စစ်တပ်ကိုတိုက်ခိုက်နေသည့် မတူပီချင်းနှစ်ဖွဲ့ကြား AA ကြောင့် အချင်းချင်း ပြန်လည်တိုက်ခိုက်မှုဖြစ်ပွား

 2825

သုတကျော် (NP News) - ဇွန် ၂၄

ချင်းပြည်နယ် မတူပီမြို့နယ်တွင် AA ဦးဆောင်သော ချင်းညီနောင်အဖွဲ့ နှင့် ချင်းပြည် (Chinland)ကောင်စီ လက်အောက်ခံ PDF အကြား တိုက်ပွဲဖြစ် အခြေအနေ တင်းမာကာ နှစ်ဖက် အပြန်အလှန် စွပ်စွဲနေကြောင်းနှင့် တပ်မတော် ဗျူဟာစခန်းအနီးတွင် အချင်းချင်း ပြန်လည်တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။

ချင်းပြည်ကောင်စီသည် NUG နှင့် နီးစပ်သော အဖွဲ့ဖြစ်ပြီး ချင်းညီနောင်ဆိုသည့်အဖွဲ့တွင် မရာနယ် မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းအမျိုးသား ကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းလဲန်းကာကွယ်ရေး အဖွဲ့(မတူပီ) တပ်မဟာ(၁) တို့ပါဝင်ပြီး AA က ထောက်ပံ့ဦးဆောင်နေခြင်း ဖြစ်သည်ဟု သိရှိသူများက သုံးသပ်ထား သည်။ အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက ဇွန်လ ၁၈ ရက်တွင် အသီးသီးထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ ချင်းပြည်ကောင်စီ၏ ထုတ်ပြန်စာအတွင်း ၎င်းတို့ သည် မတူပီမြို့နယ် ခလရ (၁၄၀) နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်ပြင်ဆင်လျက်ရှိရာ ဇွန် ၁၇ ရက် တွင် AA နှင့်ပူးပေါင်းတပ်တို့က မတူပီမြို့ တွင်းမှ စစ်ဘေးရှောင်များကို အကြိုအပို့ဆောင်ရွက်နေသော ၎င်းတို့ရဲဘော်တစ်ဦးကို ဖမ်းဆီးခဲ့သည့် အပြင် ချင်းပြည်ကောင်စီက စစ်ရေးလှုပ်ရှားနေသည့် ဖနိုင်ရွာနှင့် ခလရ (၁၄၀)ကြား အဟန့်အတား ပြု လုပ်၍ စစ်ဆင်ရေး မဖော်ဆောင်နိုင်ရန် တားဆီးသော ကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဆက်လက် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းနှင့် ချင်းပြည်ကောင်စီ၊ CDF-Matupi Brigade-2 အပါအဝင် ပူးပေါင်း တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့်နေရာများတွင် အဟန့်အတားမပြုလုပ်ရန်နှင့် ခလရ (၁၄၀) နှင့် ဗျူဟာကုန်းကို အမြန်ဆုံးသိမ်းပိုက်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားခြင်းဖြစ်သည်။

တစ်ဖန်ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၈ ရက်အတွင်း တုံ့ပြန်ထုတ်ပြန်လာရာတွင် ၎င်းတို့အဖွဲ့ သည် (Operation CB)အမည်ဖြင့် ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေး၊ တီးတိန်မြို့သိမ်းစစ်ဆင်ရေး၊ မတူပီမြို့ သိမ်းစစ်ဆင်ရေးများကိုပြုလုပ်ပြီးနောက် ကျင်ဒွေး မြို့၊ တီးတိန်မြို့ရှိ EPC လျှပ်စစ်ရုံးစခန်းနှင့် တာဝါ တိုင်စခန်းတို့ကိုသိမ်းယူခဲ့ပြီး ဇွန် ၁၇ ရက်က မတူပီမြို့ရှိ ခမရ(၃၀၄)ကို တိုက်ခိုက်သိမ်းပိုက်ပြီး ခလရ (၁၄၀)နှင့် ဗျူဟာစခန်းကို ဆက်လက်ထိုးစစ် ဆင်နေစဉ် ချင်းပြည်နယ်အတွင်း အမျိုးသား CNF/CNA နှင့် ၎င်း၏လက်အောက်ခံတပ်များက ရုတ်တရက် အလစ်ငိုက်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းနေ့ ညနေပိုင်းတွင် CNA တပ်ဖွဲ့ဝင် တစ်ဦးက ၎င်းတို့ထိုးစစ်ဆင်နေသည့် ခလရ(၁၄၀) စခန်းသို့ ဦးတည်ကာ ကားမောင်းနှင်လာသဖြင့် လုံခြုံရေးအရ ယာယီထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်း ကာ နောက်ရက်တွင် ပြန်လွှတ်ရန် ဆုံးဖြတ်သော်လည်း ဇွန် ၁၈ ရက် မိုးမလင်းမီ နံနက်ပိုင်း၌ CAN နှင့် ၎င်း၏လက်အောက်ခံတပ်များက Drone များ၊ ၄၀ မမ၊ ၆၀ မမ လောင်ချာလက်နက်များ၊ လက်နက် ငယ် များဖြင့်တိုက်ခိုက်သောကြောင့် ချင်းညီနောင်ဘက်တွင် (၂)ဦးသေဆုံးကာ အများအပြား ဒဏ်ရာ ရသည် ဟု ၎င်းတို့ ထုတ်ပြန်စာအရ သိရသည်။

