အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်

 413

Pika (NP News) - အောက်တိုဘာ ၁၆

အမေရိကန်အစိုးရသည် အမေရိကန်ဒေါ်လာကို ငွေကြေးလဲလှယ်မှုကြားခံတစ်ခု သို့မဟုတ် တန်ဖိုးရှိသည့်အရာတစ်ခုအဖြစ် လုပ်ဆောင်ခြင်းထက် လက်နက်တစ်ခုအဖြစ် အသုံးချခဲ့ကြောင်း အမေရိကန်စီးပွားရေး ပညာရှင်နှင့် ပြည်သူ့မူဝါဒ ရေးရာလေ့လာသုံးသပ်သူ ဂျက်ဖာရီဆက်ချ်က ပြော ကြားခဲ့သည်။ ဂျက်ဖာရီဆက်ချ်သည် BRICS အဖွဲ့ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး များ အစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ၎င်း၏မိန့်ခွန်းတွင် အောက်တိုဘာလ(၁၀)ရက်က ယခုကဲ့ သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ BRICS အဖွဲ့ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများသည် ယခုလနှောင်းပိုင်းတွင် ကာဇန်မြို့၌ကျင်းပမည့် (၂၀၂၄)ခုနှစ် BRICS ထိပ်သီး အစည်းအဝေးမတိုင်မီ နိုင်ငံတကာ ငွေကြေး နှင့်ဘဏ္ဍာရေးစနစ်တိုးတက်ရေးတို့ကို ဆွေးနွေးရန် အတွက် မော်စကိုမြို့တွင်တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်က အမေရိကန်ဒေါ်လာကို လက်နက်အဖြစ်အသုံးပြုခြင်းသည် ရုရှား၏ပိုင် ဆိုင် မှုများကိုသိမ်းယူခြင်းမှတစ်ဆင့် ထင်ရှားစွာဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း ဂျက်ဖာရီဆက်ချ်ကပြောကြားခဲ့သည်။

ထို့ပြင် အီရန်၊ ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန် နှင့်အခြားနိုင်ငံများ၏ ဘဏ္ဍာငွေများကို အမေရိကန် အစိုးရက သိမ်းဆည်းထားခြင်းကို ဂျက်ဖာရီဆက်ချ်က ထောက်ပြပြောဆိုခဲ့ကြောင်းလည်းသိရသည်။ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများသည် ရုရှားဗဟိုဘဏ်၏ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ (၃၀ဝ)ဘီလျံဝန်းကျင်ကို သိမ်း ဆည်းထားပြီး ၎င်းတို့အနက် အမေရိကန်ဒေါ်လာ(၅)ဘီလျံဝန်းကျင်မှာ အမေရိကန်ဘဏ်များတွင် ရှိနေ ကြောင်းသိရသည်။ ထို့ပြင် ပြီးခဲ့သည့်ဧပြီလတွင် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်သည် အမေရိကန် တွင်ရှိနေသော ရုရှားပိုင်ဘဏ္ဍာငွေများကို သိမ်းယူ ရန်နှင့် ယူကရိန်း ပြန်လည်တည်ဆောက်ရေးရန်ပုံငွေသို့ လွှဲပြောင်းခွင့်ပြုသည့်ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရသည်။

ဂျက်ဖာရီဆက်ချ် က “ အမေရိကန်ဒေါ်လာကို ပေးချေမှုယန္တရားတစ်ခု အနေနဲ့ သုံးလို့မရပါဘူး။ အမေရိကန်ဒေါ်လာဟာ ရန်လိုမှုမူဝါဒရဲ့လက်နက်တစ်ခုဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့(၁၅)နှစ်လောက်အတွင်း အဲဒီလိုလုပ်နေတာ တွေ ရပ်တန့်ဖို့ ကျွန်တော့်အစိုးရကိုပြောခဲ့ပါတယ်။ ဒီလို လုပ်တာက အမေရိကန်ဒေါ်လာအပေါ် ယုံကြည် မှုတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ဒီလိုစနစ်မျိုးနဲ့ ဆက်သွားလို့မရပါဘူး ” ဟုပြောဆိုခဲ့သည်။

zawgyi version
အေမရိကန္က ေဒၚလာကို လက္နက္တစ္ခုအျဖစ္အသုံးခ်ေနေၾကာင္း
အေမရိကန္ စီးပြားေရး ပညာရွင္တစ္ဦး ေဝဖန္
Pika (NP News) - ေအာက္တိုဘာ ၁၆

