ပညာရေးလောကကို ကျောခိုင်းခဲ့တဲ့ CDM ဝန်ထမ်းတွေနဲ့ လူငယ်တွေရဲ့ ပညာရေးအနာဂတ် (အင်တာဗျူး)
 2048
ယွန်း (NP News) - ဇွန် ၂၀
၂၀၂၁ နိုင်ငံရေးဖြစ်စဉ်များအပြီး စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်အတူ နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိသော အဆောက်အအုံများဖြစ်သည့် စာသင်ကျောင်းများကို NUG နှင့် ၎င်း၏ လက်အောက်ခံ PDF များက ဗုံးခွဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများ ရှိလာခဲ့သည်။ ထို့ပြင် ပညာရေး ဝန်ထမ်းများ သတ်ဖြတ်ခံရမှုများနှင့် ဖမ်းဆီးခံရမှုများလည်းရှိခဲ့သည်။ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ဖျက်ဆီးခံခဲ့ရသည့် စာသင်ကျောင်းများကို ပြင်ဆင်မှုများရှိနေသော်လည်း နယ်မြေ အခြေအနေများကြောင့် လက်ရှိ အချိန်အထိ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းများလည်းရှိနေသည်။ နိုင်ငံရေးအခင်းအကျင်းဖြစ်ပွားခဲ့သည့် ကာလ၌ CDM ဝန်ထမ်းများလည်းရှိလာခဲ့ပြီး ပြန်လည် အစားထိုးခန့်အပ်မှုများဖြင့် ပညာရေးယန္တရားကို လည်ပတ်ခဲ့ရသည်။ ယင်းကဲ့သို့ အကြောင်းအရာများအပါ အဝင် ပညာရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ The Statesman ဂျာနယ်က ပညာရေးဝန်ကြီးဌာနသို့မေးမြန်းခဲ့သည့်အပေါ် ဝန်ကြီးဌာနဘက်မှ ပြန်လည်ဖြေကြားချက်များကို NP News အနေဖြင့် မူရင်းအတိုင်း ထပ်ဆင့်ဖော်ပြလိုက်ပါသည်။
မေး- နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း အရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ- ထက်၊ လယ်၊ မူကျောင်းပေါင်း ၄၇၈၅၃ ကျောင်းရှိပါသည်။
မေး- တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီရဲ့ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းအရေအတွက်ကိုလည်း သိလိုပါတယ်။
မေး- တစ်နိုင်ငံလုံးမှာရှိတဲ့ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ မူလတန်းကျောင်းတွေမှာ သင်ကြားနေတဲ့ဆရာ/ဆရာမဦးရေကိုလည်း သိလိုပါတယ်။
ဖြေ- မူလတန်းအဆင့် = ၂၀ဝ၃၉ ဦး
အလယ်တန်း = ၉၆၁၉၂ ဦး
အထက်တန်း = ၄၁၄၃၇ ဦး
စုစုပေါင်း = ၁၅၇၆၆၈ ဦး ရှိပါသည်။
မေး- အထက်ပါ ဆရာ/ဆရာမတွေထဲမှာ အစိုးရက တရားဝင်ခန့်အပ်ထားတဲ့ဝန်ထမ်းအပြင် ပြင်ပကနေ ငှားရမ်းအသုံးပြုနေရတဲ့ ကျောင်းဆရာ/ ဆရာမတွေကော ရှိပါသလား။ အရေအတွက် ဘယ်လောက်ရှိပါ သလဲ။
ဖြေ- ပြင်ပကနေ ငှားရမ်းအသုံးပြုနေတဲ့ ကျောင်း ဆရာ၊ ဆရာမ မရှိပါ။
မေး- မြန်မာနိုင်ငံမှာ နှစ်စဉ်ပျမ်းမျှအားဖြင့် မူလတန်း ကျောင်းသားတိုးပွားလာမှု ဘယ်လောက်ရှိပါသလဲ။ နှစ်စဉ် မူကြို ကနေပြီးတော့ တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်မြင်တဲ့အချိန်အထိ ပျမ်းမျှကျောင်းသားဦးရေ ဘယ်လောက်ရှိပါသလဲ။
