ကားအက်ဆီးဒင့်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများဖမ်းဆီးခံရ
 6776
ဂျန်ဇက် (NP News) - ဇွန် ၂၄
ထိုင်းနိုင်ငံ Mueang အရပ်ဒေသတွင် ဇွန်လ ၂၃ ရက်နေ့က အက်ဆီးဒင့်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံလိုက်ရကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသားများကို တင်ဆောင်မောင်းနှင်လာသည့်ကားသည် အသက် ၅၀အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့ရာမှ မြန်မာနိုင်ငံသားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းလူငယ် တစ်ဦးမောင်းနှင်လာသော ကားဖြင့် ဝင်တိုက်ခိုက်ခံရမှုကြောင့် အသက် ၅၀ အရွယ်ရှိ ထိုင်းအမျိုးသမီးသည် ဆိုင်ကယ်ဖြင့်အတူ အဝေးကို လွင့်ထွက်သွားခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Muang Samut Songkhram အရပ်ဒေသရှိရဲတပ်ဖွဲ့၏ရဲမှူးကြီး ပီတီဟန်ဝမ်ဂါရီက Pitiphan Wongaree က ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါကားတိုက်မှုဖြစ်ပွားခဲ့သော အဆိုပါကားပေါ်တွင် မြန်မာနိုင်ငံသား (၅)ဦးလိုက်ပါလာခဲ့ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သူများဖြစ်ကာ အက်ဆီးဒင့် ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးခဲ့သော်လည်း ပြန်လည်ဖမ်းမိခဲ့ကြောင်းသိရသည်။
ထိုင်းရဲမှူးကြီး ဝမ်ဂါရီက ထိုင်းလူငယ်သည် မြန်မာနိုင်ငံသားအလုပ်သမားများကို တင်ဆောင်ပြီး ပစ်ကပ်ကားကိုမောင်းနှင်လာခဲ့ရာ ဘန်ကောက်မြို့အမှတ် ၂ ရာမ လမ်းမကြီး အပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည်။ ပစ်ကပ်ကားဖြင့်အတိုက်ခံရမှုကြောင့် ထိုင်းအမျိုးသမီးသည် ဦးခေါင်းကျိုးခဲ့သည့်အပြင် အခြားခန္ဒာကိုယ်အစိတ်အပိုင်းများကျိူးကာ သေဆုံးခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းရဲမှူးကြီးကပြောသည်။
zawgyi version
ဂျန်ဇက် (NP News) - ဇွန် ၂၄
Related news
© 2021. All rights reserved.