Buldak ramyeon ကို ဒိန်းမတ်နိုင်ငံရဲ့ပိတ်ပင်မှုက ဈေးကွက်ရှာဖွေမှုကို ပိုမြင့်တက်စေခဲ့

 1141

ရောင်နီ (NP News) - ဇွန် ၂၅

ဒိန်းမတ်နိုင်ငံက Buldak ramyeon ထုတ်ကုန် အများအပြားကို စားသုံးဖို့ မသင့်လျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ပြန်လည်သိမ်းဆည်းခဲ့ပြီးတဲ့နောက် Google မှာ အဆိုပါခေါက်ဆွဲနဲ့ပတ်သက်ပြီး ရှာဖွေမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဒိန်းမတ်ရဲ့ပိတ်ပင်မှုဟာ ကုမ္ပဏီအတွက် စျေးကွက်ရှာဖွေမှုမှာ အောင်မြင်မှုအဖြစ် မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ဇွန်လ ၁၁ ရက်နေ့က ဒိန်းမတ်အစားအစာ ဘေးကင်းရေးအေဂျင်စီက Samyang Buldak Hot Chicken Ramen 3x Spicy၊ Samyang Buldak Hot Chicken Ramen 2x Spicy နဲ့ Samyang Hot Chicken Flavor Ramen Stew အမျိုးအစား ခေါက်ဆွဲထုပ်တွေမှာ capsaicin မြင့်မားစွာ ပါဝင်နေတာကြောင့် စားသုံးသူတွေအတွက် ပြင်းထန်အဆိပ်သင့်မှု အန္တရာယ်ရှိနိုင်တယ်လို့ တင်ပြကာ အထက်မှာဖော်ပြခဲ့တဲ့ Samyang အမျိုးကွဲ(၃)မျိုးကို ပြန်လည်သိမ်းဆည်းခဲ့ခြင်း ဖြစ်ပါတယ်။ Google Trends ဒေတာအရ ၎င်းရဲ့အကျိုးဆက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အင်တာနက်ပေါ်မှာ နာမည်ကြီးခဲ့တဲ့ Buldak ramyeon ခေါက်ဆွဲအစပ်ကို ကမ္ဘာတစ်ဝှမ်း ရှာဖွေမှုမှာ အထွတ်အထိပ်ထိ ရောက်ရှိသွားစေခဲ့ပါတယ်။

ဒီသတင်းဟာ တောင်ကိုရီးယား မီဒီယာတွေမှာသာမက BBC၊ The Guardian၊ The Washington Post နဲ့ AP News လို နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်ဒ်တွေထိ ရောက်ရှိခဲ့ပြီး ပိုနာမည်ကျော်လာခဲ့ပါတယ်။ ဇွန်လအတွက် Google မှာ Buldak ramyeon ကို ရှာဖွေမှုဟာ ၂၀၂၃ ခုနှစ်၊ မတ်လကနဲ့ နှိုင်းယှဉ်ရင် လေးဆထိ တိုးလာတယ်လို့ သိရပါတယ်။

zawgyi version
Buldak ramyeon ကို ဒိန္းမတ္ႏိုင္ငံရဲ႕ပိတ္ပင္မႈက ေဈးကြက္ရွာေဖြမႈကို ပိုျမင့္တက္ေစခဲ့
ေရာင္နီ (NP News) - ဇြန္ ၂၅

ဒိန္းမတ္ႏိုင္ငံက Buldak ramyeon ထုတ္ကုန္ အမ်ားအျပားကို စားသုံးဖို႔ မသင့္ေလ်ာ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ျပန္လည္သိမ္းဆည္းခဲ့ၿပီးတဲ့ေနာက္ Google မွာ အဆိုပါေခါက္ဆြဲနဲ႔ပတ္သက္ၿပီး ရွာေဖြမႈေတြ ျမင့္တက္လာခဲ့ပါတယ္။

ဒိန္းမတ္ရဲ႕ပိတ္ပင္မႈဟာ ကုမၸဏီအတြက္ ေစ်းကြက္ရွာေဖြမႈမွာ ေအာင္ျမင္မႈအျဖစ္ မေမွ်ာ္လင့္ဘဲ ေျပာင္းလဲသြားခဲ့တယ္လို႔ အခ်က္အလက္ေတြအရ သိရပါတယ္။ ဇြန္လ ၁၁ ရက္ေန႔က ဒိန္းမတ္အစားအစာ ေဘးကင္းေရးေအဂ်င္စီက Samyang Buldak Hot Chicken Ramen 3x Spicy၊ Samyang Buldak Hot Chicken Ramen 2x Spicy နဲ႔ Samyang Hot Chicken Flavor Ramen Stew အမ်ိဳးအစား ေခါက္ဆြဲထုပ္ေတြမွာ capsaicin ျမင့္မားစြာ ပါဝင္ေနတာေၾကာင့္ စားသုံးသူေတြအတြက္ ျပင္းထန္အဆိပ္သင့္မႈ အႏၲရာယ္ရွိႏိုင္တယ္လို႔ တင္ျပကာ အထက္မွာေဖာ္ျပခဲ့တဲ့ Samyang အမ်ိဳးကြဲ(၃)မ်ိဳးကို ျပန္လည္သိမ္းဆည္းခဲ့ျခင္း ျဖစ္ပါတယ္။ Google Trends ေဒတာအရ ၎ရဲ႕အက်ိဳးဆက္ဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြက အင္တာနက္ေပၚမွာ နာမည္ႀကီးခဲ့တဲ့ Buldak ramyeon ေခါက္ဆြဲအစပ္ကို ကမာၻတစ္ဝွမ္း ရွာေဖြမႈမွာ အထြတ္အထိပ္ထိ ေရာက္ရွိသြားေစခဲ့ပါတယ္။

ဒီသတင္းဟာ ေတာင္ကိုရီးယား မီဒီယာေတြမွာသာမက BBC၊ The Guardian၊ The Washington Post နဲ႔ AP News လို ႏိုင္ငံတကာ သတင္းဝက္ဘ္ဆိုက္ဒ္ေတြထိ ေရာက္ရွိခဲ့ၿပီး ပိုနာမည္ေက်ာ္လာခဲ့ပါတယ္။ ဇြန္လအတြက္ Google မွာ Buldak ramyeon ကို ရွာေဖြမႈဟာ ၂၀၂၃ ခုႏွစ္၊ မတ္လကနဲ႔ ႏႈိင္းယွဥ္ရင္ ေလးဆထိ တိုးလာတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.