စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ

 234

စော (NP News) - အောက်တိုဘာ ၂၃

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရသော စက်မှုဇုန်လုပ်သားများအတွက် အဆောင်ခ ဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ် ဖြစ်လာနေကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်လုပ်ငန်းများအများစုတည်ရှိရာ လှိုင်သာယာမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်တို့မှ စက်မှုဇုန်အလုပ်သမားအများစုသည် အဆောင်များတွင် နေထိုင်နေကြရသောကြောင့် အဆောင်ခ ဈေးတက်လာခြင်းသည် တစ်နယ်တစ်ကျေးမှ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအတွက် အခက် အခဲ ပိုမိုဖြစ်ပေါ်စေခြင်းဖြစ်သည်။ ယခုနှစ်စပိုင်းမှစတင်ကာ အဆောင်ငှားခ တစ်လလျှင် ငွေကျပ် (၆) သောင်းမှ (၇) သောင်းခန့်သို့ မြင့်တက်နေပြီး ကုန်ခဲ့သည့်နှစ်များအတွင်း အဆောင်လခ (၄)သောင်းကျပ်မှ အထက်ပါဈေးအထိ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအလုပ်သမားတွေအနေနဲ့က ရတဲ့လစာနဲ့ အဆောင်ခနဲ့က မမျှတဘူးလေ။ အဆောင်ခ တွေ က မြင့်မြင့်လာတယ်။ လျှပ်စစ်ခ အကုန်လုံးပေါ့။အစစအရာရာ ဘက်ပေါင်းစုံက တက်သွားတဲ့အခါကျ တော့ ဒီလုပ်ခလစာတစ်ခုထဲ နိမ့်ကျန်ခဲ့လို့ အဆင်မပြေဘူးလေ။ အခုတော့ လုပ်ခလစာက ထင်သ လောက်တက်မလာဘူး။ ကုန်ဈေးနှုန်းမြင့်တယ်ဆိုရင် တစ်ခုထဲက မြင့်နေပြီး ကျန်တဲ့ဟာ နိမ့်နေတယ် ဆိုရင် အဲဒီနိမ့်နေတဲ့တစ်ခုထဲပဲ ကွက်ပြီးကျန်နေခဲ့မှာပေါ့။ဘက်ပေါင်းစုံကနေ တစ်ပြေးညီတက်ရမှာ ပေါ့။ကျန်တာတွေကတော့ တက်လာတယ်။ ဒါကြောင့်မို့လို့ လုပ်ခလစာတွေကို(၃)ဒေါ်လာနဲ့အထက် ပေးဖို့ အတွက်ကို ရရှိဖို့ပေါ့။ ပေးတယ်ဆိုတာထက် လိုချင်တယ်တောင်းဆိုမှုပေါ့ demand ထုတ်ထား တယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် အလုပ်သမားအဖွဲ့အစည်းများအနေဖြင့် အောက်တိုဘာလ (၇)ရက် (World Day for Decent Work) က အလုပ်သမားများအတွက် လုပ်ခလစာ (၃)ဒေါ်လာနှင့်အထက် ရရှိရန် တောင်းဆို ထားကြောင်း သိရသည်။ “ ဒီလုပ်ခလစာနည်းတယ်။ တချို့စက်ရုံတွေကကျတော့ အချိန်တွေအများကြီး အလုပ်လုပ် ရတာရှိတယ်။ သူတို့ရမယ့်လုပ်ခ လစာ ဒီဒဏ်ကြေးက (၆၈၀ဝ) တို့ (၅၈၀ဝ)တို့ (၇၈၀ဝ)တို့အဲဒီ လောက်လေးနဲ့ စားဝတ်နေရေး အဆင်မပြေဘူးလေ။ ဒီ OT မှီပြီး တော့အလုပ်လုပ်ကြရတယ် ” ဟု ၎င်းက ဆက်လက် ပြောသည်။

အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက်လျှင် (၄၈၀ဝ)ကျပ်အပြင် ထပ်မံ၍အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုခဲ့သဖြင့် တစ်ရက်လျှင် (၆၈၀ဝ)ကျပ်ကို ရရှိမည်ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသား ကော်မတီက ဩဂုတ်(၉)ရက် ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
စက္မႈဇုန္လုပ္သားမ်ားအတြက္ ကုန္ေဈးႏႈန္းဒဏ္အျပင္ အေဆာင္ခေဈးႏႈန္းႀကီးျမင့္ျခင္းကလည္း ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္လာေန
ေစာ (NP News) - ေအာက္တိုဘာ ၂၃

