ကင်ဆာရောဂါခံစားနေရကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ ရက်ပ်အဆိုတော် ဒွန်အိုမား

 343

Pika (NP News) - ဇွန် ၂ဝ

အမေရိကန်ပိုင်နက်နယ်မြေဖြစ်သည့် Puerto Rico နယ်မြေမှ ရက်ပ်အဆိုတော်ဒွန်အိုမားက ၎င်းတွင် ကင်ဆာ ရောဂါရှိကြောင်း ဇွန်လ(၁၇)ရက် ညနေပိုင်းတွင် ၎င်း၏ အင်စတာဂရမ်အကောင့်မှာ ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇွန်လ(၁၇)ရက်တွင် အသက်(၄၆)နှစ်အရွယ် ဒွန်အိုမားသည် ဖော်လိုဝါ(၁၁ ဒသမ ၇) သန်းရှိသော ၎င်း၏ အင်စတာဂရမ်အကောင့်တွင် ကင်ဆာရောဂါခံစားနေရကြောင်း ပို့စ်တစ်ခုတင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒွန်အိုမားသည် "Orlando Health" ဟုရေးထားသော ဆေးရုံလက်ပတ်ကို ၎င်း၏ လက်ကောက်ဝတ်တွင် ဝတ်ထားသည့်ဓါတ်ပုံကိုလည်း တင်ခဲ့ကြောင်းသိရသည်။ ၎င်းက “ဒီနေ့တော့ ကင်ဆာရောဂါခံစားနေရပေမယ့် မနက်ဖြန်မှာတော့ ပျောက်ကင်းချင်ပျောက်ကင်းသွားပါလိမ့်မယ်။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေအားလုံးကို လည်း ကျွန်တော်လက်ခံနေပါတယ်။မကြာခင်ပြန်တွေ့ကြမယ်” ဟု အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

သို့သော်လည်း ၎င်းခံစားနေရသည့်ကင်ဆာရောဂါမှာ မည်သည့်အမျိုးအစားဖြစ်သည်ဆိုသည့်အချက်ကို ဒွန်အိုမား က ထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါပို့စ်အောက်တွင် ကင်ဆာရောဂါခံစားနေ ရခြင်းမှ အမြန်ဆုံးပြန်လည်သက်သာလာစေရန်အတွက် ၎င်း၏ ပရိသတ်များက ဆုမွန်ကောင်းတောင်းပေးခဲ့ကြ သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
လက်ရှိအချိန်တွင် ဒွန်အိုမားသည် ဩဂုတ်လမတိုင်မီအချိန်အထိ ရပ်ဆိုင်းထားသည့် Back to Reggaeton U.S. ခရီးစဉ်၏ အလယ်တွင်ရှိနေကြောင်းလည်း သိရသည်။ အဆိုပါခရီးစဉ်သည် တက္ကဆက်ပြည်နယ်၊ ဖလော်ရီဒါ ပြည်နယ် နှင့် အခြားနေရာများတွင် ရပ်နားပြီးနောက် လာမည့်စက်တင်ဘာလတွင် Belmont မြို့နှင့် နယူးယောက် မြို့တို့တွင် အဆုံးသတ်မည်လည်းဖြစ်သည်။

Zawgyi Version;
ကင္ဆာေရာဂါခံစားေနရေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာခဲ့တဲ့ ရက္ပ္အဆိုေတာ္ ဒြန္အိုမား
Pika (NP News) - ဇြန္ ၂ဝ

အေမရိကန္ပိုင္နက္နယ္ေျမျဖစ္သည့္ Puerto Rico နယ္ေျမမွ ရက္ပ္အဆိုေတာ္ဒြန္အိုမားက ၎တြင္ ကင္ဆာ ေရာဂါရွိေၾကာင္း ဇြန္လ(၁၇)ရက္ ညေနပိုင္းတြင္ ၎၏ အင္စတာဂရမ္အေကာင့္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ဇြန္လ(၁၇)ရက္တြင္ အသက္(၄၆)ႏွစ္အ႐ြယ္ ဒြန္အိုမားသည္ ေဖာ္လိုဝါ(၁၁ ဒသမ ၇) သန္းရွိေသာ ၎၏ အင္စတာဂရမ္အေကာင့္တြင္ ကင္ဆာေရာဂါခံစားေနရေၾကာင္း ပို႔စ္တစ္ခုတင္ခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ဒြန္အိုမားသည္ "Orlando Health" ဟုေရးထားေသာ ေဆး႐ုံလက္ပတ္ကို ၎၏ လက္ေကာက္ဝတ္တြင္ ဝတ္ထားသည့္ဓါတ္ပုံကိုလည္း တင္ခဲ့ေၾကာင္းသိရသည္။ ၎က “ဒီေန႔ေတာ့ ကင္ဆာေရာဂါခံစားေနရေပမယ့္ မနက္ျဖန္မွာေတာ့ ေပ်ာက္ကင္းခ်င္ေပ်ာက္ကင္းသြားပါလိမ့္မယ္။ ေကာင္းမြန္တဲ့ ရည္႐ြယ္ခ်က္ေတြအားလုံးကို လည္း ကြၽန္ေတာ္လက္ခံေနပါတယ္။မၾကာခင္ျပန္ေတြ႕ၾကမယ္” ဟု အင္စတာဂရမ္တြင္ ေရးသားခဲ့သည္။

သို႔ေသာ္လည္း ၎ခံစားေနရသည့္ကင္ဆာေရာဂါမွာ မည္သည့္အမ်ိဳးအစားျဖစ္သည္ဆိုသည့္အခ်က္ကို ဒြန္အိုမား က ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါပို႔စ္ေအာက္တြင္ ကင္ဆာေရာဂါခံစားေန ရျခင္းမွ အျမန္ဆုံးျပန္လည္သက္သာလာေစရန္အတြက္ ၎၏ ပရိသတ္မ်ားက ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾက သည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။
လက္ရွိအခ်ိန္တြင္ ဒြန္အိုမားသည္ ဩဂုတ္လမတိုင္မီအခ်ိန္အထိ ရပ္ဆိုင္းထားသည့္ Back to Reggaeton U.S. ခရီးစဥ္၏ အလယ္တြင္ရွိေနေၾကာင္းလည္း သိရသည္။ အဆိုပါခရီးစဥ္သည္ တကၠဆက္ျပည္နယ္၊ ဖေလာ္ရီဒါ ျပည္နယ္ ႏွင့္ အျခားေနရာမ်ားတြင္ ရပ္နားၿပီးေနာက္ လာမည့္စက္တင္ဘာလတြင္ Belmont ၿမိဳ႕ႏွင့္ နယူးေယာက္ ၿမိဳ႕တို႔တြင္ အဆုံးသတ္မည္လည္းျဖစ္သည္။

Related news

© 2021. All rights reserved.