မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး

 2369

သန့်ဇင် (NP News) - အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် လက်ဖက်ရည်ဆိုင်အတွင်းရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁၈ ရက်) ညပိုင်းက မဟာအောင်မြေမြို့နယ်၊ ၃၆/၅၈ လမ်းအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော CCTV မှတ်တမ်းများအရ အဆိုပါ လက်ဖက်ရည်ဆိုင်တွင်ရှိနေသည့် ရာအိမ်မှူးတစ်ဦးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီအတို နှင့် ဦးထုပ်ဆောင်းကာ လက်နက်ငယ်ကိုင်ဆောင်လာသော အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ဆန်မထွက်သောကြောင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သည်ကို မြင်တွေ့ရသည်။

လက်ရှိတွင် အဆိုပါ အကြမ်းဖက်သမား ကိုင်ဆောင်ပစ်ပေါက်ခဲ့သည့် လက်နက်ငယ် နှင့် ကျည်ဆန်(၃)တောင့်ကို သက်ဆိုင်ရာတာဝန်ရှိသူများက သိမ်းဆည်းရမိထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းတွင် ယာဉ်ထိန်းရဲမေ အရာရှိတစ်ဦးကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွား ခဲ့သည်။

zawgyi version
မႏၲေလးတြင္ လက္ဖက္ရည္ဆိုင္တြင္ရွိသည့္ ရာအိမ္မႉးကို အၾကမ္းဖက္သမားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံရာ က်ည္မထြက္သျဖင့္ ေသနတ္ျဖင့္ ပစ္ေပါက္ထြက္ေျပး
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၉

မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ လက္ဖက္ရည္ဆိုင္အတြင္းရွိသည့္ ရာအိမ္မႉးကို အၾကမ္းဖက္သမားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံရာ က်ည္မထြက္သျဖင့္ ေသနတ္ျဖင့္ ပစ္ေပါက္ထြက္ေျပးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၁၈ ရက္) ညပိုင္းက မဟာေအာင္ေျမၿမိဳ႕နယ္၊ ၃၆/၅၈ လမ္းအနီးရွိ လက္ဖက္ရည္ဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနေသာ CCTV မွတ္တမ္းမ်ားအရ အဆိုပါ လက္ဖက္ရည္ဆိုင္တြင္ရွိေနသည့္ ရာအိမ္မႉးတစ္ဦးကို အက်ႌလက္ရွည္၊ ေဘာင္းဘီအတို ႏွင့္ ဦးထုပ္ေဆာင္းကာ လက္နက္ငယ္ကိုင္ေဆာင္လာေသာ အၾကမ္းဖက္အဖြဲ႕ဝင္တစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ရာ က်ည္ဆန္မထြက္ေသာေၾကာင့္ ေသနတ္ျဖင့္ ပစ္ေပါက္ထြက္ေျပးသြားခဲ့သည္ကို ျမင္ေတြ႕ရသည္။

လက္ရွိတြင္ အဆိုပါ အၾကမ္းဖက္သမား ကိုင္ေဆာင္ပစ္ေပါက္ခဲ့သည့္ လက္နက္ငယ္ ႏွင့္ က်ည္ဆန္(၃)ေတာင့္ကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက သိမ္းဆည္းရမိထားၿပီး က်ဴးလြန္သူအား ဖမ္းဆီးရမိေရး စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၅ ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္၊ ၆၂ လမ္း၊ ၁၂၄ လမ္းႏွင့္ ၁၂၅ လမ္းတြင္ ယာဥ္ထိန္းရဲေမ အရာရွိတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္လုပ္ႀကံခဲ့သည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြား ခဲ့သည္။

Related news

© 2021. All rights reserved.