ထိုင်းနိုင်ငံ၏ လက်ရှိ အာဏာရအစိုးရက နိုင်ငံရေးအကျပ်အတည်းများနှင့်အတူ အမှုများကို ရင်ဆိုင်နေရ

 1333

ALynn (NP News) - ဇွန် ၁၈

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးအား မသေချာမရေရာသောကာလသစ်သို့ ဦးတည်သွားနိုင်သည့် ထိုင်းနိုင်ငံ၏ ထင်ရှားကျော်ကြားသော အမှုလေးခုကို အင်္ဂါနေ့ (ဇွန် ၁၈ ရက်)တွင် တရားရုံးများရှေ့မှောက်၌ စစ်ဆေးရန် စီစဉ်ထားသည်။ ယင်းအမှုများတွင် လက်ရှိ ဝန်ကြီးချုပ် အပါအဝင် ထိုင်းနိုင်ငံ၏ အာဏာအရှိဆုံး နိုင်ငံရေးသမားအချို့ ပါဝင်နေပြီး ကွန်ဆာဗေးတစ်များ၏ တော်ဝင်ဝါဒီနှင့် ၎င်း၏အတိုက်အခံများဖြစ်သည့် လူကြိုက်များသော အာဏာရ ဖြူထိုင်းပါတီ နှင့် Move Forward ပါတီတို့အကြား ဆယ်စုနှစ်များစွာကြာ သဘောထား ကွဲလွဲမှုကို ပိုမိုနက်ရှိုင်းစေနိုင်သည်။

“မဲဆန္ဒရှင်တွေ ရွေးချယ်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေဟာ စနစ်တကျနဲ့ ထပ်တလဲလဲ တိုက်ခိုက်ခြင်းခံနေရပါတယ်”ဟု ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာရှင် Thitinan Pongsudhirak က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ “နိုင်ငံရဲ့တရားရုံးတွေက အသနားခံစာတစ်ခုအပေါ် အခြေတည်ပြီး ရွေးကောက်တင်မြှောက်ထားသော အစိုးရတစ်ရပ်ကို သို့မဟုတ် ဝန်ကြီးချုပ်တစ်ဦးကို ဖြုတ်ချနိုင်သည်”ဟု ၎င်းက ဆိုသည်။ ထို့ပြင် “ထိုင်းနိုင်ငံ၏ ဩဇာကြီးမားသော တရားစီရင်ရေးမဏ္ဏိုင်သည် အများပြည်သူ၏ ဆန္ဒကို ဖျက်စီးခြင်းဖြင့် ထိုင်းနိုင်ငံရေးကို ထိခိုက်အောင်လုပ်ဆောင်နေတာဖြစ်တယ်”ဟုလည်း သုံးသပ်ထားသည်။

