‘‘ ဒဏ်ရာများကြားက ဒဏ်ရာဆင့်သွားသည့် ‘ဂွ’ မြို့ခံများ ’’

 1077

သုတကျော် (NP News) - အောက်တိုဘာ ၂၂

မေး - လက်ရှိ ဂွမြို့နယ်ဘက်ကအခြေအနေက ဘယ်လိုရှိနေပါသလဲခင်ဗျ။ အဲဒါကို အရင်ပြောပြ ပေးပါ။
ဖြေ- အဓိက ဂွဘက်မှာ ဘယ်လိုဖြစ်လဲဆိုတော့ သတင်းတွေမှာဖော်ပြတဲ့အတိုင်းပဲပေါ့။ အဲဒီအနားမှာရှိတဲ့ ကုလား ပြင်ရွာတို့ ဘာတို့ဘက်ကို AA တပ်တွေ ရောက်လာတယ်။ နောက်လမ်းမှာ ဆတ်သွားလို့ ခေါ်တဲ့ရွာတွေမှာဆိုရင် တံတား တွေချိုးခံရတာတွေ ရှိတယ်။ ဆတ်သွားတို့၊ ကြွေချိုင်တို့နဲ့ ဂွမြို့နဲ့က မိုင်(၃၀)လောက်ပဲ ကွာတော့တယ်။ အဲဒီလောက် အထိ ရောက်လာတယ်။ ရောက်တော့ လမ်းခရီးအနေအထား ကတော့ နည်းနည်း အသွားအလာစိုးရိမ်ရတယ်ပေါ့နော်။ တိုက်ပွဲတော့ရှိတယ်။ သို့သော် တစ်ဖက်မှာ ဘယ်လိုဖြစ်နေပြန်လဲဆိုတော့ ဒီဂွဘက်ကနေ ရန်ကုန်ကို အခုထိ တက်လာ တဲ့သူတွေရှိတယ်။ ကုန်ပစ္စည်း အသယ်အပို့တွေ လုပ်နေသေးတယ်ဆိုတော့ တစ်အချက် တွက်လို့ရတာတော့ ဂွမြို့ကို(တိုက်ပွဲက) မရောက်သေးဘူးလို့ တွက်လို့ရတယ်။

မေး- ဂွမြို့နယ်ကပြည်သူတွေရဲ့အခြေအနေက ကော ဘယ်လိုရှိပါသလဲ။
ဖြေ- အဓိကအချက်ကို ကျွန်တော်တို့ပြောရရင်တော့ ဂွမြို့ရဲ့ဆေးရုံမှာရှိခဲ့တဲ့ ဆရာဝန်တွေ၊ ဘာတွေကတော့ တချို့ တလေကတော့ ပြောင်းရွှေ့ကြပြီပေါ့နော်။ ရန်ကုန်ရောက်တဲ့သူတွေ ရောက်နေကြပြီပေါ့နော်။ ပြည်သူက ဘယ်လို လဲဆိုတော့ ပြည်သူရဲ့အနေအထားကတော့ စိုးရိမ်မှုပေါ့နော်။ နီးလာလေကြောက် လာလေပဲ။ ဘာလို့လဲဆိုတော့ ရှေ့မှာက ကျွန်တော်တို့ ပထမ မသိရင်သာမသိတာလေ။ ဖြစ်တဲ့ဟာက ကိုယ့်အနီးနားကိုရောက်လာရင်တော့ ဒါ ကိုမြင်ဖူးပြီးသွားပြီ။ လန့်တာပဲ။ ပထမ မရောက်သေးဘူး။ အဝေးမှာနေတဲ့ အချိန်မှာကျ တိုက်ပွဲရောက်လာတယ်။ ဘာဖြစ်လဲ။ ငါတို့ ရင်ဆိုင်နိုင်တယ် ဘာညာပေါ့။ အနီးစပ်ဆုံး သူတို့ရဲ့ဗဟိုချက်မလို့ ပြောပြလို့ရတဲ့ သံတွဲမှာဖြစ် သွားပြီ။ သံတွဲရဲ့အလှုပ်အခတ်တွေ အားလုံးကိုမြင် ပြီးတဲ့အချိန်မှာတော့ ဂွက သံတွဲထက်လည်း ပိုပြီးတော့ မြို့ကသေးတယ်။ မြို့ငယ်တာဖြစ်တဲ့အတွက် ပိုပြီးလန့်တာပေါ့။ ကျွန်တော်သိရသလောက်တော့ မြို့ကိုစပြီးတော့ စွန်ခွာတဲ့လူတွေလည်း စွန့်ခွာပြီးတော့ ဧရာဝတီဘက်တွေ၊ ဘာတွေကို ပြောင်းတဲ့သူ တွေရှိတယ်လို့လည်း ကျွန်တော်တော့ ကြားတယ်။
မေး- ဂွမြို့ဟာ အရင်တုန်းက စီးပွားရေးကောင်းတဲ့ မြို့လား။ အခုကျတော့ကော ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ- ဂွမြို့က စီးပွားရေးကောင်းတဲ့မြို့လားဆိုတော့ သူက Economic မြို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ မှာ ကျွန်တော်တို့ ရိုးမတောင်ပေါ်တက်တဲ့လမ်းမှာ ကမ်းသာယာရှိတယ်။ ကမ်းသာယာ အပန်းဖြေစခန်းပေါ့။ ဒီကို အပန်းဖြေတဲ့လူတွေ လာကြတယ်ပေါ့နော်။ ထားပါတော့ ငပလီကို မလာနိုင်တဲ့လူက ချောင်းသာကို မသွားနိုင်တဲ့သူက ငွေဆောင်ကို အစားထိုးပြီး သွားသလိုပေါ့၊ အဲဒီလိုမျိုးကို ဘတ်ဂျက်လိုဖြစ်တဲ့ ကမ်းသာယာကိုသွားကြတယ်။ ဘန်ဂလိုတွေရှိတယ်။ အဲဒီမှာ ဟိုတယ်ရှိတယ်။ အဲဒီဥစ္စာက အဓိကပေါ့နော်။ ကျန်တဲ့ဟာကတော့ ဂွမြို့က ကျွန်တော်ပြောရရင်တော့ မြို့ဆိုတာ ထက် ရွာကြီးတစ်ရွာနဲ့ပိုတူတယ်။ လက်ဖက်ရည်ဆိုင်ဆိုလည်း သာမန်လောက်ကလေးတွေပေါ့နော်။ အဲဒီဟာတွေရှိ တယ်။ မြို့အလယ်ပတ်ဝန်းကျင် လောက်ကနည်းနည်းစည်တယ်။ နောက်ပြီးရင် ဘေးရွာတွေ၊ သူနဲ့ရွာနီးချုပ်စပ် တွေကနေ လာပြီးတော့ ရောင်းချတဲ့ ဟင်းသီးဟင်းရွက်သည်၊ ဘာညာ ဒီလိုနဲ့ပဲ သာမန်မြို့ပုံစံလေးအတိုင်းလောက် လည် ပတ် တာပဲရှိတယ်။ ဥပမာ-မန္တလေးနဲ့ စစ်ကိုင်းနဲ့ ကူး လိုက်ရင် ကွာနေသလိုမျိုးပေါ့။ စစ်ကိုင်းဘက်မှာ နေ့ လယ်ဘက်ဆို တိတ်ဆိတ် ခြောက်ကပ်သွားသလိုမျိုး။ သူလည်း အဲဒီလိုပဲ။ အဲဒီလိုအနေထားမျိုးလောက်မှာပဲ ရှိတယ်။
မေး- ဂွဘက်ကလူတွေရဲ့ စိတ်ပေါ့။ သူတို့ကကော အုပ်ချုပ်မှုအပြောင်းအလဲကို လိုလားကြလား။ ဘယ် လိုအခြေအနေ မြင်ရလဲဗျ။
ဖြေ- ဘယ်လိုရှိပါသလဲဆိုတော့ ပြည်သူကတော့ အခုချိန်မှာ ဘာမှပြောလို့မှမရတာလေ။ ဘယ်သူပဲ လာလုပ်လုပ်၊ ဘယ်သူပဲ ဘာဖြစ်သွားသွား သူတို့ခံရမယ် ဆိုတာပဲ။ တချို့တွေက ကြိုပြင်ထားတဲ့သူက ကြိုပြင် ထားတယ်ပေါ့နော်။ ဒါပေမဲ့ ဒီအုပ်ချုပ်မှုအနေအထားကတော့ အခုလက်ရှိမှာ သံတွဲဖြစ်သွားတယ်။ သူ့တို့ မှာဖြစ်ရင်လည်း ဒီ Effect ရိုက်မယ်ဆိုတာ သိနေပြီ။ ထားပါတော့ဗျာ။ သံတွဲမှာ လေယာဉ်တွေလာတယ်။ ငါတို့ဆီ တကယ်ဖြစ်သွားရင်ကော လာမလားပေါ့နော်။ အဲဒီလို လေယာဉ်တွေလာမယ်။ ဒီလိုဗုံးကြဲတာ တွေ ဖြစ်လာမလား၊ ငါတို့မြို့ကြေသွားမလား ဆိုတာ ကိုတော့ စိုးရိမ်မှုရှိနေကြပြီပေါ့နော်။ ဒီအုပ်ချုပ်ရေး ယန္တရားကို ကျေနပ်မှုရှိလားဆိုတော့ အဲဒီမှာတင် တွက်လို့ရတယ်ဗျ။ တစ်ဖက်မှာ ကြောက်စိတ်ရှိနေပြီ။ နောက်တစ်ခုက ဘယ်ဘက်ကိုမှ မယုံကြည်တဲ့ပုံစံကိုပေါ့။ ကျွန်တော် အဲဒီလိုပဲ ယူဆတယ်။ မယုံကြည်ဘူး။ အဓိက က ငါတို့နာမည်ပေါ့နော်။ မြို့ထဲကို ရောက်လာမယ်။ အနီးစပ်ဆုံးရောက်လာရင် ငါတို့နာသွားမယ်။ ဒါကိုပဲ တွက်လာပြီ။
မေး- အကြမ်းဖျင်းပေါ့နော် မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာရင် ထိခိုက်မှုက ဘယ်လောက် ပြင်းထန်မယ်လို့ ထင်ပါ သလဲ။
