အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအေဂျင့်တစ်ဦး ဓါးပြတိုက်ခိုက်ခံရဟုဆို

 389

ဂျန်ဇက် (NP News) - ဇွန် ၁၉

အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအေဂျင့်တစ်ဦးသည် ပြီးခဲ့သော သီတင်းပတ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် ဓါးပြတိုက်ခံခဲ့ရကြောင်းသိရသည်။ လော့အိန်ဂျယ်လိစ့်မြို့ တွင်ကျင်းပသော ဒီမိုကရက်တစ်ပါတီအတွက် ရန်ပုံငွေရှာဖွေပွဲကို သမ္မတ ဂျိုးဘိုင်ဒန်တက်ရောက်ခဲ့ပြီးနောက်မကြာမီ အမေရိကန်လျှို့ဝှက်အေးဂျင့် ဓါးပြတိုက်ခံရခြင်းဖြစ်သည်။

အမေရိကန် လျှို့ဝှက်အေးဂျင့်အဖွဲ့က အေးဂျင့်တစ်ဦးသည် ဇွန်လ ၁၅ ရက်နေ့ကအိမ်ကို ပြန်လာချိန်အတွင်း အိုရမ်ဂီကောင်တီအနီး Tustin Fields မြို့ လူနေရပ်ကွက်နားတွင် လူတစ်ဦးမှ သေနတ်ဖြင့်ချဉ်းကပ်ကာ ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထား သည်။ အမေရိကန်လျှို့ဝှက်အေးဂျင့်အဖွဲ့သည် ဓါးပြတိုက်ခံရသော အေးဂျင့်သည် ဓါးပြတိုက်ခံရသောနေ့တွင် မည့်သည့်လုပ်ငန်းများလုပ်ကိုင်ခဲ့သည်ဆိုသောအချက်နှင့် သမ္မတခရီးစဉ်နှင့်ဆက်နွှယ်သောလုံခြုံရေးလုပ်ငန်းများလုပ်ကိုင်ရသည်ဆိုသော အချက်ကို အသေးစိတ် သတင်းထုတ်ပြန်ခြင်းမျိုးမရှိကြောင်းသိရသည်။

ဓါးပြတိုက်ခဲ့သောသူသည် လျှို့ဝှက်အေးဂျင့်ထံမှ အိတ်ကိုယူဆောင်ခဲ့ပြီးနောက် ထွက်ပြေးခဲ့ကြောင်း Tustin Fields မြို့ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုခဲ့သည်။ လျှို့ဝှက်အေးဂျင့်သည် ဓါးပြတိုက်ခံရချိန်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခြင်းများရှိခဲ့ကြောင်း၊ သံသယရှိသူသည်မည့် သည့်နေရာတွင်ရှိနေသည်ဆိုသောအချက်ကို အတိအကျမသိကြောင်း အမေရိကန်ရဲတပ်ဖွဲ့ကပြောသည်။ ရဲတပ်ဖွဲ့သည် အဆိုပါဓါးပြတိုက်ခံရသော လျှို့ဝှက်အေးဂျင့်၏ ပိုင်ဆိုင်သော ပစ္စည်းအချို့ကို ပြန်လည်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဓါးပြတိုက်ခဲ့သောသေနတ်သမားသည် 2004-06 Infiniti FX35 အမျိုးအစားကားကို အသုံးပြုပြီး ထွက်ပြေးခဲ့ကြောင်းသိရသည်။

zawgyi version
အေမရိကန္လွ်ိဳ႕ဝွက္ေထာက္လွမ္းေရးေအဂ်င့္တစ္ဦး ဓါးျပတိုက္ခိုက္ခံရဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၁၉

အေမရိကန္လွ်ိဳ႕ဝွက္ေထာက္လွမ္းေရးေအဂ်င့္တစ္ဦးသည္ ၿပီးခဲ့ေသာ သီတင္းပတ္အတြင္း ကယ္လီဖိုးနီးယားျပည္နယ္တြင္ ဓါးျပတိုက္ခံခဲ့ရေၾကာင္းသိရသည္။ ေလာ့အိန္ဂ်ယ္လိစ့္ၿမိဳ႕ တြင္က်င္းပေသာ ဒီမိုကရက္တစ္ပါတီအတြက္ ရန္ပုံေငြရွာေဖြပြဲကို သမၼတ ဂ်ိဳးဘိုင္ဒန္တက္ေရာက္ခဲ့ၿပီးေနာက္မၾကာမီ အေမရိကန္လွ်ိဳ႕ဝွက္ေအးဂ်င့္ ဓါးျပတိုက္ခံရျခင္းျဖစ္သည္။

အေမရိကန္ လွ်ိဳ႕ဝွက္ေအးဂ်င့္အဖြဲ႕က ေအးဂ်င့္တစ္ဦးသည္ ဇြန္လ ၁၅ ရက္ေန႔ကအိမ္ကို ျပန္လာခ်ိန္အတြင္း အိုရမ္ဂီေကာင္တီအနီး Tustin Fields ၿမိဳ႕ လူေနရပ္ကြက္နားတြင္ လူတစ္ဦးမွ ေသနတ္ျဖင့္ခ်ဥ္းကပ္ကာ ဓါးျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထား သည္။ အေမရိကန္လွ်ိဳ႕ဝွက္ေအးဂ်င့္အဖြဲ႕သည္ ဓါးျပတိုက္ခံရေသာ ေအးဂ်င့္သည္ ဓါးျပတိုက္ခံရေသာေန႔တြင္ မည့္သည့္လုပ္ငန္းမ်ားလုပ္ကိုင္ခဲ့သည္ဆိုေသာအခ်က္ႏွင့္ သမၼတခရီးစဥ္ႏွင့္ဆက္ႏႊယ္ေသာလုံၿခဳံေရးလုပ္ငန္းမ်ားလုပ္ကိုင္ရသည္ဆိုေသာ အခ်က္ကို အေသးစိတ္ သတင္းထုတ္ျပန္ျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။

ဓါးျပတိုက္ခဲ့ေသာသူသည္ လွ်ိဳ႕ဝွက္ေအးဂ်င့္ထံမွ အိတ္ကိုယူေဆာင္ခဲ့ၿပီးေနာက္ ထြက္ေျပးခဲ့ေၾကာင္း Tustin Fields ၿမိဳ႕ရဲတပ္ဖြဲ႕က အတည္ျပဳေျပာဆိုခဲ့သည္။ လွ်ိဳ႕ဝွက္ေအးဂ်င့္သည္ ဓါးျပတိုက္ခံရခ်ိန္အတြင္း ေသနတ္ျဖင့္ ပစ္ခတ္ျခင္းမ်ားရွိခဲ့ေၾကာင္း၊ သံသယရွိသူသည္မည့္ သည့္ေနရာတြင္ရွိေနသည္ဆိုေသာအခ်က္ကို အတိအက်မသိေၾကာင္း အေမရိကန္ရဲတပ္ဖြဲ႕ကေျပာသည္။ ရဲတပ္ဖြဲ႕သည္ အဆိုပါဓါးျပတိုက္ခံရေသာ လွ်ိဳ႕ဝွက္ေအးဂ်င့္၏ ပိုင္ဆိုင္ေသာ ပစၥည္းအခ်ိဳ႕ကို ျပန္လည္ရရွိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ဓါးျပတိုက္ခဲ့ေသာေသနတ္သမားသည္ 2004-06 Infiniti FX35 အမ်ိဳးအစားကားကို အသုံးျပဳၿပီး ထြက္ေျပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.