ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ်ဘီလျံ(၄ဝဝဝဝ)နီးပါးရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း

 263

မြူနစ်၊ ယွန်း (NP News) - အောက်တိုဘာ ၂၃

ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏အသုံးစရိတ်မှာ ငွေကျပ်ဘီလျံ (၄၀ဝဝဝ) နီးပါးရှိနိုင်ပြီး ဘီလျံ(၇၀ဝဝ)ကျော် လိုငွေပြနိုင်ကြောင်း ခန့်မှန်းထားသည်။

နစကအစိုးရ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်သော (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်များတွင် အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ စုစု ပေါင်းအသုံးစရိတ်အနေဖြင့် ငွေကျပ်(၃၉၆၇၂ ဒသမ ၆၂၀)ဘီလျံ သုံးစွဲရန် လျာထားကြောင်း တွေ့ရှိရပြီး ပြည်ထောင်စု၏ စုစုပေါင်းရငွေသည် ငွေကျပ် (၃၁၇၉၃ ဒသမ ၃၃၂) ဘီလျံ ပြန်လည်ရရှိရန် နစကဘက်က ခန့်မှန်းထားသည်။

ထို့ကြောင့် ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း၌ ပြည်ထောင်စု၏ စုစုပေါင်း လိုငွေအနေဖြင့် ငွေကျပ်(၇၈၇၉ ဒသမ ၂၈၈)ဘီလျံ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။လက်ရှိတွင် မြန်မာနိုင်ငံတော်အနေဖြင့် အခွန်အကောက်ရငွေပိုင်းတွင် နည်းပါးနေလျက်ရှိသကဲ့သို့ အချို့သော ဝန်ကြီးဌာနများ၏ အသုံးစရိတ်များကိုလည်း သေချာစွာစိစစ်ရန် လိုအပ်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။

“လိုငွေဘာကြောင့် ပြတာလဲဆိုတော့ အဓိကကတော့ အခွန်အကောက်ရတာနည်းတာရယ် ပြီးတော့ ဝန်ကြီးဌာနတွေရဲ့ သုံးတဲ့ဘတ်ဂျက်တွေက တချို့ဟာတွေကတော့ သေချာစိစစ်ဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့က လုပ်ငန်းတွေကတော့ လုပ်ရမှာအများကြီးရှိတော့ လုပ်တော့လုပ်ရမှာပဲ။ အဓိကက အခွန်အကောက်အပြည့်အဝမရတာ။ နိုင်ငံတော် ဘဏ္ဍာမရှာနိုင်တာပေါ့။ မရှာနိုင်ဘဲနဲ့ လုပ်ရမယ့်ဟာတွေကများနေတယ်။ အဲဒီတော့ ဘယ်အသုံးစရိတ်က များနေလဲဆိုတာကို ပြန်စိစစ်ဖို့ကတော့ နိုင်ငံတော်က ပြန်ကြည့်ရမှာပေါ့။ ဒီတိုင်းကျတော့ ဘယ်နေရာတွေက သုံးသင့်တယ်၊ မသုံးသင့်ဘူး ဆို တာက လွှတ်တော် မရှိတဲ့အခါကျတော့ သေချာအသေးစိတ်မသိရဘူး။ အရင်တုန်းကဆိုရင် လွှတ်တော်ရှိ တဲ့အခါ ဘာတွေအတွက် ဘတ်ဂျက်တောင်းတယ်ဆိုတဲ့ဟာတွေပါလာရင် အဲဒီအပေါ်မှာ အငြင်းအခုံနဲ့ သုံးသင့်တယ်၊ မသုံးသင့်ဘူးတွေဖြစ်တဲ့အခါကျတော့ ချိန်လို့ရတာပေါ့။ အခုက လွှတ်တော်မရှိတဲ့ကာလ ဆိုတော့ ဝန်ကြီးဌာနတွေက တင်တယ်။ အဲဒါကိုလည်း လူကြီးက ဖြတ်ချလို့ရတဲ့အထိတော့ ဖြတ်ချ တယ်။ အမှန်တော့ ဒီလိုဖြစ်လာရင် သုံးမယ့်ဘတ်ဂျက်ကို လျှော့ရမှာ။ အခုကတော့ လျှော့လို့မရလို့နေမှာ ပေါ့။ အဲဒီလိုမရရင်တော့ ဘတ်ဂျက်ကို တိုးရှာဖို့လိုတာပေါ့။ တိုးဖို့ ဆိုတာကလည်း အခွန်ပဲရှိတယ်လေ” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတော် အနေဖြင့် အခွန်အကောက်ရငွေမှ စုစုပေါင်း ငွေကျပ် (၉၃၇၈ ဒသမ ၄၀၄) ဘီလျံအထိရရှိရန် နစကဘက်က ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ ပြီးခဲ့သော NLD အစိုးရလက်ထက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ငွေကျပ်ဘီလျံ (၈၀ဝဝ)ကျော် လိုငွေပြခဲ့ဖူးပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော လက်ရှိနစကအစိုးရလက်ထက် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင်လည်း ငွေကျပ်ဘီလျံ (၇၀ဝဝ)ကျော် လိုငွေပြခဲ့သည်။ မြန်မာနိုင်ငံတွင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှစ၍ လက်ရှိအချိန်အထိ ပြည် ထောင်စုရငွေ၊ သုံးငွေများနှင့်ပတ်သက်၍ နှစ်စဉ်လိုလိုဆိုသကဲ့သို့ လိုငွေပြနေလျက်ရှိသည်။