ဖြေ- ဂွမြို့ ဖြစ်ပြီဆိုရင် ကျွန်တော်ထင်ပါတယ်။ ဂွမြို့ ရဲ့ပုံစံအနေအထားက အခု သံတွဲက ရုံးတွေရော၊ နောက်ပြီးတော့ (သံတွဲဘက်က) အစိုးရဝန်ထမ်း တချို့တစ်ဝက်ပေါ့လေ။ အဲဒီကို ပြောင်းရွှေ့ထားတယ်။ အဲဒီဟာတော့ ကျွန်တော်သိ တယ်။ ဥပမာပဲထားပါတော့ ကျောင်းဆရာမတွေ ၊ ကျန်တာတွေ သူတို့ထွက် မယ်ဆိုရင် ရိုး(မ)လမ်းကနေ ရန်ကုန်ကို ကျော်ခွင့်မပေးဘဲ အစိုးရဝန်ထမ်းဆိုရင် ဆက်လက်တာဝန် ထမ်းဆောင်ရမယ်ဆိုတဲ့ပုံစံမျိုး ဂွမှာရုံးစိုက်ပြီးတော့ အထိုင်ချထားတာမျိုးတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော် ထင်တာတော့ လဝကတို့၊ ဘာတို့ကိုတော့ နေပြည် တော်ရုံးတွေ ပြန်ခေါ်တယ်။ ပုသိမ်ရုံးတွေကို ပြန်ခေါ်ပြီး ကြားမှာထည့်တယ်လို့ ပြောတယ်။ ကျန်တဲ့အစိုးရ ဝန်ထမ်းတွေက အဲဒီမှာ ကျန်တယ်ဆိုတော့ သံတွဲရဲ့ တချို့တစ်ဝက်သော အစိုးရဝန်ထမ်းသည် အဲဒီမှာ။‌ နောက်ပြီးတော့ မြို့ခံပေါ့။ အဲဒီ ဟာရှိတယ်။ နောက် တစ်ချက်က ဂွကိုဖြတ်သန်းရာလမ်းရဲ့ အဆိုးဆုံးအ ချက်တစ်ခုက ရွာအရမ်းများတယ်။ ရွာတွေက ဆက်တိုက်။ ကျွန်တော်ပြောသလို ကြွေချိုင်၊ ကုလားပြင်၊ အများကြီးပဲ။ ပြီးတော့ ဆတ်သွား၊ ကျောက်ကြီး ဘာညာအများကြီး အဲဒီလိုမျိုးသွားတာ။ သွားရတဲ့အနေအထားက သူ့ရဲ့အလယ်မှာ ရွာတွေက စည်ကားတဲ့ ရွာကြီး တွေများတယ်။ အဲဒီလိုရွာတွေကတော့ ထိမှာပဲ။ ဘာလို့ထိမှာလဲဆိုတော့ တိုက်ပွဲဖြစ်ပြီဆိုကတည်းက ဝုန်းခနဲတော့ မြို့ပေါ်ကိုမရောက်ဘူးလေ။ ဒီရွာတွေ ကုန်ရင်းကုန်ရင်းမှ သူက ရောက်လာတဲ့အဆင့်ကို ရောက်မှာဆိုတော့ ကြားက ရွာတွေ ပိုနာလိမ့်မယ်လို့ ထင်တယ်။ မြို့ကတော့ တွက်ဆရသလောက် မြို့အပေါ်ထပ်ကလူတွေကတော့ ရှောင်လိုက် မယ်လို့ထင်တယ်။ ရှောင်လို့ မြို့မှာရောက်သွားရင်တော့ အပျက် အစီးရှိမယ်။ ဒါပေမဲ့ လူကတော့ အဲဒီလောက်အထိ မဖြစ်နိုင်ဘူးပေါ့နော်။ လေယာဉ်တွေ၊ ဘာတွေလာရင်တော့ မပြောတတ်ဘူးပေါ့နော် အဲဒီလိုမျိုး။
မေး- အဲဒီပတ်ဝန်းကျင်ဒေသ အထူးသဖြင့် ဂွမြို့ နယ်ပေါ့လေ။ အရင်က တိုက်ပွဲကို ကြုံဖူးလား။
ဖြေ- မကြုံဖူးဘူး။ ဂွက ဘယ်တော့မှ မကြုံဘူး။ ဂွက ကျွန်တော်တို့ သိသလောက်နဲ့ ကျွန်တော်တို့ အသက် အရွယ်အပိုင်း အခြားမှာ‌တော့ လုံးဝ မကြုံဘူး။
မေး- အဲဒီလို မကြုံဖူးဘဲနဲ့ အခုဖြစ်လာတဲ့အခါမှာ ကျတော့ကော ဒေသခံတွေစိတ်ထဲ ဘယ်လောက် အထိ စိုးရိမ်ထိတ် လန့်သွားလဲ။
ဖြေ- ဖြစ်ကြတာပေါ့။ အဓိကတော့ သံတွဲမှာ အခုဒီ လိုဖြစ်သွားပြီးတော့ (သူခိုးတွေက) အိမ်တွေကို ဖွင့်ပြီးတော့ ပစ္စည်း တွေယူတယ်။ နောက်ပြီးတော့ ဈေးတက်တယ်ပေါ့လေ။ ငွေလွှဲရင်လည်း ငွေတစ်သိန်း လွှဲရင်တောင်မှ ရာခိုင်နှုန်းက (၃၀) ရာခိုင်နှုန်းပေးရတာကို။ အဲဒီလိုဟာတွေ ဖြစ်သွားတယ်။ နောက် လျှပ်စစ်မီးပျက်သွားတယ်။ အသေးစားလုပ်ငန်းတွေ လည် ပတ်လို့မရလောက်အောင် ဖြစ်သွားတယ်။ ဒါတွေမြင်တော့ အခုပြောင်းလာတဲ့သူတွေကျတော့လည်း သူက သံတွဲထက် ကျွန်တော်ပြောသလို တစ်ဆင့်လည်း နိမ့်သေးတယ်လေ။ ရွှေဆိုင်တွေ၊ ဘာတွေဆိုရင်တောင် သံတွဲက များတယ်။ သူ့မှာကနည်းတယ်ဆိုတော့ သူက ပိုပြီးတော့လန့်တာပေါ့နော်။ သူတို့ဆီက ရွာကြီးလို အိမ်တွေက တည်ထားတာဖြစ်တဲ့အတွက် ငါတို့အိမ် အကောင်းတွေကို ဘာလုပ်ပစ်လိုက်မှာလဲ၊ ဖွင့်ပြီး ယူသွားမလား။ ပြီးတော့ စီးပွားရေးပိုင်းဆိုင်ရာမှာကျတော့ သံတွဲထက် တစ်ဆင့်နိမ့်တော့ သူ့ရဲ့နေရာက ဖြစ်သွားလို့ယူသွားပြီဆိုရင် ဘဝလုံးဝပျ က်သွားတာနဲ့ အတူတူပဲဖြစ်သွားပြီ။ အဲဒီလိုအနေအထားမျိုးကို ကြောက်တာပေါ့။ အဓိကတော့ စီးပွားပျက်သွားမလား။ သံတွဲလို ဖြစ်သွားမလား။ ဗုံးလာရင် ဒီလိုဖြစ်မလား။ မီးတွေပျက်မလား။ အင်တာနက်ပျက်သွားမလား။ အဲဒီဟာတွေကို သူတို့တွေးပူတယ်။ နောက်တစ်ခုက ရန်ကုန်ကိုလာတဲ့အချိန်မှာ Second Class လို့ ပြောတဲ့အတွက် သူတို့က အဲဒီလို နေရာတွေလာတဲ့အချိန်မှာ ရပ်တည်ဖို့ရာနဲ့ သုံးစွဲရတဲ့စရိတ်တွေက ပိုများတာပေါ့။ အဲဒီလိုအခါကျတော့ ကျွန်တော် ကြားရသလောက်၊ စုံစမ်းရသလောက်မှာတော့ အများစုက ဧရာဝတီဘက်ကို သွားတာများတယ်လို့ပြောတယ်။ ဧရာဝ တီတို့၊ နောက်ကျွန်တော်သိသလောက်ဆိုရင် ရန်ကုန်ကိုဆင်းလာပြီး ရန်ကုန်မှာ မနေကြဘူးပေါ့ဗျာ။ အစ်ကိုတို့ သိမှာပေါ့။ ပဲခူးက ဒိုက်ဦးတို့လိုနေရာမျိုး၊ အေးအေးဆေးဆေး နေလို့ရတယ်‌လေ။ သက်သာ တယ်လေ။ ဝေါတို့၊ ဘာတို့ပေါ့။ သူတို့ကို ကျွန်တော် နှိမ့်ချပြီးတော့ ပြောတာမဟုတ်ဘူး။ ဖြူးဘက်ဗျာ၊ အဲဒီလိုမျိုးနေရာမျိုးလေးတွေက သာမန်အိမ်တွေကို ငှားတာ။ နောက်ပြီးတော့ ဧရာဝတီဆိုရင်လည်း ညောင်တုန်းတို့၊ ဘာတို့ဆိုရင် တအားကြီးစည်တာ လည်းမဟုတ်ဘူး။ ဒါပေမဲ့ ရောက်သွားတယ်ပေါ့။ အဲဒီလိုနေရာမျိုးတွေဘက်ကို ရောက်သွားတာတို့။ နောက်လက်ပံ တန်းတို့၊ ဘာတို့ပြောင်းပြီး နေတာတို့ များတယ်လို့ ကျွန်တော်သိရတယ်ဗျ။
မေး - ဆိုတော့ မြို့ကို တိုက်ပွဲမရောက်သေးဘဲ ကြို ရှောင်နေကြတာ များတယ်ဆိုတဲ့ သဘောလားဗျ။
ဖြေ- အဓိက ကြိုပြီးရှောင်တယ်ဆိုတာမှာ တချို့တလေက မဖြစ်နိုင်ပါဘူးပေါ့။ လူတွေက ကိုယ့်ရှေ့ ရောက်မှ ယုံတဲ့သူ လည်းရှိတာပေါ့။ အဲဒီတော့ တချို့ တွေကလည်း မထွက်သေးဘူး။ တချို့တွေက အခြေ အနေကြည့်တုန်းပေါ့။ ပြီးတော့ နောက်တစ်ချက် ခက်တဲ့ဥစ္စာက အခုကသွားဖို့လာဖို့က အရင်က လောက်မလွယ်တော့ဘူး။ အဲဒီအချက်က အခက်ဆုံး လို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ကလူတွေက ရိုးမကိုကျော်ပြီးသွားမယ်ဆိုရင်တောင် ဘယ်လိုလဲ၊ ဘာကြောင့် လဲ၊ ဘယ်လိုအဆက်အသွယ်တွေလဲ၊ ဘာလဲဆိုတာတွေက စစ်ဆေးမှုများလာတယ်။ ကျန်းမာ ရေးအကြောင်းပြချက် နဲ့ထွက်မှာလား၊ ဘာနဲ့ထွက်မှာလဲ အဲဒီလိုပေါ့နော်။ နောက်ပြီးတော့ ကားခ ဈေးအရမ်းမြင့်တယ်။ ကျွန်တော်တို့ အရင်က လာတယ်ဗျာ။ ဒီမြို့နဲ့ဒီနေရာနဲ့ကို (၃)သောင်း၊ (၄)သောင်းနဲ့ ပြီးတာ ပေါ့နော်။ အခု လူတစ်ယောက်ကိုတောင် (၁)သိန်းခွဲ၊ (၂)သိန်း၊ (၃)သိန်း ဖြစ်နေတာမျိုးတွေရှိနေ တယ်ပေါ့ နော်။ အဲဒီလိုဆိုတော့ လာချင်တိုင်းလည်း တချို့တွေက လာဖို့ခက် သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာ အစ်ကိုပဲတွက်ကြည့်လေ။ ကိုယ်၊ ဇနီး၊ သားသ မီး(၂)ယောက်လောက်ရှိတဲ့ သူတောင် အဲဒီလိုစရိတ်နဲ့ သွားမယ်ဆိုရင် အနည်းဆုံး(၁၀)သိန်းအထက်နဲ့ ရှိနေပြီလေ။ ပြီးတော့ ဒါမှမဟုတ်ရင် သေချာတဲ့ ကားကိုစီးလုံးငှား။ အဲဒီကားတွေက လမ်းခရီးမှာပါ ရှင်းလင်းရမယ့်ဟာတွေကို ရှင်းလင်းပြီးတော့ ယူ၊ ယူပြီးတော့ (၁၅)သိန်းဆို (၁၅)သိန်း၊ သိန်(၂၀)ဆို သိန်း(၂၀)နဲ့ အပြတ်ငှားလာရတာတွေ ရှိတယ်ပေါ့။ အဲဒီလိုပုံစံမျိုး