဲ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရလို့ အတိအလင်းဖော်ပြထားတဲ့အတွက် ဦးကျော် နေဝင်းတို့ရဲ့ယာဉ်လိုင်းဟာ ဥပဒေကို ချိုးဖောက်သ လိုဖြစ်နေတာလည်း မှန်နေပါတယ်။ ဒီအတွက်ကြောင့် ဧရာဝတီဘဏ်ဆီကို Omni Focus ကုမ္ပဏီဘက်ကနေ ၂၀၂၃ ခုနှစ်က အောက်တို ဘာ (၂၇)ရက်မှာ စာတစ်စောင်ပေးပို့ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီစာထဲမှာ တော့ ကား (၉၉) စီး သက်တမ်းတိုးရေးအတွက် ကား Owner Book တွေကို ခေတ္တ ထုတ်ယူသုံးစွဲခွင့်ပြုဖို့ တောင်းခံထားတာပါ။ လက်မှတ်ကိုတော့ ကုမ္ပဏီ GMအဆင့်က ရေးထိုးတင်ပြခဲ့ပါတယ်။ " လိုင်စင် သက်တမ်းတိုးဖို့ကို YRTA က တရားဝင်ညွှန်ကြားပါတယ်။ ကုမ္ပဏီတိုင်းကို ညွှန်ကြားတာပါ။ ယာဉ်သက် တမ်းတိုးဖို့ကို ဆက်လက်ဆောင်ရွက်ပါမယ်လို့ ပြန်လည်တင်ပြခဲ့သလို ဧရာဝတီဘဏ်နဲ့လည်း Hire purchase လုပ်ထားတာမို့လို့ ကားစာအုပ်သက်တမ်း တိုးဖို့အတွက် တရားဝင်တောင်းခံခဲ့ပါတယ်။ သူတို့ဆီက စာပြန်ပါတယ်။ တရားရုံးတင်ထားတဲ့ဟာဖြစ်တဲ့အတွက် ကြောင့် တရားရုံးကိုတင်ပြပြီးရင် စာအုပ်တွေကို သက်တမ်းတိုးဖို့ ဆက်လက်ဆောင်ရွက်ပါမယ်လို့ ပြောတယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် YRTA ကညှိနှိုင်းပေးတဲ့အခါကျတော့ ပိုက်ဆံပေးမှ စာအုပ် ပေးမယ့်သဘောမျိုး ပြောလာပြန်ပါတယ်။ ဧရာဝတီက ပိုက်ဆံလိုချင်လို့ တရားရုံးမှာတင်ထားတာ မဟုတ်လား၊ ကြိုက်ကြိုက် မကြိုက်ကြိုက် တရားရုံးက ချမှတ်တဲ့ဟာကိုပဲ ကျွန်တော်တို့ နှစ်ဖက်လုံးက လက် ခံရမယ်လေ။ A ပဲဖြစ်ဖြစ် B ပဲဖြစ်ဖြစ် အမိန့်ချလိုက် ရင် အားလုံးက လက်ခံရမှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ သူများနည်းတူ ယာဉ်လိုင်းသက်တမ်းတိုးဖို့တွေမှာ စာ အုပ်ပေးရမှာ မဟုတ်ဘူးလား"လို့ ဦးကျော်နေဝင်းက ပြောပါတယ်။
ဒီအချက်ကြောင့် သက်တမ်းတိုးဖို့ကိစ္စ ကို တိုးလိုခြင်း မတိုးလိုခြင်းအပေါ် ပြောပိုင်ခွင့် မရှိ တော့ကြောင်းလည်း ဦးကျော်နေဝင်းက ဆိုပါတယ်။ သို့သော်လည်း ကားအစီးရေ ဘယ်လောက်ကို ငွေပမာဏ ဘယ်လောက်သုံးပြီးHire purchase နဲ့ ဝယ်ထားခဲ့တာလဲဆိုတာကိုတော့ တိတိပပဖြေကြား ခြင်းမပြုဘဲ့ YBS ကိစ္စတွေဖြစ်လာခြင်းဟာ ရိုးရှင်း တဲ့ကိစ္စမဟုတ်ဘူးလို့ ဖြေကြားပါတယ်။ "ဘဏ်ကနေ ပိုက်ဆံချေးထားတာပဲ၊ ချေးထားရင် ပြန်ပေးရမှာပဲဆို သလိုမျိုး ရိုးရှင်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ အဲဒီချေးငွေကို ကျွန်တော်တို့က လိုချင်ပါတယ်ဆိုပြီး ဧရာဝတီ ဘဏ်ဆီမှာတင်ပြခဲ့တာ တစ်ခုမှမရှိဘူး။ သူတို့ဘက် က လုပ်ချင်လွန်းလို့ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ ပုံစံရှိပါတယ်။ အဲဒီကိစ္စကို သင့်တော်တဲ့အချိန်ရောက် ရင် ကျွန်တော်ရှင်းပြပါမယ်။ အခုအချိန်မှာတော့ တရားရုံးရင်ဆိုင်နေရတာမို့လို့ အသံမြည်အောင် ခေါင်းလောင်းသွားတီးတယ်လို့ မဖြစ်စေချင်ဘူး။ ကျွန်တော်ပြောချင်တာကတော့ ပုံမှန်ချေးငွေကိစ္စ မဟုတ်ပါဘူး" လို့ ဦးကျော်နေဝင်းကပြောပါတယ်။ အချို့သော စကားတွေကတော့ ဖော်ပြရန်မသင့်သေး တာတွေ ပါဝင်နေပါသေးတယ်။ ဥပမာအားဖြင့် "ပိုက် ဆံပေးမှ ကားစာအုပ်ပေးမယ်ဆိုတာကတော့ နည်း နည်း လူကြီးမဆန်ဘူးလားလို့"ဆိုသော စကားအပြင် ဧရာဝတီဘဏ်ကြောင့်သာ သက်တမ်းတိုးမရတာ ဖြစ်တယ်လို့ ဦးတည်ပြောဆိုထားပါတယ်။ တခြား ရှုထောင့်မှာလည်း ဦးကျော်နေဝင်းတို့ရဲ့Omni Focus ယာဉ်လိုင်းဟာ မော်တော်ယာဉ်တွေ သက် တမ်းကုန်နေခြင်းနဲ့ ယာဉ်လိုင်းပြေးဆွဲခွင့် တရားဝင်မှု ရှိမရှိ မရှင်းလင်းခြင်းဖြစ်နေသည့်တိုင် အုတ်အော် သောင်းတင်းမဖြစ်ဘဲ ဆက်လက်ပြေးဆွဲခွင့် ရနေမှု တွေဟာ နိုင်ငံကျော်မိသားစု အသိုင်းအဝိုင်းဖြစ်နေတာ ကြောင့်လားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ နိုင်ငံတော်အကြီးအကဲဟောင်း ဦးနေဝင်းရဲ့မြေးတွေ ဖြစ်နေခြင်း၊ တပ်မတော်နေ့လို နေ့မျိုးတွေမှာ လက်ရှိ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သီးခြားလက်ခံတွေ့ဆုံ စကားပြောခြင်းတွေဟာ Omni Focus အတွက် သက်ညှာခွင့်တွေဖြစ်နေ သလားလို့ မေးခွန်းထုတ်နေကြတာပါ။ YRTA မှ ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မန်ဆိုရင် NP News က သတင်းစာရှင်းလင်းပွဲထဲမှာ မေးခဲ့တဲ့ မေးခွန်းကို တူးတူးခါးခါး ရှောင်ထွက်သွားခဲ့ပါတယ်။ ဖြေကြားပေးဖို့ တာဝန်မရှိသလိုမျိုး၊ မဖြေရဲသလိုမျိုး၊ တစ်စုံတစ်ရာကို စိုးရိမ်နေသလိုမျိုး ရှောင်လွှဲသွားခဲ့ပါတယ်။
