စက်မှုဇုန်(၂၈)ဇုန်ကို နေ့စဉ်(၈)နာရီကြာ လျှပ်စစ်မီးတိုးမြှင့်ပေးထားပြီး မီတာခပြောင်းမည့်သတင်းများလည်း ထွက်ပေါ်နေ

 3502

ယွန်း (NP News) - ဇွန် ၂၆

စက်မှုဇုန်(၂၈)ဇုန်ကို နေ့စဉ်(၈)နာရီကြာ လျှပ်စစ်မီးတိုးမြှင့်ပေးနေပြီဖြစ်ကြောင်း ပြည်တွင်းရှိ စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦးက NP News ကို အသိပေးပြောကြားထားသည်။

ပြီးခဲ့သည့် ဇွန်(၁၄)ရက်နေ့အထိ တစ်ရက်လျှင် လျှပ်စစ်မီး (၄) နာရီသာ ပေးထားခဲ့သည့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များကို ဇွန်(၁၅)ရက်နေ့မှစ၍ တစ်နေ့လျှင် လျှပ်စစ်မီး (၈)နာရီကြာ တိုးမြှင့်ပေးထားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် (၂၉)ဇုန်ရှိသော်လည်း မြောင်းတကာ စက်မှုဇုန်မှလွဲ၍ ကျန်ရှိသည့် စက်မှုဇုန်(၂၈)ဇုန်ကို လျှပ်စစ်မီး တိုးမြှင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ စနေနေ့ကနေစပြီးတော့ မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ စပေးနေပြီ။ ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုန်(၂၉)ဇုန်မှာ မြောင်းတကာကလွဲရင် ကျန်တဲ့ စက်မှုဇုန်တွေရတယ်။ အရင်ကတော့ လကုန်မှပေးမယ်ဆိုပြီးပြောတယ်။ ပေးစရာရှိလည်း ပြည်သူတွေပဲ ဦးစားပေးပါ။ ပိုနေတဲ့ဟာလေး ကျွန်တော်တို့စက်ရုံတွေကို ပေးလိုက်တဲ့အခါကျတော့ အဆင်ပြေတာပေါ့။ မြောင်း တကာက သံရည်ကျိုစက်ဆိုတော့ သံအရည်ကျိုရင် လျှပ်စစ်နဲ့ကျိုတာ။ သူတစ်ဇုန်ထဲသုံးတာနဲ့ ဒီဘက်က (၂၈)ဇုန် သုံးတာနဲ့ တူနေတာ။ သံကိုကျိုတာ ကျောက်မီးသွေးနဲ့ ကျိုတာမဟုတ်ဘူး။ လျှပ်စစ်နဲ့ ကျိုတာ။ အဲဒီတော့ မီးအများကြီးလိုတယ်လေ။ လုံးဝမပေးတာတော့မဟုတ်ဘူး။ ပေးတော့ပေးထား တယ်” ဟု အထက်ပါ စက်မှုဇုန်ဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် ထိုသို့စက်မှုဇုန်များကို လျှပ်စစ်မီးတိုးမြှင့်ပေးလိုက်သည့်အတွက် အိမ်သုံးမီတာခများကို တိုးမြှင့်ကောက်ခံလာနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး သက်ဆိုင်ရာမှ တရားဝင် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

