တစ်နိုင်ငံအတိုင်းအတာအနေဖြင့် ငါးလအတွင်း ယာဉ်တိုက်မှုပေါင်း (၁၈၀၀)ကျော်ဖြစ်ပွားခဲ့ရာ မဆင်မခြင်မောင်းနှင်ခြင်းကြောင့် ဖြစ်သည့်အမှုပေါင်း (၁၃၀၀)ကျော်ရှိ

 470

စော (NP News) - ဇွန် ၂၀

တစ်နိုင်ငံအတိုင်းအတာအနေဖြင့် ငါးလအတွင်း ယာဉ်တိုက်မှုပေါင်း (၁၈၀၀)ကျော်ဖြစ်ပွားခဲ့ရာ မဆင်မခြင်မောင်းနှင်ခြင်းကြောင့်ဖြစ်သည့်အမှုပေါင်း (၁၃၀၀)ကျော်ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ အချက်အလက်များအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအတွင်း ယာဉ်တိုက်မှုပေါင်း (၁၈၄၃)မှုဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၂)ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုများကြောင့် ငါးလအတွင်း သေဆုံးသူ (၉၈၄)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ (၂၇၃၇)ဦးရှိခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် လူကြောင့်ဖြစ်သောအမှု (၁၅)မျိုး၌ မဆင်မခြင်မောင်းနှင်သည့်အမှု(၁၃၅၇)မှု၊ ယာဉ်ကြောင့်ဖြစ်သောအမှု(၅)မျိုးတွင် စက်ချို့ယွင်းမှု (၂၄)မှု နှင့် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သောအမှု (၄)မျိုးတွင် ရာသီဥတုကြောင့်ဖြစ်သောအမှု (၂)မှုတို့သည့် အများဆုံးဖြစ်ပွားခဲ့သော အမှုများဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ အချက် အလက်များအရ သိရသည်။

အဆိုပါယာဉ်တိုက်မှုများကြောင့် ငါးလတာကာလအတွင်း ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ်သိန်းပေါင်း (၃၃၉၇၀)ဆုံးရှုံးခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ငွေကျပ် (၂၂၃ ဒသမ ၄၈၆) သိန်းဆုံးရှုံးနေကြောင်း တွက်ဆနိုင်သည်။ ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းတွင် (၃၅၇) ကြိမ်ဖြင့် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၄၁၅)ဦး နှင့် သေဆုံးသူ (၁၈၁)ဦး ရှိခဲ့ကြောင်းသိရသည်။

အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိုက်မှုပေါင်း (၈၀)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူ (၁၅၆)ဦးနှင့် သေဆုံးသူ (၄၃)ဦးရှိခဲ့ကြောင်း သိရသည်။ ယခင်နှစ် (၂၀၂၃) ခုနှစ်၊ အလားတူကာလ၌ တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း (၂၁၇၃) ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း (၃၀၄၉) ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၁၁၆၂) ဦး ရှိခဲ့ကြောင်း သိရသည်။

zawgyi version
တစ္ႏိုင္ငံအတိုင္းအတာအေနျဖင့္ ငါးလအတြင္း ယာဥ္တိုက္မႈေပါင္း (၁၈၀၀)ေက်ာ္ျဖစ္ပြားခဲ့ရာ မဆင္မျခင္ေမာင္းႏွင္ျခင္းေၾကာင့္ ျဖစ္သည့္အမႈေပါင္း (၁၃၀၀)ေက်ာ္ရွိ

ေစာ (NP News) - ဇြန္ ၂၀

တစ္ႏိုင္ငံအတိုင္းအတာအေနျဖင့္ ငါးလအတြင္း ယာဥ္တိုက္မႈေပါင္း (၁၈၀၀)ေက်ာ္ျဖစ္ပြားခဲ့ရာ မဆင္မျခင္ေမာင္းႏွင္ျခင္းေၾကာင့္ျဖစ္သည့္အမႈေပါင္း (၁၃၀၀)ေက်ာ္ရွိခဲ့ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕မႉး႐ုံး၏ အခ်က္အလက္မ်ားအရ သိရသည္။

ယခုႏွစ္ ဇန္နဝါရီလမွ ေမလအထိ ငါးလတာကာလအတြင္း ယာဥ္တိုက္မႈေပါင္း (၁၈၄၃)မႈျဖစ္ပြားခဲ့ရာ တစ္ရက္လွ်င္ ပ်မ္းမွ်အားျဖင့္ (၁၂)ႀကိမ္ခန႔္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အဆိုပါယာဥ္တိုက္မႈမ်ားေၾကာင့္ ငါးလအတြင္း ေသဆုံးသူ (၉၈၄)ဦးရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမွာ (၂၇၃၇)ဦးရွိခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

ယာဥ္တိုက္မႈျဖစ္စဥ္မ်ားတြင္ လူေၾကာင့္ျဖစ္ေသာအမႈ (၁၅)မ်ိဳး၌ မဆင္မျခင္ေမာင္းႏွင္သည့္အမႈ(၁၃၅၇)မႈ၊ ယာဥ္ေၾကာင့္ျဖစ္ေသာအမႈ(၅)မ်ိဳးတြင္ စက္ခ်ိဳ႕ယြင္းမႈ (၂၄)မႈ ႏွင့္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ျဖစ္ေသာအမႈ (၄)မ်ိဳးတြင္ ရာသီဥတုေၾကာင့္ျဖစ္ေသာအမႈ (၂)မႈတို႔သည့္ အမ်ားဆုံးျဖစ္ပြားခဲ့ေသာ အမႈမ်ားျဖစ္ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕မႉး႐ုံး၏ အခ်က္ အလက္မ်ားအရ သိရသည္။

အဆိုပါယာဥ္တိုက္မႈမ်ားေၾကာင့္ ငါးလတာကာလအတြင္း ဆုံးရႈံးမႈတန္ဖိုးအေနျဖင့္ ေငြက်ပ္သိန္းေပါင္း (၃၃၉၇၀)ဆုံးရႈံးခဲ့ၿပီး တစ္ရက္လွ်င္ ပ်မ္းမွ်အားျဖင့္ ေငြက်ပ္ (၂၂၃ ဒသမ ၄၈၆) သိန္းဆုံးရႈံးေနေၾကာင္း တြက္ဆႏိုင္သည္။ ယာဥ္တိုက္မႈမ်ားအနက္ ရန္ကုန္တိုင္းတြင္ (၃၅၇) ႀကိမ္ျဖင့္ ယာဥ္တိုက္မႈအမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရသူ (၄၁၅)ဦး ႏွင့္ ေသဆုံးသူ (၁၈၁)ဦး ရွိခဲ့ေၾကာင္းသိရသည္။

အလားတူ ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ယာဥ္တိုက္မႈေပါင္း (၈၀)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာ ရရွိသူ (၁၅၆)ဦးႏွင့္ ေသဆုံးသူ (၄၃)ဦးရွိခဲ့ေၾကာင္း သိရသည္။ ယခင္ႏွစ္ (၂၀၂၃) ခုႏွစ္၊ အလားတူကာလ၌ တစ္ႏိုင္ငံလုံးတြင္ ယာဥ္တိုက္မႈေပါင္း (၂၁၇၃) ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆုံးသူေပါင္း (၃၀၄၉) ဦးရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူေပါင္း (၁၁၆၂) ဦး ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.