Inside Out 2 ရုပ်ရှင်ဇာတ်ကား Box Office မှာ ဒေါ်လာ သန်း ၅၀၀ ကျော်ထိ ရရှိနေ

 819

ရောင်နီ (NP News) - ဇွန် ၂၄

Pixar ရဲ့ အန်နီမေးရှင်း ရုပ်ရှင် "Inside Out 2" ဟာ ကမ္ဘာတစ်ဝှမ်းရှိ Box Office မှာ ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိပြီး အမေရိကန်ပြည်တွင်းမှာ တစ်နှစ်တာ ဝင်ငွေ အကောင်းဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။

ခန့်မှန်းချက်တွေအရ အဆိုပါရုပ်ရှင်ဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ လက်မှတ်ရောင်းရငွေအတွက်လည်း ဒေါ်လာ ၁၅၅ သန်းခန့် ရရှိထားတယ်လို့ သိရပါတယ်။ Pixar ရဲ့ နောက်ဆုံးထွက် အခြားရုပ်ရှင်တွေဖြစ်တဲ့ "Elemental" နဲ့ "Lightyear" ထက် လက်မှတ်ရောင်းအား ထက်ဝက်ကျော် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရလဒ်တွေဟာ ယမန်နှစ်က ဟောလိဝုဒ်မှာ AI ရိုက်ခတ်မှုတွေကြောင့် ယခုနှစ်ပြသမယ့်ရုပ်ရှင်တွေ နည်းပါးနေချိန်မှာ ရုပ်ရှင်ရုံပိုင်ရှင်တွေအတွက် ကျေနပ်အားရစရာ ရလဒ်နဲ့အတူ ခွန်အားဖြစ်စေခဲ့ပါတယ်။

"Inside Out 2" ဟာ ရိုင်လီဆိုတဲ့ မိန်းကလေးတစ်ဦးရဲ့အတွင်းစိတ်ခံစားချက်တွေအကြောင်း ရိုက်ကူးထားတဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး အခုဒုတိယအပိုင်းမှာတော့ ခေါင်းဆောင်ဇာတ်ကောင် ရိုင်လီဟာ ဆယ်ကျော်သက်အရွယ်ဖြစ်လာပြီး စိုးရိမ်စိတ်၊ အားကျခြင်း အပါအဝင် စိတ်ခံစားမှုအသစ်တွေ စတင်ဖြစ်လာချိန်ကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

မူရင်း "Inside Out" ၁ ဟာ၂၀၁၅ ခုနှစ် က ရုံတင်ခဲ့တာဖြစ်ပြီး ပထမဆုံးသီတင်းပတ်အတွင်း ဒေါ်လာ သန်း ၉၀ ထိ ရရှိခဲ့ပါတယ်။

Zawgyi Version;
Inside Out 2 ႐ုပ္ရွင္ဇာတ္ကား Box Office မွာ ေဒၚလာ သန္း ၅၀၀ ေက်ာ္ထိ ရရွိေန
ေရာင္နီ (NP News) - ဇြန္ ၂၄

Pixar ရဲ႕ အန္နီေမးရွင္း ႐ုပ္ရွင္ "Inside Out 2" ဟာ ကမာၻတစ္ဝွမ္းရွိ Box Office မွာ ကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္ ရရွိၿပီး အေမရိကန္ျပည္တြင္းမွာ တစ္ႏွစ္တာ ဝင္ေငြ အေကာင္းဆုံး႐ုပ္ရွင္ျဖစ္လာခဲ့ပါတယ္။

ခန႔္မွန္းခ်က္ေတြအရ အဆိုပါ႐ုပ္ရွင္ဟာ အေမရိကန္နဲ႔ ကေနဒါႏိုင္ငံေတြမွာ လက္မွတ္ေရာင္းရေငြအတြက္လည္း ေဒၚလာ ၁၅၅ သန္းခန႔္ ရရွိထားတယ္လို႔ သိရပါတယ္။ Pixar ရဲ႕ ေနာက္ဆုံးထြက္ အျခား႐ုပ္ရွင္ေတြျဖစ္တဲ့ "Elemental" နဲ႔ "Lightyear" ထက္ လက္မွတ္ေရာင္းအား ထက္ဝက္ေက်ာ္ ျမင့္တက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ ရလဒ္ေတြဟာ ယမန္ႏွစ္က ေဟာလိဝုဒ္မွာ AI ႐ိုက္ခတ္မႈေတြေၾကာင့္ ယခုႏွစ္ျပသမယ့္႐ုပ္ရွင္ေတြ နည္းပါးေနခ်ိန္မွာ ႐ုပ္ရွင္႐ုံပိုင္ရွင္ေတြအတြက္ ေက်နပ္အားရစရာ ရလဒ္နဲ႔အတူ ခြန္အားျဖစ္ေစခဲ့ပါတယ္။

"Inside Out 2" ဟာ ႐ိုင္လီဆိုတဲ့ မိန္းကေလးတစ္ဦးရဲ႕အတြင္းစိတ္ခံစားခ်က္ေတြအေၾကာင္း ႐ိုက္ကူးထားတဲ့ ေနာက္ဆက္တြဲ႐ုပ္ရွင္ျဖစ္ၿပီး အခုဒုတိယအပိုင္းမွာေတာ့ ေခါင္းေဆာင္ဇာတ္ေကာင္ ႐ိုင္လီဟာ ဆယ္ေက်ာ္သက္အ႐ြယ္ျဖစ္လာၿပီး စိုးရိမ္စိတ္၊ အားက်ျခင္း အပါအဝင္ စိတ္ခံစားမႈအသစ္ေတြ စတင္ျဖစ္လာခ်ိန္ကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။

မူရင္း "Inside Out" ၁ ဟာ၂၀၁၅ ခုႏွစ္ က ႐ုံတင္ခဲ့တာျဖစ္ၿပီး ပထမဆုံးသီတင္းပတ္အတြင္း ေဒၚလာ သန္း ၉၀ ထိ ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.