“ နယ်မြေကိုကျော်သလို ဖြစ်သွားတာပေါ့။ ပြောချင်တာက တပ်မဟာ(၂)အပိုင်းကို ချင်းညီနောင် အဖွဲ့က တက်မလာနဲ့မင်းတို့ဘာသာ ဟိုဘက်မှာ လှုပ်ရှား၊ ငါတို့က ဒီဘက်မှာလှုပ်ရှားမယ်။ အဲဒါကို ချင်း ညီနောင်အဖွဲ့က ရွာထဲက အိမ်တွေထဲ ဝင်ခိုတယ် ထင်တယ်။ အဲဒီတော့ ရွာထဲက အဘိုးကြီး၊ အဘွားကြီး တွေကို တပ်မဟာ(၂)က ကားနဲ့လာကယ်ထုတ်ချိန် ဖမ်းတာပေါ့။ ချင်းတွေက ဖမ်းတာပါ ဒါပေမဲ့စစ်တာ မေးတာကို AA ကို လုပ်ခိုင်းတယ်လို့ သိရတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News ကိုပြောသည်။

လက်တလောတွင် တပ်ဗျူဟာကုန်းကို မတိုက်မီ အချင်းချင်းတိုက်နေသည့် အနေအထား ဖြစ် ကာ ချင်းပြည်ကောင်စီဘက်က ကျေးရွာဒေသခံများ၏ ပိုင်ဆိုင်မှုထိခိုက်မည်စိုးရိမ်သည့်အတွက် ရပ်ရွာ အတွင်း ခိုလှုံတိုက်ခိုက်ခြင်းပြုမည်မဟုတ်ဆိုသော မူကိုစွဲကာ တိုက်ခိုက်နေသည့်အနေအထားတွင် ချင်းညီနောင်အဖွဲ့က အိမ်များထဲတွင်ခိုကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“CAN နဲ့ ပူးပေါင်းအဖွဲ့က တိုက်ကွက်ဖော်တာကို မြို့တွင်းမှာ မဖော်ဘဲမြို့ပြင်မှာ ဖော်တယ်။ ချင်း ညီနောင်ကတော့ AA ရဲ့ Command အောက် နေရတာဖြစ်လို့ AA ရဲ့ဗျူဟာမှာပဲ ညွှန်ကြားတဲ့ အတိုင်း လိုက်နာရတယ်။ အိမ်ထဲမှာ ခိုတာက AA ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ပေါ့” ဟု အထက်ပါ ဒေသခံက ဆိုသည်။

zawgyi version
စစ္တပ္ကိုတိုက္ခိုက္ေနသည့္ မတူပီခ်င္းႏွစ္ဖြဲ႕ၾကား AA ေၾကာင့္ အခ်င္းခ်င္း ျပန္လည္တိုက္ခိုက္မႈျဖစ္ပြား
သုတေက်ာ္ (NP News) - ဇြန္ ၂၄

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္တြင္ AA ဦးေဆာင္ေသာ ခ်င္းညီေနာင္အဖြဲ႕ ႏွင့္ ခ်င္းျပည္ (Chinland)ေကာင္စီ လက္ေအာက္ခံ PDF အၾကား တိုက္ပြဲျဖစ္ အေျခအေန တင္းမာကာ ႏွစ္ဖက္ အျပန္အလွန္ စြပ္စြဲေနေၾကာင္းႏွင့္ တပ္မေတာ္ ဗ်ဴဟာစခန္းအနီးတြင္ အခ်င္းခ်င္း ျပန္လည္တိုက္ခိုက္ေနခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။

