ဟစ်ဘိုလာအဖွဲ့၏ ဘဏ္ဍာရေးအကြီးအကဲတစ်ဦး ထပ်မံသေဆုံးခဲ့ဟု အစ္စရေးစစ်ဘက်ပြော

 92

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၂

လက်ဘနွန်နိုင်ငံ ဟစ်ဘိုလာအဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲဖြစ်သူသည် ဆီးရီးယားနိုင်ငံတွင် သေဆုံးခဲ့ ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောဆိုလိုက်သည်။ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဟာဂါရီက ဆီးရီးယားနိုင်ငံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း ဟစ်ဘိုလာအဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟစ်ဘိုလာအဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲသည် အီရန်နိုင်ငံ၏ ရေနံရောင်းချလို့ ရခဲ့သောငွေကြေးများကို ဟစ်ဘိုလာအဖွဲ့ကို ကူညီထောက်ပံ့ပေးနေသူဖြစ်ကြောင်း ပြောသည်။ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက " ဟစ်ဘိုလာအဖွဲ့ရဲ့ Unit 4400 အဖွဲ့ တပ်မှူးဟာ ငွေကြေးလွှဲပြောင်းရယူမှုတွေမှာ အဓိကတာဝန်ရှိသူတစ်ဦး ဖြစ်တယ်။ သူဟာမကြာသေးမီက ဆီးရီးယားနိုင်ငံအတွင်းမှာ သေဆုံးခဲ့တယ်။ အဲဒီအဖွဲ့ကိုဦးဆောင်နေသူဟာ ယခင်တုန်းကတော့ မိုဟာမက် ဂျာဖာ ကီဆာ ဆိုသူဖြစ်တယ်" ဟု ပြောသည်။

Unit 4400 အဖွဲ့သည် အီရန်နိုင်ငံမှ ထွက်ရှိနေသာရေနံများကို ဆီးရီးယားနိုင်ငံသို့ သယ်ယူနေပြီး လက်ဘနွန်နိုင်ငံ တွင် ပြန်လည်ရောင်းချကာ ဟစ်ဘိုလာအဖွဲ့ကိုငွေကြေး ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၂၃ ရက်နောက်ပိုင်းကတည်းက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဟားမက်စ်အဖွဲ့ခေါင်းဆောင်များအပြင် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်များသေဆုံးခဲ့ရကြောင်း သိရသည်။ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားနိုင်ငံ ဒမ္မစကတ်မြို့ရှိကားတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွက် လူနှစ်ဦးက ကူညီပေးခဲ့ကြောင်း ပြောဆိုထားသည်။

Zawgyi Version;
ဟစ္ဘိုလာအဖြဲ႕၏ ဘ႑ာေရးအႀကီးအကဲတစ္ဦး ထပ္မံေသဆုံးခဲ့ဟု အစၥေရးစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၂

လက္ဘႏြန္ႏိုင္ငံ ဟစ္ဘိုလာအဖြဲ႕၏ ဘ႑ာေရးဆိုင္ရာအႀကီးအကဲျဖစ္သူသည္ ဆီးရီးယားႏိုင္ငံတြင္ ေသဆုံးခဲ့ ေၾကာင္း အစၥေရးစစ္တပ္က အတည္ျပဳေျပာဆိုလိုက္သည္။ အစၥေရးစစ္တပ္ေျပာေရးဆိုခြင့္ရွိသူ ဟာဂါရီက ဆီးရီးယားႏိုင္ငံကို ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခ်ိန္အတြင္း ဟစ္ဘိုလာအဖြဲ႕၏ ဘ႑ာေရးဆိုင္ရာအႀကီးအကဲ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဟစ္ဘိုလာအဖြဲ႕၏ ဘ႑ာေရးဆိုင္ရာအႀကီးအကဲသည္ အီရန္ႏိုင္ငံ၏ ေရနံေရာင္းခ်လို႔ ရခဲ့ေသာေငြေၾကးမ်ားကို ဟစ္ဘိုလာအဖြဲ႕ကို ကူညီေထာက္ပံ့ေပးေနသူျဖစ္ေၾကာင္း ေျပာသည္။ အစၥေရးစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူက " ဟစ္ဘိုလာအဖြဲ႕ရဲ႕ Unit 4400 အဖြဲ႕ တပ္မႉးဟာ ေငြေၾကးလႊဲေျပာင္းရယူမႈေတြမွာ အဓိကတာဝန္ရွိသူတစ္ဦး ျဖစ္တယ္။ သူဟာမၾကာေသးမီက ဆီးရီးယားႏိုင္ငံအတြင္းမွာ ေသဆုံးခဲ့တယ္။ အဲဒီအဖြဲ႕ကိုဦးေဆာင္ေနသူဟာ ယခင္တုန္းကေတာ့ မိုဟာမက္ ဂ်ာဖာ ကီဆာ ဆိုသူျဖစ္တယ္" ဟု ေျပာသည္။

Unit 4400 အဖြဲ႕သည္ အီရန္ႏိုင္ငံမွ ထြက္ရွိေနသာေရနံမ်ားကို ဆီးရီးယားႏိုင္ငံသို႔ သယ္ယူေနၿပီး လက္ဘႏြန္ႏိုင္ငံ တြင္ ျပန္လည္ေရာင္းခ်ကာ ဟစ္ဘိုလာအဖြဲ႕ကိုေငြေၾကး ကူညီေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။ စက္တင္ဘာ ၂၃ ရက္ေနာက္ပိုင္းကတည္းက အစၥေရး၏ တိုက္ခိုက္မႈမ်ားေၾကာင့္ ဟားမက္စ္အဖြဲ႕ေခါင္းေဆာင္မ်ားအျပင္ ဟစ္ဘိုလာအဖြဲ႕ေခါင္းေဆာင္မ်ားေသဆုံးခဲ့ရေၾကာင္း သိရသည္။ ဆီးရီးယားကာကြယ္ေရးဝန္ႀကီးဌာနက ဆီးရီးယားႏိုင္ငံ ဒမၼစကတ္ၿမိဳ႕ရွိကားတစ္စီးကို ပစ္မွတ္ထားတိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး ယင္းတိုက္ခိုက္မႈအတြက္ လူႏွစ္ဦးက ကူညီေပးခဲ့ေၾကာင္း ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.