ဘဏ်များတွင် အထူးအ‌ကောင့်များ၌ ငွေကျပ်သိန်း ၂၀၀ ကျော်ပါက ထုတ်ရခက်သည်ဆိုသော ပြောဆိုမှုများကို ဗဟိုဘဏ်ပြန်လည်ဖြေရှင်း

 9618

ယွန်း(NP News) - ဇွန် ၂၄

ဘဏ်များတွင် အထူးအ‌ကောင့်များ၌ ငွေကျပ်သိန်း ၂၀၀ ကျော်ပါက ထုတ်ရခက်သည်ဆိုသော ပြောဆိုမှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြန်လည်ပြောကြားဖြေရှင်းထားသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့(ဇွန် ၂၄ ရက်)တွင် မီဒီယာများအား အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လတ်တလောတွင် ဘဏ်များ၌ အထူးအ‌ကောင့်များတွင် ငွေကျပ်သိန်း ၂၀၀ ကျော်ပါက ထုတ်ရခက်သည့်အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း ပြောဆိုမှုများရှိနေကြောင်း သိရသည်။ ထိုသို့ ထုတ်ရခက်သည့် အခြေအနေများကြောင့် အကောင့်ဖြင့် ငွေလွှဲခြင်းများကို လက်မခံမှုများနှင့်လည်း ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။

သို့သော် ဗဟိုဘဏ်အနေဖြင့် အထူးအ‌ကောင့်မှ ငွေကျပ်သိန်း(၂၀၀)ကျော်ပါက Online ဖြင့် လွှဲပြောင်းနိုင်ရေးကို ညွှန်ကြားထားခြင်းသည် အကောင့်အဟောင်းများအတွက်သာဖြစ်ပြီး အချို့ဘဏ်များရှိ မန်နေဂျာများ၏ ယူဆချက်လွဲမှားကာ ပြောဆိုမှုများကြောင့် အထက်ပါကဲ့သို့ သတင်းထွက်ပေါ်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ကဆိုထားသည်။

'၂၀၀ နဲ့ပတ်သက်ပြီးတော့ အယူအဆတွေလွဲနေကြလို့။ အရင် ၂၀၂၁ ကတည်းက ညွှန်ကြားချက်ထုတ်ပြန်ထားပြီသား။ အဲဒါတွေက အကောင့်အဟောင်းတွေအတွက်ကို ဆိုလိုတာဖြစ်ပါတယ်။ အကောင့်အသစ်က ငွေသားပေးသွင်းသလောက်ကို ထုတ်လို့ရပါတယ်။ အကောင့်အသစ်မှာတော့ limit မရှိဘူး။ ကိုယ်ငွေသားသွင်းရင် သွင်းသလောက်ရပါတယ်' ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က NP News ကို ပြောသည်။

ထို့ပြင် လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို တစ်ရက်လျှင်အများဆုံး ငွေကျပ်သိန်း (၅၀)အထိ ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ပြင်ဆင်တိုးမြှင့်သတ်မှတ်ခဲ့သည်။

zawgyi version
ဘဏ္မ်ားတြင္ အထူးအ‌ေကာင့္မ်ား၌ ေငြက်ပ္သိန္း ၂၀၀ ေက်ာ္ပါက ထုတ္ရခက္သည္ဆိုေသာ ေျပာဆိုမႈမ်ားကို ဗဟိုဘဏ္ျပန္လည္ေျဖရွင္း
ယြန္း(NP News) - ဇြန္ ၂၄

ဘဏ္မ်ားတြင္ အထူးအ‌ေကာင့္မ်ား၌ ေငြက်ပ္သိန္း ၂၀၀ ေက်ာ္ပါက ထုတ္ရခက္သည္ဆိုေသာ ေျပာဆိုမႈမ်ားကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ျပန္လည္ေျပာၾကားေျဖရွင္းထားသည္ကို ေတြ႕ျမင္ရသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယေန႔(ဇြန္ ၂၄ ရက္)တြင္ မီဒီယာမ်ားအား အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လတ္တေလာတြင္ ဘဏ္မ်ား၌ အထူးအ‌ေကာင့္မ်ားတြင္ ေငြက်ပ္သိန္း ၂၀၀ ေက်ာ္ပါက ထုတ္ရခက္သည့္အေျခအေနမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း ေျပာဆိုမႈမ်ားရွိေနေၾကာင္း သိရသည္။ ထိုသို႔ ထုတ္ရခက္သည့္ အေျခအေနမ်ားေၾကာင့္ အေကာင့္ျဖင့္ ေငြလႊဲျခင္းမ်ားကို လက္မခံမႈမ်ားႏွင့္လည္း ႀကဳံေတြ႕ရလ်က္ရွိေၾကာင္း သိရသည္။

သို႔ေသာ္ ဗဟိုဘဏ္အေနျဖင့္ အထူးအ‌ေကာင့္မွ ေငြက်ပ္သိန္း(၂၀၀)ေက်ာ္ပါက Online ျဖင့္ လႊဲေျပာင္းႏိုင္ေရးကို ၫႊန္ၾကားထားျခင္းသည္ အေကာင့္အေဟာင္းမ်ားအတြက္သာျဖစ္ၿပီး အခ်ိဳ႕ဘဏ္မ်ားရွိ မန္ေနဂ်ာမ်ား၏ ယူဆခ်က္လြဲမွားကာ ေျပာဆိုမႈမ်ားေၾကာင့္ အထက္ပါကဲ့သို႔ သတင္းထြက္ေပၚရျခင္းျဖစ္ေၾကာင္း ဗဟိုဘဏ္ကဆိုထားသည္။

'၂၀၀ နဲ႔ပတ္သက္ၿပီးေတာ့ အယူအဆေတြလြဲေနၾကလို႔။ အရင္ ၂၀၂၁ ကတည္းက ၫႊန္ၾကားခ်က္ထုတ္ျပန္ထားၿပီသား။ အဲဒါေတြက အေကာင့္အေဟာင္းေတြအတြက္ကို ဆိုလိုတာျဖစ္ပါတယ္။ အေကာင့္အသစ္က ေငြသားေပးသြင္းသေလာက္ကို ထုတ္လို႔ရပါတယ္။ အေကာင့္အသစ္မွာေတာ့ limit မရွိဘူး။ ကိုယ္ေငြသားသြင္းရင္ သြင္းသေလာက္ရပါတယ္' ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေအာင္က NP News ကို ေျပာသည္။

ထို႔ျပင္ လူပုဂၢိဳလ္အခ်င္းခ်င္း ေငြေပးေခ်ျခင္းကို တစ္ရက္လွ်င္အမ်ားဆုံး ေငြက်ပ္သိန္း (၅၀)အထိ ေဆာင္႐ြက္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ၿပီးခဲ့သည့္ ဇြန္လ ၁၂ ရက္တြင္ ျပင္ဆင္တိုးျမႇင့္သတ္မွတ္ခဲ့သည္။

Related news

© 2021. All rights reserved.