BTS အဖွဲ့ဝင်ဂျီမင်း၏ ဒုတိယမြောက်တစ်ကိုယ်တော်အယ်လ်ဘမ် လာမည့်ဇူလိုင်လတွင် ထွက်ရှိမည်

 257

Pika (NP News) - ဇွန် ၂ဝ

တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီမင်း၏ ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ် Muse သည် လာမည့်ဇူလိုင်လတွင် ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
အသက်(၂၈)နှစ်အရွယ် ဂျီမင်း၏ ဒုတိယမြောက်တစ်ကိုယ်တော်အယ်လ်ဘမ်သည် လာမည့်ဇူလိုင်လ(၁၉)ရက်နေ့ တွင် ထွက်ရှိလာမည်ဖြစ်ကြောင်း BigHit Music အေဂျင်စီက အတည်ပြုခဲ့သည်။ BigHit Music အေဂျင်စီက “ BTS အဖွဲ့ဝင်ဂျီမင်းရဲ့ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ် Muse ရဲ့ အသေးစိတ်အချက်အလက်တွေကို မျှဝေရ မှာ တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ Muse အယ်လ်ဘမ်ဟာ ဂျီမင်းရဲ့လှုံ့ဆော်အားပေးမှုအရင်းအမြစ်တွေကို ရှာဖွေတဲ့၎င်းရဲ့ခရီးစဉ်ကို ကိုယ်စားပြုထားတာပါ။ Muse အယ်လ်ဘမ်မှာ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့တဲ့ Closer Than This သီချင်း အပါအဝင် သီချင်း(၇)ပုဒ် ပါဝင်ပါတယ်။ ဂျီမင်းရဲ့ဒုတိယမြောက်တစ်ကိုယ်တော် အယ်လ်ဘမ် Muse ကို ဆက်လက်အားပေးကြပြီး ပံ့ပိုးပေးကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

ဂျီမင်းသည် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်တွင် စတင်စစ်မှုထမ်းဆောင်ခဲ့ပြီး ၂ဝ၂၅ ခုနှစ် ဇွန်လတွင် စစ်မှုထမ်းတာဝန်ပြီးဆုံးနိုင်ဖွယ်ရှိနေသည်။ BTS ၏ အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သူ Jin သည် ပြီးခဲ့သည့် ဇွန်လ(၁၂) ရက်တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပြီး စစ်မှုထမ်းတာဝန်အရင်ဆုံးပြီးဆုံးသည့် ပထမဆုံးအဖွဲ့ဝင်လည်းဖြစ်သည်။

Zawgyi Version;
BTS အဖြဲ႕ဝင္ဂ်ီမင္း၏ ဒုတိယေျမာက္တစ္ကိုယ္ေတာ္အယ္လ္ဘမ္ လာမည့္ဇူလိုင္လတြင္ ထြက္ရွိမည္
Pika (NP News) - ဇြန္ ၂ဝ

ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်ီမင္း၏ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ Muse သည္ လာမည့္ဇူလိုင္လတြင္ ထြက္ရွိလာမည္ျဖစ္ေၾကာင္း သိရသည္။
အသက္(၂၈)ႏွစ္အ႐ြယ္ ဂ်ီမင္း၏ ဒုတိယေျမာက္တစ္ကိုယ္ေတာ္အယ္လ္ဘမ္သည္ လာမည့္ဇူလိုင္လ(၁၉)ရက္ေန႔ တြင္ ထြက္ရွိလာမည္ျဖစ္ေၾကာင္း BigHit Music ေအဂ်င္စီက အတည္ျပဳခဲ့သည္။ BigHit Music ေအဂ်င္စီက “ BTS အဖြဲ႕ဝင္ဂ်ီမင္းရဲ႕ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ Muse ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို မွ်ေဝရ မွာ တကယ္ကို စိတ္လႈပ္ရွားမိပါတယ္။ Muse အယ္လ္ဘမ္ဟာ ဂ်ီမင္းရဲ႕လႈံ႕ေဆာ္အားေပးမႈအရင္းအျမစ္ေတြကို ရွာေဖြတဲ့၎ရဲ႕ခရီးစဥ္ကို ကိုယ္စားျပဳထားတာပါ။ Muse အယ္လ္ဘမ္မွာ ၂ဝ၂၃ ခုႏွစ္ ဒီဇင္ဘာလက ထြက္ရွိခဲ့တဲ့ Closer Than This သီခ်င္း အပါအဝင္ သီခ်င္း(၇)ပုဒ္ ပါဝင္ပါတယ္။ ဂ်ီမင္းရဲ႕ဒုတိယေျမာက္တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ Muse ကို ဆက္လက္အားေပးၾကၿပီး ပံ့ပိုးေပးၾကဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္” ဟု ထုတ္ျပန္ ေျပာၾကားခဲ့သည္။

ဂ်ီမင္းသည္ ၂ဝ၂၃ ခုႏွစ္ ဒီဇင္ဘာလ(၁၂)ရက္တြင္ စတင္စစ္မႈထမ္းေဆာင္ခဲ့ၿပီး ၂ဝ၂၅ ခုႏွစ္ ဇြန္လတြင္ စစ္မႈထမ္းတာဝန္ၿပီးဆုံးႏိုင္ဖြယ္ရွိေနသည္။ BTS ၏ အျခားအဖြဲ႕ဝင္တစ္ဦးျဖစ္သူ Jin သည္ ၿပီးခဲ့သည့္ ဇြန္လ(၁၂) ရက္တြင္ စစ္မႈထမ္းတာဝန္ၿပီးဆုံးခဲ့ၿပီး စစ္မႈထမ္းတာဝန္အရင္ဆုံးၿပီးဆုံးသည့္ ပထမဆုံးအဖြဲ႕ဝင္လည္းျဖစ္သည္။

Related news

© 2021. All rights reserved.