ဖြေ- ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် စုစုပေါင်းကျောင်းသားဦးရေ ၅၃၀၅၅၃၀ ဦး
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စုစုပေါင်း ကျောင်းသားဦးရေ ၇၂၉၂၇၇၂ ဦး
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စုစုပေါင်း ကျောင်းသားဦးရေ ၈၀၈၇၉၆၅ ဦး
မေး- CDM ဝင်သွားပြီးတော့ ကလေးတွေကိုစာသင် ဖို့ကျောခိုင်းလိုက်တဲ့ ဆရာ/ဆရာမဦးရေ ဘယ် လောက်ရှိပါသလဲ။ ပြန်လည်အစားထိုးခန့် အပ်မှုက ကော ဘယ်လောက်ရှိပါသလဲ သိလိုပါတယ်။
ဖြေ- ရာထူးမှထုတ်ပယ်ခံရသည့် ရုံး/ကျောင်းဝန် ထမ်းဦးရေ = ၁၃၃၉၄၃ ဦး
အယူခံပြန်လည်ခန့်ထားသည့် ရုံး/‌ကျောင်းဝန် ထမ်းဦးရေ = ၇၉၃၈ ဦး
အသစ်ပြန်လည်ခန့်ထားသည့် ရုံး/ကျောင်းဝန် ထမ်းဦးရေ = ၇၄၂၀၃ ဦး ” ၈၂၁၄၁ ဦး
မေး- ပုဂ္ဂလိက‌ကျောင်းတွေနဲ့ပတ်သက်ပြီးတော့ မူလတန်းကနေ တက္ကသိုလ်ဝင်စာမေးပွဲအောင်တဲ့အထိ သင်ကြားနေတဲ့ပုဂ္ဂလိကကျောင်း ဘယ်လောက် ရှိပါသလဲ။ မူလတန်းပဲ သင်ကြားတဲ့ ကျောင်းအရေ အတွက်နဲ့ တက္ကသိုလ်အထိ သင်ကြားပေးနေတဲ့ ကျောင်းအရေအတွက်ကကော ဘယ်လောက်ရှိပါ သလဲ။
ဖြေ- ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်မှု
အထက်တန်းဆင့်(၉၀၅)ကျောင်း၊
အလယ်တန်းဆင့်(၁၅၀)ကျောင်း၊
မူလတန်းဆင့်(၂၂၈)ကျောင်း၊
စုစုပေါင်း(၁၂၈၃)ကျောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
မေး- ပုဂ္ဂလိကကျောင်းတွေအနေနဲ့ အစိုးရဆီမှာ လိုင်စင်လျှောက်ထားတဲ့အခါ သူတို့ရဲ့ ကတိကဝတ် တွေက ဘာတွေလဲ။ လိုင်စင်မလျှောက်တဲ့ ကျောင်းတွေကိုကော ဘယ်လိုအရေးယူမှုမျိုးတွေ ဆောင်ရွက် နေပါသလဲ။
ဖြေ- ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ပုဂ္ဂလိက ပညာရေးဥပဒေကိုထုတ်ပြန်ခဲ့ပြီး ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်း မှတ်ပုံတင် ဖွင့်လှစ်ခွင့်လျှောက်ထားမှုကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါကြောင်းနှင့် ထုတ်ပြန်ခဲ့သော ပညာရေးဥပဒေနှင့်အ ညီ ဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ မှတ်ပုံတင် လျှောက်ထားခြင်းမရှိသော ကျောင်းများကို သတ်မှတ် ချက်နှင့်ကိုက်ညီမှသာ တည်ထောင်ခွင့်ပြုမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
မေး- ၂၀၂၁ အခင်းအကျင်းကနေစပြီး လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်း ဖျက်ဆီးခံခဲ့ရတဲ့ ကျောင်း‌အရေ အတွက် ဘယ်လောက်ရှိလဲ။ ဘယ်တိုင်းနဲ့ ပြည်နယ်တွေမှာ အများဆုံးဖြစ်လဲ။