ဆိုတော့ ပိုက်ဆံမရှိတဲ့သူ၊ လက်ထဲမှာ ပိုက်ဆံကျပ်တည်းနေတဲ့ သူ၊ အခု ဒီလိုကာလမှာ ငွေကြေးဖောင်းပွပြီးတော့ သံတွဲဖြစ်တဲ့ဂယက်ရိုက်တာရောနဲ့ အကျပ်တည်းဖြစ်တဲ့သူက လာဖို့နည်းနည်း စဉ်းစားရတာတွေရှိတာပေါ့နော်။ ထွက်ဖို့ ဆို လမ်းခရီးရဲ့အခက်အခဲတွေကြောင့်လည်း သူတို့ မရောက် တာတွေရှိတာပေါ့။ အဲဒီလိုဟာမှာ လမ်းခရီးကို မပိုင် နိုင်၊ မကျွမ်းကျင်လူကလည်း ကဲဘာပဲဖြစ်ဖြစ်မြို့မှာပဲ ဆက်နေမယ်။ မရရင်တော့ ရိုးမတောင်ပေါ် တက်ပြေး မယ်ဆိုပြီး ပြေးတာ။ တချို့ကလည်း ရအောင်ကျော်မယ်။ ငါတို့သည် အနိမ့်ဆုံး ရိုးမတောင်ကို ဆင်းရင် ဧရာဝတီတိုင်း၊ ရေနံ့သာ ကိုရောက်ရင် ဖြစ်ပြီဆိုပြီးတော့ ရေနံ့သာလောက်ကိုရောက်အောင်ဆိုပြီး ရေနံ့ သာရောက်မှဆက်ကူးပြီးတော့ ရန်ကုန် ကို တက်လာရင်လည်း တက်လာတယ်။ မလာဘဲနဲ့ ပုသိမ်ဘက်ကို ဆင်းရင်လည်းဆင်းသွားတယ်။ အဲဒီမှ ငပုတောဘက် ဆင်းသွားတယ်။ အဲဒီလိုလူမျိုးတွေများတယ်ဗျ။
မေး- ဆိုတော့ တိုက်ပွဲတွေဟာ ဖြစ်လာတဲ့ ပကတိ လူနေမှုဘဝကို ပျက်စီးစေတာလား။
ဖြေ- ရတာပေါ့။ ပကတိလူနေမှုဘဝက လုံးဝအထိုင် တစ်ခုကိုက ပုံပျက်သွားပြီ။ ဟန်ချက်ညီနေမှုတစ်ခုက ပျက်သွားပြီ။ ဘဝတွေက သဘောက အခုဆို လွယ်လွယ်ကူကူသွားကြည့်ရင် (ရန်ကုန်က) ယုဇနက အလွယ်ဆုံးပဲ။ ယုဇနမှာ သူတို့ ဘဝတွေ အကုန်မြင် နေရတာပဲ။ သံတွဲက လာတယ်။ ဂွကလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာ တကယ့် အိမ်ကြီး ရခိုင်နဲ့ နေခဲ့တဲ့လူတွေ၊ တကယ့်စီးပွားရေး ကောင်းကောင်း လုပ်ခဲ့တဲ့ သူတောင် ဒီမှာ ပြန်လာပြီး စီးပွားရေးတစ်ခု အစပြု ဖို့က ခက်တယ်လေ။ ခက်တယ်ဆိုတာက စားစရာလုပ်ရင်ကောင်းမလား။ စားစရာရောင်းစားရင် ကောင်းမလား။ စားသောက်ကုန်ရောင်းချရင် ကောင်းမလား။ စားသောက်ကုန်ရောင်းချတယ်ဆိုတာလည်း ဟိုမှာတုန်းက သံတွဲမှာ ဆိုင် (၁၀)ဆိုင်နဲ့ ကိုယ့်မိတ်နဲ့ ဘယ်လိုဘယ်လိုတိုးတယ်ဆို။ ဒီမှာက ဆိုင် (၁၀ဝ)၊ (၂၀ဝ)လောက် ရှိနေတာလေ။ အဲဒီလိုမျိုး ဟာတွေကတော့ သူတို့မကျွမ်းကျင်တဲ့ Market ထဲကိုရောက် လာတော့ အခက်အခဲတွေကတော့ ရှိတယ်ပေါ့။ ဒါ ယုဇနဥ ယျာဉ်မြို့တော်မှာ ကျွန်တော်တို့တွေ့နေတာပဲလေ။ အဲဒီလိုအနေအထားလေးတွေရှိတော့ အစ်ကိုပြောသလို ဟန်ချက် တစ်ခုတော့ အထိုင်တစ်ခုတော့ ပျက်သွားတယ်လို့ ပြောလို့ရတာပေါ့။
မေး- ဒါကတော့ အုပ်ချုပ်ရေးပိုင်းပေါ့။ AA ရဲ့ အုပ်ချုပ်ရေးကိုကော ဒေသခံတွေက ယုံကြည်ကြရဲ့လားဗျ။
ဖြေ- ဒေသခံ ယုံကြည်ဖို့၊ မယုံကြည်ဖို့ဆိုတာထက် ဒီအုပ်ချုပ်ရေးယန္တရားကို ကျွန်တော်တို့က တည်ဆောက်လို့ ရသ လား၊ မရသလားဆိုတာလည်း ကျွန်တော်တို့ဆုံးဖြတ်ရဦးမှာလေ။ ကျွန်တော်အမြဲတမ်း ပြောခဲ့တယ်။ မြို့ကိုသိမ်းတာက သိမ်းလို့ရတယ်။ အင်အားသာလွန်လူက သိမ်းသွားတယ်။ ရသွားတယ်။ ဒါပေမဲ့ မင်းတို့ အုပ်ချုပ်ရေးစနစ်တစ်ခုကိုတည် ဆောက်ဖို့ကျတော့ အဲဒီမှာ အများကြီးလိုလာတယ် ဆိုတာမျိုးပေါ့ အစ်ကိုရာ။ ဘဏ်စနစ်၊ စီးပွားရေးစနစ်၊ နောက်ပြီး တော့ ယုံကြည်စိတ်ချမှုမှာ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးလိုက်တဲ့အခါ ဘယ်သူ့ကိုသွားတိုင်မ လဲဆိုတာမျိုး၊ ကိုယ့်ပစ္စည်းကို အိမ်ပေါ်အထိ တက်ယူတယ်။ ဘယ်သူ့ကို သွားတိုင်ရမလဲဆိုတာမျိုးပေါ့။ လုံခြုံစိတ်ချတဲ့ ဒီလိုလူတွေ ဘယ်မှာရှိမလဲဆို တာနဲ့ လည်ပတ်မှုစနစ်ဗျာ။ အခု ကျွန်တော်တို့ ရှင်းရှင်းလေးပဲ တွက်ဆလို့ရတယ်။ လေယာဉ်တွေ ဘာဖြစ်လို့ လွှတ်ထားသလဲ။ မြို့နေလူထုတွေစိတ်မှာ လေယာဉ်သံကြားရင်ကို လန့်နေအောင်ရယ်။ နောက် တစ်ခုကတော့ အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်လို့မရအောင်လုပ်ထားတာလေ။ အဲဒီ လေယာဉ်သံ ကြားနေသရွေ့၊ ကြောက်ရွံ့ နေရသရွေ့ အုပ်ချုပ်ရေး ယန္တရားကိုတည်ဆောက်ဖို့ဆိုတာ ခက်တယ်။ အဲဒီလို မျိုးဆိုတော့ အုပ်ချုပ်ရေးယန္တရားကို အစ်ကို ပြောသ လို ယုံကြည်မှုရှိသလား၊ မရှိသလားဆိုတာထက် ကျွန်တော်တို့ သူတို့လုပ်ပြတဲ့ဟာတွေ မြင်မှ မမြင်ရ သေးတာကို။ အုပ်ချုပ်ရေး သူတို့ဘာလုပ်တယ် ဆို တာ မမြင်ရသေးသရွေ့ ပြည်သူလည်း ယုံဖို့ဆိုတာ ခက်တယ်ပေါ့နော်။ ပါးစပ်က ပြောတာလောက်ပဲရှိတယ်။ နောက်တစ်ခုက ဒီလိုလေယာဉ်လာတယ်ပေါ့။ ကျန်းမာရေး၊ ပညာရေး၊ ဘဏ်စနစ်၊ နောက် လျှပ်စစ်မီး ဒါတွေတောင် လည်ပတ်အောင် မလုပ်နိုင်ဘဲနဲ့ အုပ်ချုပ်ရေးစနစ် အသက်ဝင်ဖို့ဆိုတာ ခက်သေး တယ်လို့ ပြောရမှာဖြစ်ပါတယ်။
မေး- ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်တယ်။ နောက်ပြီးတော့ ရခိုင်တောင်ပိုင်းကို တိုက်ပွဲ ရောက်လာ တယ်။ အဲဒီအချိန်အထိ ဂွမြို့နယ်ဟာ တည်ငြိမ်နေခဲ့လား။
ဖြေ- The Last လို့ပဲ ပြောရမှာပေါ့။ ဂွရဲ့အနေအထားကတော့ ဘယ်လိုပြောမလဲဆိုတော့ သံတွဲက အဓိက မြို့ဖြစ် နေတာကိုလေ။ ဂွက သံတွဲပြီးရင်ကြားမှာ ရွာတွေများတာသာရှိတာ။ ဂွက တကယ်တမ်းပြောရင် သေးသေး လေးပဲ ရှိတာ။ ဂွကို အဲဒီကြောင့်မို့ နောက်ဆုံးမှ လာတာဖြစ်မယ်။ အခုက သူကအဓိ ကအရေးပါဆို ရန်ကုန်ကိုသွားတဲ့၊ လာတဲ့လမ်းပေါ်မှာ ဒုတိယလမ်းလို့ ပြောရမှာပေါ့။ ရှင်းရှင်းပြောရင် သံတွဲ ကနှစ်လမ်းရှိတယ်ဆိုရင် တောင်ကုတ်ဘက်က လာ လို့မရတော့ဘူး ရိုးမကို။ အဲဒီဆို ဂွဘက်က ရေနံ့သာ တို့၊ ဘာတို့ သွားရမယ့်လမ်းလေ။ ဒါကကျန်သေးတာ ကိုး။ နောက်ပြီးတော့ မကြာသေးခင်က တံတားက ဂွနဲ့ဧရာဝတီနဲ့ကို တောက်လျှောက်ဖောက်တဲ့တံတား အခုဖွင့်မယ်ဆိုတဲ့ လမ်းခရီးက ဂွမှာရှိနေတာ။ အဲဒီလို ဆိုတော့ ဂွက ဒုတိယလမ်းကြောင်းဆက်သွယ်ရေးမြို့ ဖြစ်နေတာ။ ဒါပေမဲ့ မြို့က သေးတယ်။ ကျဉ်းတယ်။ အဲဒါကြောင့် ဂွက ဟိုမြို့တွေလောက် အရေးမပါ ဘူးလားဆိုတော့ ဆက်သွယ်ရေးအရ လောက်ပဲ အရေးပါပြီး ကျန်တဲ့စီးပွားရေး ဘာညာဆိုရင်တော့ အဲဒီလောက်အထိ အရေးမပါဘူးဗျ။ သူ့မှာ ကမ်းသာ ယာလေးတစ်ခုရှိမယ်။ ကမ်းသာယာကလည်း ငပလီနဲ့ယှဉ်ရင် အလကားပဲလေ။ အများကြီးမရဘူး။ အရမ်းနည်းတယ်။ လူသိနည်းတယ်။ မြို့မှာရှိတဲ့ စားသောက်ဆိုင်အရေအတွက်ဘာညာ ဒါတွေကို တွက်ကြည့်လိုက်ရင် သူ့လည်ပတ်မှုကို ကျွန်တော်တို့ တွက်ကြည့်လို့ရတယ်လေ။ သံတွဲမြို့မှာ လက်ဖက် ရည်ဆိုင်ဆိုရင် အနိမ့်ဆုံး (၁၅)ဆိုင်၊ ဆိုင် (၂၀)လောက်ရှိတယ်။ ရွာမှာ ဒါသေးသေးလေးတွေမပါ သေးဘူး။ ဂွမှာ အမြင့်ဆုံးသွားတွက်ရင် (၃)ဆိုင်၊ (၄)ဆိုင် လောက်ပဲ ရှိတယ်။ အဲဒီလိုအနေအထားနဲ့ကွာ တာပေါ့နော်။ သူ့ကိုတော့ ဒီလမ်းကြောင်းအရနဲ့ပဲလာ တာလို့ထင်တယ်။ ပြီးတော့ သူဟာ မြောက်ပိုင်းမြို့တွေနဲ့ တောင်ပိုင်းမြို့တွေမှာဆိုရင် သူဟာအဲဒီ လောက်အထိ အရေးမကြီးဘူး။ အဲဒါကြောင့်လည်း နောက်ဆုံးမှ ဖြစ်လာတယ်လို့ ထင်တယ်။
