AAPP ၏ အကျဉ်းသား ထောက်ပံ့ငွေကို NUG ဘက်တော်သား NLD အမတ် ဖြတ်စား

 3224

သုတကျော် (NP News) - အောက်တိုဘာ ၂၂

AAPP ကပေးသော ထောက်ပံ့ငွေကို မိသားစုများထံမပေးဘဲအကြမ်းဖက်အားပေး လွှတ်တော်ကိုယ်စား လှယ်ဟောင်းများက ဖြတ်စားနေကြောင်း NUG ထောက်ခံသူတစ်ဦးဖြစ်သည့် Saw Seventy-Nine ဟု အမည်ပေးထား သော လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်က ၎င်း၏ အကောင့်တွင် ဖွင့်ချရေးသားထားသည်။ ထိုသို့ ပြောရန် အတွက် ၎င်းထံတွင် သက်သေအထောက်အထား များရှိသည်ဟုလည်း ဆိုသည်။
၎င်း၏ ရေးသားထားချက်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံ မြို့နယ် စသည်ဖြင့် မြို့နယ်များမှ NUG ကို ထောက်ခံပြီး အကြမ်းဖက်အားပေးသော ကြောင့် ထောင်ကျသူများအတွက် နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ဟုဆိုသော ယခုအခါ ပြည်ပ ရောက်နေသည့် AAPP အဖွဲ့ထံမှ ထောက်ပံ့ကြေး လျှောက်ပေးခဲ့ကြောင်း သိရသည်။
‘‘အဲဒီထဲကမှ မအူပင်မြို့က သေဒဏ်ကျ ရဲဘော်တွေရယ်၊ ဘိုကလေးမြို့က သေဒဏ်ကျ ရဲဘော်တွေရယ် ထောက်ပံ့ကြေးတချို့တွေကို ကျွန်တော်တို့ဆီရောက်မလာဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြတ်ယူ၊ ဖြတ်စားနေတာ တွေ ဖြစ်ခဲ့ပါတယ်။ မအူပင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ဟောင်း)အိအိပြုံး ဖြတ်ယူဖြတ်စားနေတာလို့ သိရ ပါတယ်။ ဘိုကလေးမြို့က သေဒဏ်ကျ (၄) ယောက် စာကိုတော့ လွှတ်တော်ကိုယ် စားလှယ် ဖြတ်ယူနေတာ သိရပေမယ့် ဗဗဏဏ ရုံးကို အကြိမ်ကြိမ်မေးသော်လည်း အမည်ကို ဖြေကြားခြင်းမရှိပါဘူး” ဟု ၎င်းက ရေးသားထားသည်။
ထို့ပြင် လက်ရှိသေဒဏ်နှင့် နှစ်ရှည် ထောင်ဒဏ် ကျခံနေသည့် သေမင်းလက်ရာဟု မိမိတို့ဘာသာ အမည်ပေး ထားသည့် PDF အဖွဲ့ခေါင်းဆောင် ဝေယံကျော်(ခ)ဗိုလ်လက်ဝဲနှင့် ပတ်သက်သော ကျပ်ငွေ (၁၂၅)သိန်းကို မအူပင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အိအိပြုံးနှင့် ဘိုကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဝေမာလွင် တို့က ဖြတ်ယူသည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ Saw Seventy-Nine အကောင့်ပိုင်ရှင်က အထက်ပါ စာအတွင်းမှာပင် ထည့်သွင်းရေးသားခဲ့သည့်အပေါ် မအူပင် ပကဖက ၎င်းတို့၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အဆိုပါ ကိစ္စ မဟုတ်ကြောင်း ရှင်းလင်းခဲ့သော်လည်း AAPP ထံက ထောက်ပံ့ကြေး ဖြတ်စားသည် ဆိုသော ကိစ္စကိုမူ ရှင်းလင်း ထားခြင်း မရှိပေ။ ‘ဧရာဝတီတိုင်း ပကဖ (တိုင်း) အဆင့်မှာလည်း ဒီလူတွေ နေရာယူထားတာ တွေ့ရပါတယ်။ တော်လှန်ရေးဆိုတဲ့ စစ်ရေးတိုက်ခိုက်ရေးမှာ ဘာလုပ်ခဲ့လို့လဲ၊ ဘာလုပ်နိုင်လို့၊ ဘာအတွက် နေရာတွေ ရူးပြီး ယူထား တာလဲ။ မရှက်ဘူးလား မေးရမယ်။ ဘယ်သူက နေရာပေးထားတာလဲဆိုတာ အံ့ဩ မိပါတယ်’ ဟု ၎င်းက ရေးသားထားသည်။

Zawgyi Version;
AAPP ၏ အက်ဥ္းသား ေထာက္ပံ့ေငြကို NUG ဘက္ေတာ္သား NLD အမတ္ ျဖတ္စား
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၂

AAPP ကေပးေသာ ေထာက္ပံ့ေငြကို မိသားစုမ်ားထံမေပးဘဲအၾကမ္းဖက္အားေပး လႊတ္ေတာ္ကိုယ္စား လွယ္ေဟာင္းမ်ားက ျဖတ္စားေနေၾကာင္း NUG ေထာက္ခံသူတစ္ဦးျဖစ္သည့္ Saw Seventy-Nine ဟု အမည္ေပးထား ေသာ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ အေကာင့္ပိုင္ရွင္က ၎၏ အေကာင့္တြင္ ဖြင့္ခ်ေရးသားထားသည္။ ထိုသို႔ ေျပာရန္ အတြက္ ၎ထံတြင္ သက္ေသအေထာက္အထား မ်ားရွိသည္ဟုလည္း ဆိုသည္။
၎၏ ေရးသားထားခ်က္အရ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ မအူပင္ၿမိဳ႕နယ္၊ ဘိုကေလးၿမိဳ႕နယ္၊ ဖ်ာပုံ ၿမိဳ႕နယ္ စသည္ျဖင့္ ၿမိဳ႕နယ္မ်ားမွ NUG ကို ေထာက္ခံၿပီး အၾကမ္းဖက္အားေပးေသာ ေၾကာင့္ ေထာင္က်သူမ်ားအတြက္ ႏိုင္ငံေရးအက်ဥ္း သားေဟာင္းမ်ားအဖြဲ႕ဟုဆိုေသာ ယခုအခါ ျပည္ပ ေရာက္ေနသည့္ AAPP အဖြဲ႕ထံမွ ေထာက္ပံ့ေၾကး ေလွ်ာက္ေပးခဲ့ေၾကာင္း သိရသည္။
‘‘အဲဒီထဲကမွ မအူပင္ၿမိဳ႕က ေသဒဏ္က် ရဲေဘာ္ေတြရယ္၊ ဘိုကေလးၿမိဳ႕က ေသဒဏ္က် ရဲေဘာ္ေတြရယ္ ေထာက္ပံ့ေၾကးတခ်ိဳ႕ေတြကို ကြၽန္ေတာ္တို႔ဆီေရာက္မလာဘဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ျဖတ္ယူ၊ ျဖတ္စားေနတာ ေတြ ျဖစ္ခဲ့ပါတယ္။ မအူပင္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ (ေဟာင္း)အိအိၿပဳံး ျဖတ္ယူျဖတ္စားေနတာလို႔ သိရ ပါတယ္။ ဘိုကေလးၿမိဳ႕က ေသဒဏ္က် (၄) ေယာက္ စာကိုေတာ့ လႊတ္ေတာ္ကိုယ္ စားလွယ္ ျဖတ္ယူေနတာ သိရေပမယ့္ ဗဗဏဏ ႐ုံးကို အႀကိမ္ႀကိမ္ေမးေသာ္လည္း အမည္ကို ေျဖၾကားျခင္းမရွိပါဘူး” ဟု ၎က ေရးသားထားသည္။
ထို႔ျပင္ လက္ရွိေသဒဏ္ႏွင့္ ႏွစ္ရွည္ ေထာင္ဒဏ္ က်ခံေနသည့္ ေသမင္းလက္ရာဟု မိမိတို႔ဘာသာ အမည္ေပး ထားသည့္ PDF အဖြဲ႕ေခါင္းေဆာင္ ေဝယံေက်ာ္(ခ)ဗိုလ္လက္ဝဲႏွင့္ ပတ္သက္ေသာ က်ပ္ေငြ (၁၂၅)သိန္းကို မအူပင္ ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း အိအိၿပဳံးႏွင့္ ဘိုကေလးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဝမာလြင္ တို႔က ျဖတ္ယူသည္ဆိုေသာ ကိစၥႏွင့္ပတ္သက္၍ Saw Seventy-Nine အေကာင့္ပိုင္ရွင္က အထက္ပါ စာအတြင္းမွာပင္ ထည့္သြင္းေရးသားခဲ့သည့္အေပၚ မအူပင္ ပကဖက ၎တို႔၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ အဆိုပါ ကိစၥ မဟုတ္ေၾကာင္း ရွင္းလင္းခဲ့ေသာ္လည္း AAPP ထံက ေထာက္ပံ့ေၾကး ျဖတ္စားသည္ ဆိုေသာ ကိစၥကိုမူ ရွင္းလင္း ထားျခင္း မရွိေပ။ ‘ဧရာဝတီတိုင္း ပကဖ (တိုင္း) အဆင့္မွာလည္း ဒီလူေတြ ေနရာယူထားတာ ေတြ႕ရပါတယ္။ ေတာ္လွန္ေရးဆိုတဲ့ စစ္ေရးတိုက္ခိုက္ေရးမွာ ဘာလုပ္ခဲ့လို႔လဲ၊ ဘာလုပ္ႏိုင္လို႔၊ ဘာအတြက္ ေနရာေတြ ႐ူးၿပီး ယူထား တာလဲ။ မရွက္ဘူးလား ေမးရမယ္။ ဘယ္သူက ေနရာေပးထားတာလဲဆိုတာ အံ့ဩ မိပါတယ္’ ဟု ၎က ေရးသားထားသည္။

Related news

© 2021. All rights reserved.