“ အခုလိုင်းပေါ်မှာပျံ့နေတဲ့ ဟိုဈေးတွေ၊ ဒီဈေးတွေဆိုတာတော့ မဟုတ်သေးပါဘူး။ တရားဝင် ကြေညာပေးပါလိမ့်မယ်။ ဈေးနှုန်းကတော့ ညှိနှိုင်းနေတုန်းပါ။ အခုလာနေတဲ့ မီတာခတွေကို အရင် အတိုင်း ကောက်နေတုန်းပါ။ တောက်လျှောက်တော့ရနေပြီ။ ရှေ့ဆက်ပြီးတော့ ညှိနှိုင်းနေပါတယ်။ မနစ်နာအောင်လုပ်မယ်လို့တော့ ကျွန်တော်ကတော့ ယူဆပါတယ်။ အခုကတော့ အမျိုးစုံပြောနေကြ တယ်။ မနက်ဖြန်ပေးရမယ်၊ သန်ဘက်ခါပေးရမယ်ဆိုတာ မဟုတ်သေးပါဘူး။ တရားဝင်ကြေညာဦး မှာပါ။ ဘယ်နေ့စကောက်မယ်ဆိုတာတွေကို ကြေညာဦးမှာ” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အိမ်သုံးအမျိုးအစားများအတွက် လျှပ်စစ်ဓာတ်အားခ များကို ၁ ယူနစ် မှ ၃၀ ယူနစ် အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူ နစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀ဝ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀ဝ ယူနစ်အထိ ၁၂၀ ကျပ် နှင့် ၂၀၁ ယူနစ်အထက်ကို ၁၂၅ ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။ အိမ်သုံးအမျိုးအစားများမဟုတ်သည့် စက်မှုလုပ်ငန်း များအတွက် ကောက်ခံသည့် မီတာခများသည် ၁ ယူနစ်မှ ၅၀ဝ ယူနစ်အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ် မှ ၅၀ဝ၀ ယူနစ်အထိ ၁၃၅ ကျပ်၊ ၅၀ဝ၁ ယူနစ်မှ ၁၀ဝဝဝ ယူနစ်အထိ ၁၄၅ ကျပ်၊ ၁၀ဝ၀၁ ယူနစ်မှ ၂၀ဝဝဝ ယူနစ်အထိ ၁၅၅ ကျပ်၊ ၂၀ဝ၀၁ ယူနစ်မှ ၅၀ဝဝဝ ယူနစ်အထိ ၁၆၅ ကျပ်၊ ၅၀ဝ၀၁ ယူနစ်မှ ၁၀ဝဝဝ၀ ယူနစ်အထိ ၁၇၅ ကျပ်နှင့် ၁၀ဝဝဝ၁ ယူနစ်နှင့်အထက် ၁၈၀ ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။

“ အခုကမိုးရွာပြီဆိုတော့ ရေအားလျှပ်စစ်တွေ ဘာတွေကလည်း အဆင်ပြေတယ်လို့ယူဆတယ်။ အဲဒါကြောင့်မို့လို့ ပေးတာဖြစ်နိုင်ပါတယ်။ ထွက်သမျှဟာကိုပေး ပေးသမျှဟာကိုသုံးရင်တော့ ပိုက်ဆံရ တယ်လေ။ မီတာခတက်မယ်ဆိုရင်တောင် စက်မှုဇုန်တွေကို အရင်တက် ပြည်သူတွေကို နောက်မှတက်။ ဘာကြောင့်လဲဆိုတော့ စက်မှုဇုန်တွေကတော့ အလုပ်လုပ်နေတဲ့အခါကျတော့ အဆင်ပြေနေသေးတာ ပေါ့။ ပြည်သူတွေကတော့ သိပ်အဆင်မပြေဘူးလို့တော့ ကျွန်တော်ယူဆတယ်။ ပြည်သူတွေအနေနဲ့ စားဝတ်နေရေးခက်ခဲနေတဲ့အခါကျတော့ တစ်ဖက်တစ်လမ်းက အထောက်အကူလေးရမလားပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ပြည်သူများအနေဖြင့် မိမိတို့၏ မီတာယူနစ် နှင့် မီတာစာရွက်တွင်ပါရှိသည့် မီတာယူနစ် များကို စစ်ဆေးကြည့်ရှုပြီးမှသာ မီတာခကိုဆောင်သင့်ကြောင်း အထက်ပါစက်မှုဇုန်ဥက္ကဋ္ဌက အကြံပြု ပြောဆိုထားသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သုံးစွဲသူစုစုပေါင်း၏ (၉၀) ရာခိုင်နှုန်းခန့်မှာ အိမ်သုံး အမျိုးအစားဖြစ်ပြီး (၁၀)ရာခိုင်နှုန်းခန့်မှာ စက်မှုသုံး၊ စီးပွားဖြစ် အမျိုးအစားများဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှုတွင် ရေအားလျှပ်စစ်ကို အများဆုံးအသုံးပြုလျက်ရှိပြီး နိုင်ငံတွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၁၅) ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားစက်ရုံပေါင်း (၆၄)ရုံ ရှိပြီး လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ်(၇၀ဝဝ)ကျော် ထွက်ရှိနိုင်သော်လည်း နေ့စဉ်မဂ္ဂါဝပ်(၃၀ဝဝ)ခန့် သာ ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနာထံမှ သိရသည်။