အေမရိကန္အစိုးရသည္ အေမရိကန္ေဒၚလာကို ေငြေၾကးလဲလွယ္မႈၾကားခံတစ္ခု သို႔မဟုတ္ တန္ဖိုးရွိသည့္အရာတစ္ခုအျဖစ္ လုပ္ေဆာင္ျခင္းထက္ လက္နက္တစ္ခုအျဖစ္ အသုံးခ်ခဲ့ေၾကာင္း အေမရိကန္စီးပြားေရး ပညာရွင္ႏွင့္ ျပည္သူ႔မူဝါဒ ေရးရာေလ့လာသုံးသပ္သူ ဂ်က္ဖာရီဆက္ခ်္က ေျပာ ၾကားခဲ့သည္။ ဂ်က္ဖာရီဆက္ခ်္သည္ BRICS အဖြဲ႕ ဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္အုပ္ခ်ဳပ္ေရးမႉး မ်ား အစည္းအေဝးသို႔ ဗီဒီယိုလင့္ခ္မွတစ္ဆင့္ ၎၏မိန႔္ခြန္းတြင္ ေအာက္တိုဘာလ(၁၀)ရက္က ယခုကဲ့ သို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ BRICS အဖြဲ႕ဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ အုပ္ခ်ဳပ္ေရးမႉးမ်ားသည္ ယခုလေႏွာင္းပိုင္းတြင္ ကာဇန္ၿမိဳ႕၌က်င္းပမည့္ (၂၀၂၄)ခုႏွစ္ BRICS ထိပ္သီး အစည္းအေဝးမတိုင္မီ ႏိုင္ငံတကာ ေငြေၾကး ႏွင့္ဘ႑ာေရးစနစ္တိုးတက္ေရးတို႔ကို ေဆြးေႏြးရန္ အတြက္ ေမာ္စကိုၿမိဳ႕တြင္ေတြ႕ဆုံခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္က အေမရိကန္ေဒၚလာကို လက္နက္အျဖစ္အသုံးျပဳျခင္းသည္ ႐ုရွား၏ပိုင္ ဆိုင္ မႈမ်ားကိုသိမ္းယူျခင္းမွတစ္ဆင့္ ထင္ရွားစြာျဖစ္ေပၚခဲ့ ျခင္းျဖစ္ေၾကာင္း ဂ်က္ဖာရီဆက္ခ်္ကေျပာၾကားခဲ့သည္။

ထို႔ျပင္ အီရန္၊ ဗင္နီဇြဲလား၊ အာဖဂန္နစၥတန္ ႏွင့္အျခားႏိုင္ငံမ်ား၏ ဘ႑ာေငြမ်ားကို အေမရိကန္ အစိုးရက သိမ္းဆည္းထားျခင္းကို ဂ်က္ဖာရီဆက္ခ်္က ေထာက္ျပေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္သည့္ ပိတ္ဆို႔အေရးယူမႈမ်ား၏ တစ္စိတ္တစ္ပိုင္းအျဖစ္ အေမရိကန္ႏွင့္ ၎၏မိတ္ဖက္ႏိုင္ငံမ်ားသည္ ႐ုရွားဗဟိုဘဏ္၏ပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ (၃၀ဝ)ဘီလ်ံဝန္းက်င္ကို သိမ္း ဆည္းထားၿပီး ၎တို႔အနက္ အေမရိကန္ေဒၚလာ(၅)ဘီလ်ံဝန္းက်င္မွာ အေမရိကန္ဘဏ္မ်ားတြင္ ရွိေန ေၾကာင္းသိရသည္။ ထို႔ျပင္ ၿပီးခဲ့သည့္ဧၿပီလတြင္ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္သည္ အေမရိကန္ တြင္ရွိေနေသာ ႐ုရွားပိုင္ဘ႑ာေငြမ်ားကို သိမ္းယူ ရန္ႏွင့္ ယူကရိန္း ျပန္လည္တည္ေဆာက္ေရးရန္ပုံေငြသို႔ လႊဲေျပာင္းခြင့္ျပဳသည့္ဥပေဒမူၾကမ္းကို လက္မွတ္ေရးထိုးခဲ့ေၾကာင္းလည္းသိရသည္။

ဂ်က္ဖာရီဆက္ခ်္ က “ အေမရိကန္ေဒၚလာကို ေပးေခ်မႈယႏၲရားတစ္ခု အေနနဲ႔ သုံးလို႔မရပါဘူး။ အေမရိကန္ေဒၚလာဟာ ရန္လိုမႈမူဝါဒရဲ႕လက္နက္တစ္ခုျဖစ္လာေနပါတယ္။ ၿပီးခဲ့တဲ့(၁၅)ႏွစ္ေလာက္အတြင္း အဲဒီလိုလုပ္ေနတာ ေတြ ရပ္တန႔္ဖို႔ ကြၽန္ေတာ့္အစိုးရကိုေျပာခဲ့ပါတယ္။ ဒီလို လုပ္တာက အေမရိကန္ေဒၚလာအေပၚ ယုံၾကည္ မႈေတြကို ဖ်က္ဆီးပစ္ပါလိမ့္မယ္။ ဒီလိုစနစ္မ်ိဳးနဲ႔ ဆက္သြားလို႔မရပါဘူး ” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.