မက္ကဆီကိုရေတပ်က စံချိန်တင် မူးယစ်ဆေးဝါး(၈ ဒသမ ၃) တန်ကို ပစိဖိတ်သမုဒ္ဒရာအတွင်း သိမ်းဆည်းရမိ

 165

Pika (NP News) - အောက်တိုဘာ ၂ဝ

ပစိဖိတ်သမုဒ္ဒရာအတွင်း မူးယစ်ဆေးဝါး (၈ ဒသမ ၃) တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ မက္ကဆီကိုရေတပ်က အောက်တိုဘာလ(၁၈)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့ပြင် အဲဒီသိမ်းဆည်းရမိမှုဟာ ပင်လယ်ပြင်မှာ စစ်ဆင်ရေးတစ်ခုအတွင်း စံချိန်တင်သိမ်းဆည်းရမိမှုတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ မက္ကဆီကို ရေတပ်က "ရေတပ်အမှုထမ်းတွေက သိမ်းဆည်းရမိခဲ့တဲ့ မူးယစ် ဆေးဝါး (၈ ဒသမ ၃) တန်ဟာ သမိုင်းတစ်လျှောက် ရေကြောင်းစစ်ဆင်ရေးတစ်ခုအတွင်း အများဆုံး သိမ်းဆည်း ရမိတဲ့ မူးယစ်ဆေးဝါးပမာဏပဲဖြစ်ပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် သိမ်းဆည်းရမိတဲ့ မူးယစ်းဆေးဝါးက ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာကို မက္ကဆီကိုရေတပ်က ထုတ်ပြန်ပြောကြားခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ အမေရိကန်ဒေါ်လာ(၁၀၅)သန်း တန်ဖိုးရှိတယ်လို့ မက္ကဆီကိုရေတပ်က ထုတ်ပြန်ပြောကြားထားပါတယ်။

မက္ကဆီကိုနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Lazaro Cardenas ဆိပ်ကမ်းမြို့ အနောက်တောင်ဘက်ခြမ်း မှာဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးသိမ်းဆည်းရမိမှုအတွင်း လူ(၂၃)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို လှေငယ်(၆)စီးနဲ့ ဖြန့်ဝေခဲ့တာဖြစ်ပြီး ၎င်းတို့အနက်(၁)စီးက ရေငုပ်သင်္ဘောအသေးစား တစ်စီးဖြစ်တယ်လို့ မက္ကဆီကိုရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မက္ကဆီကိုသမိုင်းတစ်လျှောက် အကြီးမား ဆုံး မူးယစ်ဆေးဝါးသိမ်းဆည်းရမိမှုမှာ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလမှာ သိမ်းဆည်းရမိခဲ့တဲ့ ကိုလံဘီယာကိုကင်း (၂၃) တန်ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
မကၠဆီကိုေရတပ္က စံခ်ိန္တင္ မူးယစ္ေဆးဝါး(၈ ဒသမ ၃) တန္ကို ပစိဖိတ္သမုဒၵရာအတြင္း သိမ္းဆည္းရမိ
Pika (NP News) - ေအာက္တိုဘာ ၂ဝ

ပစိဖိတ္သမုဒၵရာအတြင္း မူးယစ္ေဆးဝါး (၈ ဒသမ ၃) တန္ကို သိမ္းဆည္းရမိခဲ့တယ္လို႔ မကၠဆီကိုေရတပ္က ေအာက္တိုဘာလ(၁၈)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီသိမ္းဆည္းရမိမႈဟာ ပင္လယ္ျပင္မွာ စစ္ဆင္ေရးတစ္ခုအတြင္း စံခ်ိန္တင္သိမ္းဆည္းရမိမႈတစ္ခု ျဖစ္တယ္လို႔လည္း သိရပါတယ္။ မကၠဆီကို ေရတပ္က "ေရတပ္အမႈထမ္းေတြက သိမ္းဆည္းရမိခဲ့တဲ့ မူးယစ္ ေဆးဝါး (၈ ဒသမ ၃) တန္ဟာ သမိုင္းတစ္ေလွ်ာက္ ေရေၾကာင္းစစ္ဆင္ေရးတစ္ခုအတြင္း အမ်ားဆုံး သိမ္းဆည္း ရမိတဲ့ မူးယစ္ေဆးဝါးပမာဏပဲျဖစ္ပါတယ္" လို႔ ထုတ္ျပန္ထားပါတယ္။

ဒါေပမယ့္ သိမ္းဆည္းရမိတဲ့ မူးယစ္းေဆးဝါးက ဘယ္လိုအမ်ိဳးအစားျဖစ္တယ္ဆိုတာကို မကၠဆီကိုေရတပ္က ထုတ္ျပန္ေျပာၾကားခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ သိမ္းဆည္းရမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြဟာ အေမရိကန္ေဒၚလာ(၁၀၅)သန္း တန္ဖိုးရွိတယ္လို႔ မကၠဆီကိုေရတပ္က ထုတ္ျပန္ေျပာၾကားထားပါတယ္။

မကၠဆီကိုႏိုင္ငံ အေနာက္ဘက္ကမ္း႐ိုးတန္းမွာရွိတဲ့ Lazaro Cardenas ဆိပ္ကမ္းၿမိဳ႕ အေနာက္ေတာင္ဘက္ျခမ္း မွာျဖစ္ပြားခဲ့တဲ့ မူးယစ္ေဆးဝါးသိမ္းဆည္းရမိမႈအတြင္း လူ(၂၃)ဦး ဖမ္းဆီးခံခဲ့ရတယ္လို႔လည္း သိရပါတယ္။ အဲဒီ မူးယစ္ေဆးဝါးေတြကို ေလွငယ္(၆)စီးနဲ႔ ျဖန႔္ေဝခဲ့တာျဖစ္ၿပီး ၎တို႔အနက္(၁)စီးက ေရငုပ္သေဘၤာအေသးစား တစ္စီးျဖစ္တယ္လို႔ မကၠဆီကိုေရတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ မကၠဆီကိုသမိုင္းတစ္ေလွ်ာက္ အႀကီးမား ဆုံး မူးယစ္ေဆးဝါးသိမ္းဆည္းရမိမႈမွာ ၂ဝဝ၇ ခုႏွစ္ ႏိုဝင္ဘာလမွာ သိမ္းဆည္းရမိခဲ့တဲ့ ကိုလံဘီယာကိုကင္း (၂၃) တန္ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.