zawgyi version
စက္မႈဇုန္(၂၈)ဇုန္ကို ေန႔စဥ္(၈)နာရီၾကာ လွ်ပ္စစ္မီးတိုးျမႇင့္ေပးထားၿပီး မီတာခေျပာင္းမည့္သတင္းမ်ားလည္း ထြက္ေပၚေန
ယြန္း (NP News) - ဇြန္ ၂၆

စက္မႈဇုန္(၂၈)ဇုန္ကို ေန႔စဥ္(၈)နာရီၾကာ လွ်ပ္စစ္မီးတိုးျမႇင့္ေပးေနၿပီျဖစ္ေၾကာင္း ျပည္တြင္းရွိ စက္မႈဇုန္ဥကၠ႒တစ္ဦးက NP News ကို အသိေပးေျပာၾကားထားသည္။

ၿပီးခဲ့သည့္ ဇြန္(၁၄)ရက္ေန႔အထိ တစ္ရက္လွ်င္ လွ်ပ္စစ္မီး (၄) နာရီသာ ေပးထားခဲ့သည့္ ရန္ကုန္တိုင္းအတြင္းရွိ စက္မႈဇုန္မ်ားကို ဇြန္(၁၅)ရက္ေန႔မွစ၍ တစ္ေန႔လွ်င္ လွ်ပ္စစ္မီး (၈)နာရီၾကာ တိုးျမႇင့္ေပးထားခဲ့ေၾကာင္း သိရသည္။ ရန္ကုန္တိုင္းအတြင္း စက္မႈဇုန္ (၂၉)ဇုန္ရွိေသာ္လည္း ေျမာင္းတကာ စက္မႈဇုန္မွလြဲ၍ က်န္ရွိသည့္ စက္မႈဇုန္(၂၈)ဇုန္ကို လွ်ပ္စစ္မီး တိုးျမႇင့္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ စေနေန႔ကေနစၿပီးေတာ့ မနက္(၉)နာရီကေန ညေန(၅)နာရီအထိ စေပးေနၿပီ။ ရန္ကုန္တိုင္းမွာရွိတဲ့ စက္မႈဇုန္(၂၉)ဇုန္မွာ ေျမာင္းတကာကလြဲရင္ က်န္တဲ့ စက္မႈဇုန္ေတြရတယ္။ အရင္ကေတာ့ လကုန္မွေပးမယ္ဆိုၿပီးေျပာတယ္။ ေပးစရာရွိလည္း ျပည္သူေတြပဲ ဦးစားေပးပါ။ ပိုေနတဲ့ဟာေလး ကြၽန္ေတာ္တို႔စက္႐ုံေတြကို ေပးလိုက္တဲ့အခါက်ေတာ့ အဆင္ေျပတာေပါ့။ ေျမာင္း တကာက သံရည္က်ိဳစက္ဆိုေတာ့ သံအရည္က်ိဳရင္ လွ်ပ္စစ္နဲ႔က်ိဳတာ။ သူတစ္ဇုန္ထဲသုံးတာနဲ႔ ဒီဘက္က (၂၈)ဇုန္ သုံးတာနဲ႔ တူေနတာ။ သံကိုက်ိဳတာ ေက်ာက္မီးေသြးနဲ႔ က်ိဳတာမဟုတ္ဘူး။ လွ်ပ္စစ္နဲ႔ က်ိဳတာ။ အဲဒီေတာ့ မီးအမ်ားႀကီးလိုတယ္ေလ။ လုံးဝမေပးတာေတာ့မဟုတ္ဘူး။ ေပးေတာ့ေပးထား တယ္” ဟု အထက္ပါ စက္မႈဇုန္ဥကၠ႒က ေျပာသည္။