ဖြေ- မီးရှို့ဖျက်ဆီးခံရသည့် ကျောင်းဦးရေ ၁၅၀ ကျောင်းဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပါသည်။
မေး- မီးရှို့ဖျက်ဆီးခံရမှုနှင့် မိုင်းခွဲခံခဲ့ရတဲ့ကျောင်းတွေကို ဘယ်လိုမျိုးပြန်လည်ပြင်ဆင်နေလဲ။ ပြင်ဆင် နိုင်ခြင်းမရှိတဲ့ ကျောင်းအရေအတွက်ကကော ဘယ်လောက်ရှိလဲ။
ဖြေ- ပျက်စီးမှုအခြေအနေအလိုက် ပြုပြင်ပေးလျက် ရှိပါတယ်။
မေး- အကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပညာရေးဝန်ထမ်းပေါင်း ဘယ်လောက်ရှိလဲ။ ပြီးတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းဦးရေကကော ဘယ်နှယောက်ရှိလဲ။
ဖြေ-အကြမ်းဖက်အဖွဲ့၏ဖမ်းဆီးခြင်းခံရသည့် ပညာရေး ဝန်ထမ်းပေါင်း = ၂၅၅ ဦး
အကြမ်းဖက်အဖွဲ့၏သတ်ဖြတ်ခြင်းခံရသည့် ပညာရေး ဝန်ထမ်းပေါင်း = ၁၂၅ ဦး
မေး- သတ်ဖြတ်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ မိသားစုတွေကို ဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့ပေးတာ မျိုးရှိလား။ ဘယ်လိုမျိုး ထောက်ပံ့ပေးနေလဲ။
ဖြေ- သေဆုံးဝန်ထမ်းတစ်ဦးလျှင် ကျပ် (၃) သိန်း နှုန်းနှင့် ဒဏ်ရာရဝန်ထမ်းတစ်ဦးလျှင် ကျပ် (၂) သိန်း နှုန်း ထောက်ပံ့ပေးပါသည်။
မေး- လက်ရှိမှာ ဆက်လက်ပြီးတာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ဝန် ကြီးဌာနအနေနဲ့ ဘယ်လိုအာမခံချက်တွေပေးထားလဲ။ ဘယ်လိုတာဝန်ယူမှုတွေ လုပ်ထားလဲ။
ဖြေ- ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လုံခြုံရေးကို စီမံဆောင် ရွက်လျက်ရှိပါသည်။
မေး- လက်ရှိအခင်းအကျင်းကြောင့် မဖွင့်နိုင်တဲ့ စာသင်ကျောင်းပေါင်း ဘယ်လောက်ရှိလဲ။ အဲဒီဒေသ က ကလေးတွေအတွက် ဘယ်လိုစီစဉ်ပေးသွားမလဲ။
ဖြေ- မဖွင့်နိုင်သည့်စာသင်ကျောင်းပေါင်း ၁၃၇၀ဝ ကျောင်းရှိပါသည်။
မေး- မဖွင့်လှစ်နိုင်တဲ့ စာသင်ကျောင်းတွေကို Safe Zone သတ်မှတ်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီ အစဉ် ရှိ/ မရှိ သိလိုပါတယ်။
ဖြေ- ၎င်းတို့ တက်ရောက်လိုသည့်ကျောင်းများတွင် တက်ရောက်စေလျက်ရှိပါသည်။
မေး- စစ်ဘေးရှောင်နေရတဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ကော ဘယ်လိုဆောင်ရွက်ပေးမှာလဲ။
ဖြေ- စစ်ဘေးရှောင်ရာအရပ်ရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ရေး စီစဉ် ဆောင်ရွက်ထားပါသည်။
မေး- ပြီးခဲ့တဲ့စာသင်နှစ်မှာ မဖွင့်လှစ်လိုက်ရတဲ့ စာသင်ကျောင်းတွေထဲကနေ ယခုစာသင်နှစ်မှာ ဘယ် လောက်ပြန်ဖွင့်နိုင်ဖို့ ရည်မှန်းထားလဲ။
ဖြေ- ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပါသည်။