မေး- ဂွမြို့နဲ့သံတွဲမြို့ကို လူတွေက တွဲတွဲပြောကြ လေ့ရှိတာပေါ့။ အစ်ကို နှိုင်းယှဉ်ပြီးပြောခဲ့တာလည်း ရှိတော့ လက်ရှိသံတွဲမြို့က ဘယ်လိုအခြေအနေရှိပါ သလဲ။
ဖြေ- သံတွဲက ဘယ်လိုအတိုင်းအတာအထိ ဆိုက်ရောက်လဲဆိုတော့ အခုလက်ရှိမှာ သံတွဲကို ကျွန်တော်တို့ သတင်း အဆက်အသွယ်လုပ်လို့မရတော့ဘူး။ လုံးဝ အဆက်အသွယ်မရဘူးနော်။ ရွာဘက်၊ နယ်ဘက်တွေဆို ဖုန်းလိုင်း လုံးဝ ပျက်သွားတယ်။ နောက်ကို ဒီနေ့ဒီအချိန်အထိ တိုက်ပွဲစဖြစ်ပါပြီဆို ကတည်းက (၂၄)နာရီမီးရနေတဲ့မြို့က (၂၄)နာရီ မီးဆိုတာ မမြင်ရလောက်အောင် ပျက်သွားပြီ။
မေး - မီးက တိုက်ပွဲစဖြစ်တည်းက ပျက်တာနော်။
ဖြေ- AA တို့နဲ့ စဖြစ်ပါပြီဆိုကတည်းက လျှပ်စစ်မီးပျက်ပါပြီ။ နေ့ရောညရော မီးပျက်တာ ဒီနေ့ဒီအချိန် အထိပဲ။ နောက်ပြီးတော့ အစိုးရဝန်ထမ်းတွေအပြင်ကို ထွက်လာတယ်။ ရသလောက် ပြောင်းရွှေ့တယ်။ တချို့တွေက ဂွကို သွားပြီး အစိုးရရုံးတွေလည်း လည်ပတ်မှုရပ်သွားပြီပေါ့နော်။ နောက်ပြီးတော့ စီးပွားရေး အခြေခံဥစ္စာနည်းနည်းရှိတဲ့ သူတွေအားလုံးသည် ရန်ကုန်ပဲဖြစ်ဖြစ်၊ ဧရာဝတီကပဲဖြစ်ဖြစ် ဆွေမျိုးဉာတကာရှိတဲ့နေရာကို သူဘာသာ သူပြောင်း ရွှေ့လာတယ်။ အခု ဒီကာလမှာ လူတွေက ငြိမ်ပြီဆိုပြီး သွားတယ်။ သံတွဲမြို့ကို မကြာသေးခင်ကပဲ လေယာဉ်ဝင်တယ်။ ပစ်တယ်။ အဲဒီလိုဆိုတော့ လူကိုသွားထိတယ်။ ထိတော့ အစ်ကိုရာ ရှင်းရှင်းလေးပဲ။ လူပဲ တစ်ခါ၊ နှစ်ခါ ကြောက်တာ ပေါ့လေ။ ဒါပေမဲ့ အခုချိန်အထိ သူတို့ကြောက်နေတုန်း။ အကြောက်အလန့်နဲ့ ရှင်သန် နေရတယ်။ ပြီးတော့ မြို့ထဲကနေ အပြင်ကိုထွက်ဖို့ ကလည်း အခက်အခဲ ဖြစ်နေတယ်ပေါ့နော်။ မယုံ သင်္ကာတဲ့ ဥစ္စာမျိုးတွေ၊ ဘာတွေကြောင့် သူတို့ကို ခေါ်ပြီး စစ်မလား။ နောက်တစ်ခုက သူတို့ဖုန်းလိုင်း မရတော့ဘူး၊ အဆက်အသွယ်မရတော့ဘူး။ နောက်တစ်ချက်က ငွေလွှဲတာ။ နောက်ဆုံးအခက်အခဲဖြစ်လို့ ပိုက်ဆံတောင်းရင်တောင် ငွေ(၁)သိန်းဆိုရင်တောင် (၃)သောင်းက ငွေလွှဲခယူ ထားတော့ အခု ကျွန်တော် သိရသလောက်ဆိုရင် ငွေလွှဲခက ဒီမှာငွေ(၁)သိန်း ပေးလိုက်ပြီဆိုရင် ငွေ(၁)သိန်းကို သူ့ဆီမှာ ထည့်ပြီး ရင်တောင် ဒီဘက်ကလူဆီက ငွေ(၃)သောင်းကို ငွေ လွှဲခအနေနဲ့ တစ်ခါတည်းတောင်းတယ်။ ဒီလိုမျိုး တောင်းတာမျိုးတွေ ရှိတယ်။ ရှိတဲ့အခါကျတော့ အဲဒီအနေအထားဆိုရင်ပဲ မြို့သားတွေ ဘယ်လောက်အထိ ကြောက်ရွံ့ နေမလဲရယ်၊ ဘယ်လောက်အထိ ခက်ခဲနေမလဲကို ကျွန်တော်တို့တွက်လို့ရပြီလေ။ အကြောက်အလန့်က အရမ်းရှိလာ တာပေါ့။ မြို့ထဲမှာ နေပေမယ့် ကြောက်လန့်နေတဲ့စိတ်ပဲရှိတယ်တဲ့။ အဲဒီလိုပဲ ကြားရတယ်။
မေး- ဒါကတော့ နောက်ဆုံးမေးခွန်းပါ။ အစ်ကိုကလည်း ရခိုင်ပြည်နယ်သားတစ်ယောက်ဖြစ်တဲ့အခါမှာ အစ်ကို သိသလောက်ပေါ့။ AA ထိန်းချုပ်ခံမြို့ တွေမှာ တူညီတဲ့ ခက်ခဲမှုတွေ၊ အချက်တွေက ဘာများဖြစ်မလဲ။
ဖြေ- တူညီတဲ့အချက်ဆိုရင်တော့ လူတွေကြောက်သွားတယ်။ စီးပွားပျက်သွားကြတယ်။ နောက် စိတ်ဓာတ်ရေးရာ တော်တော်ကျဆင်းသွားတယ်။ ပြန်ဖြစ် ပါ့မလားဆိုတာပေါ့နော်။ ငါတို့ အရင်လိုမျိုး ပြန်တည် ထောင်လို့ရပါ့မလား ဆိုပြီးတော်တော်ကို စိတ်ကျ ဆင်းသွားတာမျိုးတွေ ဖြစ်တယ်။ နောက် တူညီတဲ့ဟာ တစ်ခုလို့ပြောရင် ပညာရေး၊ ကျန်းမာရေး လုံးဝဆုံးရှုံးသွားတယ်။ ဆရာဝန်တွေမရှိတော့ဘူး။ ဒါအမှန်တကယ်။ သံတွဲမှာ လုံးဝမရှိတော့ဘူး။ ဆေးရုံလည်ပတ်မှုသည် ရပ်သလောက်ဖြစ်သွားပြီ။ ဆေးလည်း ပြတ် နေပြီ။ နောက်တစ်ခုကတော့ ကျွန်တော်တို့အခု ဒီကို ထွက်လာတာနဲ့အတူ အားလုံးသည် ဒီမှာ ဒါအမှန်အတိုင်းပြောတာအစ်ကိုရာ။ (စစ်ဘေးရှောင်တွေထဲ) တချို့ တွေဆိုရင် ကျွန်တော်သိသလောက် ဩဂုတ် လောက်မှရောက်တာ စက်တင်ဘာ၊ အောက်တိုဘာ လောက်မှ ရောက်တဲ့ သူတောင် ရှိသေးတယ်။ ကလေးတွေက ကျောင်းကို အဲဒီအချိန်မှပဲ စတက်ရတော့ ကျွန်တော်ပြောတာ အတန်းတက်မယ့်လူအ တွက်ကိုက (၇)တန်း၊ (၈)တန်း၊ (၉)တန်းလောက်က လွယ်ရင်လွယ်ဦးမယ်။ ဒါပေမဲ့ (၁၀)တန်း ကျောင်း သားတွေအတွက်က မလွယ်လောက်သေးဘူး။ သူ့အတွက် စာကျက်ချိန်အရမ်းနည်းနေပြီလေ။ အားအကုန်နဲ့ ကံပါလို့မှ ဖြစ်ရင်ဖြစ်ပေါ့ဗျာ။ အဲဒီဟာ အရမ်း နစ်နာသွားပြီ။ ပြီးတော့ ဟိုမှာကျန်ခဲ့တဲ့ကလေးတွေ ကျောင်း လုံးဝ မတက်ရတော့ဘူး။ အခုထားပါတော့ ကျွန်တော်တို့နဲ့ ဆွေမျိုးတော်တဲ့သူတွေရှိတယ်။ ကလေးက (၄)နှစ်နဲ့ (၅) နှစ်ကြားကို ရောက်နေပြီ။ ပြောရရင် ကျောင်းတက်ရမယ့်အရွယ်လေ။ သူ ကျောင်းမတက်ရတော့ဘူး။ ကျောင်းမှာ ဆရာမတွေ လည်း မရှိဘူး၊ ဘာမှလည်းမရှိတော့ ကျောင်းမတက်ရ တော့ဘူး။ ကလေးက နောက်ထပ် (၃)နှစ် လောက် ဆိုရင် (၇)နှစ်၊(၈)နှစ်ဆိုရင် ကျောင်းသွားတက်မယ့် အချိန်မှာသူငယ်တန်းက တက်ရမယ့်အသက်က (၁၀)နှစ်လောက်ရှိ နေပြီလေ။ အဲဒီဟာတောင် တကယ်ငြိမ်မှပေါ့နော်။ အဲဒီလိုဟာကို ဘုံတူညီတဲ့ အချက်ဆိုရင် စီးပွားရေး အရမ်း ဆုတ်ယုတ်သွား တယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးဝန် ဆောင်မှု ဘာတစ်ခုမှ မရှိဘူးဖြစ်သွားတယ်။ နောက် တစ်ခုက လူတွေသည် ကျီးလန့်စာစားပဲ။ တစ်ရက်စာကို တစ်ရက်ရှာစားတဲ့ပုံစံပဲ ဖြစ်သွားတယ်။ စုဆောင်း လို့ ဘာမှမရ တော့ဘူး။ အဲဒီဟာတွေ ဖြစ်လာတာပေါ့။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version;