လက္ရွိတြင္ ထိုသို႔စက္မႈဇုန္မ်ားကို လွ်ပ္စစ္မီးတိုးျမႇင့္ေပးလိုက္သည့္အတြက္ အိမ္သုံးမီတာခမ်ားကို တိုးျမႇင့္ေကာက္ခံလာႏိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိၿပီး သက္ဆိုင္ရာမွ တရားဝင္ ေၾကညာျခင္း မရွိေသးေၾကာင္း သိရသည္။

“ အခုလိုင္းေပၚမွာပ်ံ႕ေနတဲ့ ဟိုေဈးေတြ၊ ဒီေဈးေတြဆိုတာေတာ့ မဟုတ္ေသးပါဘူး။ တရားဝင္ ေၾကညာေပးပါလိမ့္မယ္။ ေဈးႏႈန္းကေတာ့ ညႇိႏႈိင္းေနတုန္းပါ။ အခုလာေနတဲ့ မီတာခေတြကို အရင္ အတိုင္း ေကာက္ေနတုန္းပါ။ ေတာက္ေလွ်ာက္ေတာ့ရေနၿပီ။ ေရွ႕ဆက္ၿပီးေတာ့ ညႇိႏႈိင္းေနပါတယ္။ မနစ္နာေအာင္လုပ္မယ္လို႔ေတာ့ ကြၽန္ေတာ္ကေတာ့ ယူဆပါတယ္။ အခုကေတာ့ အမ်ိဳးစုံေျပာေနၾက တယ္။ မနက္ျဖန္ေပးရမယ္၊ သန္ဘက္ခါေပးရမယ္ဆိုတာ မဟုတ္ေသးပါဘူး။ တရားဝင္ေၾကညာဦး မွာပါ။ ဘယ္ေန႔စေကာက္မယ္ဆိုတာေတြကို ေၾကညာဦးမွာ” ဟု ၎က ေျပာသည္။

လက္ရွိအခ်ိန္တြင္ အိမ္သုံးအမ်ိဳးအစားမ်ားအတြက္ လွ်ပ္စစ္ဓာတ္အားခ မ်ားကို ၁ ယူနစ္ မွ ၃၀ ယူနစ္ အထိ ၃၅ က်ပ္၊ ၃၁ ယူနစ္မွ ၅၀ ယူ နစ္အထိ ၅၀ က်ပ္၊ ၅၁ ယူနစ္မွ ၇၅ ယူနစ္အထိ ၇၀ က်ပ္၊ ၇၆ ယူနစ္မွ ၁၀ဝ ယူနစ္အထိ ၉၀ က်ပ္၊ ၁၀၁ ယူနစ္မွ ၁၅၀ ယူနစ္အထိ ၁၁၀ က်ပ္၊ ၁၅၁ ယူနစ္မွ ၂၀ဝ ယူနစ္အထိ ၁၂၀ က်ပ္ ႏွင့္ ၂၀၁ ယူနစ္အထက္ကို ၁၂၅ က်ပ္ ေကာက္ခံလ်က္ရွိေၾကာင္း သိရသည္။ အိမ္သုံးအမ်ိဳးအစားမ်ားမဟုတ္သည့္ စက္မႈလုပ္ငန္း မ်ားအတြက္ ေကာက္ခံသည့္ မီတာခမ်ားသည္ ၁ ယူနစ္မွ ၅၀ဝ ယူနစ္အထိ ၁၂၅ က်ပ္၊ ၅၀၁ ယူနစ္ မွ ၅၀ဝ၀ ယူနစ္အထိ ၁၃၅ က်ပ္၊ ၅၀ဝ၁ ယူနစ္မွ ၁၀ဝဝဝ ယူနစ္အထိ ၁၄၅ က်ပ္၊ ၁၀ဝ၀၁ ယူနစ္မွ ၂၀ဝဝဝ ယူနစ္အထိ ၁၅၅ က်ပ္၊ ၂၀ဝ၀၁ ယူနစ္မွ ၅၀ဝဝဝ ယူနစ္အထိ ၁၆၅ က်ပ္၊ ၅၀ဝ၀၁ ယူနစ္မွ ၁၀ဝဝဝ၀ ယူနစ္အထိ ၁၇၅ က်ပ္ႏွင့္ ၁၀ဝဝဝ၁ ယူနစ္ႏွင့္အထက္ ၁၈၀ က်ပ္ ေကာက္ခံလ်က္ရွိေၾကာင္း သိရသည္။