ခ်င္းျပည္ေကာင္စီသည္ NUG ႏွင့္ နီးစပ္ေသာ အဖြဲ႕ျဖစ္ၿပီး ခ်င္းညီေနာင္ဆိုသည့္အဖြဲ႕တြင္ မရာနယ္ ေျမအုပ္ခ်ဳပ္ေရးေကာင္စီ၊ ခ်င္းကာကြယ္ေရးအဖြဲ႕ (ကန္ပက္လက္)၊ ခ်င္းအမ်ိဳးသား ေကာင္စီ (မင္းတပ္)၊ ဇိုမီးဖက္ဒရယ္အစည္းအ႐ုံး၊ ခ်င္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ ခ်င္းလဲန္းကာကြယ္ေရး အဖြဲ႕(မတူပီ) တပ္မဟာ(၁) တို႔ပါဝင္ၿပီး AA က ေထာက္ပံ့ဦးေဆာင္ေနျခင္း ျဖစ္သည္ဟု သိရွိသူမ်ားက သုံးသပ္ထား သည္။ အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ႏွစ္ဖက္စလုံးက ဇြန္လ ၁၈ ရက္တြင္ အသီးသီးထုတ္ျပန္ခဲ့ျခင္း ျဖစ္ကာ ခ်င္းျပည္ေကာင္စီ၏ ထုတ္ျပန္စာအတြင္း ၎တို႔ သည္ မတူပီၿမိဳ႕နယ္ ခလရ (၁၄၀) ႏွင့္ ဗ်ဴဟာကုန္းတို႔ကို သိမ္းယူႏိုင္ရန္ျပင္ဆင္လ်က္ရွိရာ ဇြန္ ၁၇ ရက္ တြင္ AA ႏွင့္ပူးေပါင္းတပ္တို႔က မတူပီၿမိဳ႕ တြင္းမွ စစ္ေဘးေရွာင္မ်ားကို အႀကိဳအပို႔ေဆာင္႐ြက္ေနေသာ ၎တို႔ရဲေဘာ္တစ္ဦးကို ဖမ္းဆီးခဲ့သည့္ အျပင္ ခ်င္းျပည္ေကာင္စီက စစ္ေရးလႈပ္ရွားေနသည့္ ဖႏိုင္႐ြာႏွင့္ ခလရ (၁၄၀)ၾကား အဟန႔္အတား ျပဳ လုပ္၍ စစ္ဆင္ေရး မေဖာ္ေဆာင္ႏိုင္ရန္ တားဆီးေသာ ေၾကာင့္ ႏွစ္ဖက္ထိေတြ႕မႈျဖစ္ပြားခဲ့ၿပီး ဆက္လက္ တိုက္ပြဲျဖစ္ပြားလ်က္ရွိေၾကာင္းႏွင့္ ခ်င္းျပည္ေကာင္စီ၊ CDF-Matupi Brigade-2 အပါအဝင္ ပူးေပါင္း တပ္ဖြဲ႕မ်ား စစ္ေရးလႈပ္ရွားမႈျပဳလုပ္ေနသည့္ေနရာမ်ားတြင္ အဟန႔္အတားမျပဳလုပ္ရန္ႏွင့္ ခလရ (၁၄၀) ႏွင့္ ဗ်ဴဟာကုန္းကို အျမန္ဆုံးသိမ္းပိုက္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားျခင္းျဖစ္သည္။

တစ္ဖန္ခ်င္းညီေနာင္အဖြဲ႕က ဇြန္လ ၁၈ ရက္အတြင္း တုံ႔ျပန္ထုတ္ျပန္လာရာတြင္ ၎တို႔အဖြဲ႕ သည္ (Operation CB)အမည္ျဖင့္ က်င္ေဒြးၿမိဳ႕သိမ္း စစ္ဆင္ေရး၊ တီးတိန္ၿမိဳ႕သိမ္းစစ္ဆင္ေရး၊ မတူပီၿမိဳ႕ သိမ္းစစ္ဆင္ေရးမ်ားကိုျပဳလုပ္ၿပီးေနာက္ က်င္ေဒြး ၿမိဳ႕၊ တီးတိန္ၿမိဳ႕ရွိ EPC လွ်ပ္စစ္႐ုံးစခန္းႏွင့္ တာဝါ တိုင္စခန္းတို႔ကိုသိမ္းယူခဲ့ၿပီး ဇြန္ ၁၇ ရက္က မတူပီၿမိဳ႕ရွိ ခမရ(၃၀၄)ကို တိုက္ခိုက္သိမ္းပိုက္ၿပီး ခလရ (၁၄၀)ႏွင့္ ဗ်ဴဟာစခန္းကို ဆက္လက္ထိုးစစ္ ဆင္ေနစဥ္ ခ်င္းျပည္နယ္အတြင္း အမ်ိဳးသား CNF/CNA ႏွင့္ ၎၏လက္ေအာက္ခံတပ္မ်ားက ႐ုတ္တရက္ အလစ္ငိုက္တိုက္ခိုက္ခဲ့သည္ဟု ေဖာ္ျပထားသည္။

