ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ထိခိုက်စေမည့် တစ်ဖက်သတ်ပိတ်ဆို့ခြင်းများကို ဆန့်ကျင်ကြောင်း (SCO) အဖွဲ့ဝင်နိုင်ငံများ သတင်းထုတ်ပြန်

 629

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၂

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုန်သွယ်ရေးစနစ်ကို ထိခိုက်စေသောကုန်သွယ်ရေး ကန့်သတ်ခြင်း၊ တစ်ဖက်သတ် ပိတ်ဆို့ခြင်းများ ကို လက်မခံနိုင်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ရှန်ဟိုင်းအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်သော (၂၃) ကြိမ် မြောက် အစည်းအဝေးအပြီးထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။ တစ်ဖက်သတ်ပိတ်ဆို့မှု ချမှတ်ခြင်းသည် နိုင်ငံတကာ ဥပဒေများကိုချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ အကျိုးစီးပွား ကို ထိခိုက်နစ်နာစေပြီး နိုင်ငံတကာစီးပွားရေးဆက်ဆံမှုကို အဟန့်တားဖြစ်စေကြောင်းသိရသည်။ (SCO) အဖွဲ့ဝင်နိုင်ငံများက နိုင်ငံတကာ ဥပဒေများအတိုင်း တန်းတူညီမျှ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုး စီးပွားဖန်တီးတည်ဆောက်ခြင်းကို အားပေးထောက်ခံကြောင်း ပြောသည်။ ၎င်းတို့အနေဖြင့် ကမ္ဘာ့ ကုန်သွယ်ရေးအခြေခံစည်းကမ်းများနှင့် နိုင်ငံတကာ ဥပဒေများကိုချိုးဖောက် သော ပိတ်ဆို့မှု ချမှတ်ခြင်း၊ ကိုဆန့်ကျင့်ရန် အတူတကွပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း (SCO) အဖွဲ့က ပြောသည်။
ကမ္ဘာ့နိုင်ငံများကြားတွင် ခွဲခြားဆက်ဆံခြင်းမရှိဘဲ လွတ်လပ်ပွင့်လင်းပြီးအားလုံးပါဝင်သော အ သိုက်ဝန်းဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းမည်ဟုလည်း (SCO) အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြ ထားသည်။ (SCO) အဖွဲ့ကို (၂၀ဝ၁) ခုနှစ်တွင် ရုရှားနှင့် တရုတ်နိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာလုံခြုံရေး၊ ကာကွယ်ရေးများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့စည်းဖြစ်သည်။
အဆိုပါ အဖွဲ့ဝင်နိုင်ငံများ၏ လူဦးရေသည် ကမ္ဘာ့လူဦးရေ၏ (၂၄) ရာခိုင်နှုန်းနှင့် ညီမျှပြီး ကမ္ဘာ့ စုစုပေါင်း ဂျီဒီပီ၏ (၂၃) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ (SCO) အဖွဲ့ထဲတွင် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ များ၊ လေ့လာခွင့်ရနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ ဧည့်သည့်အဖြစ် တက်ရောက်ခွင့်ရသော အဖွဲ့အစည်း နိုင်ငံများရှိနေကြောင်းသိရသည်။ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများထဲတွင် တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ ပါကစ္စ တန်၊ အီရန်၊ အိန္ဒိယတို့ အပါအဝင် (၁၀) နိုင်ငံပါဝင် နေကြောင်းသိရသည်။

Zawgyi Version;
ကမာၻ႔ကုန္သြယ္ေရးစနစ္ကို ထိခိုက္ေစမည့္ တစ္ဖက္သတ္ပိတ္ဆို႔ျခင္းမ်ားကို ဆန႔္က်င္ေၾကာင္း (SCO) အဖြဲ႕ဝင္ႏိုင္ငံမ်ား သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၂

ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ၏ အဖြဲ႕ဝင္ႏိုင္ငံမ်ားက ကမာၻ႔ဖြံ႕ၿဖိဳးတိုးတက္ေရး ႏွင့္ ကုန္သြယ္ေရးစနစ္ကို ထိခိုက္ေစေသာကုန္သြယ္ေရး ကန႔္သတ္ျခင္း၊ တစ္ဖက္သတ္ ပိတ္ဆို႔ျခင္းမ်ား ကို လက္မခံႏိုင္ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။
ရွန္ဟိုင္းအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္မ်ား တက္ေရာက္ေသာ (၂၃) ႀကိမ္ ေျမာက္ အစည္းအေဝးအၿပီးထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားျခင္းျဖစ္သည္။ တစ္ဖက္သတ္ပိတ္ဆို႔မႈ ခ်မွတ္ျခင္းသည္ ႏိုင္ငံတကာ ဥပေဒမ်ားကိုခ်ိဳးေဖာက္ျခင္း ျဖစ္ေၾကာင္း၊ အျခားႏိုင္ငံမ်ား၏ အက်ိဳးစီးပြား ကို ထိခိုက္နစ္နာေစၿပီး ႏိုင္ငံတကာစီးပြားေရးဆက္ဆံမႈကို အဟန႔္တားျဖစ္ေစေၾကာင္းသိရသည္။ (SCO) အဖြဲ႕ဝင္ႏိုင္ငံမ်ားက ႏိုင္ငံတကာ ဥပေဒမ်ားအတိုင္း တန္းတူညီမွ် ပူးေပါင္းေဆာင္႐ြက္မႈ၊ အျပန္အလွန္ အက်ိဳး စီးပြားဖန္တီးတည္ေဆာက္ျခင္းကို အားေပးေထာက္ခံေၾကာင္း ေျပာသည္။ ၎တို႔အေနျဖင့္ ကမာၻ႔ ကုန္သြယ္ေရးအေျခခံစည္းကမ္းမ်ားႏွင့္ ႏိုင္ငံတကာ ဥပေဒမ်ားကိုခ်ိဳးေဖာက္ ေသာ ပိတ္ဆို႔မႈ ခ်မွတ္ျခင္း၊ ကိုဆန႔္က်င့္ရန္ အတူတကြပူးေပါင္းေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း (SCO) အဖြဲ႕က ေျပာသည္။
ကမာၻ႔ႏိုင္ငံမ်ားၾကားတြင္ ခြဲျခားဆက္ဆံျခင္းမရွိဘဲ လြတ္လပ္ပြင့္လင္းၿပီးအားလုံးပါဝင္ေသာ အ သိုက္ဝန္းျဖစ္လာေစရန္ ဆက္လက္ႀကိဳးပမ္းမည္ဟုလည္း (SCO) အဖြဲ႕၏ ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပ ထားသည္။ (SCO) အဖြဲ႕ကို (၂၀ဝ၁) ခုႏွစ္တြင္ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔ ဦးေဆာင္ဖြဲ႕စည္းခဲ့ၿပီး ႏိုင္ငံေရး၊ စီးပြားေရး၊ ႏိုင္ငံတကာလုံၿခဳံေရး၊ ကာကြယ္ေရးမ်ား ပူးေပါင္းေဆာင္႐ြက္ရန္ ရည္႐ြယ္ဖြဲ႕စည္းထားေသာ အဖြဲ႕စည္းျဖစ္သည္။
အဆိုပါ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ လူဦးေရသည္ ကမာၻ႔လူဦးေရ၏ (၂၄) ရာခိုင္ႏႈန္းႏွင့္ ညီမွ်ၿပီး ကမာၻ႔ စုစုေပါင္း ဂ်ီဒီပီ၏ (၂၃) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။ (SCO) အဖြဲ႕ထဲတြင္ အၿမဲတမ္း အဖြဲ႕ဝင္ ႏိုင္ငံ မ်ား၊ ေလ့လာခြင့္ရႏိုင္ငံမ်ား၊ မိတ္ဖက္ႏိုင္ငံမ်ား၊ ဧည့္သည့္အျဖစ္ တက္ေရာက္ခြင့္ရေသာ အဖြဲ႕အစည္း ႏိုင္ငံမ်ားရွိေနေၾကာင္းသိရသည္။ အၿမဲတမ္း အဖြဲ႕ဝင္ ႏိုင္ငံမ်ားထဲတြင္ တ႐ုတ္၊ ႐ုရွား၊ ဘီလာ႐ုစ္၊ ပါကစၥ တန္၊ အီရန္၊ အိႏၵိယတို႔ အပါအဝင္ (၁၀) ႏိုင္ငံပါဝင္ ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.