အကြမ်းဖက်သမားအယောင်ဆောင်ကာ ငွေကျပ်သိန်း ၂၀၀၀ ကျော်အထိ ခြိမ်းခြောက်ငွေကြေးတောင်းခံခဲ့သူကို ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးရမိ

 1747

နာမူ (NP News) - အောက်တိုဘာ ၂၂

အကြမ်းဖက်သမားအယောင်ဆောင်ကာ ငွေကျပ်သိန်း ၂၀၀၀ ကျော်အထိ ခြိမ်းခြောက်ငွေကြေးတောင်းခံခဲ့သူကို ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန် ချက်အရ သိရသည် ။
စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသူသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ Myanmar Business Directory Application မှတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များအား ရှာဖွေ ကာ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
ခြိမ်းခြောက်ငွေကြေးတောင်းခံရာတွင် ၎င်းသည် အကြမ်းဖက်ဖောက်ခွဲရေးအုပ်စုမှဖြစ်ပြီး ယခုကဲ့သို့ ခြိမ်းခြောက် ငွေတောင်းမှုကို တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အခြားအဖွဲ့အစည်းများအား တိုင်ကြားပါက သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မှ စတင်ကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်အထိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုအနေဖြင့် လားရှိုးမြို့မှ ၄ ဦး၊ သီပေါမြို့မှ ၁ ဦး၊ မူဆယ်မြို့မှ ၅ ဦး၊ နမ့်ခမ်းမြို့မှ ၂ ဦး၊ တောင်ကြီးမြို့မှ ၁ ဦး၊ လွိုင်ကော်မြို့မှ ၁ ဦး၊ ပြင်ဦးလွင်မြို့မှ ၄ ဦး၊ နောင်ချိုမြို့မှ ၁ ဦး၊ မန္တလေးမြို့မှ ၈ ဦး၊ စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးတို့ထံမှ ခြိမ်းခြောက်၍ ငွေ ၂၂၁,၃၀၀,၀၀၀ ကျပ် တောင်းခံခဲ့ကြောင်း သိရသည် ။
ခြိမ်းခြောက်တောင်းခံရာမှ ရရှိလာသည့် ငွေကြေးများမှ ငွေကျပ် သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ကားတစ်စီးနှင့် မိုးကြိုးပစ်ကျေးရွာတွင်ငွေကျပ် သိန်း ၁၄၀၀ တန် နေအိမ်တစ်လုံးကို ဝယ်ယူခဲ့ပြီး ကျန်ငွေများအား လောင်းကစား ခြင်း၊ သောက်စားပျော်ပါးခြင်းများ၌ သုံးစွဲခဲ့ကြောင်းလည်း သိရသည်။
သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ် (၂၂၆) ၌ ကျော်ခိုင်ဦးနှင့် ၎င်း၏ တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံ ကျော်ခိုင်ဦးသည် ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကျောက်မဲမြို့နယ်၊ ပန်မောက်ကျေးရွာ၌ နေထိုင်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဓမ္မလူသစ်စုဆောင်းသဖြင့် အဖွဲ့တွင်းသို့ ဝင်ရောက်ခဲ့ရပြီး ၂၀၁၆ ခုနှစ်တွင် ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ပင်လောင်းမြို့နယ်၊ နှောင်မီးကားကျေးရွာ၌ ဆိုင်ကယ် ပြင်ဆိုင် ဖွင့်လှစ်နေထိုင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်ခြင်းလုပ်ငန်းများလည်း လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။

Zawgyi Version;
အၾကမ္းဖက္သမားအေယာင္ေဆာင္ကာ ေငြက်ပ္သိန္း ၂၀၀၀ ေက်ာ္အထိ ၿခိမ္းေျခာက္ေငြေၾကးေတာင္းခံခဲ့သူကို ျပင္ဦးလြင္ၿမိဳ႕တြင္ ဖမ္းဆီးရမိ
နာမူ (NP News) - ေအာက္တိုဘာ ၂၂