ကုန္ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ကို ရင္ဆိုင္ေနရေသာ စက္မႈဇုန္လုပ္သားမ်ားအတြက္ အေဆာင္ခ ေဈးႏႈန္းႀကီးျမင့္ျခင္းကလည္း ထိုးႏွက္ခ်က္တစ္ရပ္ ျဖစ္လာေနေၾကာင္း အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာၾကားခ်က္အရ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္လုပ္ငန္းမ်ားအမ်ားစုတည္ရွိရာ လႈိင္သာယာၿမိဳ႕နယ္ ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔မွ စက္မႈဇုန္အလုပ္သမားအမ်ားစုသည္ အေဆာင္မ်ားတြင္ ေနထိုင္ေနၾကရေသာေၾကာင့္ အေဆာင္ခ ေဈးတက္လာျခင္းသည္ တစ္နယ္တစ္ေက်းမွ ေျပာင္းေ႐ႊ႕အလုပ္လုပ္ကိုင္ေနၾကေသာ အလုပ္သမားမ်ားအတြက္ အခက္ အခဲ ပိုမိုျဖစ္ေပၚေစျခင္းျဖစ္သည္။ ယခုႏွစ္စပိုင္းမွစတင္ကာ အေဆာင္ငွားခ တစ္လလွ်င္ ေငြက်ပ္ (၆) ေသာင္းမွ (၇) ေသာင္းခန႔္သို႔ ျမင့္တက္ေနၿပီး ကုန္ခဲ့သည့္ႏွစ္မ်ားအတြင္း အေဆာင္လခ (၄)ေသာင္းက်ပ္မွ အထက္ပါေဈးအထိ ေရာက္ရွိသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီအလုပ္သမားေတြအေနနဲ႔က ရတဲ့လစာနဲ႔ အေဆာင္ခနဲ႔က မမွ်တဘူးေလ။ အေဆာင္ခ ေတြ က ျမင့္ျမင့္လာတယ္။ လွ်ပ္စစ္ခ အကုန္လုံးေပါ့။အစစအရာရာ ဘက္ေပါင္းစုံက တက္သြားတဲ့အခါက် ေတာ့ ဒီလုပ္ခလစာတစ္ခုထဲ နိမ့္က်န္ခဲ့လို႔ အဆင္မေျပဘူးေလ။ အခုေတာ့ လုပ္ခလစာက ထင္သ ေလာက္တက္မလာဘူး။ ကုန္ေဈးႏႈန္းျမင့္တယ္ဆိုရင္ တစ္ခုထဲက ျမင့္ေနၿပီး က်န္တဲ့ဟာ နိမ့္ေနတယ္ ဆိုရင္ အဲဒီနိမ့္ေနတဲ့တစ္ခုထဲပဲ ကြက္ၿပီးက်န္ေနခဲ့မွာေပါ့။ဘက္ေပါင္းစုံကေန တစ္ေျပးညီတက္ရမွာ ေပါ့။က်န္တာေတြကေတာ့ တက္လာတယ္။ ဒါေၾကာင့္မို႔လို႔ လုပ္ခလစာေတြကို(၃)ေဒၚလာနဲ႔အထက္ ေပးဖို႔ အတြက္ကို ရရွိဖို႔ေပါ့။ ေပးတယ္ဆိုတာထက္ လိုခ်င္တယ္ေတာင္းဆိုမႈေပါ့ demand ထုတ္ထား တယ္” ဟု ၎ကေျပာသည္။

ထို႔ေၾကာင့္ အလုပ္သမားအဖြဲ႕အစည္းမ်ားအေနျဖင့္ ေအာက္တိုဘာလ (၇)ရက္ (World Day for Decent Work) က အလုပ္သမားမ်ားအတြက္ လုပ္ခလစာ (၃)ေဒၚလာႏွင့္အထက္ ရရွိရန္ ေတာင္းဆို ထားေၾကာင္း သိရသည္။ “ ဒီလုပ္ခလစာနည္းတယ္။ တခ်ိဳ႕စက္႐ုံေတြကက်ေတာ့ အခ်ိန္ေတြအမ်ားႀကီး အလုပ္လုပ္ ရတာရွိတယ္။ သူတို႔ရမယ့္လုပ္ခ လစာ ဒီဒဏ္ေၾကးက (၆၈၀ဝ) တို႔ (၅၈၀ဝ)တို႔ (၇၈၀ဝ)တို႔အဲဒီ ေလာက္ေလးနဲ႔ စားဝတ္ေနေရး အဆင္မေျပဘူးေလ။ ဒီ OT မွီၿပီး ေတာ့အလုပ္လုပ္ၾကရတယ္ ” ဟု ၎က ဆက္လက္ ေျပာသည္။

အလုပ္သမားမ်ားအတြက္ အနိမ့္ဆုံးလုပ္ခလစာကို တစ္ရက္လွ်င္ (၄၈၀ဝ)က်ပ္အျပင္ ထပ္မံ၍အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္ျပဳခဲ့သျဖင့္ တစ္ရက္လွ်င္ (၆၈၀ဝ)က်ပ္ကို ရရွိမည္ျဖစ္ေၾကာင္း အနည္းဆုံး အခေၾကးေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသား ေကာ္မတီက ဩဂုတ္(၉)ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.