"တပ်ချုပ်ကြီးနဲ့တွေ့ထားတော့ တော်ရုံလူက ဘယ်လုပ်ရဲမှာလဲဆိုတဲ့ဟာမျိုးက ဒီခေတ်ကြီးမှာတော့ မရှိတော့ဘူး၊ မရှိလည်း မရှိသင့်တော့ဘူးလို့ ထင်ပါ တယ်။ တပ်ချုပ်ကြီးနဲ့သိလို့ ဘတ်စ်ကားလိုင်စင်ကို သက်တမ်းတိုးထားလို့ ရတယ်ဆိုရင် ကျွန်တော်လည်း စီးပွားရေးလုပ်နေတဲ့သူပဲဗျာ။ အဲဒီလောက်လေးနဲ့ လုပ်ရင် ကျွန်တော့်လောက်တုံးတဲ့သူ ရှိမှာမဟုတ်ဘူး လေ။ တကယ်လို့ အဲဒီလို endure influence သုံး မယ်ဆိုရင် ရွှေတွင်းတွေ သွားတောင်းရင် တောင်းမှာ ပေါ့ဗျာ။ တခြားလုပ်ပိုင်ခွင့်တွေ၊ အော်ပရေတာ လိုင် စင်အသစ်တွေ ချခိုင်းပေးမှာပေါ့ဗျာ။ တချို့ကိစ္စက ရယ်စရာဖြစ်နေတာပေါ့။ ဘတ်စ်ကားလိုင်စင်ကိစ္စမှာ လည်းကားတွေကို ပြေးဆွဲတာရပ်ထားလိုက်မယ်ဆို ရင် ဘယ်သူတွေ အကျိုးယုတ်မှာလဲ။ ပြည်သူတွေပဲ အခက်အခဲဖြစ်သွားမှာ"လို့ ဦးကျော်နေဝင်းက ပြန်လည်တုံ့ပြန်ပါတယ်။ ဦးဖြိုးမင်းသိန်းလက်ထက်က Omni Focus အပြင် ကားကုမ္ပဏီအများစု ချေးငွေရရှိခဲ့ကြသလို ကားအဟောင်းတွေကို အသစ်လို့ခေါင်း စဉ်တပ်ပြီး ဂျင်းထည့်ခဲ့ကြသူတွေရှိတယ်လို့လည်း ဖွင့်ဟပါတယ်။ Omni Focus ကတော့ ဦးဖြိုးမင်း သိန်းလက်ထက်ကတည်းက ဝန်ဆောင်မှုအကောင်း ဆုံးယာဉ်လိုင်းဆုကို ရရှိခဲ့သလို လက်ရှိအထိလည်း ဝန်ဆောင်မှုနဲ့ ငွေကြေးကောက်ခံမှုအပိုင်းကို အကောင်းဆုံးလုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ပြောပါ တယ်။
ဧရာဝတီဘဏ်ဘက်က တုံ့ပြန်ချက်များ
Omni Focus အများပိုင်ကုမ္ပဏီရဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာ(၂၇)ရက်က ပေးပို့တဲ့စာဟာ GM အဆင့်က လက်မှတ်ရေးထိုးထားတယ်လို့ ဧရာဝတီဘဏ်ဘက်က ပြန်လည်ရေးသားခဲ့သလို အခုလိုအရေးကြီးတဲ့ကိစ္စအတွက် ဒါရိုက်တာအဖွဲ့ ဘက်က ဆုံးဖြတ်ချက်ကို ဒါရိုက်တာအဆင့်တစ်ဦးဦး က တာဝန်ခံလက်မှတ်ရေးထိုးပေးပို့ဖို့လိုတဲ့သဘောမျိုး ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁၇)ရက်မှာ အကြောင်းပြန် ထားပါတယ်။ Omni Focus ကုမ္ပဏီထံကို ဧရာဝတီ ဘဏ်ရဲ့အကြောင်းပြန်စာမှာတော့ ချေးငွေအရင်းနဲ့ အတိုးပေးသွင်းရန်ပျက်ကွက်မှုအတွက် ရန်ကုန်တိုင်း တရားလွှတ်တော်ဆီမှာ တရားမကြီးအမှုအမှတ် (၁၀၅/၂၀၁၉)နဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လ(၁၆)ရက်မှာ တရားစွဲဆိုထားကြောင်း ဖော်ပြထားပါတယ်။ YBS(20) မှာ ကားအစီးရေ (၆၉) စီး၊YBS(56) မှာ အစီး(၃၀)နဲ့ ပေါင်း(၉၉)စီး ရှိတယ်လို့ ဆိုပါတယ်။ သက်တမ်းကုန်နေလို့ သက်တမ်းမတိုးဘဲ ယာဉ်လိုင်း ဆက်လက်ပြေးဆွဲနေခြင်းအပေါ် ဘယ်လိုမှတ်ချက် မှ မပေးလိုပေမယ့် တရားရင်ဆိုင်ဆဲ အမှုပိုင်ပစ္စည်း ဖြစ်ခြင်းကြောင့် အမှုစစ်ဆေးကြားနာစဉ်ကာလ အတွင်း သက်တမ်းတိုးလိုတဲ့ကိစ္စဟာ ရန်ကုန်တိုင်း တရားလွှတ်တော်ကိုသာ တင်ပြလျှောက်ထားဖို့ လိုအပ်တယ်လို့ ရေးသားထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးတိုင်းတရားလွှတ်တော်က လိုင်စင်သက် တမ်းတိုးရေးကိစ္စအတွက် အမိန့်ချမှတ်ညွှန်ကြားပေးခဲ့ရင် ဘဏ်ကိုယ်စားလှယ်တစ်ဦးနဲ့အတူ ယာဉ်မှတ်ပုံ တင်မူရင်းတွေကို ကုန်းလမ်းပို့ဆောင်ရေးòန်ကြားမှု ဦးစီးဌာနဆီ တရားရုံးအမိန့်အတိုင်း လိုက်ပါလုပ်ဆောင်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။ "သူတို့ လိုင် စင်လုပ်မရအောင် ကန့်ထားတာမဟုတ်ဘူး။ ဘဏ် မှာ တကယ်စာအုပ်ရှိနေတာက(၉၉)အုပ်ပဲ။ အစီး (၁၀ဝ)ရှိတဲ့အထဲက တစ်စီးက ပျက်စီးဆုံးရှုံးမှုဖြစ် သွားတယ်။ ဒီကားကိစ္စတွေ စဖြစ်တုန်းက တိုင်းဒေသ ကြီးအစိုးရအဖွဲ့လည်း ပါတာဖြစ်တဲ့အတွက်၊ တိုင်းအ စိုးရက အာမခံတာဖြစ်တဲ့အတွက် ချေးငွေထုတ်ပေး တာဆိုတာ ကြားပြီးသားဖြစ်မှာပါ။ အစကတည်းက ကားအစီး(၅၀ဝ)လုံးရဲ့စာအုပ်တွေက ဘဏ်မှာပဲ လာ ထားရမှာကို (၁၀ဝ)ပဲ လာထားတယ်။ တိုင်းအစိုးရကသာ ကြားထဲကနေ အာမခံမယ်ဆိုရင် ဗဟိုဘဏ်ကို တင်ပြပြီးတော့ ခွင့်ပြုချက်နဲ့ထုတ်ပေးလို့ရတယ်။ မဟုတ်ဘဲ ထုတ်ပေးပြီးမှ (၉၉)အုပ်လုံးကို သူတို့က ထပ်ကိုင်ထားလိုက်ရင် ဘဏ်က ဘာမှလုပ်မရတော့ ဘူးလေ။ ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ခံပေးတဲ့စာကို တောင်းခံထားတာရှိတယ်}လို့ ဧရာဝတီဘဏ်ဘက်က တာဝန်ခံတစ်ဦးကလည်း NP New ရဲ့မေးမြန်းချက်ကို ဖြေကြားပါ တယ်။
တစ်နည်းအားဖြင့် ဧရာဝတီဘဏ်ဟာ Omni Focus အတွက် ကားစီးရေ(၅၀ဝ)စာ ချေးငွေ သို့မ ဟုတ် ကားအစီး (၅၀ဝ) ကို ဝယ်ပေးခဲ့ပေမယ့် ဦးကျော်နေဝင်းတို့ဘက်က ဘဏ်လုပ်ထုံး လုပ်နည်း အတိုင်း စာအုပ် (၅၀ဝ) လုံးကို အပေါင်ထားအပ်နှံ ပေးခြင်းမရှိခဲ့တဲ့သဘောလို့ ကောက်ချက်ချရမလို ဖြစ်လာပါတယ်။ ဆိုလိုတာက ဘဏ်တွေမှာ ချေးငွေ တင်ရင် ဘယ်လိုပုံစံနဲ့ပဲတင်ခဲ့သည်ဖြစ်စေ အပေါင်ပစ္စည်းကလိုအပ်ပါတယ်။ အပေါင်ပစ္စည်းကို ဘဏ်က ရမထားရင် ဘဏ်ဘက်ကပဲ ဆုံးရှုံးနစ်နာမှာဖြစ်ပြီး မတတ်သာတဲ့အဆုံးရောက်ရင် တရားစွဲရပါတယ်။ လက်ရှိအနေအထားအရ ကားအစီးရေ(၅၀ဝ)မှာ စာအုပ်(၁၀ဝ)ပဲ ဘဏ်အပေါင်ပစ္စည်းအဖြစ် ရရှိထား သလို အဲဒီအစီး (၁၀ဝ) ကလည်း သက်တမ်းကုန် နေလို့ သက်တမ်းတိုးဖို့ကိစ္စတွေ လိုအပ်လာနေတာ ပါ။ ဒါဆိုရင် အစီး (၄၀ဝ) ကတော့ သက်တမ်းကိစ္စ အတွက် ဦးကျော်နေဝင်းတို့ဘက်က စိုးရိမ်စိတ်ပူ ရခြင်းမရှိဘူးလို့ ယူဆစရာရှိလာပါတယ်။ ဦးကျော် နေဝင်းကလည်း ကားအစီး(၅၀ဝ)ထဲကနေ(၄၀ဝ)က ကိုဗစ်ကာလကတည်းက ရပ်ထားတဲ့သဘောမျိုး ပြောထားပါတယ်။ ကျန်တဲ့အစီး (၁၀ဝ) ထဲက တစ်စီး ဟာ ဗိုလ်တထောင်ဆိပ်ကမ်းနားမှာ ပျက်စီးသွား ခဲ့ပြီးတော့ (၉၉) စီးကို သာ လုပ်ငန်းလည်ပတ်နေတာလို့ ပြောခဲ့သလို အဲဒီ (၉၉) စီးအတွက်သာ သက်တမ်းတိုး ဖို့လိုနေတယ်လို့ ပြောခဲ့ပါတယ်။
အနှစ်ချုပ်၍ သုံးသပ်ကြည့်ရသော်
ရန်ကုန်မြို့လမ်းမတွေပေါ်မှာ မြင်နေရတဲ့ Omni Focus ယာဉ်လိုင်းနံပါတ်နှစ်ခုဟာ လိုင်စင် သက်တမ်းမရှိဘဲ လေးနှစ်ကြာပြေးဆွဲနေတာ ဖြစ်ပါ တယ်။ ဒါဟာ ဥပဒေကို ကျော်လွန်နေတာလည်း အမှန်ပါပဲ။ အာဏာပိုင်တွေဘက်ကလည်း ဥပဒေကို ကျော်လွန်နေတဲ့ ဦးကျော်နေဝင်းပိုင် ယာဉ်လိုင်းနံပါတ် နှစ်ခုကို လုံးဝပိတ်ပစ်ခြင်းမလုပ်နိုင်သေးဘဲ ညှိနှိုင်း ဆွေးနွေးရင်းနဲ့ လေးနှစ်တိုင်အောင် ခွင့်ပြုပေးထား တာ အမှန်ပါပဲ။ ခိုင်မာတဲ့အကြောင်းပြချက်ကတော့ ခရီးသည်တွေ အခက်အခဲကြုံသွားမှာစိုးတာကြောင့် ဆိုသောအချက်အပြင် သက်ဆိုင်သူတွေကြား ညှိနှိုင်း ဆွေးနွေးရင်းနဲ့ နားလည်မှုယူပြီး ပြေးဆွဲနေတာမျိုးလို့ အလီဘိုင်လုပ်လို့ရနေပြန်ပါတယ်။ ဥပဒေအရဆိုရင် အမှုရင်ဆိုင်နေရတဲ့လုပ်ငန်းစဉ်ထဲက ပစ္စည်းတွေကို သုံးစွဲခွင့် ရှိမရှိက ပြန်လည်ဆန်းစစ်ရတော့မှာပါ။ YRTA နဲ့ တိုင်းအစိုးရအဖွဲ့ဟာ ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းထားနိုင်ခြင်း မရှိသေးပါဘူး။ တစ် နည်းအားဖြင့် ဦးဖြိုးမင်းသိန်းရှုပ်ခဲ့သော အရှုပ်ထုပ် ကို တည်ဆဲအာဏာပိုင်တွေက ဖြေရှင်းရခက်နေတာပါ။ အကယ်၍ သာမန်ပုဂ္ဂိုလ်တွေရဲ့အမှုဆိုရင်တော့ ပြီးပြတ်နေလောက်တာကြာပြီဖြစ်သလို ပစ္စည်းတွေ ကလည်း ဆုံးဖြတ်ချက်ကျပြီးလောက်ပါပြီ။ သို့သော်လည်း ဦးနေဝင်းရဲ့မြေးနဲ့ ဦးဇော်ဇော်ရဲ့ဧရာဝတီဘဏ်တို့ကြားက ပြဿနာဖြစ်နေလေတော့ ဖြေရှင်းပေးရမယ့်သူတွေ ခေါင်းကိုက်နေလောက်မှာပါ။ Omni Focus ကိစ္စအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ နောက်ဆုံးအစည်းအဝေးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်လို့တော့ အပြန်အလှန်ပေးပို့စာတွေအရ သိရပါတယ်။ ဦးဖြိုးမင်းသိန်းလက်ထက်ကYBS ကားတွေတင်သွင်းမှုကို အကြီးအကျယ်လုပ်ခဲ့သလို ချေးငွေကိစ္စတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါတယ်။ ဦးကျော်နေဝင်းတို့ရဲ့ Omni Focus အတွက် ကားအစီးရေ(၅၀ဝ)အတွက်ကတော့ ချေး ငွေပမာဏဟာ ဘယ်လောက်ဆိုတာကို တိတိပပ မသိရသေးပါဘူး။ ပြည်ထဲရေးဝန်ကြီးထံ လိပ်မူသော ၂၀၂၄ ခုနှစ် ဧပြီလက တိုင်ကြားချက်နဲ့ သတင်းဌာန ထံရောက်ရှိလာသော အီးမေးလ်အရ ချေးငွေပမာဏ ဟာ ကျပ်(၅၄,၈၁၉,၂၀ဝ,ဝဝဝ) သို့မဟုတ် သိန်း ပေါင်း (၅၄၀ဝဝဝ) ကျော်၊ ဒီအတွက် အတိုးငွေဟာ ကျပ် (၂၂,ဝ၂၁,၆၃၈,၆၈၉.