ဝါဂွမ်းများကို ပြည်ပတင်ပို့မည့်အစား ပြည်တွင်း၌ အထည်ထုတ်လုပ်ခြင်းက ပိုမိုအကျိုး အမြတ်ရရှိနိုင်ကြောင်း စက်မှုဝန်ကြီးဆို

 407

ယွန်း (NP News) - ဇွန် ၂၄

ဝါဂွမ်းများကို ပြည်ပတင်ပို့မည့်အစား ပြည်တွင်း၌ အထည်ထုတ်လုပ်ခြင်းက ပိုမိုအကျိုး အမြတ်ရရှိနိုင်ကြောင်း စက်မှုဝန်ကြီးက တိုက်တွန်းပြောဆိုထားသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဇွန်လ(၂၃)ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည့် ချည်မျှင်နှင့် အထည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းမှထွက်ရှိသည့် ဝါများကို ကြိတ်ခွဲ၍ ဝါဂွမ်းများကို ပြည်ပတင်ပို့မည့်အစား ချည်ရက် လုပ်ခြင်း၊ ပိတ်ရက်လုပ်ခြင်း၊ အထည်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ပါက ပိုမိုအကျိုး အမြတ်ရရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ရရှိအောင် ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

အလားတူ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေးတိုးတက်ကောင်းမွန်စေရေးကို အထူးအလေးထားဆောင်ရွက်ရန်နှင့် ပြည်ပသွင်းကုန် အစားထိုးနိုင်‌ရေး၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးအတွက် ထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ရန်လည်း ထည့်သွင်းပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ ပြည်တွင်း၌ ဝါစိုက်ပျိုးမှု လျော့နည်းခဲ့ပြီး တစ်နိုင်ငံလုံး ဝါလိုအပ်ချက်သည် ပိဿချိန် သန်း(၃၀၀)ကျော် ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားဖူးသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူများ အဆင်ပြေစေရေး အပါအဝင် ပြည်ပမှ ချည်မျှင်နှင့် ဝါဝယ် ယူမှု သွင်းကုန်အစားထိုးရေးနှင့် ဝါစိုက်ပျိုးရေး တိုးချဲ့ရန်အတွက် လေးနှစ်တာအထူးစီမံကိန်းအနေဖြင့် စိုက်ဧက(၇) သိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ဝါဂြမ္းမ်ားကို ျပည္ပတင္ပို႔မည့္အစား ျပည္တြင္း၌ အထည္ထုတ္လုပ္ျခင္းက ပိုမိုအက်ိဳး အျမတ္ရရွိႏိုင္ေၾကာင္း စက္မႈဝန္ႀကီးဆို

ယြန္း (NP News) - ဇြန္ ၂၄

ဝါဂြမ္းမ်ားကို ျပည္ပတင္ပို႔မည့္အစား ျပည္တြင္း၌ အထည္ထုတ္လုပ္ျခင္းက ပိုမိုအက်ိဳး အျမတ္ရရွိႏိုင္ေၾကာင္း စက္မႈဝန္ႀကီးက တိုက္တြန္းေျပာဆိုထားသည္။

စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ဇြန္လ(၂၃)ရက္တြင္ မရမ္းကုန္းၿမိဳ႕နယ္ရွိ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန႐ုံး၌ က်င္းပခဲ့သည့္ ခ်ည္မွ်င္ႏွင့္ အထည္လုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံပြဲ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္တြင္းမွထြက္ရွိသည့္ ဝါမ်ားကို ႀကိတ္ခြဲ၍ ဝါဂြမ္းမ်ားကို ျပည္ပတင္ပို႔မည့္အစား ခ်ည္ရက္ လုပ္ျခင္း၊ ပိတ္ရက္လုပ္ျခင္း၊ အထည္ထုတ္လုပ္ျခင္းမ်ား ေဆာင္႐ြက္ပါက ပိုမိုအက်ိဳး အျမတ္ရရွိႏိုင္ေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္တြင္း၌ အလုပ္အကိုင္အခြင့္အလမ္းမ်ားကိုလည္း ရရွိေအာင္ ေဆာင္႐ြက္ႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုထားသည္။

အလားတူ ထုတ္ကုန္ပစၥည္းမ်ား ထုတ္လုပ္ရာတြင္ အရည္အေသြးတိုးတက္ေကာင္းမြန္ေစေရးကို အထူးအေလးထားေဆာင္႐ြက္ရန္ႏွင့္ ျပည္ပသြင္းကုန္ အစားထိုးႏိုင္‌ေရး၊ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ႏိုင္ေရးအတြက္ ထုတ္ကုန္ပစၥည္းမ်ားကို တိုးျမႇင့္လုပ္ကိုင္ႏိုင္ေရး ေဆာင္႐ြက္ရန္လည္း ထည့္သြင္းေျပာၾကားထားသည္။

ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္မွစတင္ကာ ျပည္တြင္း၌ ဝါစိုက္ပ်ိဳးမႈ ေလ်ာ့နည္းခဲ့ၿပီး တစ္ႏိုင္ငံလုံး ဝါလိုအပ္ခ်က္သည္ ပိႆခ်ိန္ သန္း(၃၀၀)ေက်ာ္ ရွိေၾကာင္း နစကဥကၠ႒က ေျပာၾကားထားဖူးသည္။

ႏိုင္ငံေတာ္အေနျဖင့္ ျပည္သူမ်ား အဆင္ေျပေစေရး အပါအဝင္ ျပည္ပမွ ခ်ည္မွ်င္ႏွင့္ ဝါဝယ္ ယူမႈ သြင္းကုန္အစားထိုးေရးႏွင့္ ဝါစိုက္ပ်ိဳးေရး တိုးခ်ဲ႕ရန္အတြက္ ေလးႏွစ္တာအထူးစီမံကိန္းအေနျဖင့္ စိုက္ဧက(၇) သိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.