zawgyi version
ယခုဘ႑ာႏွစ္အတြင္း ျပည္ေထာင္စု၏ အသုံးစရိတ္ ေငြက်ပ္ ဘီလ်ံ (၄ဝဝဝဝ)နီးပါး ရွိႏိုင္ၿပီး ဘီလ်ံ (၇ဝဝဝ)ေက်ာ္ လိုေငြျပႏိုင္ဟု ခန႔္မွန္း
ျမဴနစ္၊ ယြန္း (NP News) - ေအာက္တိုဘာ ၂၃

ယခု (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္အတြင္း ျပည္ေထာင္စု၏အသုံးစရိတ္မွာ ေငြက်ပ္ဘီလ်ံ (၄၀ဝဝဝ) နီးပါးရွိႏိုင္ၿပီး ဘီလ်ံ(၇၀ဝဝ)ေက်ာ္ လိုေငြျပႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။

နစကအစိုးရ၏ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနကထုတ္ျပန္ေသာ (၂၀၂၄-၂၀၂၅) ဘ႑ာေရးႏွစ္အရအသုံးခန႔္မွန္းေျခ ေငြစာရင္းဆိုင္ရာအခ်က္အလက္မ်ားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေဖာ္ျပထားျခင္းျဖစ္သည္။ လက္ရွိဘ႑ာႏွစ္တြင္ ျပည္ေထာင္စု၏ စုစု ေပါင္းအသုံးစရိတ္အေနျဖင့္ ေငြက်ပ္(၃၉၆၇၂ ဒသမ ၆၂၀)ဘီလ်ံ သုံးစြဲရန္ လ်ာထားေၾကာင္း ေတြ႕ရွိရၿပီး ျပည္ေထာင္စု၏ စုစုေပါင္းရေငြသည္ ေငြက်ပ္ (၃၁၇၉၃ ဒသမ ၃၃၂) ဘီလ်ံ ျပန္လည္ရရွိရန္ နစကဘက္က ခန႔္မွန္းထားသည္။

ထို႔ေၾကာင့္ ယခု (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္အတြင္း၌ ျပည္ေထာင္စု၏ စုစုေပါင္း လိုေငြအေနျဖင့္ ေငြက်ပ္(၇၈၇၉ ဒသမ ၂၈၈)ဘီလ်ံ ျဖစ္ေပၚႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။လက္ရွိတြင္ ျမန္မာႏိုင္ငံေတာ္အေနျဖင့္ အခြန္အေကာက္ရေငြပိုင္းတြင္ နည္းပါးေနလ်က္ရွိသကဲ့သို႔ အခ်ိဳ႕ေသာ ဝန္ႀကီးဌာနမ်ား၏ အသုံးစရိတ္မ်ားကိုလည္း ေသခ်ာစြာစိစစ္ရန္ လိုအပ္ေၾကာင္း ျပည္တြင္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။