‘‘ ဒဏ္ရာမ်ားၾကားက ဒဏ္ရာဆင့္သြားသည့္ ‘ဂြ’ ၿမိဳ႕ခံမ်ား ’’
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၂

ေမး - လက္ရွိ ဂြၿမိဳ႕နယ္ဘက္ကအေျခအေနက ဘယ္လိုရွိေနပါသလဲခင္ဗ်။ အဲဒါကို အရင္ေျပာျပ ေပးပါ။
ေျဖ- အဓိက ဂြဘက္မွာ ဘယ္လိုျဖစ္လဲဆိုေတာ့ သတင္းေတြမွာေဖာ္ျပတဲ့အတိုင္းပဲေပါ့။ အဲဒီအနားမွာရွိတဲ့ ကုလား ျပင္႐ြာတို႔ ဘာတို႔ဘက္ကို AA တပ္ေတြ ေရာက္လာတယ္။ ေနာက္လမ္းမွာ ဆတ္သြားလို႔ ေခၚတဲ့႐ြာေတြမွာဆိုရင္ တံတား ေတြခ်ိဳးခံရတာေတြ ရွိတယ္။ ဆတ္သြားတို႔၊ ေႂကြခ်ိဳင္တို႔နဲ႔ ဂြၿမိဳ႕နဲ႔က မိုင္(၃၀)ေလာက္ပဲ ကြာေတာ့တယ္။ အဲဒီေလာက္ အထိ ေရာက္လာတယ္။ ေရာက္ေတာ့ လမ္းခရီးအေနအထား ကေတာ့ နည္းနည္း အသြားအလာစိုးရိမ္ရတယ္ေပါ့ေနာ္။ တိုက္ပြဲေတာ့ရွိတယ္။ သို႔ေသာ္ တစ္ဖက္မွာ ဘယ္လိုျဖစ္ေနျပန္လဲဆိုေတာ့ ဒီဂြဘက္ကေန ရန္ကုန္ကို အခုထိ တက္လာ တဲ့သူေတြရွိတယ္။ ကုန္ပစၥည္း အသယ္အပို႔ေတြ လုပ္ေနေသးတယ္ဆိုေတာ့ တစ္အခ်က္ တြက္လို႔ရတာေတာ့ ဂြၿမိဳ႕ကို(တိုက္ပြဲက) မေရာက္ေသးဘူးလို႔ တြက္လို႔ရတယ္။

ေမး- ဂြၿမိဳ႕နယ္ကျပည္သူေတြရဲ႕အေျခအေနက ေကာ ဘယ္လိုရွိပါသလဲ။
ေျဖ- အဓိကအခ်က္ကို ကြၽန္ေတာ္တို႔ေျပာရရင္ေတာ့ ဂြၿမိဳ႕ရဲ႕ေဆး႐ုံမွာရွိခဲ့တဲ့ ဆရာဝန္ေတြ၊ ဘာေတြကေတာ့ တခ်ိဳ႕ တေလကေတာ့ ေျပာင္းေ႐ႊ႕ၾကၿပီေပါ့ေနာ္။ ရန္ကုန္ေရာက္တဲ့သူေတြ ေရာက္ေနၾကၿပီေပါ့ေနာ္။ ျပည္သူက ဘယ္လို လဲဆိုေတာ့ ျပည္သူရဲ႕အေနအထားကေတာ့ စိုးရိမ္မႈေပါ့ေနာ္။ နီးလာေလေၾကာက္ လာေလပဲ။ ဘာလို႔လဲဆိုေတာ့ ေရွ႕မွာက ကြၽန္ေတာ္တို႔ ပထမ မသိရင္သာမသိတာေလ။ ျဖစ္တဲ့ဟာက ကိုယ့္အနီးနားကိုေရာက္လာရင္ေတာ့ ဒါ ကိုျမင္ဖူးၿပီးသြားၿပီ။ လန႔္တာပဲ။ ပထမ မေရာက္ေသးဘူး။ အေဝးမွာေနတဲ့ အခ်ိန္မွာက် တိုက္ပြဲေရာက္လာတယ္။ ဘာျဖစ္လဲ။ ငါတို႔ ရင္ဆိုင္ႏိုင္တယ္ ဘာညာေပါ့။ အနီးစပ္ဆုံး သူတို႔ရဲ႕ဗဟိုခ်က္မလို႔ ေျပာျပလို႔ရတဲ့ သံတြဲမွာျဖစ္ သြားၿပီ။ သံတြဲရဲ႕အလႈပ္အခတ္ေတြ အားလုံးကိုျမင္ ၿပီးတဲ့အခ်ိန္မွာေတာ့ ဂြက သံတြဲထက္လည္း ပိုၿပီးေတာ့ ၿမိဳ႕ကေသးတယ္။ ၿမိဳ႕ငယ္တာျဖစ္တဲ့အတြက္ ပိုၿပီးလန႔္တာေပါ့။ ကြၽန္ေတာ္သိရသေလာက္ေတာ့ ၿမိဳ႕ကိုစၿပီးေတာ့ စြန္ခြာတဲ့လူေတြလည္း စြန႔္ခြာၿပီးေတာ့ ဧရာဝတီဘက္ေတြ၊ ဘာေတြကို ေျပာင္းတဲ့သူ ေတြရွိတယ္လို႔လည္း ကြၽန္ေတာ္ေတာ့ ၾကားတယ္။
ေမး- ဂြၿမိဳ႕ဟာ အရင္တုန္းက စီးပြားေရးေကာင္းတဲ့ ၿမိဳ႕လား။ အခုက်ေတာ့ေကာ ဘယ္လိုအေျခအေန ရွိပါသလဲ။
ေျဖ- ဂြၿမိဳ႕က စီးပြားေရးေကာင္းတဲ့ၿမိဳ႕လားဆိုေတာ့ သူက Economic ၿမိဳ႕ေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ သူ႔ မွာ ကြၽန္ေတာ္တို႔ ႐ိုးမေတာင္ေပၚတက္တဲ့လမ္းမွာ ကမ္းသာယာရွိတယ္။ ကမ္းသာယာ အပန္းေျဖစခန္းေပါ့။ ဒီကို အပန္းေျဖတဲ့လူေတြ လာၾကတယ္ေပါ့ေနာ္။ ထားပါေတာ့ ငပလီကို မလာႏိုင္တဲ့လူက ေခ်ာင္းသာကို မသြားႏိုင္တဲ့သူက ေငြေဆာင္ကို အစားထိုးၿပီး သြားသလိုေပါ့၊ အဲဒီလိုမ်ိဳးကို ဘတ္ဂ်က္လိုျဖစ္တဲ့ ကမ္းသာယာကိုသြားၾကတယ္။ ဘန္ဂလိုေတြရွိတယ္။ အဲဒီမွာ ဟိုတယ္ရွိတယ္။ အဲဒီဥစၥာက အဓိကေပါ့ေနာ္။ က်န္တဲ့ဟာကေတာ့ ဂြၿမိဳ႕က ကြၽန္ေတာ္ေျပာရရင္ေတာ့ ၿမိဳ႕ဆိုတာ ထက္ ႐ြာႀကီးတစ္႐ြာနဲ႔ပိုတူတယ္။ လက္ဖက္ရည္ဆိုင္ဆိုလည္း သာမန္ေလာက္ကေလးေတြေပါ့ေနာ္။ အဲဒီဟာေတြရွိ တယ္။ ၿမိဳ႕အလယ္ပတ္ဝန္းက်င္ ေလာက္ကနည္းနည္းစည္တယ္။ ေနာက္ၿပီးရင္ ေဘး႐ြာေတြ၊ သူနဲ႔႐ြာနီးခ်ဳပ္စပ္ ေတြကေန လာၿပီးေတာ့ ေရာင္းခ်တဲ့ ဟင္းသီးဟင္း႐ြက္သည္၊ ဘာညာ ဒီလိုနဲ႔ပဲ သာမန္ၿမိဳ႕ပုံစံေလးအတိုင္းေလာက္ လည္ ပတ္ တာပဲရွိတယ္။ ဥပမာ-မႏၲေလးနဲ႔ စစ္ကိုင္းနဲ႔ ကူး လိုက္ရင္ ကြာေနသလိုမ်ိဳးေပါ့။ စစ္ကိုင္းဘက္မွာ ေန႔ လယ္ဘက္ဆို တိတ္ဆိတ္ ေျခာက္ကပ္သြားသလိုမ်ိဳး။ သူလည္း အဲဒီလိုပဲ။ အဲဒီလိုအေနထားမ်ိဳးေလာက္မွာပဲ ရွိတယ္။
ေမး- ဂြဘက္ကလူေတြရဲ႕ စိတ္ေပါ့။ သူတို႔ကေကာ အုပ္ခ်ဳပ္မႈအေျပာင္းအလဲကို လိုလားၾကလား။ ဘယ္ လိုအေျခအေန ျမင္ရလဲဗ်။
ေျဖ- ဘယ္လိုရွိပါသလဲဆိုေတာ့ ျပည္သူကေတာ့ အခုခ်ိန္မွာ ဘာမွေျပာလို႔မွမရတာေလ။ ဘယ္သူပဲ လာလုပ္လုပ္၊ ဘယ္သူပဲ ဘာျဖစ္သြားသြား သူတို႔ခံရမယ္ ဆိုတာပဲ။ တခ်ိဳ႕ေတြက ႀကိဳျပင္ထားတဲ့သူက ႀကိဳျပင္ ထားတယ္ေပါ့ေနာ္။ ဒါေပမဲ့ ဒီအုပ္ခ်ဳပ္မႈအေနအထားကေတာ့ အခုလက္ရွိမွာ သံတြဲျဖစ္သြားတယ္။ သူ႔တို႔ မွာျဖစ္ရင္လည္း ဒီ Effect ႐ိုက္မယ္ဆိုတာ သိေနၿပီ။ ထားပါေတာ့ဗ်ာ။ သံတြဲမွာ ေလယာဥ္ေတြလာတယ္။ ငါတို႔ဆီ တကယ္ျဖစ္သြားရင္ေကာ လာမလားေပါ့ေနာ္။ အဲဒီလို ေလယာဥ္ေတြလာမယ္။ ဒီလိုဗုံးႀကဲတာ ေတြ ျဖစ္လာမလား၊ ငါတို႔ၿမိဳ႕ေၾကသြားမလား ဆိုတာ ကိုေတာ့ စိုးရိမ္မႈရွိေနၾကၿပီေပါ့ေနာ္။ ဒီအုပ္ခ်ဳပ္ေရး ယႏၲရားကို ေက်နပ္မႈရွိလားဆိုေတာ့ အဲဒီမွာတင္ တြက္လို႔ရတယ္ဗ်။ တစ္ဖက္မွာ ေၾကာက္စိတ္ရွိေနၿပီ။ ေနာက္တစ္ခုက ဘယ္ဘက္ကိုမွ မယုံၾကည္တဲ့ပုံစံကိုေပါ့။ ကြၽန္ေတာ္ အဲဒီလိုပဲ ယူဆတယ္။ မယုံၾကည္ဘူး။ အဓိက က ငါတို႔နာမည္ေပါ့ေနာ္။ ၿမိဳ႕ထဲကို ေရာက္လာမယ္။ အနီးစပ္ဆုံးေရာက္လာရင္ ငါတို႔နာသြားမယ္။ ဒါကိုပဲ တြက္လာၿပီ။
ေမး- အၾကမ္းဖ်င္းေပါ့ေနာ္ ၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ျပင္းထန္လာရင္ ထိခိုက္မႈက ဘယ္ေလာက္ ျပင္းထန္မယ္လို႔ ထင္ပါ သလဲ။