မေး- ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃) သိန်းလောက် ကျောင်းတက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ နစက ဥက္ကဋ္ဌ ပြောဆိုထားတာရှိတယ်။ အဲဒီလိုပျက်ကွက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် သီးခြား အစီအစဉ်ရေးဆွဲထားတာမျိုးရှိလား။
ဖြေ- ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ပြန်လည် တက်ရောက်သင်ကြားခွင့်ရရှိမှာဖြစ်ပါသည်။
မေး- လက်ရှိကိန်းဂဏန်းတွေအရ ကျောင်းသား ဘယ်နှဦးကို ဆရာဘယ်နှစ်ဦးနှုန်းနဲ့ သင်ကြားနေပါသ လဲ။ ဆရာ၊ ဆရာမအရေအတွက်ကော လုံလောက်မှု ရှိရဲ့လား။
ဖြေ- မူလတန်းအဆင့်တွင် ကျောင်းသား (၂၆) ဦးကို ဆရာ (၁) ဦးနှုန်း
အလယ်တန်းအဆင့်တွင် ကျောင်းသား (၁၆) ဦးကို ဆရာ (၁) ဦးနှုန်း
အထက်တန်းအဆင့်တွင် ကျောင်းသား (၁၅) ဦးကို ဆရာ (၁) ဦးနှုန်းဖြင့် သင်ကြားလျက်ရှိပါသည်။
လက်ရှိကိန်းဂဏန်းများအရ ဆရာ၊ ဆရာမအရေ အတွက် လုံလောက်မှုရှိပါသည်။
မေး- ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၃ - ၂၀၂၄ ဘတ်ဂျက်အနေနဲ့ ငွေကျပ် ၂၁၈၈ ဘီလျံကျော်ကို သုံးစွဲခဲ့တယ်လို့သိရပါတယ်။ အဆိုပါသုံးစွဲမှုက ပညာရေးဝန်ကြီးဌာနအတွက် လုံလောက်ရဲ့လား။ ဘာတွေ ဆောင်ရွက်နိုင်ခဲ့လဲ သိလိုပါတယ်။
ဖြေ- လုံလောက်ပါသည်။ ဝန်ထမ်းလစာငွေ တည်ဆောက်ရေးလုပ်ငန်းများ၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်း များ၊ ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်များ ပံ့ပိုးမှုနှင့် ပညာသင်ထောက်ပံ့ကြေးစရိတ် အစရှိသည် များတွင် အသုံးပြုပါသည်။
မေး- နိုင်ငံတစ်ဝန်းလုံး၌ တက္ကသိုလ်နှင့် ဒီဂရီကောလိပ် ကျောင်းအရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ- တက္ကသိုလ် = ၄၈ ခု
ဒီဂရီကောလိပ် = ၂ ခု
ပေါင်း = ၅၀ ခု ရှိပါသည်။
မေး- တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီရဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းအရေအတွက်ကို လည်း သိလိုပါတယ်။
မေး- တစ်နိုင်ငံလုံးရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ် ကျောင်းများတွင်ရှိသည့် ဆရာ၊ ဆရာမဦးရေကိုလည်း သိလိုပါတယ်။
ဖြေ- ဆရာ၊ ဆရာမဦးရေ ၁၁၁၈၅ ဦးရှိပါသည်။
မေး- အထက်ပါ ဆရာ၊ ဆရာမတွေထဲမှာ အစိုးရက တရားဝင်ခန့်အပ်ထားတဲ့ ဝန်ထမ်းအပြင် ပြင်ပကနေ ငှားရမ်းအသုံးပြုနေရတဲ့ ကျောင်း၊ ဆရာ၊ ဆရာမတွေရော ရှိပါသလား။ အရေအတွက် ဘယ်လောက်ရှိပါ သလဲ။
ဖြေ- ပြင်ပမှ ငှားရမ်းသည့် ဆရာ၊ ဆရာမများ မရှိပါ။
