သန်လျင်တံတားအသစ်ကို YBS ယာဉ်များ အသုံးပြုသွားလာခြင်းမရှိသေးသည့်အချက် YRTC ဖွင့်ဟ

 10691

စော (NP News) - ဇွန် ၂၅

တံတားအသုံးပြုခွင့်ကင်းလွတ်ခွင့်ရမှသာ ပဲခူးမြစ်ကူးတံတားသစ်(သန်လျင်တံတားအမှတ် ၃ ) ကို YBS ယာဉ်များအသုံးပြုမည်ဖြစ်ကာ လက်ရှိတွင် တံတားဟောင်းကိုသာ အသုံးပြုနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

အဆိုပါတံတားကို ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက် နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တံတားအမျိုး အစား မှာ သံကူကွန်ကရစ်သံမဏိကြိုးဆိုင်းဖြစ်ကာ အရှည် (၈၆၃၈ ဒသမ ၈၆)ပေရှိသည်။

“တံတားအသစ်ကို မသွားသေးဘူးဆိုတာက အသစ်မှာ ငွေသွင်းရမယ်လေ။ အခုအဟောင်းကပဲ သွားဖို့ပြောထားတယ်။ တံတားအသုံးပြုခက သွင်းမယ်ဆိုရင် ယာဉ်စီးခကို ခရီးသည်တွေဆီက တိုး တောင်းလို့မရဘူး။ အဲဒါကြောင့် တံတားအဟောင်းကနေ(အမှတ် ၁ တံတား)သွားပါဆိုပြီးတော့ သူတို့ညွှန်ကြားထားတယ်။ တံတားအသုံးပြုခ ကင်းလွတ်တွေ ဘာတွေပေးရင်သွားမှာပေါ့။ ကင်းလွတ်ခွင့်ရရင်တော့ အသုံးပြုမယ်။ ကင်းလွတ်ခွင့်မရရင် ၂၀ဝဝ၊ ၂၀ဝ၀ အသွားအပြန် တစ်ခေါက် ၄၀ဝ၀ အဲဒီဟာနဲ့ဆို ယာဉ်စီးခတွေ တိုးကောက်လို့မရဘူးလေ။ အခြေခံလူတန်းစားတွေအပေါ်မှာ ယာဉ်စီးခတိုးလို့မရဘူး” ဟု ဦးလျန်ကျင့်မန်က NP News ကို ပြောသည်။

အဆိုပါတံတားတည်ဆောက်ပြီးစီးခဲ့သည့်အတွက် သန်လျင်တံတားအမှတ်(၁)တွင်ဖြစ်ပေါ် လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သည်။

ပဲခူးမြစ်ကူးသန်လျင်တံတားကို ဖြတ်သန်းအသုံးပြုခများမှာ အိမ်စီးကား ၃ တန်အောက်ဖြစ်ပါက ငွေကျပ် (၅၀ဝ)၊ ခရီးသည်တင်ယာဉ်(ငယ်)ဟိုင်း လတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာယာဉ်ဖြစ်ပါက ငွေကျပ်(၁၀ဝဝ)နှင့် Minibus၊ ခရီးသည်တင်ယာဉ် (ကြီး)ဟီးနိုး၊ ဟွန်ဒိုင်းယာဉ်ဖြစ်ပါက ငွေကျပ် ၂၀ဝဝ၊ ကုန်တင်ကား(ငယ်) (၆)ဘီး၊ (၈)ဘီး၊ ကုန်တင်ယာဉ် ဖြစ်ပါက ငွေကျပ် (၄၀ဝဝ) နှင့် တန်ပို ဒဏ်ကြေးငွေ ကျပ်(၁၂၀ဝဝ)တို့ကို ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကုန်တင် ကား (ကြီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တွဲကားများဖြစ်ပါက ငွေကျပ် (၁၂၀ဝဝ)နှင့် တန်ပိုဒဏ်ကြေး ငွေကျပ် (၂၂၀ဝဝ)၊ ကုန်တင်တွဲ ကား ၁၈ ဘီး၊ ၂၂ ဘီး တွဲကားဖြစ်ပါက ငွေကျပ် (၂၂၀ဝဝ)နှင့် တန်ပို ဒဏ်ကြေး ငွေကျပ် (၆၆၀ဝဝ) ဖြစ်ပြီး ကုန်မပါသော ကုန်တင်တွဲကားများဖြစ်ပါက ငွေကျပ်(၄၀ဝဝ) တို့ကိုကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သန္လ်င္တံတားအသစ္ကို YBS ယာဥ္မ်ား အသုံးျပဳသြားလာျခင္းမရွိေသးသည့္အခ်က္ YRTC ဖြင့္ဟ
ေစာ (NP News) - ဇြန္ ၂၅

တံတားအသုံးျပဳခြင့္ကင္းလြတ္ခြင့္ရမွသာ ပဲခူးျမစ္ကူးတံတားသစ္(သန္လ်င္တံတားအမွတ္ ၃ ) ကို YBS ယာဥ္မ်ားအသုံးျပဳမည္ျဖစ္ကာ လက္ရွိတြင္ တံတားေဟာင္းကိုသာ အသုံးျပဳေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC)မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္ကေျပာသည္။