အၾကမ္းဖက္သမားအေယာင္ေဆာင္ကာ ေငြက်ပ္သိန္း ၂၀၀၀ ေက်ာ္အထိ ၿခိမ္းေျခာက္ေငြေၾကးေတာင္းခံခဲ့သူကို ျပင္ဦးလြင္ၿမိဳ႕နယ္၊ မိုးႀကိဳးပစ္ေက်း႐ြာတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ ခ်က္အရ သိရသည္ ။
စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ ၿခိမ္းေျခာက္ေငြေၾကးေတာင္းခံေနသူသည္ ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလမွစတင္၍ Myanmar Business Directory Application မွတစ္ဆင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား၏ ဖုန္းနံပါတ္မ်ားအား ရွာေဖြ ကာ ၿခိမ္းေျခာက္ေငြေၾကးေတာင္းခံမႈမ်ား စတင္ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္ ။
ၿခိမ္းေျခာက္ေငြေၾကးေတာင္းခံရာတြင္ ၎သည္ အၾကမ္းဖက္ေဖာက္ခြဲေရးအုပ္စုမွျဖစ္ၿပီး ယခုကဲ့သို႔ ၿခိမ္းေျခာက္ ေငြေတာင္းမႈကို တပ္၊ ရဲ၊ ျပည္သူ႔စစ္ႏွင့္ အျခားအဖြဲ႕အစည္းမ်ားအား တိုင္ၾကားပါက သတ္ျဖတ္ခံရမည္ဟု ၿခိမ္းေျခာက္ေၾကာင္း သိရသည္။

၂၀၂၁ ခုႏွစ္ မွ စတင္ကာ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္အထိ စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ ၿခိမ္းေျခာက္ ေငြေၾကးေတာင္းခံမႈအေနျဖင့္ လားရႈိးၿမိဳ႕မွ ၄ ဦး၊ သီေပါၿမိဳ႕မွ ၁ ဦး၊ မူဆယ္ၿမိဳ႕မွ ၅ ဦး၊ နမ့္ခမ္းၿမိဳ႕မွ ၂ ဦး၊ ေတာင္ႀကီးၿမိဳ႕မွ ၁ ဦး၊ လြိဳင္ေကာ္ၿမိဳ႕မွ ၁ ဦး၊ ျပင္ဦးလြင္ၿမိဳ႕မွ ၄ ဦး၊ ေနာင္ခ်ိဳၿမိဳ႕မွ ၁ ဦး၊ မႏၲေလးၿမိဳ႕မွ ၈ ဦး၊ စုစုေပါင္း စီးပြားေရးလုပ္ငန္းရွင္ ၂၇ ဦးတို႔ထံမွ ၿခိမ္းေျခာက္၍ ေငြ ၂၂၁,၃၀၀,၀၀၀ က်ပ္ ေတာင္းခံခဲ့ေၾကာင္း သိရသည္ ။
ၿခိမ္းေျခာက္ေတာင္းခံရာမွ ရရွိလာသည့္ ေငြေၾကးမ်ားမွ ေငြက်ပ္ သိန္း ၄၀၀ ေက်ာ္တန္ဖိုးရွိ ကားတစ္စီးႏွင့္ မိုးႀကိဳးပစ္ေက်း႐ြာတြင္ေငြက်ပ္ သိန္း ၁၄၀၀ တန္ ေနအိမ္တစ္လုံးကို ဝယ္ယူခဲ့ၿပီး က်န္ေငြမ်ားအား ေလာင္းကစား ျခင္း၊ ေသာက္စားေပ်ာ္ပါးျခင္းမ်ား၌ သုံးစြဲခဲ့ေၾကာင္းလည္း သိရသည္။
သတင္းေပးခ်က္အရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၂၀ ရက္ ေန႔လယ္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ မိုးႀကိဳးပစ္ေက်း႐ြာ၊ ေခတၱာလမ္း၊ အမွတ္ (၂၂၆) ၌ ေက်ာ္ခိုင္ဦးႏွင့္ ၎၏ တရားမဝင္ဇနီးျဖစ္သူ ေအးေအးဝင္းတို႔ ၂ ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိတရားခံ ေက်ာ္ခိုင္ဦးသည္ ၂၀၁၄ ခုႏွစ္၊ ဧၿပီလတြင္ ေက်ာက္မဲၿမိဳ႕နယ္၊ ပန္ေမာက္ေက်း႐ြာ၌ ေနထိုင္စဥ္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုမွ အဓမၼလူသစ္စုေဆာင္းသျဖင့္ အဖြဲ႕တြင္းသို႔ ဝင္ေရာက္ခဲ့ရၿပီး ၂၀၁၆ ခုႏွစ္တြင္ ျပန္လည္ထြက္ေျပးခဲ့ေၾကာင္း၊ ထို႔ေနာက္ ပင္ေလာင္းၿမိဳ႕နယ္၊ ေႏွာင္မီးကားေက်း႐ြာ၌ ဆိုင္ကယ္ ျပင္ဆိုင္ ဖြင့္လွစ္ေနထိုင္၍ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ေရာင္းဝယ္ျခင္းလုပ္ငန္းမ်ားလည္း လုပ္ကိုင္ခဲ့ေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.