ယင်းကဲ့သို့တင်းမာမှုများကြောင့် အတိတ်က ဆန္ဒပြမှုများ၊ နိုင်ငံရေးပါတီများ ဖျက်သိမ်းရခြင်း၊ လေဆိပ်ကို ပိတ်ထားရခြင်းနှင့် စီးပွားရေးကို ထိခိုက်စေသည့် စစ်တပ်အာဏာသိမ်းမှုများကို ဖြစ်ပေါ်စေခဲ့ဖူးသည်။ ထိုင်းနိုင်ငံ၏ စတော့ဈေးကွက်များသည် နိုင်ငံရေးအကျပ်အ တည်း၏ အသွင်အပြင်ကြောင့် လှုပ်လှုပ်ရွရွဖြစ်နေပြီဖြစ်သည်။ ပင်မစတော့အညွှန်းကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကတည်းက ၎င်း၏အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး ယခုနှစ်တွင် ယခုအချိန်အထိ ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားကာ အာရှ၏ အဆိုးရွားဆုံး စျေးကွက်တစ်ခု ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (၇၄)နှစ်သည် အာဏာရအစိုးရကို ခိုင်ခိုင်မာမာ ထောက်ခံသူဖြစ်ပြီး ၂၀၁၅ ခုနှစ် မီဒီယာအင်တာဗျူးတစ်ခုတွင် ဘုရင်စနစ်ကို စော်ကားမှုဖြင့် တရားစွဲဆိုခံရပြီး အင်္ဂါနေ့ (ဇွန်လ ၁၈ ရက်) တွင် ၎င်း၏ အာမခံငြင်းပယ်ခံရပါက ရုံးတင် စစ်ဆေးခံရဖို့အတွက် ထိန်းသိမ်းခံရမည်ဖြစ်သည်။ ဝန်ကြီးချုပ် ဆရက်သာထာဝီဆင်းကိုလည်း အထက်လွှတ်တော်မှ အမတ်တစ်စုက ၎င်း၏ဝန်ကြီးအဖွဲ့တွင် ပြစ်မှုမှတ်တမ်းရှိသော ရှေ့နေတစ်ဦးကို ခန့်အပ်သည့်အတွက် ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။ ၎င်းအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကြားနာစစ်ဆေးမည်ဖြစ်ပြီး ဝန်ကြီးချုပ်အနေဖြင့် ရာထူးမှ နှုတ်ထွက်ပေးရမည့်အလားအလာများရှိနေသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်က တိုင်ကြားမှုအပြီးတွင် နိုင်ငံ၏တော်ဝင်စော်ကားမှုဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းကြောင်းပြစ်မှုထင်ရှားသည့် အတိုက်အခံ Move Forward ပါတီကို ဖျက်သိမ်းရန်အမှုအား အလားတူတရားရုံးတွင်ပင် ကြားနာသွားမည်ဖြစ်သည်။ တရားရုံးက ဆရက်သာနှင့် Move Forward ပါတီတို့နှင့် ပတ်သက်သည့် အမှုများအတွက် လာမည့် ကြားနာပွဲ သို့မဟုတ် စီရင်ချက်ချမည့်ရက်ကို အင်္ဂါနေ့တွင် ကြေညာသွားမည်ဟု မျှော်လင့်ရသည်။ ယခုလအစောပိုင်းတွင် စတင်ခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် အပြီးသတ်ရန် စီစဉ်ထားသည့် အထက်လွှတ်တော်အသစ်အတွက် ရွေးချယ်မှုလုပ်ငန်းစဉ်သည် တရားဝင်မှုရှိ/မရှိကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်သွားမည်ဖြစ်သည်။ အကယ်၍ တရားရုံးက ၎င်းလုပ်ငန်းစဉ်ကို ဖျက်သိမ်းခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းတို့ရှိပါက ယခင်အစိုးရ ဖွဲ့စည်းရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့ကြသည့် စစ်တပ်မှ ခန့်အပ်ထားသော အထက်လွှတ်တော် အမတ်များ၏ သက်တမ်းကို ယာယီသက်တမ်းတိုးသွားမည်ဖြစ်သည်။

zawgyi version
ထိုင္းႏိုင္ငံ၏ လက္ရွိ အာဏာရအစိုးရက ႏိုင္ငံေရးအက်ပ္အတည္းမ်ားႏွင့္အတူ အမႈမ်ားကို ရင္ဆိုင္ေနရ
ALynn (NP News) - ဇြန္ ၁၈