၃၁) သို့မဟုတ် သိန်း ပေါင်း (၂၂၀ဝဝဝ)ကျော် ဖြစ်ပါတယ်။ စုစုပေါင်း ကျပ် သိန်း (၇၆၈၀ဝဝ)ကျော်ဖြစ်သလို နိုင်ငံတော်ကို ပေး သွင်းရမယ့်အခွန်ငွေ ကျပ်သိန်းပေါင်း(၁၉၀ဝဝ)ကျော်ဟာ ဦးကျော်နေဝင်းတို့ဘက်က ပေးရမယ့် ပမာဏတွေဖြစ်လာပါတယ်။ ဧရာဝတီဘဏ်က တရားစွဲ ထားတဲ့အမှုကိုလည်း နှစ်ဖက်ရင်ဆိုင်ကြားနာနေကြဆဲပါ။ ကားအစီးရေ(၉၉)စီးကလည်း သက်တမ်းတိုး မထားရသေးပါ။
ဦးကျော်နေဝင်းကလည်း သက်တမ်းတိုးဖို့ ကိစ္စကို ကြိုးစားနေတယ်လို့ပြောထားသလို ဦးဇော် ဇော်တို့ဘက်ကလည်း စာအုပ်တွေ လုံးဝမပေးဘူးလို့ မပြောခဲ့ပါဘူး။ ဒါဆိုရင် ဒီကြားထဲမှာ 'ဘာ'ပျောက်နေတယ်ထင်ပါသလဲ။ ဒီကိစ္စကို ဘယ်လိုစဉ်းစားဆုံးဖြတ်ပေးချင်ပါသလဲ။ အပြည့်အစုံဖတ်ပြီးတဲ့နောက် မှတ်ချက်လေးတွေပေးပို့နိုင်ကြောင်းလည်း ရေးသားလိုက်ရပါတယ်။
zawgyi version
မ်ိဳးမင္း(မက်ည္းလဟာ) (NP News) - ဇြန္ ၁၄
ဦးေဇာ္ေဇာ္ပိုင္တဲ့ ဧရာဝတီဘဏ္နဲ႔ ဦးေနဝင္း ရဲ႕ေျမး ဦးေက်ာ္ေနဝင္းတို႔ရဲ႕ၾကားကျပႆနာဟာ အသစ္တစ္ဖန္ ျပန္စလာပါၿပီ။ တစ္နည္းအားျဖင့္ ရန္ကုန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္း ေမႊးခဲ့တဲ့ မီးစဟာ ၿငိမ္းသြားေတာ့မလိုလိုကေန အသစ္တစ္ဖန္ ေတာက္ေလာင္လာျခင္းပါပဲ။ ဘယ္အေၾကာင္းအရာ ျဖစ္မလဲဆိုတာကေတာ့ အခုေလာက္ဆို အၾကမ္းဖ်င္း သိေနေလာက္ပါၿပီ။ သို႔ေသာ္လည္း အတြင္းက်က် ျဖစ္စဥ္တခ်ိဳ႕ကေတာ့ ဒီလိုပါ။
ျပည္ထဲေရးဝန္ႀကီးဆီလိပ္မူတဲ့ တိုင္ၾကားစာတစ္ေစာင္
အသစ္ျပန္ျဖစ္လာတဲ့ ျပႆနာရဲ႕အစက Omni Focus ယာဥ္လိုင္းအမွတ္YBS(20) နဲ႔YBS(56) တို႔ လိုင္စင္သက္တမ္းေက်ာ္လြန္ေနတာ ေလးႏွစ္ရွိလာသည့္တိုင္ ဆက္လက္ေျပးဆြဲေနျခင္း အေၾကာင္းပါပဲ။ ၂ဝ၂၄ ခုႏွစ္ ဧၿပီလ(၂၂)ရက္ ရက္စြဲနဲ႔ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ထံကို လိပ္မူတိုင္ၾကားခဲ့တဲ့ စာတစ္ေစာင္ရွိခဲ့ပါတယ္။ တိုင္ၾကားတဲ့ကုမၸဏီက ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ တိုင္ လဲဆိုတာမသိေပမယ့္ တိုင္ၾကားစာထဲမွာပါဝင္လာတဲ့ ကိစၥက အေတာ္ေလး စိတ္ဝင္စားစရာေကာင္းခဲ့တာ ပါ။ YBS အစီး (၅၀ဝ) ပိုင္ရွင္ျဖစ္သူ ဦးေနဝင္းရဲ႕ေျမး ဦးေက်ာ္ေနဝင္းတို႔က လိုင္စင္သက္တမ္းေက်ာ္လြန္ ေနပါလ်က္နဲ႔ ဆက္လက္ေျပးဆြဲခြင့္ရေနျခင္း၊ ႏိုင္ငံေတာ္ကိုေပးေဆာင္ရမယ့္အခြန္ကို ခ်ိဳးေဖာက္ပ်က္ ကြက္ေနျခင္း၊ တရားမဝင္ျဖစ္ေနေသာကားမ်ားကို အမ်ားျပည္သူအတြက္ေျပးဆြဲေနျခင္းေၾကာင့္ ျပည္ သူလူထုအတြက္ လုံၿခဳံစိတ္ခ်ရမႈပိုင္း စိုးရိမ္စရာျဖစ္ လာျခင္းဆိုေသာ ေခါင္းစဥ္မ်ားစြာက တိုင္ၾကားစာထဲ မွာ ပါဝင္လာပါတယ္။
YRTA ေအာက္မွာ ကုမၸဏီ ေပါင္း (၂၁) ခု ရွိတယ္လို႔ေရးသားထားသလို အဲဒီအထဲမွာမွ ဦးေနဝင္းရဲ႕ေျမးေတြပိုင္ဆိုင္တဲ့ Omni Focus ဟာ ၂၀၂၀ ကေနစတင္ၿပီး လိုင္စင္သက္ တမ္းေက်ာ္လြန္ျခင္းကို သက္တမ္းထပ္တိုးမထားေၾကာင္း၊ ေလးႏွစ္အတြင္း ခန႔္မွန္းတန္ဖိုး က်ပ္သိန္း ေပါင္း(၁၉ဝဝဝ)ထက္မနည္းကို ႏိုင္ငံေတာ္ထံအခြန္ ေဆာင္ရန္ပ်က္ကြက္ေနေၾကာင္း၊ ဦးေက်ာ္ေနဝင္းတို႔ ပိုင္ဆိုင္ေသာ့ YBS (82)ဟာ ၂၀၂၄ ခုႏွစ္ မတ္လ (၂၄)ရက္က သိန္း(၂၆ဝ) ေက်ာ္တန္ဖိုးနဲ႔ညီမွ်တဲ့ ပ်က္စီးမႈအတြက္ ၿမိဳ႕ေတာ္စည္ပင္နဲ႔ လွ်ပ္စစ္ဌာနတို႔ ကို ေပးေလ်ာ္ျခင္းမရွိေၾကာင္း၊ လိုင္စင္သက္တမ္းတိုး ထားျခင္းမရွိဘဲ CNG သုံးစြဲခြင့္ရေနျခင္း အစရွိတဲ့ ကိစၥမ်ားစြာကို ေဖာ္ျပထားပါတယ္။ ဒီစာရဲ႕ရည္႐ြယ္ ခ်က္ကေတာ့ ႏိုင္ငံေက်ာ္မိသားစုျဖစ္တဲ့ ႏိုင္ငံေတာ္အ ႀကီးအကဲေဟာင္း ဦးေနဝင္းရဲ႕ေျမးေတြျဖစ္ေနတာ ေၾကာင့္ အခြင့္ထူးခံျဖစ္ခြင့္ရေနသလားလို႔ ေမးခြန္းမ ထုတ္႐ုံတမည္ ၫႊန္းဆိုထားတာပါ။ ဒါ့ျပင္ သတင္းဌာနဆီေရာက္ရွိလာတဲ့ အီးေမးလ္တစ္ေစာင္မွာလည္း အလားတူအခ်က္အလက္ေတြပါဝင္ခဲ့သလို ထပ္တိုး ေတြအျဖစ္ YRTC က ထိန္းခ်ဳပ္တဲ့စနစ္ CCTV နဲ႔ GPS ေတြ တပ္ဆင္ျခင္းမရွိဘဲ Omni Focus က ေျပးဆြဲေနေၾကာင္းေဖာ္ျပထားပါတယ္။ စိတ္ဝင္စားစ ရာအေကာင္းဆုံးအပိုင္းကေတာ့ Omni Focus ဟာ ဦးေဇာ္ေဇာ္ရဲ႕ဧရာဝတီဘဏ္နဲ႔ ေငြေၾကးကိစၥအတြက္ အမႈရင္ဆိုင္ေနရတယ္လို႔ အတိအလင္းေဖာ္ျပထားတာပါ။ ေဖာ္ျပထားတဲ့ကိန္းဂဏန္းကေတာ့ က်ပ္ သိန္းေပါင္း ၅၄ဝဝ၀ဝ ေက်ာ္ (၅၄,၈၁၉,၂၀ဝ,ဝဝဝ) နဲ႔ အတိုးေငြ က်ပ္သိန္းေပါင္း ၂၂၀ဝ၀ဝ ေက်ာ္ (၂၂,ဝ၂၁,၆၃၈,၆၈၉.၃၁) တို႔ကို ရလိုမႈနဲ႔ ဧရာဝတီ ဘဏ္က ဦးေက်ာ္ေနဝင္းရဲ႕ Omni Focus ကို တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။ ႏွစ္ခုေပါင္း ကိန္းဂဏန္းက က်ပ္သိန္းေပါင္း (၇၆၈ဝဝဝ)ေက်ာ္ပါတယ္။ ဒါ့ျပင္ ကညနရဲ႕လုံးထုံးလုပ္နည္းေတြကို ေက်ာ္လြန္ၿပီး ေဖာင္းႂကြနံပါတ္ျပားေတြကို Omni Focus က ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလနဲ႔ ေဖေဖာ္ဝါရီလ ေတြအတြင္းက ထုတ္ယူခြင့္ရခဲ့တယ္လို႔လည္း ေရးသားထားပါတယ္။ ဆိုလိုခ်င္တာကေတာ့ လိုင္စင္ သက္တမ္းတိုးျခင္းမလုပ္တဲ့ သို႔မဟုတ္ လိုင္စင္သက္ တမ္းေက်ာ္လြန္ၿပီး တရားမဝင္သလိုျဖစ္ေနတဲ့ Omni Focus ယာဥ္လိုင္းကို ေဖာင္းႂကြနံပါတ္ျပား ထုတ္ေပးတဲ့ကိစၥဟာ Omni Focus ရဲ႕ပိုင္ရွင္မိသား စု အရွိန္အဝါေၾကာင့္လားလို႔ ေမြးခြန္းထုတ္ထားတာပါ။
Omni Focus ဦးေက်ာ္ေနဝင္းရဲ႕ဖြင့္ဟဝန္ခံခ်က္မ်ား
"ဒီလိုရွိတယ္ဗ်။ အဲဒါကေတာ့ သူတို႔ဘက္က ေျပာတဲ့ သူတို႔တြက္တဲ့ Amount(ပမာဏ) ရွိမွာေပါ့။ သူတို႔ဟာသူတို႔ တြက္ခ်င္တာေတြတြက္တာေလ။ ကြၽန္ေတာ္တို႔ကေတာ့ ကိုဗစ္ကာလေရာ ဘာေတြေရာ အကုန္ျပန္တြက္ရမွာေတြရွိတယ္ေလ။ အဲဒါကိုေတာ့ ကြၽန္ေတာ္ Comment (မွတ္ခ်က္) လုပ္ဖို႔ ခက္လိမ့္ မယ္။ ကြၽန္ေတာ္လည္း ေသခ်ာျပန္တြက္မွ ရမယ္" လို႔ ဦးေက်ာ္ေနဝင္းက NP News ရဲ႕သီးသန႔္ ေမးျမန္းခ်က္ေတြကို ေျဖၾကားပါတယ္။ ေမးျမန္းခဲ့တာကေတာ့ ဧရာဝတီဘဏ္ကို ဆပ္ရမယ့္ပမာဏက က်ပ္သိန္းေပါင္း(၇၆ဝဝဝဝ) ေက်ာ္ရွိတယ္လို႔ တိုင္ၾကား စာတစ္ခုမွာ ေရးထားတဲ့အတြက္ အဲဒီပမာဏက တကယ္ပဲလားဆိုတာပါ။ ေနာက္တစ္ခ်က္က ေလးႏွစ္အ တြင္း ႏိုင္ငံေတာ္ကိုေပးေဆာင္ရမယ့္ အခြန္ေငြ က်ပ္သိန္းေပါင္း (၁၉၀ဝဝ)ေက်ာ္ဆိုေသာကိစၥအတြက္ ဦးေက်ာ္ေနဝင္းဘက္ကေတာ့ "ကားစာအုပ္ျပမွ အ ခြန္ေဆာင္လို႔ရမွာ။ အဲဒီေန႔အထိကို တြက္ရဦးမွာေလ။ ရက္လြန္ဒဏ္ေၾကးေတြတပ္ရဦးမွာ"လို႔ ျပန္လည္ေျပာ ၾကားခဲ့သလို ကားစာအုပ္က ဧရာဝတီဘဏ္ဆီမွာရွိေန တယ္လို႔ ေျပာပါတယ္။ ဒီစကားအရ Omni Focus ဟာ ႏိုင္ငံေတာ္ကို အခြန္ေဆာင္ဖို႔ ပ်က္ကြက္ေနတဲ့ သေဘာမ်ိဳး ေကာက္ခ်က္ခ်ရမွာပါ။ ဦးေက်ာ္ေနဝင္း ဘက္ကေန ျပန္လည္ေပးပို႔လာတဲ့ စာသက္ေသေတြ အရ ယာဥ္စီးေရ(၉၉)စီးဟာ ၂၀၂၀ ျပည့္ႏွစ္ ေမလ (၃၁)ရက္ကတည္းက လိုင္စင္သက္တမ္း ကုန္ေနခဲ့ၿပီ လို႔ေတြ႕ရပါတယ္။ ကုန္းလမ္းပို႔ေဆာင္ေရးလုပ္ငန္းမ်ား ဥပေဒပုဒ္မ (၆၅)အရ မည္သူမွ် လုပ္ ငန္းလိုင္စင္ မရွိဘဲ ကုန္းလမ္းပို႔ေဆာင္ေရးလုပ္ငန္းကို လုပ္ကိုင္ျခင္း မျပဳရလို႔ အတိအလင္းေဖာ္ျပထားတဲ့အတြက္ ဦးေက်ာ္ ေနဝင္းတို႔ရဲ႕ယာဥ္လိုင္းဟာ ဥပေဒကို ခ်ိဳးေဖာက္သ လိုျဖစ္ေနတာလည္း မွန္ေနပါတယ္။ ဒီအတြက္ေၾကာင့္ ဧရာဝတီဘဏ္ဆီကို Omni Focus ကုမၸဏီဘက္ကေန ၂၀၂၃ ခုႏွစ္က ေအာက္တို ဘာ (၂၇)ရက္မွာ စာတစ္ေစာင္ေပးပို႔ခဲ့တာကိုေတြ႕ရပါတယ္။ အဲဒီစာထဲမွာ ေတာ့ ကား (၉၉) စီး သက္တမ္းတိုးေရးအတြက္ ကား Owner Book ေတြကို ေခတၱ ထုတ္ယူသုံးစြဲခြင့္ျပဳဖို႔ ေတာင္းခံထားတာပါ။ လက္မွတ္ကိုေတာ့ ကုမၸဏီ GMအဆင့္က ေရးထိုးတင္ျပခဲ့ပါတယ္။ " လိုင္စင္ သက္တမ္းတိုးဖို႔ကို YRTA က တရားဝင္ၫႊန္ၾကားပါတယ္။ ကုမၸဏီတိုင္းကို ၫႊန္ၾကားတာပါ။ ယာဥ္သက္ တမ္းတိုးဖို႔ကို ဆက္လက္ေဆာင္႐ြက္ပါမယ္လို႔ ျပန္လည္တင္ျပခဲ့သလို ဧရာဝတီဘဏ္နဲ႔လည္း Hire purchase လုပ္ထားတာမို႔လို႔ ကားစာအုပ္သက္တမ္း တိုးဖို႔အတြက္ တရားဝင္ေတာင္းခံခဲ့ပါတယ္။ သူတို႔ဆီက စာျပန္ပါတယ္။ တရား႐ုံးတင္ထားတဲ့ဟာျဖစ္တဲ့အတြက္ ေၾကာင့္ တရား႐ုံးကိုတင္ျပၿပီးရင္ စာအုပ္ေတြကို သက္တမ္းတိုးဖို႔ ဆက္လက္ေဆာင္႐ြက္ပါမယ္လို႔ ေျပာတယ္။ တကယ္တမ္း ေတ့ေတ့ဆိုင္ဆိုင္ YRTA ကညႇိႏႈိင္းေပးတဲ့အခါက်ေတာ့ ပိုက္ဆံေပးမွ စာအုပ္ ေပးမယ့္သေဘာမ်ိဳး ေျပာလာျပန္ပါတယ္။ ဧရာဝတီက ပိုက္ဆံလိုခ်င္လို႔ တရား႐ုံးမွာတင္ထားတာ မဟုတ္လား၊ ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ တရား႐ုံးက ခ်မွတ္တဲ့ဟာကိုပဲ ကြၽန္ေတာ္တို႔ ႏွစ္ဖက္လုံးက လက္ ခံရမယ္ေလ။ A ပဲျဖစ္ျဖစ္ B ပဲျဖစ္ျဖစ္ အမိန႔္ခ်လိုက္ ရင္ အားလုံးက လက္ခံရမွာပဲ။ ဒါေပမဲ့ အခုအခ်ိန္မွာ သူမ်ားနည္းတူ ယာဥ္လိုင္းသက္တမ္းတိုးဖို႔ေတြမွာ စာ အုပ္ေပးရမွာ မဟုတ္ဘူးလား"လို႔ ဦးေက်ာ္ေနဝင္းက ေျပာပါတယ္။
ဒီအခ်က္ေၾကာင့္ သက္တမ္းတိုးဖို႔ကိစၥ ကို တိုးလိုျခင္း မတိုးလိုျခင္းအေပၚ ေျပာပိုင္ခြင့္ မရွိ ေတာ့ေၾကာင္းလည္း ဦးေက်ာ္ေနဝင္းက ဆိုပါတယ္။ သို႔ေသာ္လည္း ကားအစီးေရ ဘယ္ေလာက္ကို ေငြပမာဏ ဘယ္ေလာက္သုံးၿပီးHire purchase နဲ႔ ဝယ္ထားခဲ့တာလဲဆိုတာကိုေတာ့ တိတိပပေျဖၾကား ျခင္းမျပဳဘဲ့ YBS ကိစၥေတြျဖစ္လာျခင္းဟာ ႐ိုးရွင္း တဲ့ကိစၥမဟုတ္ဘူးလို႔ ေျဖၾကားပါတယ္။ "ဘဏ္ကေန ပိုက္ဆံေခ်းထားတာပဲ၊ ေခ်းထားရင္ ျပန္ေပးရမွာပဲဆို သလိုမ်ိဳး ႐ိုးရွင္းတဲ့ကိစၥတစ္ခုမဟုတ္ပါဘူး။ အဲဒီေခ်းေငြကို ကြၽန္ေတာ္တို႔က လိုခ်င္ပါတယ္ဆိုၿပီး ဧရာဝတီ ဘဏ္ဆီမွာတင္ျပခဲ့တာ တစ္ခုမွမရွိဘူး။ သူတို႔ဘက္ က လုပ္ခ်င္လြန္းလို႔ ကြၽန္ေတာ္တို႔ဆီကို ေရာက္လာတဲ့ ပုံစံရွိပါတယ္။ အဲဒီကိစၥကို သင့္ေတာ္တဲ့အခ်ိန္ေရာက္ ရင္ ကြၽန္ေတာ္ရွင္းျပပါမယ္။ အခုအခ်ိန္မွာေတာ့ တရား႐ုံးရင္ဆိုင္ေနရတာမို႔လို႔ အသံျမည္ေအာင္ ေခါင္းေလာင္းသြားတီးတယ္လို႔ မျဖစ္ေစခ်င္ဘူး။ ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ပုံမွန္ေခ်းေငြကိစၥ မဟုတ္ပါဘူး" လို႔ ဦးေက်ာ္ေနဝင္းကေျပာပါတယ္။ အခ်ိဳ႕ေသာ စကားေတြကေတာ့ ေဖာ္ျပရန္မသင့္ေသး တာေတြ ပါဝင္ေနပါေသးတယ္။ ဥပမာအားျဖင့္ "ပိုက္ ဆံေပးမွ ကားစာအုပ္ေပးမယ္ဆိုတာကေတာ့ နည္း နည္း လူႀကီးမဆန္ဘူးလားလို႔"ဆိုေသာ စကားအျပင္ ဧရာဝတီဘဏ္ေၾကာင့္သာ သက္တမ္းတိုးမရတာ ျဖစ္တယ္လို႔ ဦးတည္ေျပာဆိုထားပါတယ္။ တျခား ရႈေထာင့္မွာလည္း ဦးေက်ာ္ေနဝင္းတို႔ရဲ႕Omni Focus ယာဥ္လိုင္းဟာ ေမာ္ေတာ္ယာဥ္ေတြ သက္ တမ္းကုန္ေနျခင္းနဲ႔ ယာဥ္လိုင္းေျပးဆြဲခြင့္ တရားဝင္မႈ ရွိမရွိ မရွင္းလင္းျခင္းျဖစ္ေနသည့္တိုင္ အုတ္ေအာ္ ေသာင္းတင္းမျဖစ္ဘဲ ဆက္လက္ေျပးဆြဲခြင့္ ရေနမႈ ေတြဟာ ႏိုင္ငံေက်ာ္မိသားစု အသိုင္းအဝိုင္းျဖစ္ေနတာ ေၾကာင့္လားဆိုတဲ့ ေမးခြန္းေတြလည္း ရွိေနပါတယ္။ ႏိုင္ငံေတာ္အႀကီးအကဲေဟာင္း ဦးေနဝင္းရဲ႕ေျမးေတြ ျဖစ္ေနျခင္း၊ တပ္မေတာ္ေန႔လို ေန႔မ်ိဳးေတြမွာ လက္ရွိ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သီးျခားလက္ခံေတြ႕ဆုံ စကားေျပာျခင္းေတြဟာ Omni Focus အတြက္ သက္ညႇာခြင့္ေတြျဖစ္ေန သလားလို႔ ေမးခြန္းထုတ္ေနၾကတာပါ။ YRTA မွ ေျပာေရးဆိုခြင့္ရွိသူ ဦးလ်န္က်င့္မန္ဆိုရင္ NP News က သတင္းစာရွင္းလင္းပြဲထဲမွာ ေမးခဲ့တဲ့ ေမးခြန္းကို တူးတူးခါးခါး ေရွာင္ထြက္သြားခဲ့ပါတယ္။ ေျဖၾကားေပးဖို႔ တာဝန္မရွိသလိုမ်ိဳး၊ မေျဖရဲသလိုမ်ိဳး၊ တစ္စုံတစ္ရာကို စိုးရိမ္ေနသလိုမ်ိဳး ေရွာင္လႊဲသြားခဲ့ပါတယ္။
