Pirates Of The Caribbean ရုပ်ရှင်ကားထဲက သရုပ်ဆောင်တစ်ဦး ဟာဝိုင်အီ မှာ ငါးမန်းတိုက်ခိုက်မှုကြောင့် သေဆုံး

 1421

ရောင်နီ (NP News) - ဇွန် ၂၆

နာမည်ကြီး ပင်လယ်ဓါးပြ ရုပ်ရှင်ဖြစ်တဲ့ Pirates Of The Caribbean အပါအဝင် အခြားရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားတစ်ဦး ဟာဝိုင်အီမှာ ရေလွှာလျှောစီးရင်း ငါးမန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တာမာရိုပယ်ရီ အမည်ရှိ အသက် ၄၉ နှစ်အရွယ် အဆိုပါမင်းသားဟာ ဇွန်လ ၂၃ ရက်နေ့က အိုအာဟူရှိ မာလယ်ဝါဟာနာကမ်းခြေမှာ သေဆုံးသွားခဲ့တာပါ။ ပယ်ရီဟာ လူကြိုက်များ နာမည်ကျော်တဲ့ ပင်လယ်ဓားပြ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Pirates Of The Caribbean: On Stranger Tides မှာ buccaneer အဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို Blue Crush နဲ့ Last ရုပ်ရှင်တွေနဲ့လည်း လူသိများပါတယ်။

ပယ်ရီဟာ ဟာဝိုင်အီ၊ ဟိုနိုလူလူ ရဲ့သမုဒ္ဒရာဘေးကင်းရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ဟိုနိုလူလူမြို့တော်ဝန် ရစ်ခ်ဘလန်ဂီရာဒီ က ၎င်းရဲ့ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

Zawgyi Version;
Pirates Of The Caribbean ႐ုပ္ရွင္ကားထဲက သ႐ုပ္ေဆာင္တစ္ဦး ဟာဝိုင္အီ မွာ ငါးမန္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၂၆

နာမည္ႀကီး ပင္လယ္ဓါးျပ ႐ုပ္ရွင္ျဖစ္တဲ့ Pirates Of The Caribbean အပါအဝင္ အျခား႐ုပ္ရွင္ေတြမွာ ပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသားတစ္ဦး ဟာဝိုင္အီမွာ ေရလႊာေလွ်ာစီးရင္း ငါးမန္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

တာမာ႐ိုပယ္ရီ အမည္ရွိ အသက္ ၄၉ ႏွစ္အ႐ြယ္ အဆိုပါမင္းသားဟာ ဇြန္လ ၂၃ ရက္ေန႔က အိုအာဟူရွိ မာလယ္ဝါဟာနာကမ္းေျခမွာ ေသဆုံးသြားခဲ့တာပါ။ ပယ္ရီဟာ လူႀကိဳက္မ်ား နာမည္ေက်ာ္တဲ့ ပင္လယ္ဓားျပ ႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ Pirates Of The Caribbean: On Stranger Tides မွာ buccaneer အျဖစ္ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ကို Blue Crush နဲ႔ Last ႐ုပ္ရွင္ေတြနဲ႔လည္း လူသိမ်ားပါတယ္။

ပယ္ရီဟာ ဟာဝိုင္အီ၊ ဟိုႏိုလူလူ ရဲ႕သမုဒၵရာေဘးကင္းေရးအဖြဲ႕ အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ၿပီး ဟိုႏိုလူလူၿမိဳ႕ေတာ္ဝန္ ရစ္ခ္ဘလန္ဂီရာဒီ က ၎ရဲ႕ ေသဆုံးမႈအတြက္ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.