အေရွ႕ေတာင္အာရွ၏ ဒုတိယအႀကီးဆုံးစီးပြားေရးအား မေသခ်ာမေရရာေသာကာလသစ္သို႔ ဦးတည္သြားႏိုင္သည့္ ထိုင္းႏိုင္ငံ၏ ထင္ရွားေက်ာ္ၾကားေသာ အမႈေလးခုကို အဂၤါေန႔ (ဇြန္ ၁၈ ရက္)တြင္ တရား႐ုံးမ်ားေရွ႕ေမွာက္၌ စစ္ေဆးရန္ စီစဥ္ထားသည္။ ယင္းအမႈမ်ားတြင္ လက္ရွိ ဝန္ႀကီးခ်ဳပ္ အပါအဝင္ ထိုင္းႏိုင္ငံ၏ အာဏာအရွိဆုံး ႏိုင္ငံေရးသမားအခ်ိဳ႕ ပါဝင္ေနၿပီး ကြန္ဆာေဗးတစ္မ်ား၏ ေတာ္ဝင္ဝါဒီႏွင့္ ၎၏အတိုက္အခံမ်ားျဖစ္သည့္ လူႀကိဳက္မ်ားေသာ အာဏာရ ျဖဴထိုင္းပါတီ ႏွင့္ Move Forward ပါတီတို႔အၾကား ဆယ္စုႏွစ္မ်ားစြာၾကာ သေဘာထား ကြဲလြဲမႈကို ပိုမိုနက္ရႈိင္းေစႏိုင္သည္။

“မဲဆႏၵရွင္ေတြ ေ႐ြးခ်ယ္ထားတဲ့ ႏိုင္ငံေရးပါတီေတြနဲ႔ ကိုယ္စားလွယ္ေတြဟာ စနစ္တက်နဲ႔ ထပ္တလဲလဲ တိုက္ခိုက္ျခင္းခံေနရပါတယ္”ဟု ဘန္ေကာက္ၿမိဳ႕ ခ်ဴလာေလာင္ကြန္တကၠသိုလ္မွ ႏိုင္ငံေရး သိပၸံပညာရွင္ Thitinan Pongsudhirak က Reuters သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။ “ႏိုင္ငံရဲ႕တရား႐ုံးေတြက အသနားခံစာတစ္ခုအေပၚ အေျခတည္ၿပီး ေ႐ြးေကာက္တင္ေျမႇာက္ထားေသာ အစိုးရတစ္ရပ္ကို သို႔မဟုတ္ ဝန္ႀကီးခ်ဳပ္တစ္ဦးကို ျဖဳတ္ခ်ႏိုင္သည္”ဟု ၎က ဆိုသည္။ ထို႔ျပင္ “ထိုင္းႏိုင္ငံ၏ ဩဇာႀကီးမားေသာ တရားစီရင္ေရးမဏၰိဳင္သည္ အမ်ားျပည္သူ၏ ဆႏၵကို ဖ်က္စီးျခင္းျဖင့္ ထိုင္းႏိုင္ငံေရးကို ထိခိုက္ေအာင္လုပ္ေဆာင္ေနတာျဖစ္တယ္”ဟုလည္း သုံးသပ္ထားသည္။

ယင္းကဲ့သို႔တင္းမာမႈမ်ားေၾကာင့္ အတိတ္က ဆႏၵျပမႈမ်ား၊ ႏိုင္ငံေရးပါတီမ်ား ဖ်က္သိမ္းရျခင္း၊ ေလဆိပ္ကို ပိတ္ထားရျခင္းႏွင့္ စီးပြားေရးကို ထိခိုက္ေစသည့္ စစ္တပ္အာဏာသိမ္းမႈမ်ားကို ျဖစ္ေပၚေစခဲ့ဖူးသည္။ ထိုင္းႏိုင္ငံ၏ စေတာ့ေဈးကြက္မ်ားသည္ ႏိုင္ငံေရးအက်ပ္အ တည္း၏ အသြင္အျပင္ေၾကာင့္ လႈပ္လႈပ္႐ြ႐ြျဖစ္ေနၿပီျဖစ္သည္။ ပင္မစေတာ့အၫႊန္းကိန္းသည္ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလကတည္းက ၎၏အနိမ့္ဆုံးအဆင့္သို႔ က်ဆင္းသြားခဲ့ၿပီး ယခုႏွစ္တြင္ ယခုအခ်ိန္အထိ ၈ ဒသမ ၄ ရာခိုင္ႏႈန္း က်ဆင္းသြားကာ အာရွ၏ အဆိုး႐ြားဆုံး ေစ်းကြက္တစ္ခု ျဖစ္လာခဲ့သည္။

ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွင္နာဝပ္ထရာ (၇၄)ႏွစ္သည္ အာဏာရအစိုးရကို ခိုင္ခိုင္မာမာ ေထာက္ခံသူျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ မီဒီယာအင္တာဗ်ဴးတစ္ခုတြင္ ဘုရင္စနစ္ကို ေစာ္ကားမႈျဖင့္ တရားစြဲဆိုခံရၿပီး အဂၤါေန႔ (ဇြန္လ ၁၈ ရက္) တြင္ ၎၏ အာမခံျငင္းပယ္ခံရပါက ႐ုံးတင္ စစ္ေဆးခံရဖို႔အတြက္ ထိန္းသိမ္းခံရမည္ျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ ဆရက္သာထာဝီဆင္းကိုလည္း အထက္လႊတ္ေတာ္မွ အမတ္တစ္စုက ၎၏ဝန္ႀကီးအဖြဲ႕တြင္ ျပစ္မႈမွတ္တမ္းရွိေသာ ေရွ႕ေနတစ္ဦးကို ခန႔္အပ္သည့္အတြက္ ဥပေဒကို ခ်ိဳးေဖာက္မႈျဖင့္ တရားစြဲဆိုထားသည္။ ၎အမႈကို ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ၾကားနာစစ္ေဆးမည္ျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္အေနျဖင့္ ရာထူးမွ ႏႈတ္ထြက္ေပးရမည့္အလားအလာမ်ားရွိေနသည္။

ထို႔ျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္က တိုင္ၾကားမႈအၿပီးတြင္ ႏိုင္ငံ၏ေတာ္ဝင္ေစာ္ကားမႈဥပေဒကို ျပင္ဆင္ရန္ ႀကိဳးပမ္းေၾကာင္းျပစ္မႈထင္ရွားသည့္ အတိုက္အခံ Move Forward ပါတီကို ဖ်က္သိမ္းရန္အမႈအား အလားတူတရား႐ုံးတြင္ပင္ ၾကားနာသြားမည္ျဖစ္သည္။ တရား႐ုံးက ဆရက္သာႏွင့္ Move Forward ပါတီတို႔ႏွင့္ ပတ္သက္သည့္ အမႈမ်ားအတြက္ လာမည့္ ၾကားနာပြဲ သို႔မဟုတ္ စီရင္ခ်က္ခ်မည့္ရက္ကို အဂၤါေန႔တြင္ ေၾကညာသြားမည္ဟု ေမွ်ာ္လင့္ရသည္။ ယခုလအေစာပိုင္းတြင္ စတင္ခဲ့ၿပီး ဇူလိုင္လဆန္းပိုင္းတြင္ အၿပီးသတ္ရန္ စီစဥ္ထားသည့္ အထက္လႊတ္ေတာ္အသစ္အတြက္ ေ႐ြးခ်ယ္မႈလုပ္ငန္းစဥ္သည္ တရားဝင္မႈရွိ/မရွိကိုလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ဆုံးျဖတ္သြားမည္ျဖစ္သည္။ အကယ္၍ တရား႐ုံးက ၎လုပ္ငန္းစဥ္ကို ဖ်က္သိမ္းျခင္း သို႔မဟုတ္ ေႏွာင့္ေႏွးေနျခင္းတို႔ရွိပါက ယခင္အစိုးရ ဖြဲ႕စည္းရာတြင္ အေရးပါေသာ အခန္းက႑မွပါဝင္ခဲ့ၾကသည့္ စစ္တပ္မွ ခန႔္အပ္ထားေသာ အထက္လႊတ္ေတာ္ အမတ္မ်ား၏ သက္တမ္းကို ယာယီသက္တမ္းတိုးသြားမည္ျဖစ္သည္။

Related news

© 2021. All rights reserved.