အဆိုပါတံတားကို ၂၀၂၄ ခုႏွစ္ ဇြန္လ ၈ ရက္ ေန႔က စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး တံတားအမ်ိဳး အစား မွာ သံကူကြန္ကရစ္သံမဏိႀကိဳးဆိုင္းျဖစ္ကာ အရွည္ (၈၆၃၈ ဒသမ ၈၆)ေပရွိသည္။

“တံတားအသစ္ကို မသြားေသးဘူးဆိုတာက အသစ္မွာ ေငြသြင္းရမယ္ေလ။ အခုအေဟာင္းကပဲ သြားဖို႔ေျပာထားတယ္။ တံတားအသုံးျပဳခက သြင္းမယ္ဆိုရင္ ယာဥ္စီးခကို ခရီးသည္ေတြဆီက တိုး ေတာင္းလို႔မရဘူး။ အဲဒါေၾကာင့္ တံတားအေဟာင္းကေန(အမွတ္ ၁ တံတား)သြားပါဆိုၿပီးေတာ့ သူတို႔ၫႊန္ၾကားထားတယ္။ တံတားအသုံးျပဳခ ကင္းလြတ္ေတြ ဘာေတြေပးရင္သြားမွာေပါ့။ ကင္းလြတ္ခြင့္ရရင္ေတာ့ အသုံးျပဳမယ္။ ကင္းလြတ္ခြင့္မရရင္ ၂၀ဝဝ၊ ၂၀ဝ၀ အသြားအျပန္ တစ္ေခါက္ ၄၀ဝ၀ အဲဒီဟာနဲ႔ဆို ယာဥ္စီးခေတြ တိုးေကာက္လို႔မရဘူးေလ။ အေျခခံလူတန္းစားေတြအေပၚမွာ ယာဥ္စီးခတိုးလို႔မရဘူး” ဟု ဦးလ်န္က်င့္မန္က NP News ကို ေျပာသည္။

အဆိုပါတံတားတည္ေဆာက္ၿပီးစီးခဲ့သည့္အတြက္ သန္လ်င္တံတားအမွတ္(၁)တြင္ျဖစ္ေပၚ လ်က္ရွိသည့္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားကို ေျဖရွင္းေပးႏိုင္မည္ျဖစ္ၿပီး သီလဝါအထူးစီးပြားေရးဇုန္ႏွင့္ သန္လ်င္ေဒသ ဖြံ႕ၿဖိဳးတိုးတက္လာမည္သာမက အေရွ႕-အေနာက္ စီးပြားေရးစႀကႍလမ္းမႀကီးကို အသုံးျပဳ၍ ဘားအံ-ျမဝတီအထိ ဆက္စပ္သြားလာႏိုင္မည္ျဖစ္သည္။

ပဲခူးျမစ္ကူးသန္လ်င္တံတားကို ျဖတ္သန္းအသုံးျပဳခမ်ားမွာ အိမ္စီးကား ၃ တန္ေအာက္ျဖစ္ပါက ေငြက်ပ္ (၅၀ဝ)၊ ခရီးသည္တင္ယာဥ္(ငယ္)ဟိုင္း လတ္၊ လိုက္ထရပ္၊ ဒိုင္နာ၊ ကင္တာယာဥ္ျဖစ္ပါက ေငြက်ပ္(၁၀ဝဝ)ႏွင့္ Minibus၊ ခရီးသည္တင္ယာဥ္ (ႀကီး)ဟီးႏိုး၊ ဟြန္ဒိုင္းယာဥ္ျဖစ္ပါက ေငြက်ပ္ ၂၀ဝဝ၊ ကုန္တင္ကား(ငယ္) (၆)ဘီး၊ (၈)ဘီး၊ ကုန္တင္ယာဥ္ ျဖစ္ပါက ေငြက်ပ္ (၄၀ဝဝ) ႏွင့္ တန္ပို ဒဏ္ေၾကးေငြ က်ပ္(၁၂၀ဝဝ)တို႔ကို ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ကုန္တင္ ကား (ႀကီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တြဲကားမ်ားျဖစ္ပါက ေငြက်ပ္ (၁၂၀ဝဝ)ႏွင့္ တန္ပိုဒဏ္ေၾကး ေငြက်ပ္ (၂၂၀ဝဝ)၊ ကုန္တင္တြဲ ကား ၁၈ ဘီး၊ ၂၂ ဘီး တြဲကားျဖစ္ပါက ေငြက်ပ္ (၂၂၀ဝဝ)ႏွင့္ တန္ပို ဒဏ္ေၾကး ေငြက်ပ္ (၆၆၀ဝဝ) ျဖစ္ၿပီး ကုန္မပါေသာ ကုန္တင္တြဲကားမ်ားျဖစ္ပါက ေငြက်ပ္(၄၀ဝဝ) တို႔ကိုေကာက္ခံသြား မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.