ကျောက်ဖြူမြို့သစ်စီမံကိန်းအတွက် မြေဧကပေါင်း (၁၅၀ဝဝ) အသုံးပြုခွင့်ရရန် စောင့်ဆိုင်းနေ

 597

ယွန်း (NP News) - ဇွန် ၁၆

ရခိုင်ပြည်နယ်မှ ကျောက်ဖြူမြို့သစ်စီမံကိန်းအတွက် မြေဧကပေါင်း(၁၅၀ဝဝ)ကို အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိတွင် နိုင်ငံတော်အစိုးရ၏ သဘောတူညီချက်ရရှိရေးကို စောင့်ဆိုင်းနေကြောင်း ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါမြို့သစ်စီမံကိန်းတွင် ရွာပေါင်း (၂၀)နီးပါးပါဝင်နေပြီး ၎င်းတို့၏မြေဧကများ အပါအဝင် မြေလွတ်မြေရိုင်းဧက စုစုပေါင်း(၁၅၀ဝဝ)နီးပါးကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ “မြို့သစ်တည်ဖို့နေရာရွေးတော့ အခုရွေးထားတဲ့နေရာမှာက ရွာပေါင်း(၂၀) လောက်ရှိတယ်။ အဲဒီရွာတွေကိုလည်း မဖယ်ခိုင်းဘူး။ မြို့သစ်တည်ပြီးရင် ကျောက်ဖြူမြို့သစ်ရဲ့ ရပ်ကွက်တွေဖြစ်သွားမယ်။ ရွာသားတွေပိုင်ဆိုင်တဲ့မြေတွေကိုလည်း မသိမ်းဘူး။ မြို့သစ်တည်မယ့်ဧရိယာတစ်ခုလုံးက ဧက(၁၅၀ဝဝ)ကျော်ရှိတယ်။ ရွာသားတွေ ပိုင်တာက ဧက (၅၀ဝဝ)လောက်ပဲရှိတယ်။ ဧက(၁၀ဝဝဝ) လောက်က ပိုနေတော့ ပိုနေတဲ့နေရာတွေမှ လမ်းတို့ဘာတို့လုပ်မှာပေါ့။ လမ်းတွေဖောက်ရင်းနဲ့ ပိုင်ရှင်တွေရဲ့မြေတွေပါသွားရင်လည်း အစား ထိုးပေးလို့ရတယ်။ မြေလွတ်မြေလပ်မြေရိုင်းတွေကိုလည်း သုံးရမှာဆိုတော့ နိုင်ငံတော်က ခွင့်ပြုပေးဖို့လိုတယ်။ ပြီးရင် တရားဝင်တင်ဒါစနစ်နဲ့ ယှဉ်ပြိုင်ဖို့လိုတယ်”ဟု ကျောက်ဖြူဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ၎င်းစီမံကိန်းအတွက် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ကို ရရှိပြီးဖြစ်သော် လည်း နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရရှိရေးကို ဆက်လက်စောင့်ဆိုင်းနေရကြောင်း သိရသည်။ အဆိုပါမြို့သစ်စီမံကိန်းကို ကျောက်ဖြူဒေသခံများကလည်း လိုလိုလားလားရှိနေကြပြီး မြို့သစ်တွင် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ဈေးများကိုလည်း စနစ်တကျ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျောက်ဖြူမြို့နယ်မှာ နောက်ထပ်လူဦးရေးတိုးပွားလာမှာနဲ့ SEZ လုပ်ငန်းကြီးစမှာနဲ့က မလုံလောက်တော့ဘူး။ အဲဒီတော့ စနစ်တကျမြို့မရှိဘူးဆိုရင် ဟိုတစ်စုဒီတစ်စုနဲ့ ဖြစ်သွားမယ်။ စာသင် ကျောင်းတို့၊ သုသာန်တို့၊ ဆေးရုံတို့၊ အားကစားကွင်းတို့၊ ဈေးတို့ကအစ စနစ် တကျမရှိတော့ဘူး။ အဲဒီတော့ မြို့သစ်တစ်ခုတည်ဖို့ လိုအပ်လာတယ်။ ဒေသခံတွေအားလုံးက သဘောတူကြတယ်။ လိုလိုလားလားလည်း ရှိကြတယ်။ ရခိုင်ပြည်နယ်အစိုးရကိုလည်း တင်ပြပြီးပြီ။ နိုင်ငံတော် အစိုးရကို လည်း တင်ပြထားတယ်။ တိုင်းပြည်ကလည်း မငြိမ်မသက်ဖြစ်နေတော့ စောင့်နေရတုန်းပဲ။ SEZ ဧရိယာနဲ့တော့ မျက်နှာချင်းဆိုင်ဖြစ်သွားတာပေါ့” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောက်ဖြူ SEZ စီမံကိန်းအတွက် မြေလျော်ကြေးကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်စွာ ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ ထို့ပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ပြောဆိုထားဖူးသည်။