မေး- တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးနောက် တက္ကသိုလ်တက်ရောက်တဲ့ နှစ်စဉ်ကျောင်းသားဦးရေ ပျမ်းမျှအရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ- ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၁၀၉၈၅၁) ဦးမှ တက္ကသိုလ်တက်ရောက်ရန် ကန ဦးလျှောက်ထားသူဦးရေ (၉၇ç၅၄၂) ဦး၊ နောက်ဆက်တွဲလျှောက်ထားသူဦးရေ (၃၁၆၀) ဦး၊ စုစုပေါင်း တက္ကသိုလ်များသို့ ဝင်ခွင့်ပြုဦးရေ (၁၀ဝ၇၀၂) ဦး ၉၁.၇% ဖြစ်ပါသည်။ နှစ်စဉ် တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်သူများ၏ ၉၀% ကျော် တက္ကသိုလ် တက်ရောက်ရန် လျှောက်ထားကြပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့်နှစ်တွင် တက္ကသိုလ်တက်ရောက်ရန် မလျှောက်ဖြစ်ဘဲ နောင်နှစ်များတွင် တက်ရောက်ရန်လျှောက်ထားပါက နှစ်ချို့ကျောင်းသားအဖြစ် တက်ရောက်ခွင့်ပြု ပါသည်။
မေး- CDM ဝင်သွားပြီးတော့ ကလေးတွေကို စာသင်ဖို့ကျောခိုင်းလိုက်တဲ့ ဆရာ၊ ဆရာမဦးရေ ဘယ်လောက်ရှိပါသလဲ။ ပြန်လည်အစားထိုးခန့်အပ်မှုကကော ဘယ်လောက်ရှိပါသလဲ သိလိုပါတယ်။
ဖြေ- ၃-၃-၂၀၂၄ ရက်နေ့ စာရင်းအရ ၁-၂-၂၀၂၁ ရက်နေ့မှစ၍ Removal ပြုလုပ်ခံရသူ ဆရာ၊ ဆရာမ ၉၉၂၇ ဦးရှိပါသည်။ ပြန်လည်အစားထိုး ခန့်အပ်မှု ၆၂၇၉ ဦးရှိပါသည်။
မေး- အကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပညာရေးဝန်ထမ်းပေါင်း ဘယ်လောက်ရှိလဲ။ ပြီးတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းဦးရေကကော ဘယ်နှယောက်ရှိလဲ။
ဖြေ- အဆင်မြင့်
သတ်ဖြတ်ခံရသော ပညာရေးဝန်ထမ်း (အဆင့်မြင့်)မရှိပါ။
မေး- လက်ရှိကိန်းဂဏန်းတွေအရ ကျောင်းသား ဘယ်နှဦးကို ဆရာဘယ်နှဦးနှုန်းနဲ့ သင်ကြားနေပါသ လဲ။ ဆရာ၊ ဆရာမအရေအတွက်ကော လုံလောက်မှု ရှိရဲ့လား။
ဖြေ- နေ့သင်တန်း = ၁း ၁၀
မေး- တက္ကသိုလ်တွေကို အကြမ်းဖက်တွေက ဝင်ရောက်ပြီးတော့ ဆရာ၊ ဆရာမတွေအပါအဝင် ကျောင်းသား၊ ကျောင်းသူတွေကို ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာတွေ ရှိပါတယ်။ ပညာရေး ဝန်ကြီးဌာနအနေနဲ့ တခြားတက္ကသိုလ်တွေမှာ ဒီလိုဖြစ်စဉ်မျိုးတွေမဖြစ်လာအောင် ဘယ်လိုကာကွယ်မှု မျိုးတွေ လုပ်ထားလဲ၊ ဘာတွေဆောင်ရွက်ထားလဲ။
ဖြေ- တက္ကသိုလ်တွေကို အကြမ်းဖက်တွေက ဝင်ရောက်ပြီး ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသား၊ ကျောင်းသူများကိုဖမ်းဆီးသွားသည့်ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့သည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် တခြား တက္ကသိုလ်များတွင် ယခုလိုဖြစ်စဉ်မျိုး ထပ်မံ ဖြစ်မလာစေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏စီမံမှုဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
မေး- တစ်နှစ်အတွင်းမှာ နိုင်ငံတော်ကနေ ကလေးတစ်ယောက်အတွက် ကျခံသုံးစွဲနေတဲ့ ကုန်ကျစရိတ် က ဘယ်လောက်ရှိလဲ။
မဖြေပါ။
ယွန်း (NP News) - ဇွန် ၂၀
အလယ်တန်း = ၉၆၁၉၂ ဦး
အထက်တန်း = ၄၁၄၃၇ ဦး