"တပ္ခ်ဳပ္ႀကီးနဲ႔ေတြ႕ထားေတာ့ ေတာ္႐ုံလူက ဘယ္လုပ္ရဲမွာလဲဆိုတဲ့ဟာမ်ိဳးက ဒီေခတ္ႀကီးမွာေတာ့ မရွိေတာ့ဘူး၊ မရွိလည္း မရွိသင့္ေတာ့ဘူးလို႔ ထင္ပါ တယ္။ တပ္ခ်ဳပ္ႀကီးနဲ႔သိလို႔ ဘတ္စ္ကားလိုင္စင္ကို သက္တမ္းတိုးထားလို႔ ရတယ္ဆိုရင္ ကြၽန္ေတာ္လည္း စီးပြားေရးလုပ္ေနတဲ့သူပဲဗ်ာ။ အဲဒီေလာက္ေလးနဲ႔ လုပ္ရင္ ကြၽန္ေတာ့္ေလာက္တုံးတဲ့သူ ရွိမွာမဟုတ္ဘူး ေလ။ တကယ္လို႔ အဲဒီလို endure influence သုံး မယ္ဆိုရင္ ေ႐ႊတြင္းေတြ သြားေတာင္းရင္ ေတာင္းမွာ ေပါ့ဗ်ာ။ တျခားလုပ္ပိုင္ခြင့္ေတြ၊ ေအာ္ပေရတာ လိုင္ စင္အသစ္ေတြ ခ်ခိုင္းေပးမွာေပါ့ဗ်ာ။ တခ်ိဳ႕ကိစၥက ရယ္စရာျဖစ္ေနတာေပါ့။ ဘတ္စ္ကားလိုင္စင္ကိစၥမွာ လည္းကားေတြကို ေျပးဆြဲတာရပ္ထားလိုက္မယ္ဆို ရင္ ဘယ္သူေတြ အက်ိဳးယုတ္မွာလဲ။ ျပည္သူေတြပဲ အခက္အခဲျဖစ္သြားမွာ"လို႔ ဦးေက်ာ္ေနဝင္းက ျပန္လည္တုံ႔ျပန္ပါတယ္။ ဦးၿဖိဳးမင္းသိန္းလက္ထက္က Omni Focus အျပင္ ကားကုမၸဏီအမ်ားစု ေခ်းေငြရရွိခဲ့ၾကသလို ကားအေဟာင္းေတြကို အသစ္လို႔ေခါင္း စဥ္တပ္ၿပီး ဂ်င္းထည့္ခဲ့ၾကသူေတြရွိတယ္လို႔လည္း ဖြင့္ဟပါတယ္။ Omni Focus ကေတာ့ ဦးၿဖိဳးမင္း သိန္းလက္ထက္ကတည္းက ဝန္ေဆာင္မႈအေကာင္း ဆုံးယာဥ္လိုင္းဆုကို ရရွိခဲ့သလို လက္ရွိအထိလည္း ဝန္ေဆာင္မႈနဲ႔ ေငြေၾကးေကာက္ခံမႈအပိုင္းကို အေကာင္းဆုံးလုပ္ေဆာင္ေနဆဲ ျဖစ္တယ္လို႔ေျပာပါ တယ္။
ဧရာဝတီဘဏ္ဘက္က တုံ႔ျပန္ခ်က္မ်ား
Omni Focus အမ်ားပိုင္ကုမၸဏီရဲ႕ ၂၀၂၃ ခုႏွစ္ေအာက္တိုဘာ(၂၇)ရက္က ေပးပို႔တဲ့စာဟာ GM အဆင့္က လက္မွတ္ေရးထိုးထားတယ္လို႔ ဧရာဝတီဘဏ္ဘက္က ျပန္လည္ေရးသားခဲ့သလို အခုလိုအေရးႀကီးတဲ့ကိစၥအတြက္ ဒါ႐ိုက္တာအဖြဲ႕ ဘက္က ဆုံးျဖတ္ခ်က္ကို ဒါ႐ိုက္တာအဆင့္တစ္ဦးဦး က တာဝန္ခံလက္မွတ္ေရးထိုးေပးပို႔ဖို႔လိုတဲ့သေဘာမ်ိဳး ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ(၁၇)ရက္မွာ အေၾကာင္းျပန္ ထားပါတယ္။ Omni Focus ကုမၸဏီထံကို ဧရာဝတီ ဘဏ္ရဲ႕အေၾကာင္းျပန္စာမွာေတာ့ ေခ်းေငြအရင္းနဲ႔ အတိုးေပးသြင္းရန္ပ်က္ကြက္မႈအတြက္ ရန္ကုန္တိုင္း တရားလႊတ္ေတာ္ဆီမွာ တရားမႀကီးအမႈအမွတ္ (၁၀၅/၂၀၁၉)နဲ႔ ၂၀၁၉ ခုႏွစ္ ဩဂုတ္လ(၁၆)ရက္မွာ တရားစြဲဆိုထားေၾကာင္း ေဖာ္ျပထားပါတယ္။ YBS(20) မွာ ကားအစီးေရ (၆၉) စီး၊YBS(56) မွာ အစီး(၃၀)နဲ႔ ေပါင္း(၉၉)စီး ရွိတယ္လို႔ ဆိုပါတယ္။ သက္တမ္းကုန္ေနလို႔ သက္တမ္းမတိုးဘဲ ယာဥ္လိုင္း ဆက္လက္ေျပးဆြဲေနျခင္းအေပၚ ဘယ္လိုမွတ္ခ်က္ မွ မေပးလိုေပမယ့္ တရားရင္ဆိုင္ဆဲ အမႈပိုင္ပစၥည္း ျဖစ္ျခင္းေၾကာင့္ အမႈစစ္ေဆးၾကားနာစဥ္ကာလ အတြင္း သက္တမ္းတိုးလိုတဲ့ကိစၥဟာ ရန္ကုန္တိုင္း တရားလႊတ္ေတာ္ကိုသာ တင္ျပေလွ်ာက္ထားဖို႔ လိုအပ္တယ္လို႔ ေရးသားထားပါတယ္။ ရန္ကုန္တိုင္း ေဒသႀကီးတိုင္းတရားလႊတ္ေတာ္က လိုင္စင္သက္ တမ္းတိုးေရးကိစၥအတြက္ အမိန႔္ခ်မွတ္ၫႊန္ၾကားေပးခဲ့ရင္ ဘဏ္ကိုယ္စားလွယ္တစ္ဦးနဲ႔အတူ ယာဥ္မွတ္ပုံ တင္မူရင္းေတြကို ကုန္းလမ္းပို႔ေဆာင္ေရးòန္ၾကားမႈ ဦးစီးဌာနဆီ တရား႐ုံးအမိန႔္အတိုင္း လိုက္ပါလုပ္ေဆာင္ေပးမယ္လို႔ တုံ႔ျပန္ထားပါတယ္။ "သူတို႔ လိုင္ စင္လုပ္မရေအာင္ ကန႔္ထားတာမဟုတ္ဘူး။ ဘဏ္ မွာ တကယ္စာအုပ္ရွိေနတာက(၉၉)အုပ္ပဲ။ အစီး (၁၀ဝ)ရွိတဲ့အထဲက တစ္စီးက ပ်က္စီးဆုံးရႈံးမႈျဖစ္ သြားတယ္။ ဒီကားကိစၥေတြ စျဖစ္တုန္းက တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕လည္း ပါတာျဖစ္တဲ့အတြက္၊ တိုင္းအ စိုးရက အာမခံတာျဖစ္တဲ့အတြက္ ေခ်းေငြထုတ္ေပး တာဆိုတာ ၾကားၿပီးသားျဖစ္မွာပါ။ အစကတည္းက ကားအစီး(၅၀ဝ)လုံးရဲ႕စာအုပ္ေတြက ဘဏ္မွာပဲ လာ ထားရမွာကို (၁၀ဝ)ပဲ လာထားတယ္။ တိုင္းအစိုးရကသာ ၾကားထဲကေန အာမခံမယ္ဆိုရင္ ဗဟိုဘဏ္ကို တင္ျပၿပီးေတာ့ ခြင့္ျပဳခ်က္နဲ႔ထုတ္ေပးလို႔ရတယ္။ မဟုတ္ဘဲ ထုတ္ေပးၿပီးမွ (၉၉)အုပ္လုံးကို သူတို႔က ထပ္ကိုင္ထားလိုက္ရင္ ဘဏ္က ဘာမွလုပ္မရေတာ့ ဘူးေလ။ ဒါေၾကာင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေထာက္ခံေပးတဲ့စာကို ေတာင္းခံထားတာရွိတယ္}လို႔ ဧရာဝတီဘဏ္ဘက္က တာဝန္ခံတစ္ဦးကလည္း NP New ရဲ႕ေမးျမန္းခ်က္ကို ေျဖၾကားပါ တယ္။