“လိုေငြဘာေၾကာင့္ ျပတာလဲဆိုေတာ့ အဓိကကေတာ့ အခြန္အေကာက္ရတာနည္းတာရယ္ ၿပီးေတာ့ ဝန္ႀကီးဌာနေတြရဲ႕ သုံးတဲ့ဘတ္ဂ်က္ေတြက တခ်ိဳ႕ဟာေတြကေတာ့ ေသခ်ာစိစစ္ဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔က လုပ္ငန္းေတြကေတာ့ လုပ္ရမွာအမ်ားႀကီးရွိေတာ့ လုပ္ေတာ့လုပ္ရမွာပဲ။ အဓိကက အခြန္အေကာက္အျပည့္အဝမရတာ။ ႏိုင္ငံေတာ္ ဘ႑ာမရွာႏိုင္တာေပါ့။ မရွာႏိုင္ဘဲနဲ႔ လုပ္ရမယ့္ဟာေတြကမ်ားေနတယ္။ အဲဒီေတာ့ ဘယ္အသုံးစရိတ္က မ်ားေနလဲဆိုတာကို ျပန္စိစစ္ဖို႔ကေတာ့ ႏိုင္ငံေတာ္က ျပန္ၾကည့္ရမွာေပါ့။ ဒီတိုင္းက်ေတာ့ ဘယ္ေနရာေတြက သုံးသင့္တယ္၊ မသုံးသင့္ဘူး ဆို တာက လႊတ္ေတာ္ မရွိတဲ့အခါက်ေတာ့ ေသခ်ာအေသးစိတ္မသိရဘူး။ အရင္တုန္းကဆိုရင္ လႊတ္ေတာ္ရွိ တဲ့အခါ ဘာေတြအတြက္ ဘတ္ဂ်က္ေတာင္းတယ္ဆိုတဲ့ဟာေတြပါလာရင္ အဲဒီအေပၚမွာ အျငင္းအခုံနဲ႔ သုံးသင့္တယ္၊ မသုံးသင့္ဘူးေတြျဖစ္တဲ့အခါက်ေတာ့ ခ်ိန္လို႔ရတာေပါ့။ အခုက လႊတ္ေတာ္မရွိတဲ့ကာလ ဆိုေတာ့ ဝန္ႀကီးဌာနေတြက တင္တယ္။ အဲဒါကိုလည္း လူႀကီးက ျဖတ္ခ်လို႔ရတဲ့အထိေတာ့ ျဖတ္ခ် တယ္။ အမွန္ေတာ့ ဒီလိုျဖစ္လာရင္ သုံးမယ့္ဘတ္ဂ်က္ကို ေလွ်ာ့ရမွာ။ အခုကေတာ့ ေလွ်ာ့လို႔မရလို႔ေနမွာ ေပါ့။ အဲဒီလိုမရရင္ေတာ့ ဘတ္ဂ်က္ကို တိုးရွာဖို႔လိုတာေပါ့။ တိုးဖို႔ ဆိုတာကလည္း အခြန္ပဲရွိတယ္ေလ” ဟု ၎က သုံးသပ္ေျပာၾကားသည္။

ယခုဘ႑ာႏွစ္တြင္ ျမန္မာႏိုင္ငံေတာ္ အေနျဖင့္ အခြန္အေကာက္ရေငြမွ စုစုေပါင္း ေငြက်ပ္ (၉၃၇၈ ဒသမ ၄၀၄) ဘီလ်ံအထိရရွိရန္ နစကဘက္က ခန႔္မွန္းထားသည္ကို ေတြ႕ရွိရသည္။ ၿပီးခဲ့ေသာ NLD အစိုးရလက္ထက္ (၂၀၂၀-၂၀၂၁) ဘ႑ာႏွစ္တြင္ ေငြက်ပ္ဘီလ်ံ (၈၀ဝဝ)ေက်ာ္ လိုေငြျပခဲ့ဖူးၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ လက္ရွိနစကအစိုးရလက္ထက္ (၂၀၂၃-၂၀၂၄) ဘ႑ာႏွစ္တြင္လည္း ေငြက်ပ္ဘီလ်ံ (၇၀ဝဝ)ေက်ာ္ လိုေငြျပခဲ့သည္။ ျမန္မာႏိုင္ငံတြင္ (၂၀၁၁-၂၀၁၂) ဘ႑ာႏွစ္မွစ၍ လက္ရွိအခ်ိန္အထိ ျပည္ ေထာင္စုရေငြ၊ သုံးေငြမ်ားႏွင့္ပတ္သက္၍ ႏွစ္စဥ္လိုလိုဆိုသကဲ့သို႔ လိုေငြျပေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.