ေျဖ- ဂြၿမိဳ႕ ျဖစ္ၿပီဆိုရင္ ကြၽန္ေတာ္ထင္ပါတယ္။ ဂြၿမိဳ႕ ရဲ႕ပုံစံအေနအထားက အခု သံတြဲက ႐ုံးေတြေရာ၊ ေနာက္ၿပီးေတာ့ (သံတြဲဘက္က) အစိုးရဝန္ထမ္း တခ်ိဳ႕တစ္ဝက္ေပါ့ေလ။ အဲဒီကို ေျပာင္းေ႐ႊ႕ထားတယ္။ အဲဒီဟာေတာ့ ကြၽန္ေတာ္သိ တယ္။ ဥပမာပဲထားပါေတာ့ ေက်ာင္းဆရာမေတြ ၊ က်န္တာေတြ သူတို႔ထြက္ မယ္ဆိုရင္ ႐ိုး(မ)လမ္းကေန ရန္ကုန္ကို ေက်ာ္ခြင့္မေပးဘဲ အစိုးရဝန္ထမ္းဆိုရင္ ဆက္လက္တာဝန္ ထမ္းေဆာင္ရမယ္ဆိုတဲ့ပုံစံမ်ိဳး ဂြမွာ႐ုံးစိုက္ၿပီးေတာ့ အထိုင္ခ်ထားတာမ်ိဳးေတြရွိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ထင္တာေတာ့ လဝကတို႔၊ ဘာတို႔ကိုေတာ့ ေနျပည္ ေတာ္႐ုံးေတြ ျပန္ေခၚတယ္။ ပုသိမ္႐ုံးေတြကို ျပန္ေခၚၿပီး ၾကားမွာထည့္တယ္လို႔ ေျပာတယ္။ က်န္တဲ့အစိုးရ ဝန္ထမ္းေတြက အဲဒီမွာ က်န္တယ္ဆိုေတာ့ သံတြဲရဲ႕ တခ်ိဳ႕တစ္ဝက္ေသာ အစိုးရဝန္ထမ္းသည္ အဲဒီမွာ။‌ ေနာက္ၿပီးေတာ့ ၿမိဳ႕ခံေပါ့။ အဲဒီ ဟာရွိတယ္။ ေနာက္ တစ္ခ်က္က ဂြကိုျဖတ္သန္းရာလမ္းရဲ႕ အဆိုးဆုံးအ ခ်က္တစ္ခုက ႐ြာအရမ္းမ်ားတယ္။ ႐ြာေတြက ဆက္တိုက္။ ကြၽန္ေတာ္ေျပာသလို ေႂကြခ်ိဳင္၊ ကုလားျပင္၊ အမ်ားႀကီးပဲ။ ၿပီးေတာ့ ဆတ္သြား၊ ေက်ာက္ႀကီး ဘာညာအမ်ားႀကီး အဲဒီလိုမ်ိဳးသြားတာ။ သြားရတဲ့အေနအထားက သူ႔ရဲ႕အလယ္မွာ ႐ြာေတြက စည္ကားတဲ့ ႐ြာႀကီး ေတြမ်ားတယ္။ အဲဒီလို႐ြာေတြကေတာ့ ထိမွာပဲ။ ဘာလို႔ထိမွာလဲဆိုေတာ့ တိုက္ပြဲျဖစ္ၿပီဆိုကတည္းက ဝုန္းခနဲေတာ့ ၿမိဳ႕ေပၚကိုမေရာက္ဘူးေလ။ ဒီ႐ြာေတြ ကုန္ရင္းကုန္ရင္းမွ သူက ေရာက္လာတဲ့အဆင့္ကို ေရာက္မွာဆိုေတာ့ ၾကားက ႐ြာေတြ ပိုနာလိမ့္မယ္လို႔ ထင္တယ္။ ၿမိဳ႕ကေတာ့ တြက္ဆရသေလာက္ ၿမိဳ႕အေပၚထပ္ကလူေတြကေတာ့ ေရွာင္လိုက္ မယ္လို႔ထင္တယ္။ ေရွာင္လို႔ ၿမိဳ႕မွာေရာက္သြားရင္ေတာ့ အပ်က္ အစီးရွိမယ္။ ဒါေပမဲ့ လူကေတာ့ အဲဒီေလာက္အထိ မျဖစ္ႏိုင္ဘူးေပါ့ေနာ္။ ေလယာဥ္ေတြ၊ ဘာေတြလာရင္ေတာ့ မေျပာတတ္ဘူးေပါ့ေနာ္ အဲဒီလိုမ်ိဳး။
ေမး- အဲဒီပတ္ဝန္းက်င္ေဒသ အထူးသျဖင့္ ဂြၿမိဳ႕ နယ္ေပါ့ေလ။ အရင္က တိုက္ပြဲကို ႀကဳံဖူးလား။
ေျဖ- မႀကဳံဖူးဘူး။ ဂြက ဘယ္ေတာ့မွ မႀကဳံဘူး။ ဂြက ကြၽန္ေတာ္တို႔ သိသေလာက္နဲ႔ ကြၽန္ေတာ္တို႔ အသက္ အ႐ြယ္အပိုင္း အျခားမွာ‌ေတာ့ လုံးဝ မႀကဳံဘူး။
ေမး- အဲဒီလို မႀကဳံဖူးဘဲနဲ႔ အခုျဖစ္လာတဲ့အခါမွာ က်ေတာ့ေကာ ေဒသခံေတြစိတ္ထဲ ဘယ္ေလာက္ အထိ စိုးရိမ္ထိတ္ လန႔္သြားလဲ။
ေျဖ- ျဖစ္ၾကတာေပါ့။ အဓိကေတာ့ သံတြဲမွာ အခုဒီ လိုျဖစ္သြားၿပီးေတာ့ (သူခိုးေတြက) အိမ္ေတြကို ဖြင့္ၿပီးေတာ့ ပစၥည္း ေတြယူတယ္။ ေနာက္ၿပီးေတာ့ ေဈးတက္တယ္ေပါ့ေလ။ ေငြလႊဲရင္လည္း ေငြတစ္သိန္း လႊဲရင္ေတာင္မွ ရာခိုင္ႏႈန္းက (၃၀) ရာခိုင္ႏႈန္းေပးရတာကို။ အဲဒီလိုဟာေတြ ျဖစ္သြားတယ္။ ေနာက္ လွ်ပ္စစ္မီးပ်က္သြားတယ္။ အေသးစားလုပ္ငန္းေတြ လည္ ပတ္လို႔မရေလာက္ေအာင္ ျဖစ္သြားတယ္။ ဒါေတြျမင္ေတာ့ အခုေျပာင္းလာတဲ့သူေတြက်ေတာ့လည္း သူက သံတြဲထက္ ကြၽန္ေတာ္ေျပာသလို တစ္ဆင့္လည္း နိမ့္ေသးတယ္ေလ။ ေ႐ႊဆိုင္ေတြ၊ ဘာေတြဆိုရင္ေတာင္ သံတြဲက မ်ားတယ္။ သူ႔မွာကနည္းတယ္ဆိုေတာ့ သူက ပိုၿပီးေတာ့လန႔္တာေပါ့ေနာ္။ သူတို႔ဆီက ႐ြာႀကီးလို အိမ္ေတြက တည္ထားတာျဖစ္တဲ့အတြက္ ငါတို႔အိမ္ အေကာင္းေတြကို ဘာလုပ္ပစ္လိုက္မွာလဲ၊ ဖြင့္ၿပီး ယူသြားမလား။ ၿပီးေတာ့ စီးပြားေရးပိုင္းဆိုင္ရာမွာက်ေတာ့ သံတြဲထက္ တစ္ဆင့္နိမ့္ေတာ့ သူ႔ရဲ႕ေနရာက ျဖစ္သြားလို႔ယူသြားၿပီဆိုရင္ ဘဝလုံးဝပ် က္သြားတာနဲ႔ အတူတူပဲျဖစ္သြားၿပီ။ အဲဒီလိုအေနအထားမ်ိဳးကို ေၾကာက္တာေပါ့။ အဓိကေတာ့ စီးပြားပ်က္သြားမလား။ သံတြဲလို ျဖစ္သြားမလား။ ဗုံးလာရင္ ဒီလိုျဖစ္မလား။ မီးေတြပ်က္မလား။ အင္တာနက္ပ်က္သြားမလား။ အဲဒီဟာေတြကို သူတို႔ေတြးပူတယ္။ ေနာက္တစ္ခုက ရန္ကုန္ကိုလာတဲ့အခ်ိန္မွာ Second Class လို႔ ေျပာတဲ့အတြက္ သူတို႔က အဲဒီလို ေနရာေတြလာတဲ့အခ်ိန္မွာ ရပ္တည္ဖို႔ရာနဲ႔ သုံးစြဲရတဲ့စရိတ္ေတြက ပိုမ်ားတာေပါ့။ အဲဒီလိုအခါက်ေတာ့ ကြၽန္ေတာ္ ၾကားရသေလာက္၊ စုံစမ္းရသေလာက္မွာေတာ့ အမ်ားစုက ဧရာဝတီဘက္ကို သြားတာမ်ားတယ္လို႔ေျပာတယ္။ ဧရာဝ တီတို႔၊ ေနာက္ကြၽန္ေတာ္သိသေလာက္ဆိုရင္ ရန္ကုန္ကိုဆင္းလာၿပီး ရန္ကုန္မွာ မေနၾကဘူးေပါ့ဗ်ာ။ အစ္ကိုတို႔ သိမွာေပါ့။ ပဲခူးက ဒိုက္ဦးတို႔လိုေနရာမ်ိဳး၊ ေအးေအးေဆးေဆး ေနလို႔ရတယ္‌ေလ။ သက္သာ တယ္ေလ။ ေဝါတို႔၊ ဘာတို႔ေပါ့။ သူတို႔ကို ကြၽန္ေတာ္ ႏွိမ့္ခ်ၿပီးေတာ့ ေျပာတာမဟုတ္ဘူး။ ျဖဴးဘက္ဗ်ာ၊ အဲဒီလိုမ်ိဳးေနရာမ်ိဳးေလးေတြက သာမန္အိမ္ေတြကို ငွားတာ။ ေနာက္ၿပီးေတာ့ ဧရာဝတီဆိုရင္လည္း ေညာင္တုန္းတို႔၊ ဘာတို႔ဆိုရင္ တအားႀကီးစည္တာ လည္းမဟုတ္ဘူး။ ဒါေပမဲ့ ေရာက္သြားတယ္ေပါ့။ အဲဒီလိုေနရာမ်ိဳးေတြဘက္ကို ေရာက္သြားတာတို႔။ ေနာက္လက္ပံ တန္းတို႔၊ ဘာတို႔ေျပာင္းၿပီး ေနတာတို႔ မ်ားတယ္လို႔ ကြၽန္ေတာ္သိရတယ္ဗ်။
ေမး - ဆိုေတာ့ ၿမိဳ႕ကို တိုက္ပြဲမေရာက္ေသးဘဲ ႀကိဳ ေရွာင္ေနၾကတာ မ်ားတယ္ဆိုတဲ့ သေဘာလားဗ်။
ေျဖ- အဓိက ႀကိဳၿပီးေရွာင္တယ္ဆိုတာမွာ တခ်ိဳ႕တေလက မျဖစ္ႏိုင္ပါဘူးေပါ့။ လူေတြက ကိုယ့္ေရွ႕ ေရာက္မွ ယုံတဲ့သူ လည္းရွိတာေပါ့။ အဲဒီေတာ့ တခ်ိဳ႕ ေတြကလည္း မထြက္ေသးဘူး။ တခ်ိဳ႕ေတြက အေျခ အေနၾကည့္တုန္းေပါ့။ ၿပီးေတာ့ ေနာက္တစ္ခ်က္ ခက္တဲ့ဥစၥာက အခုကသြားဖို႔လာဖို႔က အရင္က ေလာက္မလြယ္ေတာ့ဘူး။ အဲဒီအခ်က္က အခက္ဆုံး လို႔ေျပာရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿမိဳ႕ကလူေတြက ႐ိုးမကိုေက်ာ္ၿပီးသြားမယ္ဆိုရင္ေတာင္ ဘယ္လိုလဲ၊ ဘာေၾကာင့္ လဲ၊ ဘယ္လိုအဆက္အသြယ္ေတြလဲ၊ ဘာလဲဆိုတာေတြက စစ္ေဆးမႈမ်ားလာတယ္။ က်န္းမာ ေရးအေၾကာင္းျပခ်က္ နဲ႔ထြက္မွာလား၊ ဘာနဲ႔ထြက္မွာလဲ အဲဒီလိုေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ကားခ ေဈးအရမ္းျမင့္တယ္။ ကြၽန္ေတာ္တို႔ အရင္က လာတယ္ဗ်ာ။ ဒီၿမိဳ႕နဲ႔ဒီေနရာနဲ႔ကို (၃)ေသာင္း၊ (၄)ေသာင္းနဲ႔ ၿပီးတာ ေပါ့ေနာ္။ အခု လူတစ္ေယာက္ကိုေတာင္ (၁)သိန္းခြဲ၊ (၂)သိန္း၊ (၃)သိန္း ျဖစ္ေနတာမ်ိဳးေတြရွိေန တယ္ေပါ့ ေနာ္။ အဲဒီလိုဆိုေတာ့ လာခ်င္တိုင္းလည္း တခ်ိဳ႕ေတြက လာဖို႔ခက္ သြားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အိမ္မွာ အစ္ကိုပဲတြက္ၾကည့္ေလ။ ကိုယ္၊ ဇနီး၊ သားသ မီး(၂)ေယာက္ေလာက္ရွိတဲ့ သူေတာင္ အဲဒီလိုစရိတ္နဲ႔ သြားမယ္ဆိုရင္ အနည္းဆုံး(၁၀)သိန္းအထက္နဲ႔ ရွိေနၿပီေလ။ ၿပီးေတာ့ ဒါမွမဟုတ္ရင္ ေသခ်ာတဲ့ ကားကိုစီးလုံးငွား။ အဲဒီကားေတြက လမ္းခရီးမွာပါ ရွင္းလင္းရမယ့္ဟာေတြကို ရွင္းလင္းၿပီးေတာ့ ယူ၊ ယူၿပီးေတာ့ (၁၅)သိန္းဆို (၁၅)သိန္း၊ သိန္(၂၀)ဆို သိန္း(၂၀)နဲ႔ အျပတ္ငွားလာရတာေတြ ရွိတယ္ေပါ့။ အဲဒီလိုပုံစံမ်ိဳး ဆိုေတာ့ ပိုက္ဆံမရွိတဲ့သူ၊ လက္ထဲမွာ ပိုက္ဆံက်ပ္တည္းေနတဲ့ သူ၊ အခု ဒီလိုကာလမွာ ေငြေၾကးေဖာင္းပြၿပီးေတာ့ သံတြဲျဖစ္တဲ့ဂယက္႐ိုက္တာေရာနဲ႔ အက်ပ္တည္းျဖစ္တဲ့သူက လာဖို႔နည္းနည္း စဥ္းစားရတာေတြရွိတာေပါ့ေနာ္။ ထြက္ဖို႔ ဆို လမ္းခရီးရဲ႕အခက္အခဲေတြေၾကာင့္လည္း သူတို႔ မေရာက္ တာေတြရွိတာေပါ့။ အဲဒီလိုဟာမွာ လမ္းခရီးကို မပိုင္ ႏိုင္၊ မကြၽမ္းက်င္လူကလည္း ကဲဘာပဲျဖစ္ျဖစ္ၿမိဳ႕မွာပဲ ဆက္ေနမယ္။ မရရင္ေတာ့ ႐ိုးမေတာင္ေပၚ တက္ေျပး မယ္ဆိုၿပီး ေျပးတာ။ တခ်ိဳ႕ကလည္း ရေအာင္ေက်ာ္မယ္။ ငါတို႔သည္ အနိမ့္ဆုံး ႐ိုးမေတာင္ကို ဆင္းရင္ ဧရာဝတီတိုင္း၊ ေရနံ႔သာ ကိုေရာက္ရင္ ျဖစ္ၿပီဆိုၿပီးေတာ့ ေရနံ႔သာေလာက္ကိုေရာက္ေအာင္ဆိုၿပီး ေရနံ႔ သာေရာက္မွဆက္ကူးၿပီးေတာ့ ရန္ကုန္ ကို တက္လာရင္လည္း တက္လာတယ္။ မလာဘဲနဲ႔ ပုသိမ္ဘက္ကို ဆင္းရင္လည္းဆင္းသြားတယ္။ အဲဒီမွ ငပုေတာဘက္ ဆင္းသြားတယ္။ အဲဒီလိုလူမ်ိဳးေတြမ်ားတယ္ဗ်။
ေမး- ဆိုေတာ့ တိုက္ပြဲေတြဟာ ျဖစ္လာတဲ့ ပကတိ လူေနမႈဘဝကို ပ်က္စီးေစတာလား။
ေျဖ- ရတာေပါ့။ ပကတိလူေနမႈဘဝက လုံးဝအထိုင္ တစ္ခုကိုက ပုံပ်က္သြားၿပီ။ ဟန္ခ်က္ညီေနမႈတစ္ခုက ပ်က္သြားၿပီ။ ဘဝေတြက သေဘာက အခုဆို လြယ္လြယ္ကူကူသြားၾကည့္ရင္ (ရန္ကုန္က) ယုဇနက အလြယ္ဆုံးပဲ။ ယုဇနမွာ သူတို႔ ဘဝေတြ အကုန္ျမင္ ေနရတာပဲ။ သံတြဲက လာတယ္။ ဂြကလာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဟိုမွာ တကယ့္ အိမ္ႀကီး ရခိုင္နဲ႔ ေနခဲ့တဲ့လူေတြ၊ တကယ့္စီးပြားေရး ေကာင္းေကာင္း လုပ္ခဲ့တဲ့ သူေတာင္ ဒီမွာ ျပန္လာၿပီး စီးပြားေရးတစ္ခု အစျပဳ ဖို႔က ခက္တယ္ေလ။ ခက္တယ္ဆိုတာက စားစရာလုပ္ရင္ေကာင္းမလား။ စားစရာေရာင္းစားရင္ ေကာင္းမလား။ စားေသာက္ကုန္ေရာင္းခ်ရင္ ေကာင္းမလား။ စားေသာက္ကုန္ေရာင္းခ်တယ္ဆိုတာလည္း ဟိုမွာတုန္းက သံတြဲမွာ ဆိုင္ (၁၀)ဆိုင္နဲ႔ ကိုယ့္မိတ္နဲ႔ ဘယ္လိုဘယ္လိုတိုးတယ္ဆို။ ဒီမွာက ဆိုင္ (၁၀ဝ)၊ (၂၀ဝ)ေလာက္ ရွိေနတာေလ။ အဲဒီလိုမ်ိဳး ဟာေတြကေတာ့ သူတို႔မကြၽမ္းက်င္တဲ့ Market ထဲကိုေရာက္ လာေတာ့ အခက္အခဲေတြကေတာ့ ရွိတယ္ေပါ့။ ဒါ ယုဇနဥ ယ်ာဥ္ၿမိဳ႕ေတာ္မွာ ကြၽန္ေတာ္တို႔ေတြ႕ေနတာပဲေလ။ အဲဒီလိုအေနအထားေလးေတြရွိေတာ့ အစ္ကိုေျပာသလို ဟန္ခ်က္ တစ္ခုေတာ့ အထိုင္တစ္ခုေတာ့ ပ်က္သြားတယ္လို႔ ေျပာလို႔ရတာေပါ့။
ေမး- ဒါကေတာ့ အုပ္ခ်ဳပ္ေရးပိုင္းေပါ့။ AA ရဲ႕ အုပ္ခ်ဳပ္ေရးကိုေကာ ေဒသခံေတြက ယုံၾကည္ၾကရဲ႕လားဗ်။
ေျဖ- ေဒသခံ ယုံၾကည္ဖို႔၊ မယုံၾကည္ဖို႔ဆိုတာထက္ ဒီအုပ္ခ်ဳပ္ေရးယႏၲရားကို ကြၽန္ေတာ္တို႔က တည္ေဆာက္လို႔ ရသ လား၊ မရသလားဆိုတာလည္း ကြၽန္ေတာ္တို႔ဆုံးျဖတ္ရဦးမွာေလ။ ကြၽန္ေတာ္အၿမဲတမ္း ေျပာခဲ့တယ္။ ၿမိဳ႕ကိုသိမ္းတာက သိမ္းလို႔ရတယ္။ အင္အားသာလြန္လူက သိမ္းသြားတယ္။ ရသြားတယ္။ ဒါေပမဲ့ မင္းတို႔ အုပ္ခ်ဳပ္ေရးစနစ္တစ္ခုကိုတည္ ေဆာက္ဖို႔က်ေတာ့ အဲဒီမွာ အမ်ားႀကီးလိုလာတယ္ ဆိုတာမ်ိဳးေပါ့ အစ္ကိုရာ။ ဘဏ္စနစ္၊ စီးပြားေရးစနစ္၊ ေနာက္ၿပီး ေတာ့ ယုံၾကည္စိတ္ခ်မႈမွာ ကိုယ့္ကိုယ္ကိုယ္ ဓားနဲ႔ထိုးလိုက္တဲ့အခါ ဘယ္သူ႔ကိုသြားတိုင္မ လဲဆိုတာမ်ိဳး၊ ကိုယ့္ပစၥည္းကို အိမ္ေပၚအထိ တက္ယူတယ္။ ဘယ္သူ႔ကို သြားတိုင္ရမလဲဆိုတာမ်ိဳးေပါ့။ လုံၿခဳံစိတ္ခ်တဲ့ ဒီလိုလူေတြ ဘယ္မွာရွိမလဲဆို တာနဲ႔ လည္ပတ္မႈစနစ္ဗ်ာ။ အခု ကြၽန္ေတာ္တို႔ ရွင္းရွင္းေလးပဲ တြက္ဆလို႔ရတယ္။ ေလယာဥ္ေတြ ဘာျဖစ္လို႔ လႊတ္ထားသလဲ။ ၿမိဳ႕ေနလူထုေတြစိတ္မွာ ေလယာဥ္သံၾကားရင္ကို လန႔္ေနေအာင္ရယ္။ ေနာက္ တစ္ခုကေတာ့ အုပ္ခ်ဳပ္ေရးယႏၲရားကို တည္ေဆာက္လို႔မရေအာင္လုပ္ထားတာေလ။ အဲဒီ ေလယာဥ္သံ ၾကားေနသေ႐ြ႕၊ ေၾကာက္႐ြံ႕ ေနရသေ႐ြ႕ အုပ္ခ်ဳပ္ေရး ယႏၲရားကိုတည္ေဆာက္ဖို႔ဆိုတာ ခက္တယ္။ အဲဒီလို မ်ိဳးဆိုေတာ့ အုပ္ခ်ဳပ္ေရးယႏၲရားကို အစ္ကို ေျပာသ လို ယုံၾကည္မႈရွိသလား၊ မရွိသလားဆိုတာထက္ ကြၽန္ေတာ္တို႔ သူတို႔လုပ္ျပတဲ့ဟာေတြ ျမင္မွ မျမင္ရ ေသးတာကို။ အုပ္ခ်ဳပ္ေရး သူတို႔ဘာလုပ္တယ္ ဆို တာ မျမင္ရေသးသေ႐ြ႕ ျပည္သူလည္း ယုံဖို႔ဆိုတာ ခက္တယ္ေပါ့ေနာ္။ ပါးစပ္က ေျပာတာေလာက္ပဲရွိတယ္။ ေနာက္တစ္ခုက ဒီလိုေလယာဥ္လာတယ္ေပါ့။ က်န္းမာေရး၊ ပညာေရး၊ ဘဏ္စနစ္၊ ေနာက္ လွ်ပ္စစ္မီး ဒါေတြေတာင္ လည္ပတ္ေအာင္ မလုပ္ႏိုင္ဘဲနဲ႔ အုပ္ခ်ဳပ္ေရးစနစ္ အသက္ဝင္ဖို႔ဆိုတာ ခက္ေသး တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။
ေမး- ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြျဖစ္တယ္။ ေနာက္ၿပီးေတာ့ ရခိုင္ေတာင္ပိုင္းကို တိုက္ပြဲ ေရာက္လာ တယ္။ အဲဒီအခ်ိန္အထိ ဂြၿမိဳ႕နယ္ဟာ တည္ၿငိမ္ေနခဲ့လား။
ေျဖ- The Last လို႔ပဲ ေျပာရမွာေပါ့။ ဂြရဲ႕အေနအထားကေတာ့ ဘယ္လိုေျပာမလဲဆိုေတာ့ သံတြဲက အဓိက ၿမိဳ႕ျဖစ္ ေနတာကိုေလ။ ဂြက သံတြဲၿပီးရင္ၾကားမွာ ႐ြာေတြမ်ားတာသာရွိတာ။ ဂြက တကယ္တမ္းေျပာရင္ ေသးေသး ေလးပဲ ရွိတာ။ ဂြကို အဲဒီေၾကာင့္မို႔ ေနာက္ဆုံးမွ လာတာျဖစ္မယ္။ အခုက သူကအဓိ ကအေရးပါဆို ရန္ကုန္ကိုသြားတဲ့၊ လာတဲ့လမ္းေပၚမွာ ဒုတိယလမ္းလို႔ ေျပာရမွာေပါ့။ ရွင္းရွင္းေျပာရင္ သံတြဲ ကႏွစ္လမ္းရွိတယ္ဆိုရင္ ေတာင္ကုတ္ဘက္က လာ လို႔မရေတာ့ဘူး ႐ိုးမကို။ အဲဒီဆို ဂြဘက္က ေရနံ႔သာ တို႔၊ ဘာတို႔ သြားရမယ့္လမ္းေလ။ ဒါကက်န္ေသးတာ ကိုး။ ေနာက္ၿပီးေတာ့ မၾကာေသးခင္က တံတားက ဂြနဲ႔ဧရာဝတီနဲ႔ကို ေတာက္ေလွ်ာက္ေဖာက္တဲ့တံတား အခုဖြင့္မယ္ဆိုတဲ့ လမ္းခရီးက ဂြမွာရွိေနတာ။ အဲဒီလို ဆိုေတာ့ ဂြက ဒုတိယလမ္းေၾကာင္းဆက္သြယ္ေရးၿမိဳ႕ ျဖစ္ေနတာ။ ဒါေပမဲ့ ၿမိဳ႕က ေသးတယ္။ က်ဥ္းတယ္။ အဲဒါေၾကာင့္ ဂြက ဟိုၿမိဳ႕ေတြေလာက္ အေရးမပါ ဘူးလားဆိုေတာ့ ဆက္သြယ္ေရးအရ ေလာက္ပဲ အေရးပါၿပီး က်န္တဲ့စီးပြားေရး ဘာညာဆိုရင္ေတာ့ အဲဒီေလာက္အထိ အေရးမပါဘူးဗ်။ သူ႔မွာ ကမ္းသာ ယာေလးတစ္ခုရွိမယ္။ ကမ္းသာယာကလည္း ငပလီနဲ႔ယွဥ္ရင္ အလကားပဲေလ။ အမ်ားႀကီးမရဘူး။ အရမ္းနည္းတယ္။ လူသိနည္းတယ္။ ၿမိဳ႕မွာရွိတဲ့ စားေသာက္ဆိုင္အေရအတြက္ဘာညာ ဒါေတြကို တြက္ၾကည့္လိုက္ရင္ သူ႔လည္ပတ္မႈကို ကြၽန္ေတာ္တို႔ တြက္ၾကည့္လို႔ရတယ္ေလ။ သံတြဲၿမိဳ႕မွာ လက္ဖက္ ရည္ဆိုင္ဆိုရင္ အနိမ့္ဆုံး (၁၅)ဆိုင္၊ ဆိုင္ (၂၀)ေလာက္ရွိတယ္။ ႐ြာမွာ ဒါေသးေသးေလးေတြမပါ ေသးဘူး။ ဂြမွာ အျမင့္ဆုံးသြားတြက္ရင္ (၃)ဆိုင္၊ (၄)ဆိုင္ ေလာက္ပဲ ရွိတယ္။ အဲဒီလိုအေနအထားနဲ႔ကြာ တာေပါ့ေနာ္။ သူ႔ကိုေတာ့ ဒီလမ္းေၾကာင္းအရနဲ႔ပဲလာ တာလို႔ထင္တယ္။ ၿပီးေတာ့ သူဟာ ေျမာက္ပိုင္းၿမိဳ႕ေတြနဲ႔ ေတာင္ပိုင္းၿမိဳ႕ေတြမွာဆိုရင္ သူဟာအဲဒီ ေလာက္အထိ အေရးမႀကီးဘူး။ အဲဒါေၾကာင့္လည္း ေနာက္ဆုံးမွ ျဖစ္လာတယ္လို႔ ထင္တယ္။