“ အခုကမိုး႐ြာၿပီဆိုေတာ့ ေရအားလွ်ပ္စစ္ေတြ ဘာေတြကလည္း အဆင္ေျပတယ္လို႔ယူဆတယ္။ အဲဒါေၾကာင့္မို႔လို႔ ေပးတာျဖစ္ႏိုင္ပါတယ္။ ထြက္သမွ်ဟာကိုေပး ေပးသမွ်ဟာကိုသုံးရင္ေတာ့ ပိုက္ဆံရ တယ္ေလ။ မီတာခတက္မယ္ဆိုရင္ေတာင္ စက္မႈဇုန္ေတြကို အရင္တက္ ျပည္သူေတြကို ေနာက္မွတက္။ ဘာေၾကာင့္လဲဆိုေတာ့ စက္မႈဇုန္ေတြကေတာ့ အလုပ္လုပ္ေနတဲ့အခါက်ေတာ့ အဆင္ေျပေနေသးတာ ေပါ့။ ျပည္သူေတြကေတာ့ သိပ္အဆင္မေျပဘူးလို႔ေတာ့ ကြၽန္ေတာ္ယူဆတယ္။ ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရးခက္ခဲေနတဲ့အခါက်ေတာ့ တစ္ဖက္တစ္လမ္းက အေထာက္အကူေလးရမလားေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ျပည္သူမ်ားအေနျဖင့္ မိမိတို႔၏ မီတာယူနစ္ ႏွင့္ မီတာစာ႐ြက္တြင္ပါရွိသည့္ မီတာယူနစ္ မ်ားကို စစ္ေဆးၾကည့္ရႈၿပီးမွသာ မီတာခကိုေဆာင္သင့္ေၾကာင္း အထက္ပါစက္မႈဇုန္ဥကၠ႒က အႀကံျပဳ ေျပာဆိုထားသည္။ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလတြင္ သုံးစြဲသူစုစုေပါင္း၏ (၉၀) ရာခိုင္ႏႈန္းခန႔္မွာ အိမ္သုံး အမ်ိဳးအစားျဖစ္ၿပီး (၁၀)ရာခိုင္ႏႈန္းခန႔္မွာ စက္မႈသုံး၊ စီးပြားျဖစ္ အမ်ိဳးအစားမ်ားျဖစ္ေၾကာင္း လွ်ပ္စစ္ စြမ္းအားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။ ျပည္တြင္းရွိ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ မႈတြင္ ေရအားလွ်ပ္စစ္ကို အမ်ားဆုံးအသုံးျပဳလ်က္ရွိၿပီး ႏိုင္ငံတြင္းလွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မွာ ႏွစ္စဥ္ (၁၅) ရာခိုင္ႏႈန္းခန႔္ တိုးတက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ လွ်ပ္စစ္ဓာတ္အားစက္႐ုံေပါင္း (၆၄)႐ုံ ရွိၿပီး လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္(၇၀ဝဝ)ေက်ာ္ ထြက္ရွိႏိုင္ေသာ္လည္း ေန႔စဥ္မဂၢါဝပ္(၃၀ဝဝ)ခန႔္ သာ ျဖန႔္ျဖဴးေပးႏိုင္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနာထံမွ သိရသည္။

Related news

© 2021. All rights reserved.