တစ္နည္းအားျဖင့္ ဧရာဝတီဘဏ္ဟာ Omni Focus အတြက္ ကားစီးေရ(၅၀ဝ)စာ ေခ်းေငြ သို႔မ ဟုတ္ ကားအစီး (၅၀ဝ) ကို ဝယ္ေပးခဲ့ေပမယ့္ ဦးေက်ာ္ေနဝင္းတို႔ဘက္က ဘဏ္လုပ္ထုံး လုပ္နည္း အတိုင္း စာအုပ္ (၅၀ဝ) လုံးကို အေပါင္ထားအပ္ႏွံ ေပးျခင္းမရွိခဲ့တဲ့သေဘာလို႔ ေကာက္ခ်က္ခ်ရမလို ျဖစ္လာပါတယ္။ ဆိုလိုတာက ဘဏ္ေတြမွာ ေခ်းေငြ တင္ရင္ ဘယ္လိုပုံစံနဲ႔ပဲတင္ခဲ့သည္ျဖစ္ေစ အေပါင္ပစၥည္းကလိုအပ္ပါတယ္။ အေပါင္ပစၥည္းကို ဘဏ္က ရမထားရင္ ဘဏ္ဘက္ကပဲ ဆုံးရႈံးနစ္နာမွာျဖစ္ၿပီး မတတ္သာတဲ့အဆုံးေရာက္ရင္ တရားစြဲရပါတယ္။ လက္ရွိအေနအထားအရ ကားအစီးေရ(၅၀ဝ)မွာ စာအုပ္(၁၀ဝ)ပဲ ဘဏ္အေပါင္ပစၥည္းအျဖစ္ ရရွိထား သလို အဲဒီအစီး (၁၀ဝ) ကလည္း သက္တမ္းကုန္ ေနလို႔ သက္တမ္းတိုးဖို႔ကိစၥေတြ လိုအပ္လာေနတာ ပါ။ ဒါဆိုရင္ အစီး (၄၀ဝ) ကေတာ့ သက္တမ္းကိစၥ အတြက္ ဦးေက်ာ္ေနဝင္းတို႔ဘက္က စိုးရိမ္စိတ္ပူ ရျခင္းမရွိဘူးလို႔ ယူဆစရာရွိလာပါတယ္။ ဦးေက်ာ္ ေနဝင္းကလည္း ကားအစီး(၅၀ဝ)ထဲကေန(၄၀ဝ)က ကိုဗစ္ကာလကတည္းက ရပ္ထားတဲ့သေဘာမ်ိဳး ေျပာထားပါတယ္။ က်န္တဲ့အစီး (၁၀ဝ) ထဲက တစ္စီး ဟာ ဗိုလ္တေထာင္ဆိပ္ကမ္းနားမွာ ပ်က္စီးသြား ခဲ့ၿပီးေတာ့ (၉၉) စီးကို သာ လုပ္ငန္းလည္ပတ္ေနတာလို႔ ေျပာခဲ့သလို အဲဒီ (၉၉) စီးအတြက္သာ သက္တမ္းတိုး ဖို႔လိုေနတယ္လို႔ ေျပာခဲ့ပါတယ္။
အႏွစ္ခ်ဳပ္၍ သုံးသပ္ၾကည့္ရေသာ္
ရန္ကုန္ၿမိဳ႕လမ္းမေတြေပၚမွာ ျမင္ေနရတဲ့ Omni Focus ယာဥ္လိုင္းနံပါတ္ႏွစ္ခုဟာ လိုင္စင္ သက္တမ္းမရွိဘဲ ေလးႏွစ္ၾကာေျပးဆြဲေနတာ ျဖစ္ပါ တယ္။ ဒါဟာ ဥပေဒကို ေက်ာ္လြန္ေနတာလည္း အမွန္ပါပဲ။ အာဏာပိုင္ေတြဘက္ကလည္း ဥပေဒကို ေက်ာ္လြန္ေနတဲ့ ဦးေက်ာ္ေနဝင္းပိုင္ ယာဥ္လိုင္းနံပါတ္ ႏွစ္ခုကို လုံးဝပိတ္ပစ္ျခင္းမလုပ္ႏိုင္ေသးဘဲ ညႇိႏႈိင္း ေဆြးေႏြးရင္းနဲ႔ ေလးႏွစ္တိုင္ေအာင္ ခြင့္ျပဳေပးထား တာ အမွန္ပါပဲ။ ခိုင္မာတဲ့အေၾကာင္းျပခ်က္ကေတာ့ ခရီးသည္ေတြ အခက္အခဲႀကဳံသြားမွာစိုးတာေၾကာင့္ ဆိုေသာအခ်က္အျပင္ သက္ဆိုင္သူေတြၾကား ညႇိႏႈိင္း ေဆြးေႏြးရင္းနဲ႔ နားလည္မႈယူၿပီး ေျပးဆြဲေနတာမ်ိဳးလို႔ အလီဘိုင္လုပ္လို႔ရေနျပန္ပါတယ္။ ဥပေဒအရဆိုရင္ အမႈရင္ဆိုင္ေနရတဲ့လုပ္ငန္းစဥ္ထဲက ပစၥည္းေတြကို သုံးစြဲခြင့္ ရွိမရွိက ျပန္လည္ဆန္းစစ္ရေတာ့မွာပါ။ YRTA နဲ႔ တိုင္းအစိုးရအဖြဲ႕ဟာ ဒီကိစၥကို ေကာင္းေကာင္းေျဖရွင္းထားႏိုင္ျခင္း မရွိေသးပါဘူး။ တစ္ နည္းအားျဖင့္ ဦးၿဖိဳးမင္းသိန္းရႈပ္ခဲ့ေသာ အရႈပ္ထုပ္ ကို တည္ဆဲအာဏာပိုင္ေတြက ေျဖရွင္းရခက္ေနတာပါ။ အကယ္၍ သာမန္ပုဂၢိဳလ္ေတြရဲ႕အမႈဆိုရင္ေတာ့ ၿပီးျပတ္ေနေလာက္တာၾကာၿပီျဖစ္သလို ပစၥည္းေတြ ကလည္း ဆုံးျဖတ္ခ်က္က်ၿပီးေလာက္ပါၿပီ။ သို႔ေသာ္လည္း ဦးေနဝင္းရဲ႕ေျမးနဲ႔ ဦးေဇာ္ေဇာ္ရဲ႕ဧရာဝတီဘဏ္တို႔ၾကားက ျပႆနာျဖစ္ေနေလေတာ့ ေျဖရွင္းေပးရမယ့္သူေတြ ေခါင္းကိုက္ေနေလာက္မွာပါ။ Omni Focus ကိစၥအတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ ေနာက္ဆုံးအစည္းအေဝးက ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ (၁၉)ရက္လို႔ေတာ့ အျပန္အလွန္ေပးပို႔စာေတြအရ သိရပါတယ္။ ဦးၿဖိဳးမင္းသိန္းလက္ထက္ကYBS ကားေတြတင္သြင္းမႈကို အႀကီးအက်ယ္လုပ္ခဲ့သလို ေခ်းေငြကိစၥေတြလည္း က်ယ္က်ယ္ေလာင္ေလာင္ ထြက္ခဲ့ပါတယ္။ ဦးေက်ာ္ေနဝင္းတို႔ရဲ႕ Omni Focus အတြက္ ကားအစီးေရ(၅၀ဝ)အတြက္ကေတာ့ ေခ်း ေငြပမာဏဟာ ဘယ္ေလာက္ဆိုတာကို တိတိပပ မသိရေသးပါဘူး။ ျပည္ထဲေရးဝန္ႀကီးထံ လိပ္မူေသာ ၂၀၂၄ ခုႏွစ္ ဧၿပီလက တိုင္ၾကားခ်က္နဲ႔ သတင္းဌာန ထံေရာက္ရွိလာေသာ အီးေမးလ္အရ ေခ်းေငြပမာဏ ဟာ က်ပ္(၅၄,၈၁၉,၂၀ဝ,ဝဝဝ) သို႔မဟုတ္ သိန္း ေပါင္း (၅၄၀ဝဝဝ) ေက်ာ္၊ ဒီအတြက္ အတိုးေငြဟာ က်ပ္ (၂၂,ဝ၂၁,၆၃၈,၆၈၉.၃၁) သို႔မဟုတ္ သိန္း ေပါင္း (၂၂၀ဝဝဝ)ေက်ာ္ ျဖစ္ပါတယ္။ စုစုေပါင္း က်ပ္ သိန္း (၇၆၈၀ဝဝ)ေက်ာ္ျဖစ္သလို ႏိုင္ငံေတာ္ကို ေပး သြင္းရမယ့္အခြန္ေငြ က်ပ္သိန္းေပါင္း(၁၉၀ဝဝ)ေက်ာ္ဟာ ဦးေက်ာ္ေနဝင္းတို႔ဘက္က ေပးရမယ့္ ပမာဏေတြျဖစ္လာပါတယ္။ ဧရာဝတီဘဏ္က တရားစြဲ ထားတဲ့အမႈကိုလည္း ႏွစ္ဖက္ရင္ဆိုင္ၾကားနာေနၾကဆဲပါ။ ကားအစီးေရ(၉၉)စီးကလည္း သက္တမ္းတိုး မထားရေသးပါ။
ဦးေက်ာ္ေနဝင္းကလည္း သက္တမ္းတိုးဖို႔ ကိစၥကို ႀကိဳးစားေနတယ္လို႔ေျပာထားသလို ဦးေဇာ္ ေဇာ္တို႔ဘက္ကလည္း စာအုပ္ေတြ လုံးဝမေပးဘူးလို႔ မေျပာခဲ့ပါဘူး။ ဒါဆိုရင္ ဒီၾကားထဲမွာ 'ဘာ'ေပ်ာက္ေနတယ္ထင္ပါသလဲ။ ဒီကိစၥကို ဘယ္လိုစဥ္းစားဆုံးျဖတ္ေပးခ်င္ပါသလဲ။ အျပည့္အစုံဖတ္ၿပီးတဲ့ေနာက္ မွတ္ခ်က္ေလးေတြေပးပို႔ႏိုင္ေၾကာင္းလည္း ေရးသားလိုက္ရပါတယ္။