zawgyi version
ေက်ာက္ျဖဴၿမိဳ႕သစ္စီမံကိန္းအတြက္ ေျမဧကေပါင္း (၁၅၀ဝဝ) အသုံးျပဳခြင့္ရရန္ ေစာင့္ဆိုင္းေန
ယြန္း (NP News) - ဇြန္ ၁၆

ရခိုင္ျပည္နယ္မွ ေက်ာက္ျဖဴၿမိဳ႕သစ္စီမံကိန္းအတြက္ ေျမဧကေပါင္း(၁၅၀ဝဝ)ကို အသုံးျပဳသြားမည္ျဖစ္ၿပီး လက္ရွိတြင္ ႏိုင္ငံေတာ္အစိုးရ၏ သေဘာတူညီခ်က္ရရွိေရးကို ေစာင့္ဆိုင္းေနေၾကာင္း ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္းရွိ ေဒသခံစီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

အဆိုပါၿမိဳ႕သစ္စီမံကိန္းတြင္ ႐ြာေပါင္း (၂၀)နီးပါးပါဝင္ေနၿပီး ၎တို႔၏ေျမဧကမ်ား အပါအဝင္ ေျမလြတ္ေျမ႐ိုင္းဧက စုစုေပါင္း(၁၅၀ဝဝ)နီးပါးကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။ “ၿမိဳ႕သစ္တည္ဖို႔ေနရာေ႐ြးေတာ့ အခုေ႐ြးထားတဲ့ေနရာမွာက ႐ြာေပါင္း(၂၀) ေလာက္ရွိတယ္။ အဲဒီ႐ြာေတြကိုလည္း မဖယ္ခိုင္းဘူး။ ၿမိဳ႕သစ္တည္ၿပီးရင္ ေက်ာက္ျဖဴၿမိဳ႕သစ္ရဲ႕ ရပ္ကြက္ေတြျဖစ္သြားမယ္။ ႐ြာသားေတြပိုင္ဆိုင္တဲ့ေျမေတြကိုလည္း မသိမ္းဘူး။ ၿမိဳ႕သစ္တည္မယ့္ဧရိယာတစ္ခုလုံးက ဧက(၁၅၀ဝဝ)ေက်ာ္ရွိတယ္။ ႐ြာသားေတြ ပိုင္တာက ဧက (၅၀ဝဝ)ေလာက္ပဲရွိတယ္။ ဧက(၁၀ဝဝဝ) ေလာက္က ပိုေနေတာ့ ပိုေနတဲ့ေနရာေတြမွ လမ္းတို႔ဘာတို႔လုပ္မွာေပါ့။ လမ္းေတြေဖာက္ရင္းနဲ႔ ပိုင္ရွင္ေတြရဲ႕ေျမေတြပါသြားရင္လည္း အစား ထိုးေပးလို႔ရတယ္။ ေျမလြတ္ေျမလပ္ေျမ႐ိုင္းေတြကိုလည္း သုံးရမွာဆိုေတာ့ ႏိုင္ငံေတာ္က ခြင့္ျပဳေပးဖို႔လိုတယ္။ ၿပီးရင္ တရားဝင္တင္ဒါစနစ္နဲ႔ ယွဥ္ၿပိဳင္ဖို႔လိုတယ္”ဟု ေက်ာက္ျဖဴေဒသခံ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ၎စီမံကိန္းအတြက္ ျပည္နယ္အစိုးရ၏ ခြင့္ျပဳခ်က္ကို ရရွိၿပီးျဖစ္ေသာ္ လည္း ႏိုင္ငံေတာ္အစိုးရ၏ ခြင့္ျပဳခ်က္ရရွိေရးကို ဆက္လက္ေစာင့္ဆိုင္းေနရေၾကာင္း သိရသည္။ အဆိုပါၿမိဳ႕သစ္စီမံကိန္းကို ေက်ာက္ျဖဴေဒသခံမ်ားကလည္း လိုလိုလားလားရွိေနၾကၿပီး ၿမိဳ႕သစ္တြင္ စာသင္ေက်ာင္း၊ ေဆး႐ုံ၊ ေဆးခန္းႏွင့္ ေဈးမ်ားကိုလည္း စနစ္တက် ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ ေက်ာက္ျဖဴၿမိဳ႕နယ္မွာ ေနာက္ထပ္လူဦးေရးတိုးပြားလာမွာနဲ႔ SEZ လုပ္ငန္းႀကီးစမွာနဲ႔က မလုံေလာက္ေတာ့ဘူး။ အဲဒီေတာ့ စနစ္တက်ၿမိဳ႕မရွိဘူးဆိုရင္ ဟိုတစ္စုဒီတစ္စုနဲ႔ ျဖစ္သြားမယ္။ စာသင္ ေက်ာင္းတို႔၊ သုသာန္တို႔၊ ေဆး႐ုံတို႔၊ အားကစားကြင္းတို႔၊ ေဈးတို႔ကအစ စနစ္ တက်မရွိေတာ့ဘူး။ အဲဒီေတာ့ ၿမိဳ႕သစ္တစ္ခုတည္ဖို႔ လိုအပ္လာတယ္။ ေဒသခံေတြအားလုံးက သေဘာတူၾကတယ္။ လိုလိုလားလားလည္း ရွိၾကတယ္။ ရခိုင္ျပည္နယ္အစိုးရကိုလည္း တင္ျပၿပီးၿပီ။ ႏိုင္ငံေတာ္ အစိုးရကို လည္း တင္ျပထားတယ္။ တိုင္းျပည္ကလည္း မၿငိမ္မသက္ျဖစ္ေနေတာ့ ေစာင့္ေနရတုန္းပဲ။ SEZ ဧရိယာနဲ႔ေတာ့ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားတာေပါ့” ဟု အထက္ပါ လုပ္ငန္းရွင္က ေျပာသည္။

လက္ရွိတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေက်ာက္ျဖဴ SEZ စီမံကိန္းအတြက္ ေျမေလ်ာ္ေၾကးကိစၥႏွင့္ပတ္သက္၍ ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ားကို အျမန္ဆုံးၿပီးျပတ္စြာ ေဆာင္႐ြက္ရန္ ဆႏၵရွိေနေၾကာင္း သိရသည္။ ထို႔ျပင္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းကို အျမန္ဆုံးအေကာင္အထည္ေဖာ္ရန္ ေဆာင္႐ြက္လ်က္ရွိၿပီး အဆိုပါစီမံကိန္းႏွင့္အတူ စက္မႈဥယ်ာဥ္စီမံကိန္းကိုပါ ဆက္လက္ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း ၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ျမန္မာအထူးစီးပြားေရးဇုန္ ဗဟိုလုပ္ငန္းအဖြဲ႕ ဥကၠ႒က ေျပာဆိုထားဖူးသည္။

Related news

© 2021. All rights reserved.