ေမး- ဂြၿမိဳ႕နဲ႔သံတြဲၿမိဳ႕ကို လူေတြက တြဲတြဲေျပာၾက ေလ့ရွိတာေပါ့။ အစ္ကို ႏႈိင္းယွဥ္ၿပီးေျပာခဲ့တာလည္း ရွိေတာ့ လက္ရွိသံတြဲၿမိဳ႕က ဘယ္လိုအေျခအေနရွိပါ သလဲ။
ေျဖ- သံတြဲက ဘယ္လိုအတိုင္းအတာအထိ ဆိုက္ေရာက္လဲဆိုေတာ့ အခုလက္ရွိမွာ သံတြဲကို ကြၽန္ေတာ္တို႔ သတင္း အဆက္အသြယ္လုပ္လို႔မရေတာ့ဘူး။ လုံးဝ အဆက္အသြယ္မရဘူးေနာ္။ ႐ြာဘက္၊ နယ္ဘက္ေတြဆို ဖုန္းလိုင္း လုံးဝ ပ်က္သြားတယ္။ ေနာက္ကို ဒီေန႔ဒီအခ်ိန္အထိ တိုက္ပြဲစျဖစ္ပါၿပီဆို ကတည္းက (၂၄)နာရီမီးရေနတဲ့ၿမိဳ႕က (၂၄)နာရီ မီးဆိုတာ မျမင္ရေလာက္ေအာင္ ပ်က္သြားၿပီ။
ေမး - မီးက တိုက္ပြဲစျဖစ္တည္းက ပ်က္တာေနာ္။
ေျဖ- AA တို႔နဲ႔ စျဖစ္ပါၿပီဆိုကတည္းက လွ်ပ္စစ္မီးပ်က္ပါၿပီ။ ေန႔ေရာညေရာ မီးပ်က္တာ ဒီေန႔ဒီအခ်ိန္ အထိပဲ။ ေနာက္ၿပီးေတာ့ အစိုးရဝန္ထမ္းေတြအျပင္ကို ထြက္လာတယ္။ ရသေလာက္ ေျပာင္းေ႐ႊ႕တယ္။ တခ်ိဳ႕ေတြက ဂြကို သြားၿပီး အစိုးရ႐ုံးေတြလည္း လည္ပတ္မႈရပ္သြားၿပီေပါ့ေနာ္။ ေနာက္ၿပီးေတာ့ စီးပြားေရး အေျခခံဥစၥာနည္းနည္းရွိတဲ့ သူေတြအားလုံးသည္ ရန္ကုန္ပဲျဖစ္ျဖစ္၊ ဧရာဝတီကပဲျဖစ္ျဖစ္ ေဆြမ်ိဳးဉာတကာရွိတဲ့ေနရာကို သူဘာသာ သူေျပာင္း ေ႐ႊ႕လာတယ္။ အခု ဒီကာလမွာ လူေတြက ၿငိမ္ၿပီဆိုၿပီး သြားတယ္။ သံတြဲၿမိဳ႕ကို မၾကာေသးခင္ကပဲ ေလယာဥ္ဝင္တယ္။ ပစ္တယ္။ အဲဒီလိုဆိုေတာ့ လူကိုသြားထိတယ္။ ထိေတာ့ အစ္ကိုရာ ရွင္းရွင္းေလးပဲ။ လူပဲ တစ္ခါ၊ ႏွစ္ခါ ေၾကာက္တာ ေပါ့ေလ။ ဒါေပမဲ့ အခုခ်ိန္အထိ သူတို႔ေၾကာက္ေနတုန္း။ အေၾကာက္အလန႔္နဲ႔ ရွင္သန္ ေနရတယ္။ ၿပီးေတာ့ ၿမိဳ႕ထဲကေန အျပင္ကိုထြက္ဖို႔ ကလည္း အခက္အခဲ ျဖစ္ေနတယ္ေပါ့ေနာ္။ မယုံ သကၤာတဲ့ ဥစၥာမ်ိဳးေတြ၊ ဘာေတြေၾကာင့္ သူတို႔ကို ေခၚၿပီး စစ္မလား။ ေနာက္တစ္ခုက သူတို႔ဖုန္းလိုင္း မရေတာ့ဘူး၊ အဆက္အသြယ္မရေတာ့ဘူး။ ေနာက္တစ္ခ်က္က ေငြလႊဲတာ။ ေနာက္ဆုံးအခက္အခဲျဖစ္လို႔ ပိုက္ဆံေတာင္းရင္ေတာင္ ေငြ(၁)သိန္းဆိုရင္ေတာင္ (၃)ေသာင္းက ေငြလႊဲခယူ ထားေတာ့ အခု ကြၽန္ေတာ္ သိရသေလာက္ဆိုရင္ ေငြလႊဲခက ဒီမွာေငြ(၁)သိန္း ေပးလိုက္ၿပီဆိုရင္ ေငြ(၁)သိန္းကို သူ႔ဆီမွာ ထည့္ၿပီး ရင္ေတာင္ ဒီဘက္ကလူဆီက ေငြ(၃)ေသာင္းကို ေငြ လႊဲခအေနနဲ႔ တစ္ခါတည္းေတာင္းတယ္။ ဒီလိုမ်ိဳး ေတာင္းတာမ်ိဳးေတြ ရွိတယ္။ ရွိတဲ့အခါက်ေတာ့ အဲဒီအေနအထားဆိုရင္ပဲ ၿမိဳ႕သားေတြ ဘယ္ေလာက္အထိ ေၾကာက္႐ြံ႕ ေနမလဲရယ္၊ ဘယ္ေလာက္အထိ ခက္ခဲေနမလဲကို ကြၽန္ေတာ္တို႔တြက္လို႔ရၿပီေလ။ အေၾကာက္အလန႔္က အရမ္းရွိလာ တာေပါ့။ ၿမိဳ႕ထဲမွာ ေနေပမယ့္ ေၾကာက္လန႔္ေနတဲ့စိတ္ပဲရွိတယ္တဲ့။ အဲဒီလိုပဲ ၾကားရတယ္။
ေမး- ဒါကေတာ့ ေနာက္ဆုံးေမးခြန္းပါ။ အစ္ကိုကလည္း ရခိုင္ျပည္နယ္သားတစ္ေယာက္ျဖစ္တဲ့အခါမွာ အစ္ကို သိသေလာက္ေပါ့။ AA ထိန္းခ်ဳပ္ခံၿမိဳ႕ ေတြမွာ တူညီတဲ့ ခက္ခဲမႈေတြ၊ အခ်က္ေတြက ဘာမ်ားျဖစ္မလဲ။
ေျဖ- တူညီတဲ့အခ်က္ဆိုရင္ေတာ့ လူေတြေၾကာက္သြားတယ္။ စီးပြားပ်က္သြားၾကတယ္။ ေနာက္ စိတ္ဓာတ္ေရးရာ ေတာ္ေတာ္က်ဆင္းသြားတယ္။ ျပန္ျဖစ္ ပါ့မလားဆိုတာေပါ့ေနာ္။ ငါတို႔ အရင္လိုမ်ိဳး ျပန္တည္ ေထာင္လို႔ရပါ့မလား ဆိုၿပီးေတာ္ေတာ္ကို စိတ္က် ဆင္းသြားတာမ်ိဳးေတြ ျဖစ္တယ္။ ေနာက္ တူညီတဲ့ဟာ တစ္ခုလို႔ေျပာရင္ ပညာေရး၊ က်န္းမာေရး လုံးဝဆုံးရႈံးသြားတယ္။ ဆရာဝန္ေတြမရွိေတာ့ဘူး။ ဒါအမွန္တကယ္။ သံတြဲမွာ လုံးဝမရွိေတာ့ဘူး။ ေဆး႐ုံလည္ပတ္မႈသည္ ရပ္သေလာက္ျဖစ္သြားၿပီ။ ေဆးလည္း ျပတ္ ေနၿပီ။ ေနာက္တစ္ခုကေတာ့ ကြၽန္ေတာ္တို႔အခု ဒီကို ထြက္လာတာနဲ႔အတူ အားလုံးသည္ ဒီမွာ ဒါအမွန္အတိုင္းေျပာတာအစ္ကိုရာ။ (စစ္ေဘးေရွာင္ေတြထဲ) တခ်ိဳ႕ ေတြဆိုရင္ ကြၽန္ေတာ္သိသေလာက္ ဩဂုတ္ ေလာက္မွေရာက္တာ စက္တင္ဘာ၊ ေအာက္တိုဘာ ေလာက္မွ ေရာက္တဲ့ သူေတာင္ ရွိေသးတယ္။ ကေလးေတြက ေက်ာင္းကို အဲဒီအခ်ိန္မွပဲ စတက္ရေတာ့ ကြၽန္ေတာ္ေျပာတာ အတန္းတက္မယ့္လူအ တြက္ကိုက (၇)တန္း၊ (၈)တန္း၊ (၉)တန္းေလာက္က လြယ္ရင္လြယ္ဦးမယ္။ ဒါေပမဲ့ (၁၀)တန္း ေက်ာင္း သားေတြအတြက္က မလြယ္ေလာက္ေသးဘူး။ သူ႔အတြက္ စာက်က္ခ်ိန္အရမ္းနည္းေနၿပီေလ။ အားအကုန္နဲ႔ ကံပါလို႔မွ ျဖစ္ရင္ျဖစ္ေပါ့ဗ်ာ။ အဲဒီဟာ အရမ္း နစ္နာသြားၿပီ။ ၿပီးေတာ့ ဟိုမွာက်န္ခဲ့တဲ့ကေလးေတြ ေက်ာင္း လုံးဝ မတက္ရေတာ့ဘူး။ အခုထားပါေတာ့ ကြၽန္ေတာ္တို႔နဲ႔ ေဆြမ်ိဳးေတာ္တဲ့သူေတြရွိတယ္။ ကေလးက (၄)ႏွစ္နဲ႔ (၅) ႏွစ္ၾကားကို ေရာက္ေနၿပီ။ ေျပာရရင္ ေက်ာင္းတက္ရမယ့္အ႐ြယ္ေလ။ သူ ေက်ာင္းမတက္ရေတာ့ဘူး။ ေက်ာင္းမွာ ဆရာမေတြ လည္း မရွိဘူး၊ ဘာမွလည္းမရွိေတာ့ ေက်ာင္းမတက္ရ ေတာ့ဘူး။ ကေလးက ေနာက္ထပ္ (၃)ႏွစ္ ေလာက္ ဆိုရင္ (၇)ႏွစ္၊(၈)ႏွစ္ဆိုရင္ ေက်ာင္းသြားတက္မယ့္ အခ်ိန္မွာသူငယ္တန္းက တက္ရမယ့္အသက္က (၁၀)ႏွစ္ေလာက္ရွိ ေနၿပီေလ။ အဲဒီဟာေတာင္ တကယ္ၿငိမ္မွေပါ့ေနာ္။ အဲဒီလိုဟာကို ဘုံတူညီတဲ့ အခ်က္ဆိုရင္ စီးပြားေရး အရမ္း ဆုတ္ယုတ္သြား တယ္။ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ပညာေရးဝန္ ေဆာင္မႈ ဘာတစ္ခုမွ မရွိဘူးျဖစ္သြားတယ္။ ေနာက္ တစ္ခုက လူေတြသည္ က်ီးလန႔္စာစားပဲ။ တစ္ရက္စာကို တစ္ရက္ရွာစားတဲ့ပုံစံပဲ ျဖစ္သြားတယ္။ စုေဆာင္း လို႔ ဘာမွမရ ေတာ့ဘူး။ အဲဒီဟာေတြ ျဖစ္လာတာေပါ့။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.