(၃)နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် လူလတ်တန်းစားလူဦးရေ ထက်ဝက်ခန့်ကျဆင်းသွားကြောင်း UNDP Myanmar ဆို
2486
စော (NP News) - ဇွန် ၂၄
နစကမှ နိုင်ငံတော်အာဏာကို ရယူပြီးနောက် (၃)နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် လူလတ်တန်းစားလူဦးရေ ထက်ဝက်ခန့်ကျဆင်းသွားကြောင်း UNDP Myanmar ၏ ယနေ့ (ဇွန်လ ၂၄ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် (၃)နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေပမာဏသည် (၅၀) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
ထို့ပြင် လူဦးရေ၏ (၇၅)ရာခိုင်နှုန်း သို့မဟုတ် ခန့်မှန်းခြေအားဖြင့် လူ (၄၂)သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း သို့မဟုတ် ဆင်းရဲမွဲတေမှု အန္တရာယ်နှင့်နီးစပ်နေပြီး လူဦးရေပေါင်း (၁၃ ဒသမ ၃)သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်းလည်း UNDP Myanmar ၏ စာတွင်တွေ့မြင်ရသည်။ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် (၄၀)ရာခိုင် နှုန်းကျော်လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်များသည်လည်း ရံပုံငွေမလုံလောက်ဘဲ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အနေဖြင့် လူပေါင်း (၂)သန်းကျော်ကို ကူညီခဲ့ပြီးဖြစ်ပြီး လာမည့် ၂၀၂၅ နှစ်ကုန်တွင်လူပေါင်း (၈)သန်းအထိရောက်ရှိကူညီနိုင်ရန် ရည်မှန်းထားကြောင်း UNDP Myanmar က ဆိုထားသည်။
zawgyi version
(၃)ႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံတြင္ လူလတ္တန္းစားလူဦးေရ ထက္ဝက္ခန႔္က်ဆင္းသြားေၾကာင္း UNDP Myanmar ဆို
ေစာ (NP News) - ဇြန္ ၂၄
နစက ႏိုင္ငံေတာ္အာဏာကို ရယူၿပီးေနာက္ (၃)ႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံတြင္ လူလတ္တန္းစားလူဦးေရ ထက္ဝက္ခန႔္က်ဆင္းသြားေၾကာင္း UNDP Myanmar ၏ ယေန႔ (ဇြန္လ ၂၄ ရက္) ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားခ်က္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံတြင္ (၃)ႏွစ္တာကာလအတြင္း လူလတ္တန္းစား လူဦးေရပမာဏသည္ (၅၀) ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားျခင္းျဖစ္သည္။
ထို႔ျပင္ လူဦးေရ၏ (၇၅)ရာခိုင္ႏႈန္း သို႔မဟုတ္ ခန႔္မွန္းေျခအားျဖင့္ လူ (၄၂)သန္းသည္ ဆင္းရဲမြဲေတမႈကို ရင္ဆိုင္ေနရျခင္း သို႔မဟုတ္ ဆင္းရဲမြဲေတမႈ အႏၲရာယ္ႏွင့္နီးစပ္ေနၿပီး လူဦးေရေပါင္း (၁၃ ဒသမ ၃)သန္းသည္ စားနပ္ရိကၡာမလုံေလာက္မႈကို ရင္ဆိုင္ေနရေၾကာင္းလည္း UNDP Myanmar ၏ စာတြင္ေတြ႕ျမင္ရသည္။ ၂၀၂၀ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အတြင္း ကုလသမဂၢမွတဆင့္ ဖြံ႕ၿဖိဳးေရးအကူအညီသည္ (၄၀)ရာခိုင္ ႏႈန္းေက်ာ္ေလ်ာ့က်ခဲ့ရၿပီး တစ္ခ်ိန္တည္းတြင္ လူသားခ်င္းစာနမႈဆိုင္ရာ တုံ႔ျပန္ေရးအစီအစဥ္မ်ားသည္လည္း ရံပုံေငြမလုံေလာက္ဘဲ ရွိေနေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
၎တို႔အေနျဖင့္ လူေပါင္း (၂)သန္းေက်ာ္ကို ကူညီခဲ့ၿပီးျဖစ္ၿပီး လာမည့္ ၂၀၂၅ ႏွစ္ကုန္တြင္လူေပါင္း (၈)သန္းအထိေရာက္ရွိကူညီႏိုင္ရန္ ရည္မွန္းထားေၾကာင္း UNDP Myanmar က ဆိုထားသည္။