ယင္းေန႔ ညေနပိုင္းတြင္ CNA တပ္ဖြဲ႕ဝင္ တစ္ဦးက ၎တို႔ထိုးစစ္ဆင္ေနသည့္ ခလရ(၁၄၀) စခန္းသို႔ ဦးတည္ကာ ကားေမာင္းႏွင္လာသျဖင့္ လုံၿခဳံေရးအရ ယာယီထိန္းသိမ္းခဲ့ၿပီး စစ္ေဆးေမးျမန္း ကာ ေနာက္ရက္တြင္ ျပန္လႊတ္ရန္ ဆုံးျဖတ္ေသာ္လည္း ဇြန္ ၁၈ ရက္ မိုးမလင္းမီ နံနက္ပိုင္း၌ CAN ႏွင့္ ၎၏လက္ေအာက္ခံတပ္မ်ားက Drone မ်ား၊ ၄၀ မမ၊ ၆၀ မမ ေလာင္ခ်ာလက္နက္မ်ား၊ လက္နက္ ငယ္ မ်ားျဖင့္တိုက္ခိုက္ေသာေၾကာင့္ ခ်င္းညီေနာင္ဘက္တြင္ (၂)ဦးေသဆုံးကာ အမ်ားအျပား ဒဏ္ရာ ရသည္ ဟု ၎တို႔ ထုတ္ျပန္စာအရ သိရသည္။

“ နယ္ေျမကိုေက်ာ္သလို ျဖစ္သြားတာေပါ့။ ေျပာခ်င္တာက တပ္မဟာ(၂)အပိုင္းကို ခ်င္းညီေနာင္ အဖြဲ႕က တက္မလာနဲ႔မင္းတို႔ဘာသာ ဟိုဘက္မွာ လႈပ္ရွား၊ ငါတို႔က ဒီဘက္မွာလႈပ္ရွားမယ္။ အဲဒါကို ခ်င္း ညီေနာင္အဖြဲ႕က ႐ြာထဲက အိမ္ေတြထဲ ဝင္ခိုတယ္ ထင္တယ္။ အဲဒီေတာ့ ႐ြာထဲက အဘိုးႀကီး၊ အဘြားႀကီး ေတြကို တပ္မဟာ(၂)က ကားနဲ႔လာကယ္ထုတ္ခ်ိန္ ဖမ္းတာေပါ့။ ခ်င္းေတြက ဖမ္းတာပါ ဒါေပမဲ့စစ္တာ ေမးတာကို AA ကို လုပ္ခိုင္းတယ္လို႔ သိရတယ္” ဟု ျဖစ္စဥ္ကိုသိရွိသူ ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP News ကိုေျပာသည္။

လက္တေလာတြင္ တပ္ဗ်ဴဟာကုန္းကို မတိုက္မီ အခ်င္းခ်င္းတိုက္ေနသည့္ အေနအထား ျဖစ္ ကာ ခ်င္းျပည္ေကာင္စီဘက္က ေက်း႐ြာေဒသခံမ်ား၏ ပိုင္ဆိုင္မႈထိခိုက္မည္စိုးရိမ္သည့္အတြက္ ရပ္႐ြာ အတြင္း ခိုလႈံတိုက္ခိုက္ျခင္းျပဳမည္မဟုတ္ဆိုေသာ မူကိုစြဲကာ တိုက္ခိုက္ေနသည့္အေနအထားတြင္ ခ်င္းညီေနာင္အဖြဲ႕က အိမ္မ်ားထဲတြင္ခိုကာ တိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

“CAN နဲ႔ ပူးေပါင္းအဖြဲ႕က တိုက္ကြက္ေဖာ္တာကို ၿမိဳ႕တြင္းမွာ မေဖာ္ဘဲၿမိဳ႕ျပင္မွာ ေဖာ္တယ္။ ခ်င္း ညီေနာင္ကေတာ့ AA ရဲ႕ Command ေအာက္ ေနရတာျဖစ္လို႔ AA ရဲ႕ဗ်ဴဟာမွာပဲ ၫႊန္ၾကားတဲ့ အတိုင္း လိုက္နာရတယ္။ အိမ္ထဲမွာ ခိုတာက AA ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ေပါ့” ဟု အထက္ပါ ေဒသခံက ဆိုသည္။

Related news

© 2021. All rights reserved.